နန်းထိုက်ပန်းမို့
အပိုင်း (၁၁)
#နန်းထိုက်ပန်းမို့“မို့...”
“ရှင်..”
“ဒက်ဒီ ၀င်လာမယ်နော်...”
“ဟုတ်..”
မို့ ဖုန်းပြောပြီး ချရုံရှိသေး..ဒက်ဒီ ၀င်လာတော့ တော်ပါသေးရဲ့ တွေးမိလိုက်သည်..။
“ဒက်ဒီ့ သမီးက ဘယ်အချိန်ချိန် ကြည့်ကြည့် လှနေတာပဲ..”
“ဟိ..တကယ်လား..”
“တကယ်ပေါ့..”
ဒက်ဒီက မို့ ဆံပင်လေးတွေကို ဖွဖွ ဖိရင်း..ဘေးမှာ ၀င်ထိုင်ြ့ပီး လက်ကို ဆုပ်ကိုင်လိုက်သည်..။
“မို့ ကို လိမ်စရာမလိုအောင် ဒက်ဒီတို့ လွတ်လပ်ခွင့်ပေးထားတယ်နော်..”
“ဟုတ်..”
“မို့ မှာ ဒက်ဒီတို့ကို ပြောစရာ ရှိလား..”
“ဟင့်အင်း..” မို့ ရင်တလှပ်လှပ်ဖြင့် ခေါင်းရမ်းဖြေလိုက်မိသည်..။
“ဒါဆို ဒက်ဒီ ပြောမယ်...IP Group က ဒေါ်ခိုင်မိုး ကိုသိလား..”
“ဟုတ်..”
“သူက မနေ့က ဒက်ဒီဆီ မှာ သမီးကိုတောင်းတယ်...သူ့သား ဥက္ကာမိုးနဲ့ လက်ထပ်ပေးချင်တယ်တဲ့..”
“ရှင်..”
မို့ ထိတ်လန့်တကြားမော့ကြည့်တော့ ဒက်ဒီက ခေါင်းညိတ်ပြီး အတည်ပြုသည်..။
“ဒက်ဒီင်္ သူငယ်ချင်းက သမီးကို့တက္ကစီ တစ်စီးထဲက ထွက်လာတာ တွေ့တယ်တဲ့...”
“အဲဒါ..တစ်ခါတည်း..ကို.”
‘နိုး..နိုး...ဒယ်ဒီမပြီးသေးဘူး..”
“မြကြာဖြူပြောတယ်..ကောင်လေးဆီကို ညဘက် လိုက်သွားတယ်ဆို...မို့မှာ ဘာပဲလုပ်လုပ် စဉ်းစားတက်တဲ့ ပါရမီရှိလို့ စည်သူ နေမျိုး ဝေယံ တို့လို ကောင်တွေနဲ့လည်းရင်းနှီးခွင်ြ့ုပုထားခဲ့တယ်..”
“ကိုကို က မို့ကို တကယ်ချစ်တာပါ..”
“ဒက်ဒီလည်း မချစ်ဘူး မပြောပါဘူး..ဒက်ဒီ သမီးလေးကို မချစ်ဘူးလို့ ပြောလာမှ မယုံနိုင်ဖြစ်ရမှာ...သူ ချစ်တာ သိပါတယ်...ဒါပေမဲ့ ချစ်တိုင်းလည်း ချစ်တယ် မခေါ်ဘူး..တစ်ဖက်သား အတွက် စဉ်းစားပေးတက်ရမယ်...မစဉ်းစားတက်ရင် အချစ်မဟုတ်တော့ဘူးလေ...”
“ဒက်ဒီ..ကိုကို က...အဟင့်..”
မို့ စကားလုံးတွေက ငိုချင်စိတ်ကြောင့် ဆို့နစ်၀င်သွားရသည်..။
“ချစ်တိုင်းလည်း မညားဘူးဆိုတဲ့ စကားက လက်တွေ့လောကကို တန်ဆာဆင်ထားတာပါ...”
“အဟင့်...ဟီး...”
“မငိုပါနဲ့ကွာ...သမီး ကြိုတွေးရအောင် ဒယ်ဒီက ပြောပြတာပါ...”
“ဘာတွေဖြစ်နေတာလည်း..”
မာမီ ၀င်လာတော့ မို့ ဒယ်ဒီ ကိုကွယ်ပြီး မျက်ရည်သုတ်ပစ်လိုက်သည်..။
“မို့..”
“ရှင်..”
“မနက်ဖြန် ဥက္ကာမိုးနဲ့ စေ့စပ်ပွဲရှိတယ်..ကျောင်းမတက်နဲ့...”
“ဟင်...”
“Family Party ပုံစံ ပေါ့ပေါ့ပါးပါးပါပဲ...မြကြာဖြူကို အကျီ င်္ယူခိုင်းထားတယ်...ပြန်လာရင် ၀တ်ကြည့်အုံး..”
“မာမီ....မို့ မှာ ချစ်သူရှိတယ်..”
မို့ အားတင်းပြီး အသံမတုန် အောင် ထိန်းပြီး ပြောလိုက်ပေမဲ့ မာမီက မအံသြပါ..။
“ချစ်သူ..ရတာပေါ့..ချစ်လို့ရတယ်...လက်တွဲဖော်တော့ မဖြစ်နိုင်ဘူး..”
“မာမီ...”
“ကောင်လေးက ဒါရိုင်ဘာ..သူ့ ပတ်၀န်းကျင်မှာတော့ လူရိုးလူအေး အလုပ်ကြိုးစားနေတဲ့ သူတစ်ယောက်...မာမီတို့ ဘက်ကကြည့်ရင်တော့ လက်ခံနိုင်စရာမရှိအောင်..အမေက စျေးမှာ ကုန်စိမ်းရောင်းတယ်..အဖေက ဒုတိယရပ်ကွက်လူကြီး..အိမ်သေးသေးလေးမှာ မိသားစုလေးယောက်နေတယ်..အဲလိုမိသားစုထဲ သမီးကိုထည့်ရမှာလား..”
“မာမီ...နားထောင်ပါအုံး..မို့ ကိုကို ကို ချစ်တယ်...ကိုကို ကလွဲပြီး ဘယ်သူမှ လက်မခံနိုင်ဘူးနော်..မာမီတို့ မျက်နှာပျက်ရမှာ..သိရဲ့လား..”
မို့ မျက်ရည်သုတ်ပြီး အော်ပြောတော့ မာမီ က အံသြလို့ မျက်လုံးပြူးပြီး ကြည့်နေသည်..။
“သြ...သြ...ဟား..ဟား...ဒီလို စရိုက်တောင် ဖြစ်လာပြီ...ဘာလည်း..ပွဲဖျက်မယ်..လိုက်ပြေးမယ် ဒီလိုမျိုးတွေလား...ဟား..ဟား...မို့မို့ဖြူ...ငါတို့ သမီးလေး တစ်ယောက် အဖြစ်ဆိုရင်လေ..
ဘ၀ပူလောင်မှုဆိုတာ ဘာမှန်းမသိပဲ ဒီ အချိန်ထိ တာ၀န်ယူခဲ့သလို တစ်ဘ၀လုံးအတွက်လည်း စီမံပေးနိုင်တယ်...သားနှစ်ယောက်စလုံးက မိဘ စကားနားထောင်ပြီး အေးချမ်းနေရတာ...နင်တွေ့တယ်နော်..အေး..ငါတို့သမီး နုနုလေးကိုလည်း လောကရဲ့ ပူပြင်းမှုတွေမသိစေချင်လို့ အတက်နိုင်ဆုံးကြိုးစားနေတယ်...မိဘက လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်လို့ကတော့ ...ဟွင်းဟွင်း...ညဘက် လိုက်သွားရင်...မနက်..သတင်းစာထဲ ပါလာမှာ အမွေဖျက်စွန့်လွှတ်ပါတယ်ဆိုတဲ့ သတင်းပဲ မြေးမျက်နှာ သမီးမျက်နှာဆိုတာ မရှိဘူးနော်..တစ်သက်လုံး အတွက်ပဲမှတ်.....”
“အဟင့်....ဟီး...”
“ရွှေစင်ကလည်းကွာ...တိတ် သမီး......”
“အဟင့်..ဟီး...”
“လာလာ...သွားမယ်..”
ဒက်ဒီ က မာမီကို့ ပခုံးကိုင်ဆွဲခေါ်ထွက်သွားတော့မှ မို့ အားရအောင် ခြေဆောင့်ငိုနေမိသည်..။
“မမလေး..ဂါ၀န်၀တ်ပါတဲ့...”
မြကြာဖြူက ဂါ၀န်လေး ကိုင်ပြီး ၀င်လာတော့ မို့ မကျေမနပ်ဖြင့် ဆောင်ကြည့်မိသည်..။
“၀တ်ကြည့်ပါ လှမှာပါ..”
“မ၀တ်ဘူး..”
မို့ ဂါ၀န်ကို ဆွဲယူပြီး နံရံကို လွဲပေါက်လိုက်ပြီး ငိုမိပြန်သည်..။
ကိုကို ဘာလို့ ဖုန်းမကိုင်တာလည်း..မို့သေတော့မယ်..ကိုကိုရဲ့...။
ဖုန်းကိုလည်း ကုတင်ဘေး ပစ်လိုက်ပြီး...ခေါင်းမှောက်သာ ငိုနေလိုက်သည်..။
“မမလေး...မာမီ က ထမင်း..”
“ထွက်သွား..”
မို့ အသံကုန်အော်လိုက်ပြီး အရုပ်ကလေးကို ကျစ်နေအောင်ဖက်ထားမိသည်...။
ဖုန်းပြန်ခေါ်ပါ ကိုကို ရယ်...။
ည ဆယ်နာရီ အထိ ဖုန်းတွေ ခေါ်ခဲ့ပေမဲ့ ကိုကို မကိုင်...
မနက်ဖြန်ဆို ကိုကို နဲ့ အပြီးဝေးရတော့မယ်...မို့ကရော ကိုကို နဲ့ ဝေးပြီး စည်းစိမ်ချမ်းသာတွေကို စံစားရင်း ပျော်နိုင်ပါ့မလား...။
“ဟင့်အင်း...”
မို့ လော့ဂတ်အသေးကို ယူပြီး ပစ္စည်းတွေကို စီထည့်လိုက်သည်..။
မို့ အခန်းလေးထဲက ထွက်လာချိန် ငိုချင်လာလို့ တစ်ချက် ရှိုက်လိုက်မိသည်..။
နောက်ပေါက်ကထွက်လာပြီး ခြံတံခါးဆီရောက်ခါနီး အိမ်ကို တစ်ချက်ပြန်လှည့်ကြည့်ခါ..နှုတ်ဆက်ရင်း..
“မို့..”
“ဟင်..မာမီ...”
“ဆုံးဖြတ်ပြီးပြီလား..”
“ရှင်...”
“သမီးရွေးချယ်မှုကို ဆုံးဖြတ်တာ မမြန်ဘူးလား..”
“မာမီ...မို့....မို့ကိုကို ကို မခွဲနိုင်လို့ပါ...”
“ကောင်းပြီလေ...မာမီတို့ဆီက ထွက်သွားရင် လက်ထဲက ဟာတွေထားခဲ့ရမယ်...”
“ရှင်...”
“နေအုံး..”
မာမီက ဂါ၀န်နဲ့ အိမ်ထဲပြန်၀င်ပြီး အပေါ်ထပ် အနွေးထည် ၀တ်ခါ ထွက်လာသည်..။
“လာ..လိုက်ပို့ပေးမယ်..”
‘မာမီ..”
မာမီလုပ်ရပ်တွေကို နားမလည်နိုင်အောင် ဖြစ်နေချိန် ဘေးတံခါးဖွင့်ပေးတော့ မို့ ကြောင်စီစီ ဖြင့်တက်လိုက်ရသည်..။
ကားမောင်းနေတဲ့ တစ်လျှောက်လုံး စကားမပြောပဲ တိတ်ဆိတ်နေတော့ မို့ ရင်ထဲ ကြောက်စိတ်၀င်လာရပြီး မာမီ ဘက်ကို ငေးကြည့်တာ..မာမီကတော့ ဘာမှ မခံစားရသလိုပင်...။
“လမ်းထိပ်မလား..ကားမ၀င်တော့ဘူး..ဆင်း..”
လက်ဖက်ရည်ဆိုင်ကို ကျော်၀င်လာပြီး မှ ပြောတော့...
“ရှင်..”
“မို့ သူ့ကို မပြောရသေးဘူး..”
“ရော့..”မာမီက ကားအောက် အိတ်ထဲက ဖုန်းထုတ်ပေးတော့ မို့ ကို သူစိမ်းလို ဆက်ဆံနေတာ ၀မ်းနည်းလာသည်..။
“တီ...တီ....တီ....”
“ဟလို...”
“ကိုကို...”
“ဟင်...မို့...”
“မို့ လမ်းထိပ်မှာ...လာခေါ်ပါနော်...”
“ဟာ...”
“ရပြီ မလား..ဆင်း..”
“မာမီ...မာမီ..မို့ ကို ခွင့်လွှတ်ပါ..မို့ကို မမုန်းပါနဲ့...”
“ဘာလို့ မုန်းရမှာလည်း..နင်က ငါ့သမီးမှ မဟုတ်တာ..”
“မာမီ...”
မို့ဘေးတံခါးကို ဆင်းဖွင့်ပေးပြီး ဆင်းခိုင်းနေတော့ မို့ ငိုရင်း ဆင်းလိုက်ရသည်..။
“မာမီ..မာမီး...”
ကားတံခါးကို အသံမြည်အောင် ဆောင့်ပိတ်ပြီး ကားချိုးကွေ့သွားတော့ မို့ ယောင်ယမ်း ပြေးလိုက်မိသည်..။
“မာမီ...မာမီး...ဟီး....”
“မာမီး...”
ဆန်နီ မီးမှောင်ဘက်မှာ ကွယ်ရပ်နေပြီး အံတင်းနေအောင်ကြိတ်ထားပေမဲ့ မခံစားနိုင်သည့် အဆုံး...
“မို့...”
“ကိုကို...”
“မို့ရယ်..”
အရူးမလေးလို လမ်းပေါ်မှာ ထိုင်ပြီး ငိုနေတဲ့ မို့ကို ဆွဲပွေ့ယူပြီး ရင်ခွင်ထဲထည့် ဖက်ထားလိုက်သည်..။
“ကိုကို...ကိုကို ဘာလို့ ဖုန်းမကိုင်တာလည်း..”
“ကိုကို အလုပ်မအားလို့ပါ..”
“အခုလေ...မို့ ကိုကို နဲ့ လိုက်နေတော့မယ်.....ဟီး...မာမီ မို့ကို ပစ်သွားပြီ..ကိုကိုရဲ့...”
တိုင်တည်ပြီး ရှိုက်ငိုနေတော့ ဆန်နီ ဆံပင်လေးတွေကို ပွတ်သပ် ပေးရင်း
“စဉ်းစားပါအုံး မို့ရယ်..ကိုကို နဲ့ နေရင် မို့ ပင်ပန်းရလိမ့်မယ်...”
“ကိုကို ရှိရင် မပင်ပန်းပါဘူး..”
“မို့ရယ်...”
“မို့ အခု အ၀တ်အစားတောင် မယူရဘူးတဲ့ မာမီက ပြန်သိမ်းထားလိုက်တယ်..မို့မှာ အခုလေ..ပိုင်ဆိုင်တာဘာမှ မရှိတော့ဘူး..”
“မို့ စဉ်းစားပါအုံးမို့ ရယ်...အခုချိန် စဉ်းစားလို့ရသေးတယ်...မို့က ကလေးလိုပဲ ဘာမှ မစဉ်းစားပဲ ဆုံးဖြတ်လိုက်ရင် အချိန်တွေ အကြာကြီး နာကျင်ခံစားနေရမှာနော်...”
“...ကိုကို ဆီမှာ မို့ တို့ အိမ်မှာလို မဟုတ်ဘူး..”
“ဘာလည်း...ကိုကို ကမို့မှာ ဘာမှ မရှိတော့လို့ လက်မခံချင်တာလား..”
‘ဘာ..”
ဆန်နီ ဒေါသနဲ့ ဆောင့်အော်လိုက်မိတာ ပတ်၀န်းကျင်ကိုတောင် မေ့သွားရသည်..။
“မိန်းမဆီက ပိုက်ဆံကိုမက်မောတဲ့ ယောင်္ကျားဆို မို့ အရမ်းမုန်းတာ..”
“ဟ..ငါလည်း..ဒီတိုင်းပဲ..ငါ့ကို ပိုက်ဆံမက်တယ် ထင်တဲ့ ကောင်ဆို အသေမုန်းတယ်..”
“အဟင့်...ဟီး...ကိုကို မချစ်ဘူး..မလား..မို့ မှာ ကိုကို နဲ့ မခွဲနိုင်လို့ လိုက်လာရတာ...ကိုကိုက မို့ကို အော်တယ်...လက်မခံချင်ဘူး...ကိုကို မချစ်ဘူး..ကိုကို မို့ကို မုန်းနေတာ...ဟီး..”
ကျောခိုင်းပြီး မျက်ရည်သုတ်ရင်း လမ်းမဆီ ဦးတည်လျှောက်သွားနေတဲ့ သူမကို ပြေးပြီး နောက်က ဖက်ထားလိုက်သည်.။
မသွားပါနဲ့...မင်းကို ကိုကို မစွန့်လွှတ်နိုင်လို့ပါ မို့ရယ်...။
မို့ ပင်ပန်းရမယ်ဆိုတာ သိပေမဲ့ ကိုကို့ အတ္တစိတ်ကြောင့် မို့ ကို လက်မလွှတ်ချင်ဘူး ဆွဲထားချင်နေတာ..မဝေးပါရစေနဲ့..။
“ကိုကို...”
“ဟင်..”
“ဘာဖြစ်လို့လည်း..”
“ဟင့်အင်း...လာလေ...အိမ်ကို သွားကြမယ်...ကိုကို့ အခန်းက နှစ်ယောက်အိပ်လို့ရမှာပါ..”
မို့ လက်ကို ဆုပ်ကိုင်ပြီး..ပခုံးကို ဖက်ထားတာ ကိုကို မှ ဟုတ်ရဲ့လား..။
“ကိုကို က မို့ မနေနိုင်မှာ စိတ်ပူနေတာမလား..”
“အင်း..ကိုကို့လို ကောင်နဲ့ တူတူနေရင် ဘယ်လိုတွေ ဖြစ်လာမလည်း မို့ မစဉ်းစားဘူးမလား..”
“မို့ စဉ်းစားထားပါတယ် ကိုကို ရဲ့...”
ဆန်နီ ခါးကို လက်သေးသေးလေးနဲ့ စုံဖက်ပြီး လမ်းလျှောက်နေတဲ့ ရင်ခွင်ထဲက ကောင်မလေးကို ငုံကြည့်ရင်း ပြုံးလိုက်မိခါ..။
“ပြောပါအုံး...မို့ က ဘယ်လိုတွေ ကြိုတင် စဉ်းစားထားလည်း..”
“အခက်အခဲတွေပေါ့..မို့ ကလေး ဟုတ်ပါဘူး..သိပါတယ်...”
“တယ်ဟုတ်ပါလား..”
“မို့ ကလေးတွေ ရလာရင် အလှပြင်လို့ရတော့ဘူး..ကလေးတွေ ထိန်းရမယ်...
ယောင်္ကျားရရင် အိပ်ရေးပျက်ရမယ်...သိပြီးသားပါ...”
“ဟား..ဟား...ဟား..ဘယ်လို...ဒါတွေ မို့ စဉ်းစားမိတာလား..”
“အင်းလေ..မိန်းမတွေက အဲဒါတွေပဲ ညီးပြနေတာ...ဟုတ်ဘူးလား...”
“ဟုတ်ပါတယ်ဗျာ...”
“ဟယ်...အိမ်ထဲ ၀င်ရဲဘူး..”
ကိုကိုတို့ အိမ်ရှေ့ရောက်တော့ မို့ လန့်ပြီး တွန့်သွားရသည်..။
“ရပါတယ်...လာ..ကိုကို နောက်က ၀င်မယ်..”
“ဟင်..”
မို့ ကို ရှေ့ပို့ ပြီး ကိုကို က နောက်မှာ ကွယ်နေတော့ မို့ လန့်လာသည်..။
“အဖေ..”
“ဟေ...”
“ရပြီလား..”
“အေး..”
“ဟင်...အိပ်သေးဘူးလား..”
“အိပ်လို့ ဘယ်ရမလည်း...ကိုကို့ အဖေက ရပ်ကွက်လူကြိးဆိုတော့ နှိုးပြီး ဧည့်စာရင်း တိုင်ရမယ်လေ...”
“ဟ..ကိုကိုး..”
“လာကြလေ...ဧည့်သည်တွေ အားနာဖို့ကောင်းတယ်...”
“ရှင်..”
အိမ်ထဲမှာ လူကြီး သုံးယောက် ထိုင်နေတော့ မို့ မျက်လုံးပြူးသွားရသည်..။
“ကလေးမ အသက်..မှတ်ပုံတင်...”
“ဟိုပါမလာဘူး..”
“ရပါတယ်...ကျွန်တော့်မှာ ရှိတယ်...”
“ဟင်..”
ကိုကို က ဖုန်းထုတ်ပြီး ထိုးပေးလိုက်တော့ လူကြီးက ကြည့်ပြီး စာချူပ်မှာ ကူးရေးပေးသည်..။
မို့ အိမ်မက်လား တကယ်လား ဘာလို့ လူတွေ အိမ်မှာ စောင့်နေတာလည်း အတွေး မဆုံးခင် ဧည့်သည်တွေက ပြန်ဖို့ နှုတ်ဆက်နေပြီလေ...။
“ကဲ..သမီးရေ..ဒီညတော့ ဖြစ်သလိုလေးပဲပေါ့ကွယ်နော့..”
“ရှင်...ဟုတ်..”
ကိုကို့ လို အသားဖြူဖြူ အရပ်ရှည်ရှည် နဲ့ လူကြီးက ပြောတော့ မို့ ယောင်ရမ်းပြီး ခေါင်းညိတ်လိုက်မိသည်..။
“လာ...”
ကိုကို လက်ဆွဲပြီး ခေါ်တဲ့နောက်ကို လိုက်လာရပေမဲ့ မို့ မှာ အရာအားလုံး အသစ်အဆန်းဖြစ်နေရသလို လိုက်ငေးမိသည်..။
“ဒါ...ကိုကို့ အခန်း..”
“ကိုကို့ မေမေ က သဘောမတူလို့ မရှိတာလားဟင်..”
“ဘယ်ကသာ..အမေ မသိဘူး..လမ်းထဲက အလှူမှာ သွားကူနေတယ်..”
“ဟင်..ဒါဆို..”
“မို့ ဖုန်းဆက်တော့ ကိုယ်ထွက်လာချိန် အဖေ့ကို အလှူမဏ္ဍန်မှာတွေ့လို့ ပြောခဲ့တာ..”
‘ကိုကို တို့ကလည်း ထူးဆန်းလိုက်တာ..”
“တစ်မိသားစုလုံး အထူးအဆန်းပဲဟာ...ထူးဆန်းလို့ပဲ ချစ်မိတာ မလား.”
“အွင်း..”
“ဟား..ဟား..ကဲတွေ့တဲ့ အတိုင်းပဲ..နောက်နေ့မှ လိုတာ ၀ယ်မယ်...”
အိပ်ယာကို မေးငေြါ့ုပနေတဲ့ ကိုကို့ ကြောင့် မို့ ရင်တွေ ဆောင့်ခုန်လာရပြီး လက်ဖျားတွေတောင် အေးလာရသည်..။
“မို့ မျက်နှာလည်း သစ်ရသေးဘူး..”
“သစ်မနေပါနဲ့..လာ...”
“အ၀တ်အစားလည်း...”
“ဟူး..ကိုကို့ အကျီ င်္ လဲမလား..”
“အွင်း..”
ဆေးအပြာရောင် သုတ်ထားတဲ့ သစ်သားဘုံးထဲက ရှပ်အကျီ င်္ အကွက် လက်ရှည်ထုတ်ပေးတော့ မို့ ယူလိုက်ပြီး ကိုယ်မှာ ကပ်ကြည့်တာ အတော်ကြီးနေသည်..။
“သေးတာ..”
“ဒီ ကိုယ် နဲ့ ဒီကိုယ်လေ..”
ကိုကို က သူ့ကိုယ်သူ လက်ညိုးထိုးပြတော့ မို့ ခေါင်းညိတ်လိုက်ရပြီး..
“ဒါပဲ ၀တ်လိုက်မယ်..”
မို့ အ၀တ်လဲဖို့ နေရာ ပတ်ရှာတာ အကွယ် ဘယ်နေရာမှ မတွေ့ ...။
“ကိုကို ဟိုဘက်လှည့်..”
“ဘာလို့..”
“အကျီ င်္ လဲမို့လေ...”
‘ဟား..ဟား...မလိုပါဘူးကွာ...အခုပဲ လက်ထပ်စာချူပ် လက်မှတ်ထိုးပြီးလို့ လင်မယားတွေ ဖြစ်နေပြီပဲ...”
“အား ရဘူး..”
“မို့ အရင်က အ၀တ်အစား၀တ်လို့လား..အကုန်မြင်ဖူးပြီးသား..”
“ဟင်..”
“လည်ဟိုက် ပေါင်တို..ရေကူး၀တ်စုံပါ ပါသေးတယ်..”
“အား..သိဘူး..လှည့်နေ ခိုးမကြည့်နဲ့...”
“ဟုတ်ပါပြီဗျာ..”
ကိုကို က မျက်လုံးကို လက်ဝါးအုပ်ပြီး ကျောခိုင်းလိုက်တော့ မို့ ပြုံးရင်း အကျီ င်္အမြန်လဲလိုက်ရသည်..။
“အ..”
“ရှုး..”
“ကိုကို...အား..လူညာကြီး..”
နောက်ကနေ သိုင်းဖက်ပြီး ရှေ့ကြယ်သီးတွေ လှမ်းတပ်ပေးနေတဲ့ ကိုကို့ကြောင့် မို့ ရင်တွေပိုခုန်လာ ရသည်..။
“အ..”
ဆွဲပွေ့ ခံလိုက်ရခြင်းနဲ့ အတူ မို့ ကိုလေး လေဟာနယ်ထဲ မြှောက်သွားရချိန် ကိုကို က ပြုံးပြီး..။
“တစ်ပေ မွေ့ယာရှိဘူး...ပစ်ချလိုက်ရမလား..”
“ကြောက်ပါဘူး..”
မို့ နှုတ်ခမ်းတွန့်ပြီး မခန့်လေးစားပြောလိုက်တော့ ကိုကို က မို့ကို တကယ်ပင် လွတ်လိုက်တာ မို့ရင်ထဲ အေးခနဲ့ ဖြစ်ပြီး မျက်လုံးစုံမှိတ်လိုက်မိသည်..။
“ဟား..ဟား..ကြောက်တာ..”
“ကိုကို...မို့...ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလည်းဟင်...”
“ပြုတ်မကျပါဘူးဗျာ...ကိုကို ဖမ်းနိုင်သားပဲ..”
“ကိုကို ဖမ်းမမိပဲ ပြုတ်ကျသွားရင်..”
“ဒီလို..”
“အ..”
“ကိုကိုး..”
အိပ်ယာပေါ် ဖြည်းဖြည်းချင်းချလိုက်တော့ မှ မို့ မျက်လုံးတွေ ပြန်ဖွင့်ရဲတော့သည်..။
“အိပ်တော့နော်...”
“ကိုကို ဘယ်သွားမလို့လည်း..”
“အောက်ထပ်ကို...”
“မသွားပါနဲ့...”
ကိုကို့လက်ကို ဆွဲထားလိုက်တော့ ကိုကို ကပြန်ထိုင်ချပြီး မို့ကို ငေးကြည့်နေသည်..။
“ဘာဖြစ်လို့လည်း..”
“ကိုကို လည်း အိပ်တော့ရင် ကောင်းမလားလို့..”
မို့ ဘေးမှာ အတင်းတိုးလှဲအိပ်ပြီး စောင်ကို ခြေထိုးကန်ခြုံခါ မို့ ကိုဆွဲဖက်လိုက်တော့ ဘာဖြစ်လို့ ဖြစ်မှန်းတောင် မို့ မှာ စဉ်းစားဖို့ အချိန်မရလိုက်ပါ...။
“ကိုကို...”
“အင်..”
“တကယ်ကြီး အိပ်တော့မှာလား...”
“အင်း..”
မျက်လုံးစုံမှိတ်ပြီး ပြန်ဖြေနေတဲ့ ကိုကို့ ကို မို့ စိတ်ဆိုးချင်လာသည်..။
“မို့ တို့ မင်္ဂလာဦးညလေ...”
“အဲတော့..”
“မို့ အိပ်ချင်သေးဘူး..”
“ကိုကို မနက်အစောကြီးထရမှာ မို့ရဲ့ လိမ်မာတယ် အိပ်တော့နော်...”
“ဟွင့်...”
ကိုကို့ ရင်ဘတ်ထဲ ခေါင်းတိုး၀င်ပြီး မော့ငေးမိတာ အချိန်အကြာကြီး အထိ အိပ်မပျော်နိုင်သေး...။
မာမီပြောသလို ကိုကို နဲ့ နေရရင် တကယ်ပင်ပန်းမှာလားဟင်...။
ဟင့်အင်း မို့ ခံနိုင်ပါတယ်...ကိုကို နဲ့သာဆို အားလုံး ရင်ဆိုင်ရဲပါတယ်..မာမီရယ်...။
တိတ်ဆိတ်ငြိမ်သက်ခြင်းကြောင့် အိပ်ချင်လာလို့ မျက်လုံးစင်းလာပေမဲ့ အိမ်ကို သတိရတော့ ငိုချင်လာသည်..။
“အဟင့်...”
“ဟင်..ဘာဖြစ်လို့လည်း.မို့..”
“ကိုကို အိပ်သေးဘူးလား..”
ကိုကို့ ကိုမော့ကြည့်ပြီး မေးလိုက်တော့ ကိုကို က သွားတွေပေါ်အောင်ရယ်ပြီးမှ..
“မို့ ငိုသံကြားတော့ နိုးတာပေါ့...”
“မို့ က ခုမှ စငိုမလို့ရှိသေးတာ..”
“ဟုတ်ပါပြီ...ဘာဖြစ်လို့လည်း..”
“မို့ အိမ်ကိုလွမ်းလို့ မာမီ တို့ကိုလည်း သတိရတယ်..မနက်ကျရင် ဒက်ဒီ က မို့ကို စိတ်ဆိုးအုံးမယ်...”
“မို့ရယ်...ဘယ်လို လုပ်ကြမလည်း...ကိုကို နဲ့ နေချင်တယ်ဆို..”
“အင်း...ဟုတ်ပါတယ်...အိပ်ခါနီဆိုတော့ အရုပ်ကလေးတွေကို လည်း လွမ်းလို့ပါ...”
“မလွမ်းရအောင် ဖက်ထားပေးမယ်...”
“အ..”
“ဆောရီး..”
မို့ ကိုယ်လေးက ကိုကို့ လက်နှစ်ဖက်ကြားမှာ မြုပ်နေရလို့ ကိုကို ကိုလည်း မော့မငေးနိုင်တော့ပဲ အိပ်ပျော်သွားရသည်...။
“အား...ကျောနာလိုက်တာ...တစ်ကိုယ် လုံးလည်း နာနေတာပဲ...”
မျက်လုံး မဖွင့်ခင် အရင်ဆုံး ခံစားလိုက်ရတဲ့ ဝေဒနာကြောင့် မို့ အသံထွက်ညီးလိုက်မိသည်..။
“ဟင်..ကိုကိုရော...”
မို့ ရှပ်အကျီ င်္ လက်ရှည်နေတာကို လှုပ်ရမ်းပြီး ဆံပင်တွေကို သပ်တင်လိုက်သည်..။
“ကိုကို အောက်ဆင်းသွားပြီလား..ဘာမှန်းမသိဘူး..မစောင့်ဘူး..”
မို့ စောင်ကို ခြေနဲ့ထိုးကန်ခဲ့လိုက်ပြီး အခန်းတံခါးဖွင့်ခါ အောက်ထပ်ဆင်းလာခဲ့လိုက်သည်..။
ရှပ်အကျီ င်္ အပွကြီးက လည်ပင်းကြယ်သီးဖြုတ်ထားတော့ ပခုံးထိလျောကျနေရပြီး လက်ကလည်း တစ်ထွာလောက်ရှည်နေသည်..။
“အ...ဘယ်သူလည်း...”
“မမမို့လား..”
“အင်း..”
“ကျွန်တော်က မန်နီပါ...”
“သြော်...အင်း..”
တစ်အိမ်လုံးကို မျက်လုံးဝေ့ကြည့်လိုက်ပေမဲ့ ကျောင်းစိမ်းနဲ့ ကောင်လေး တစ်ယောက်ကိုသာတွေ့ရသည်..။
“အိမ်ကလူတွေကော..”
“အိမ်မှာ မနက်ပိုင်းဆို လူမရှိဘူး..”
“ဟင်..”
“အကို က မနက် ၅နာရီ ကားထွက်ရတယ်လေ..အမေကတော့ ၅နာရီခွဲကို စျေးထွက်တယ်..အဖေက ခြောက်နာရီဆို သတင်းနားထောင်ဖို့ လက်ဖက်ရည်ဆိုင်သွားတယ်..ကျွန်တော်က ၇နာရ်ိကျူရှင်သွားရတယ်..အခု ကျူရှင်ဆင်းပြီး ကျောင်းပြန်တက်ဖို့ အ၀တ်အစားလာလဲတာလေ...”
“..ကိုကိုက မနက်၅နာရီကတည်းက ထွက်သွားတာကိုး.”
“ဟုတ်...မမစားချင်တဲ့ မုန့်ကို ၀ယ်ပေးဖို့ မှာခဲ့တယ်..ဘာစားချင်လည်းဟင်..”
ကိုကို့ ညီလေးက မုန့်၀ယ်ပေးရမှာဆိုတော့ အားနာတဲ့ စိတ်ကြောင့် ဘာတွေ၀ယ်ခိုင်းရမှန်း မသိပဲ လျှောက်တွေးရပြီး လွယ်မယ်ထင်တဲ့...
“ကေ်ာဖီနဲ့ ကိတ်...”
“ဟုတ်ကဲ့...ခဏစောင့်..”
“သြော်..သြော်...ရေအိမ်က နောက်ဖေးဘက် ကျွန်တော့် အခန်းဘေးမှာသလား..ရေချိုးခန်းတွဲရက်ပဲ ...အိမ်ရှေ့ရေကန်မှာလည်း..မျက်နှာသစ် သွားတိုက်လို့ရတယ်..ကျွန်တော်တို့ကတော့ အိမ်ရှေ့မှာပဲ လုပ်တယ်..မမ အတွက် သွားတိုက်တံအသစ်နဲ့ ဆပ်ပြာခဲတင်ထားတယ်..”
“သြော်..ရပါတယ်..ကောင်လေး..အဲမောင်လေး..”
“ဟုတ်...သွားပြီ...တစ်ယောက်ယောက် အိမ်လာရင် လူကြီးတွေ မရှိဘူးပြောလိုက်..”
“ဟုတ်...အဲ...အင်း..”
လူကြီး တစ်ယောက်လို သေချာမှာသွားတဲ့ ကောင်လေးကို နှုတ်ခမ်းဆူ မျက်စောင်းထိုးပြီး လှေကားဘေးဘက် လျှောက်လမ်း ကျဉ်းကျဉ်းလေးကနေ နောက်ဖေးဘက်လျှောက်လာခဲ့လိုက်သည်..။
အခန်းမဟုတ်ပါဘူး..လိုက်ကာ ကြိုးတန်းထားတဲ့ နောက်မှာ ကုတင်တစ်လုံး စာကြည့်စားပွဲနဲ့ စာအုပ်တွေသာ ရှိသည်..။
“ဒါကြောင့် မီးဖိုတွေ အိမ်ရှေ့ရောက်နေရတာ...”
“သေးသေးလေးရယ်..”
ရေအိမ်ထဲ ၀င်ပြီး အပေါ်ဘက်ကို မော့ကြည့်တော့ ပင့်ကူကောင်တွေကို ကြောက်ပြီး မျက်လုံးစုံမှိတ်ထားခဲ့ရသည်..။
“ရေချိုးခန်း..”
အလင်း၀င်ပေါက် အုတ်နှစ်လုံးကို ကန့်လန့်ထောင်ထားတာ အပေါင်းလက္ခဏာပုံစံရှိပေမဲ့ ရေချိုးခန်းကလည်း မှောင်မှောင်ကြုတ်ကြုတ်ဖြစ်နေသည်..။
မို့ တံခါးကို ကိုင်ပြီး ခေါင်းရှေ့တိုး စပ်စုကြည့်တော့ ရေပန်းတစ်ခုနဲ့ အောက်က ရိုးရိုးလှည့်ဖွင့်ရသည့် ကော်ပိုက်အောက်မှာ ရေဇလုံဖလားတစ်ခုရှိသည်..။
ရေချိုးခန်းထဲမှာ အခင်းက ကြွေပြားရောင်မဟုတ်ပဲ ဘိလပ်မြေရောင်ဖြစ်နေသည်..။
“ဟူး..မောလိုက်တာ...မမရေ...”
“ဟင်..မြန်လိုက်တာ...”
မို့ အိမ်ရှေ့ဘက် ကို ပြေးထွက်လာခဲ့တော့ ကောင်လေးက လွယ်အိတ်လွယ်နေပြီ...။
“ခုံမှာတင်ခဲ့တယ်...နောက်ကျနေပြီ..နောက်နေ့ ဆို ညကတည်းကပြောပါ...သွားပြီ...အိမ်တံခါး အတွင်းဂျက်ထိုးတား အိမ်ရှေ့မှာပဲ ထိုင်နေနော်...ခြံထဲက ဟာတွေ ခိုးသွားမှာစိုးလို့ အပေါ်တက်ချင်ရင် ခြံတံခါးသော့ခတ်သွားနော် မမ..”
“အင်း..”
အိမ်ထဲက လွယ်အိတ်လွယ်ပြီး အပြေးအလွှားထွက်ပြေးသည့် ကိုကို့ ညီလေးကို ကြည့်ခါ မို့ တောင်မောလာသည်..။
ခြံထဲက ပစ္စည်းတွေ ဒီလောက်စုတ်ပြတ်နေတာ သူခိုးကယူပါ့မလား..ခုံအကျိုးလည်း ရှိသေးသည်..။
သူခိုးကို မကြောက်ပေမဲ့ ခြံထဲ ၀င်လာပြီး မို့ ကို ဒုက္ခပေးမှာကြောက်လို့ ခြံတံခါး သော့သွားခပ်ထားလိုက်သည်..။
“ဟူး..”
အိမ်တံခါးကို ထပ် ဂျက်ထိုးခါ...သစ်သားခုံမှာ ထိုင်လိုက်ချိန်
“ဟင်....”
“ကိတ်မုန့်ဆိုတာ ဒါကြီးလား...ဒါ..ကော်ဖီပေါ့...”
ပလပ်စတစ်အိတ်ကို ဆွဲမြှောက်လိုက်တော့ ပါလာတာ ကော်ဖီဖျော်ြ့ပီးသားတွေ...။
မို့ အတွက် ၀ယ်လာတဲ့ ကိတ်မုန့်ဆိုတာ အပြာရောင်လေး နှစ်ထုတ်...တစ်ထုတ်ကို ဖောက်ကြည့်လိုက်တော့ ယိုလေးတွေနဲ့ စားကြည့်လိုက်ချိန် အရသာက မို့ စားနေကျကိတ်လို မဟုတ်ပဲ ဖွယ်ပြီးမာနေလို့ ဆက်မစားနိုင်ပဲချထားလိုက်ရသည်..။
ကော်ဖီ ပလပ်စတစ် အိတ်ကို ဖြည်ပြီး ခွက်ထဲ ထည့်သောက်ကြည့်တာ ဘာအရသာမှကို မရှိပါ..။
“ဟဲ့...အိမ်မှာဘယ်သူမှ မရှိကြဘူးလား..”
မို့ ကော်ဖီ ခွက်ကိုချပြီး အိမ်ရှေ့တံခါး၀ကို ထွက်ကြည့်မိတော့ တစ်ခါတွေ့ဖူးထားသည့်ကိုကို့ မေမေ ဖြစ်နေသည်..။
“အယ်..”
သော့ပြေးယူပြီး အိမ်တံခါးဖွင့်ခါ ခြံတံခါးဆီ ပြေးဖွင့်ပေမဲ့ သော့ကမှားနေလို့ ပြန်ပြေးယူရပြန်သည်..။
“ခဏနော်..သားလေး..”
“ရပြီ..ရပြီ..”
မို့ သော့ယူပြီး ပြန်ပြေးထွက်လာခါ ခြံသော့ဖွင့်လိုက်တော့ လူတစ်ယောက်က ခြင်းထောင်းတွေသယ်လာပြီး ရေကန်နားမှာချသွားသည်...။
ကိုကို့ မေမေ က ခြံထဲ ၀င်လာချိန် မို့လည်း နောက်က လိုက်လာရသည်..။
“မုန့်စားပြီးပြီလား..”
“ရှင်...ဟုတ်ကဲ့...”
“အစားအသာက်ကတော့...ရှိအတူ မရှိအတူပေါ့လေ....ငါ စျေးကပြန်တော့ အသုတ်တွေ့တာနဲ့ ၀ယ်လာတယ်...စားချင်စားလေ...”
“ဟုတ်ကဲ့...”
မို့ကို လှမ်းပေးတဲ့ အသုတ်အိတ်ကို လက်ညိုးနဲ့ ဖျစ်ကိုင်ပြီး မြှောက်ထားတော့
မေမေ ကရယ်ပြီး...
“ပေး...ငါပဲ လုပ်ပေးမယ်..”
“ဟို..”
“လာစမ်းပါ..အားမနာနဲ့ ကိုယ့် အိမ်လို သဘောထားမှ နေသာမှာပေါ့..”
“ဟုတ်..”
ရေကန်ထဲကရေကို ခပ်ပြီး လက်ကို လောင်းဆေးချခါ ပန်းကန်တစ်ခုထဲထည့်နယ်ပေးပြီး ဇွန်းပါ တပ်ပေးသည်..။
ဒီလို လုပ်ပေးနေတာကို မစားဘူးပြောမှတော့ စိတ်ဆိုးတော့မှာပေါ့..
မို့ ပြုံးလိုက်ပြီး နီနီရဲရဲ ခေါက်ဆွဲဖက်ကို တစ်ဇွန်းခပ်စားပြလိုက်ရသည်..။
တစ်ခါမှ မနက်စောစော အစပ်မစားခဲ့ပေမဲ့ မဆိုးပါဘူးလေ.......။☆━━━━━━━━━━━━━━━☆
နောက်ကျပြန်ပြီ 😭💔😭
ဇာတ်လမ်းမကောင်း
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

VOCÊ ESTÁ LENDO
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...