Part 22

3.9K 163 3
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၂၂)
#နန်းထိုက်ပန်းမို့

“ကိုမြတ်ဖေ နေကောင်းရဲ့လား...”
“ကောင်းပါတယ် ရွှေစင့် သမက်ကို ပြောလို့မရဘူး မလား...”
“ဟုတ်တယ်..ဒင်းလေးက မာနကြီးလိုက်တာလည်း မပြောပါနဲ့  ...”
ဒေါ်ရွှေစင် နှုတ်ခမ်းမဲ့ ပြီး ပြောလိုက်ရင်း ဒင်းရုပ်ကိုမြင်ယောင်လာသည်။
သမီးကို တကယ်ချစ်တာသိလို့ သူတို့လည်း ကောင်းစားပါစေ ဆို ပြီး လူကြမ်း ဝင်လုပ်ပေးမိတာ တစ်ခါတည်း ကွာရှင်းစာချူပ်ထည့်ပေးပြီး ပြတ်ကြောင်းပြတယ်လေ...။
စေတနာနဲ့ မတန်တဲ့ ဟာလေး..အမြင်ကပ်လို့...။
“ရွှေစင် ရယ် မရလည်းနေပါစေတော့ ကိုကြီးက အရမ်းခေါင်းမာတယ်...ရွှေစင်ကိုလည်း အားနာတယ် ကလေးတွေကိုလည်း ဓားစာခံ မဖြစ်စေချင်ဘူး...”
“ကိုမြတ်ဖေ အကိုထက် ဒင်းက ပိုခေါင်းမာတယ်သလာ့း...”
“ဟား..ဟား..သမီးယောက္ခမ.. ကိုယ့် ကြောင့် ရန်ဖြစ်ကုန်ပြီလား..”
“ဆန်နီက လူကောင်းဆိုတာ သိပါတယ် ဒါပေမဲ့ မာနကြီးလွန်းတာ ရွှေစင်မကြိုက်ဘူး.....”
“လျော့ပေးလိုက်ပါ ရွှေစင်ရယ်..ဒီမျိုးရိုးဆိုတော့ ဒီသွေးပါမှာပေါ့လေ..ကလေးတွေစိတ်ချမ်းသာရင် ပြီးတာပဲ မဟုတ်လား...အဟမ်း...”
“ကိုမြတ်ဖေလည်း မောနေပြီ ဒါပဲနော် နောက်နေ့လာခဲ့ပါအုံးမယ်...”
ဒေါ်ရွှေစင် ဖုန်းချပြီး သက်ပြင်းပါ တစ်ခါတည်း ရောချလိုက်ရသည်။
ကိုမြတ်ဖေ တူက ကျွန်မ သမီးကို ကွာရှင်းစာချူပ်နဲ့ ပြန်ပို့သွားပြီလို့ ပြောပြချင်လိုက်တာ...
စီစဉ်ထားသမျှ တက်တက်စင်အောင်လွဲတာပါပဲ...
မို့ ကို ချစ်တာတောင် ဟုတ်ရဲ့လား မသေချာ..။
သမီးက ကြားထဲက တစ်ခုလပ်ဖြစ်ရပြီ...။
နည်းနည်းတော့ ပြန်လျော့မှပါလေ......။
.
“မာမီ...မို့....Full Moon Party သွားမို့...”
အနားကို ရောက်လာတဲ့ သမီးဖြစ်သူကို ခေါင်းစ ခြေဆုံး ကြည့်မိပြီး ကိုယ့် မျက်လုံး ကိုယ် မယုံနိုင် ဖြစ်သွားရသည်..။
အရင်က မို့ ပုံစံ အတိုင်း ပြင်ဆင်ထားပြီး ပါတီ တဲ့လေ...။
အိမ်ပြန်ရောက်ပြီး ပထမဆယ်ရက် ကို ငိုချည်းနေတယ်...။
ပြီးတော့ အိမ်က ပျောက်သွားလို့ ပြန်သွားပြီ ဆိုတာ သိတာနဲ့ ဆန်နီ ကို ဖုန်းဆက်ပြီး
“မင်း မပြတ်သားလို့ ငါ့ သမီးက ငိုချည်း နေရတာပေါ့ ဆန်နီရဲ့..”
“ဟုတ်ကဲ့...ကျွန်တော် တောင်းပန်ပါတယ်...”
ထို စကားတစ်လုံး နဲ့ ဘယ်လို လက်စင် ပေးလိုက်တယ် မသိ...ထိုနေ့က တက္ကစီ နဲ့ ပြန်လာပြီးကတည်း က အရင်မို့ ပြန်ဖြစ်သွားတော့သည်..။
နိုက်အောက်တွေ ညတိုင်းထွက် အရင်လိုမှ အရင် အတိုင်းပါပဲ...။
ဒါကို ၀မ်းသာရမလား စိတ်ပူရမလားတော့ မတွေးတက်တော့ပါ..။
“နော်လို့...”
“ဟမ်...အမ်း..ဒါပေမဲ့ နောက်မကျစေနဲ့နော်..သမီး...ဟိုနေ့ကလည်း ဆန်ဒေးပါတီ အခု လပြည့်...အိုး... ယူတို့ကလည်း..အခါကြီးရက်ကြီးမှန်သမျှ ပါတီပေးဖို့ စီစဉ်ထားသလားဟမ်...”
“ဟိ....မာမီကလည်း..ပျော်ဖို့ကောင်းပါတယ်...ဒါနဲ့မို့ ညပိုင်း ကားမမောင်းချင်ဘူး..”
“အဲတော့...”
“ဒါရိုင်ဘာ အချိန် ပိုင်း ငှားပေးပါ...”
“ဟောတော့...ဦးလေးပု ရှိတာပဲ”
“ဦးလေးပု က ညပိုင်း အမောင်းမကျွမ်းဘူးလေ.. မို့က လူငယ်ဒါရိုင်ဘာ လိုချင်တာ....”
ဒေါ် ရွှေစင် မျက်လုံးပြူးဖြင့် ကြောင်ကြည့်နေတော့ ပခုံးကို ဖက်ပြီး...နှုတ်ခမ်း နီနီ လေး ကို ရှေ့စူခါ
“နော်လို့...”
“အမ်းပါ အခုတော့ ရှာရခက်...”
“မို့ ဆီမှာ ရှိတယ်...မာမီ ခေါ်လိုက်....”
“တယ်ဟုတ်ပါလား..”
ဒေါ်ရွှေစင်  ခေါ်ထားတဲ့ နံပါတ်ကို လှမ်းယူရင်း ကြည့်လိုက်တာ မျက်လုံးပြူးသွားရသည်..။
“ဒါ...”
“ဘာဖြစ်လို့လည်း..မာမီရဲ့...”
“မကောင်းပါဘူး..သမီးရယ်....ပြန်နီးစပ်ရင် ခံစား..”
“အိုး..ခံစားသေပေါ့...မို့ ..ကို လုပ်ထားတာ လုံး၀ ခွင့်မလွှတ်ဘူး..”
“ဟလို...”
ဖုန်းထဲက ထူးသံထွက်လာတော့ နားသို့ အတင်းကပ်ပေးနေသည်...။
မှားပြီ...ကလေးဆန် တဲ့ စိတ်နဲ့ လျှောက်များရွဲ့ရင်တော့ ကမ္ဘာ ဇောက်ထိုး ဖြစ်လည်း မို့ တို့ ရပ်မည် မထင်ပါ..။
ဒေါ်ရွှေစင် သက်ပြင်းမသိမသာ ချရင်း အားနာ စိတ်နဲ့ အတူ ပြန်ထူးလိုက်သည်..။
“ဟ...ဟလို...”
“ပြောပါ အန်တီ...”
“ဘာမှ မဟုတ်ပါဘူး...”
“ဟာ..မာမီ....ပြောလိုက်ပါဆို...”
ဆန်နီ မို့ အသံ ကြားလိုက်တော့ အိပ်နေရာက ငုတ်တုတ်ထထိုင်မိသည်...။
ဘာဖြစ်လို့များလည်း...စိတ်တွေ ပူလောင်လာရသည်..။
“ဟို..ဟို....ဆန်နီ အားရင် ကားမောင်းပေးပါလားလို့..”
“ခင်ဗျာ..”
ဆန်နီ ကြောင်တောင်တောင် စဉ်းစားနေစဉ်...
“ဟာ..ဒါရိုင်ဘာ ငှား ချင်လို့ပါလို့ ပြောလေ...မာမီရဲ့..”
“တူတူပါပဲ မို့ ရယ်...”
“ထားပါတော့...ဆန်နီ အခု ကားမောင်းပေးလို့ အားမလား.”
မို့ အသံ ဆူအောင့်အောင့်လေး ကြားကတည်း တစ်မျိုး ရှာပြန်ပြီ ဆိုတာ သိလိုက်သည်..။
“ဟုတ်ကဲ့....”
“ဒါဆို ညပိုင်းလေး..”
“အခု ချက်ချင်းလာပါ...”
စိတ်မရှည်သလို ဘေးက ၀င်အော်နေတော့ ဆန်နီ ပြုံးလိုက်မိသည်..။
“ဟုတ်ကဲ့ ကျွန်တော် လာခဲ့ပါမယ်...”
ဖုန်းချပြီး မို့ရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးရင်း မျက်ရည်ဝဲလာသည်..။
နေမကောင်းသူ စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ စေတနာနဲ့ အတင်း အကြပ်ကိုင်မိတာ ကလေးနှစ်ယောက်ရဲ့ မေတ္တာအိမ်ကလေး ကျိုးပဲ့ ပျက်စီးရပြီလေ...။
သူတို့မှသာ အကြပ်အတည်း ရှိလာရင် ကိုမြတ်ဖေ ဆီ က အမွေတွေကို လက်ခံမယ် ထင်ထားပေမဲ့ ဟိုကောင်စုတ်လေးကလည်း မာန ကြီးလိုက်တာ မိုးမြင့်ထိအောင်ပင်...။
သူတို့လို ကုန်းရုန်းရှာဖွေနေရတဲ့ မိသားစုနဲ့ ဘယ်လို ရှေ့ဆက်သွားရမလည်း ကိုယ့် သမီးက စိတ်ဆင်းရဲရမှာ သိလို့ သမီးဘက်လိုက် မိုက်မိလိုက်တာ...။
အခုတော့ ကိုယ့် အပြစ် ကိုယ် ပြန်ခံနေရသလိုပင်...။
“ကားရောက်ရင် ခေါ်လိုက် မာမီ...”
“ဘယ်ကိုလည်း.”
“ဂိမ်းဆော့ မလို့..”
“ဟူး...”
“ဦးလေးပု....ကားတစ်စီး လာရင် ကားဂိုဒေါင် ဘက် ခြံတံခါး ဖွင့်ပေးလိုက်နော်...”
ဖုန်းဆက်ပြောပြီး ခြေချိတ်ထိုင်လိုက်တာ ဒေါ်ရွှေစင် ပြောစရာ တွေ့ပြီ..။
“မို့...စကပ် တအား မတိုဘူးလား..”
“ဟုတ်တယ် မာမီရဲ့ အာ့ကြောင့် ဘောင်းဘီ တိုလေး ၀တ်တာ”
“သွားလဲလိုက်ပါသမီး ရယ်...”
“ဟွန့်..”
နှုတ်ခမ်းစူပြီး အပေါ်တက်ပြေးခါ မိနစ်ပိုင်း အတွင်း ပြန်ပြေးဆင်းလာသည်..။
ပေါင်လယ်လောက် ဘောင်းဘီတိုလေးက ဖြူနု အသားအရည်ကို ပိုလိုထင်ပေါ်နေပြန်ပြီ...။
“မို့....ဆန်နီ ကို ဒုက္ခပေးချင်တာလား..ခံစားစေချင်တာလား...မဟုတ်မှ ကလဲ့စားချေနေတာလားဟင်..”
“သုံးခုလုံး..”
“ဟူး...”
“LET GO (RAZY RAZY RAZY)
TILL WE SEE THE SUN
I KNOW ONLY   MET🎶🎶🎶
“ဟလို...”
“ရောက်လာပြီ သမီိး..”
“ဟုတ်...လာမယ်..”
မို့ ကျောပိုးအိတ်ကလေး ကောက်လွယ်ပြီး ခေါင်းမော့ ခါ ဆင်းလာခဲ့လိုက်သည်..။
“ဦးလေး..သွားပြောပေးပါ...အဲ ကားစုတ်ကြီး မစီးနိုင်ဘူး..မို့ ကား မောင်းပေးပါလို့..”
“သြော်..ေ.အး..”
ဆန်နီ ကြားပြီးသားစကားဖြစ်နေတော့ ကားကို သော့ပိတ်ပြီး အောက်ကို ဆင်းလိုက်သည်..။
ကားထားတဲ့နေရာ ပုံစံ ဆောက်ထားတာတောင် ခြံ တစ်ခုလို ဖြစ်နေတော့ မို့ ကို ပြန်လွှတ်လိုက်တာ မှန်ပါတယ်...။
မတွေ့ရတာ ဆယ်ရက်စု နှစ်ခုကျော်ပြီဖြစ်လို့ ဆန်နီ မသိမသာ ခိုးကြည့် လိုက်သည်။
အသားအရည်စိုစို ဆေးကာလာ ထင်းထင်း နဲ့ မျက်နှာလေးမှာ မာန အရောင်လဲ့နေပြီ...
သူ့ အဆင့် အတန်းနဲ့ လိုက်ဖက် တဲ့ အ၀တ်အစားတွေ ၀တ်ထားတော့ အရမ်းချစ်ရတဲ့ တီရှပ်ပွကြီးနဲ့ ကာတွန်းဘောင်းဘီ ၀တ်တဲ့ မို့ ကို မေ့ထားလိုက်သည်..။
“ဒီကား...”
“သော့ပေး..”
“ဟွင့်....”
မို့ ကားမှန်တွေကို ရီမုနဲ့ ချပြလိုက်တော့ မျက်မှောင်ကြုတ်ပြီး ကြည့်သည်..။
“ဒီမှာ...ဖွင့်တက်ပါ့မလား..”
‘အဟား...သော့ မရှိလည်း ကားစက်နှိုးတက်တယ်...”
“အဆင့်အတန်းအရ တက်မြောက်ထားတဲ့ ပညာတွေကို မကြွားစမ်းပါနဲ့...”
ခွေးစုတ်မလေး...ထုပစ်ချင်စိတ်တွေကို မြိုသိပ်ပြီး ကားပေါ်တက်လိုက်ရသည်..။
နောက်ခန်း၀င်ထိုင်တော့ ဆန်နီ ပြုံးရင်း မှန်ချိန်လိုက်သည်..။
သူစီးတဲ့ ကားကို မောင်းရပြီ ဆိုကတည်းက အမြဲတမ်း တစ်ဗန်းသာပြီးသား...။
“ဘယ်ကိုလည်း..”
‘လမ်းပေါ်တောင် မရောက်သေးဘူး..”
“အိုကေ...”
ဆန်နီ ကား စီယာတိုင်ကို လက်ဝါးလှည့်ပြီး ရမ်းကွေ့ပစ်လိုက်သည်...။
“အိုး...သူများကားကို ဂရုစိုက်မောင်းပါ...”
“ဘာမှ မဖြစ်ပါဘူး..”
“တစ်ခုခု ဖြစ်ရင် လျော်နိုင်တာလည်း မဟုတ်ဘူး...”
ဆန်နီ စိတ်ထဲ တင်းခနဲ့ ဖြစ်သွားပေမဲ့ ပြင်းပြင်ထန်ထန် ဆက်ဆံလာလည်း လက်ခံပါမယ်လို့ ဆုံးဖြတ်ပြီး ထွက်လာခဲ့တာပဲလေ...။
အိပ်ရာထက်မှာ အိပ်မပျော်မချင်း လွမ်းနေရတာထက် စာရင် မျက်နှာလေးမြင်ခွင့်ရတာ အလွမ်းပြေရသည်..။
“ဘယ်ကိုလည်း..”
“TIM ဟိုတယ်..”
အဆင့်မြင့်ဟိုတယ်ကြီး ဆိုတာ သိပေမဲ့ ဘာကိစ္စ အခုချိန် ဟိုတယ်သွားရတာလည်း သိချင်လာသည်..။
တစ်ချိန်က ပူဆာခဲ့ဖူးတဲ့ သူ့စကားလေးတွေကို ပြန်ကြားယောင်မိရင်း....
မို့ ကိုကို နဲ့သာ အခုလို နေရာမျိုးကို ဘယ်သွားနိုင်မှာလည်းကွာ....။
“သြော်....ဘယ်သူနဲ့ သွားအိပ်ဖို့လည်း..”
‘မရှိသေးလို့ အခုသွားရှာ မလို့...”
“သနားစရာပဲ...”
“တောက်...”
တောက်ခတ်သံလေး ထွက်လာတော့ ဆန်နီ နောက်ကြည့်မှန်က တစ်ဆင့် ကြည့်လိုက်တာ နှုတ်ခမ်းနီနီလေးကို သွားလေးနဲ့ ဖိကိုက်လိုက်ပုံက နှင်းဆီပွင့်လွှာနီနီလေးအပေါ် ပုလဲလုံးလေးတွေ စီထားသလိုပင်..။
“ဟင်..”
မို့ က ကားကြည့်မှန်ပေါ် အကြည့်ဆုံသွားတာနဲ့ မျက်မှောင်ကြုတ်ပစ်ပြီး..
“ကားရပ်ပါ..”
“ရပ်မရဘူး..”
“မီးချရပ်...”
ဆန်နီ ကားကို အရှိန်လျော့ပြီး ရပ်လိုက်တော့ ကားတံခါးဖွင့်ပြီး ရှေ့ခန်းရောက်လာသည်..။
“ခေါင်းမူးလို့လား.”
“စိတ်မချလို့..”
“ဘာ...”
“တဏှာ မျက်လုံးတွေ ရမ္မက်ခိုးဝေနေတယ်...”
“ဟား..ဟား....”
ဆန်နီ ရန်တွေ့ပုံလေးကို သဘောကျလွန်းလို့ စိတ်မဆိုးတဲ့ အပြင် အော်ပါရယ်ပစ်လိုက်သည်..။
“ကားပါကင်ထိုးပြီး စောင့်နေပါ...”
“မို့..”
ခေါ်တာကို မထူးပဲ မှုန်ကြုတ်ကြုတ် ဖြင့်သာ ရှေ့ကို ဆိုက်ကြည့်နေသည်..။
“မင်း ငါ့ကို ခံစားစေချင်တာနဲ့ အန္တရယ် မသိပဲ လျှောက်လုပ်မနေနဲ့ မင်းဘ၀ပျက်ရတာပဲ အဖက်တင်လိမ့်မယ်...ငါ့ ရင်ထဲမှာ မင်း မရှိတော့ဘူး...”
စူးစူးရဲရဲ ဆောင်ကြည့်နေတဲ့ မျက်၀န်းလေးကို နာကျင်စွာ အပြုံးတု တစ်ခု ဖြင့်တုန့်ပြန်လိုက်ရသည်..။
“အေးဆေးပေါ့..သူငယ်ချင်း လုပ်လို့ရပါတယ်...”
“နင့်လို ကောင်မျိုးက ငါ့သူငယ်ချင်း ဖြစ်ဖို့ တန်းတူမှ မဟုတ်တာ...”
မို့ နေရာမှာ တခြားသူ တစ်ယောက်ဆို ဘာကြီးဖြစ်ဖြစ် သည်းခံဖို့ အစီအစဉ် မရှိပါ...အခုတော့... ။
“ဘယ်လောက်ကြာမှာလည်း...”
“မသိသေးဘူး..”
“ငါ ကြာလို့ မရဘူးနော်...”
ဆန်နီ အော်လိုက်ပေမဲ့ ဂရုမစိုက်သလို ကျောပိုးအိတ်ကလေး ချိတ်ပြီး ဆက်လျှောက်သွားသည်..။
“ဟိုး...မို့လာတယ်...”
“မျက်လုံးစူးလိုက်တာ..”
ကျလုကျခင် ဖြစ်နေတဲ့ မျက်ရည်တွေကို မျက်တောင် ပုတ်ခတ် လုပ်ပြီး ရှေ့ဆက်တိုးသွားလိုက်သည်..။
“မို့ အရမ်းလှနေတယ်ကွာ...”
“ကျေးဇူး..ဟိ..”
ဘားကောင်တာမှာ အရင်၀င်ထိုင်လိုက်ပြီး မုန်းသင့်တဲ့သူကို မုန်းဖို့ အရင်ဆုံးကြိုးစားနေရသည်.။
“မို့...Vodka ....wine...”
“ဝိုင်...”
ကောင်တာ ပေါ် ရောက်လာသည့် အနီရောင် အရည်တွေ ကို စူးစိုက်ကြည့်ရင်း သူ့မျက်နှာ ပေါ်လာပြန်သည်...။
မသောက်ရသေးဘူး..မူးနေပြီလေ....။
“မို့ ကို ခေါ်...ဒီကောင် ကျွမ်းတယ်..”
မို့ နာမည်ကြားလို့ လှည့်ကြည့်လိုက်တော့ ကောင်မလေး သုံးယောက်က ပြုံးပြီး နှုတ်ဆက်သည်..။
တစ်ယောက်ကတော့ အရင်တုန်းကတည်းက မျက်မှန်းတန်းမိသည့် မိုးထက်ယံ ဂရုက ဦးဇော်ဖြိုး သမီး..။
“ဟုတ်လား...လုပ်ပါလား မို့...”
“ဘာလည်းဟင်...”
“shisha လေ..တို့က ဗစ်ပဲရတယ်...”
“အဟွင်း..မသောက်တာ ကြာပြီ...”
“လုပ်ပါ....”
အပေါင်းအသင်းမရှိချိန် အတင်း၀င်ရောနေတော့ မို့ လည်း ခေါင်းညိတ်ပြီး လိုက်သွားရတော့သည်..။
မတင်ထားတဲ့ မိတ်ဆွေဟောင်း နှစ်ယောက်ပါ ပြန်တွေ့လိုက်ရတော့ အမှတ်မရှိစွာ ပြုံးပြနှုတ်ဆက်လိုက်သည်..။
“စီစီ နဲ့ ရီလေးပါလား..”
“အင်း...မို့လာတယ်...လာ...လာ...စီစီ ဘေးကိုလာ....”
“တို့ မို့ က ဘယ်အချိန်ကြည့်ကြည့် အလန်းပဲ....”
“ဒါကြောင့်ပေါ့...မိန်းမဆိုတာ လှေကားသုံးထစ်ဆင်းစရာတောင်လိုဘူးရယ်...နော့်..”
ရီလေးက မို့ ပခုံးကို ဖက်ပြီး ပါးကို အတင်းနမ်းတော့ မို့ ပြုံးသာနေလိုက်ပေမဲ့ အပြောင်းအလဲမြန်တဲ့ စိတ်ကို အလိုမကျဖြစ်လာရသည်..။
“နေအုံး..”
မို့ ကျောပိုးအိတ်ကလေးကို ဖြုတ်ပြီး လိုရမယ်ရ ထည့်လာတဲ့ အပြာရောင် ငွေစက္ကူ ၅ထပ်ထဲက တစ်ထပ်ကို ထုတ်လိုက်သည်..။
“အင့်...စီစီ..”
“ဘာလည်း...ဒါ..”
“မို့...ကို ဖုန်း၀ယ်ပေးခဲ့တာ..မို့ ကျေးဇူး မမေ့ပါဘူး...”
“ဟာကွာ...စိတ်မကောင်းအောင် ပြောနေပြန်ပါပြီ...”
စီစီ က မျက်နှာ ရှုံ့ပြီး ငိုမဲ့မဲ့ လုပ်ခါ ပြောနေပေမဲ့ သူ့ ပိုက်ဆံအိတ်ကို ကောက်ယူပြီး အားလုံးရှေ့မှာ သေချာထည့်ပေးလိုက်သည်..။
ထူးခြားတိုက်ဆိုင်စွာ ဒီပိုက်ဆံအိတ်ကလည်း ကိုကြီး မို့အတွက် ပို့ပေးလိုက်တဲ့ ပိုက်ဆံအိတ်တွေထဲက တစ်လုံးပင်...။
“သြော်...မာမီပြောတယ်...မိတ်ကပ်ဖိုးတွေ မာမီ ဆပ်ပေးထားတယ်တဲ့လေ....အကြွေးပေးခဲ့လို့ တကယ်ကျေးဇူးတင်တယ်...”
မို့ စကားကြောင့် ရီလေး နဲ့ စီစီ က မျက်နှာ ပျက်နေခါ မချိပြုံးလေးသာ ပြုံးပြနိုင်သည်.။
“ယူတို့ စိတ်ဓာတ်ကလည်း..”
သူတို့ အသည်းအသန် လိုက်ပေါင်းနေသည့် သဌေးမလေးက ပါ နှုတ်ခေါင်းရှုံ့ကြည့်နေတော့...
“မို့ လာလေ...သောက်ကြမယ်မလား..”
“အင်း..”
“ပိုက်ပြောင်းပေးမယ်နော်..”
“ဘာထည့်မလည်း..”
“ရပါတယ်...ဘာဖြစ်ဖြစ်...”
မို့ မသောက်တာကြာပေမဲ့ တော်တော်လေး ကျွမ်းထားတာဆိုတော့ ၅မိနစ်လောက်နဲ့ ပုံမှန်ကို မှီလာသည်..။
“ဝိုး..”
“တော်ပြီနော်...”
နှာခေါင်းနဲ့ မှုတ်ပြီး ထလိုက်တော့ လက်ကျန် ပါးစပ်ထဲက အငွေ့ ကို နှုတ်ခမ်းဝိုင်းပြီး ထုတ်လိုက်သည်..။
“တော်တယ်ကွာ...အကြာကြီးပဲခံတယ်...”
“တို့ သွားလိုက်အုံးမယ်..”
“အင်း....”
မို့ ကောင်တာ မှာ ထိုင်ပြီး ဝိုင်ပြန်သောက်နေချိန် အနားကို တစ်ယောက်လာထိုင်သည်..။
မမူးသေးပေမဲ့ မော့ကြည့်လိုက်ချိန် ကိုကို့ လို လက်မောင်း ကြွက်သားတွေရှိပြီး..ပါးသိုင်းမွှေးတွေက ခပ်ရေးရေးနဲ့ ပုံဖော်ထားသလို ဆံပင်ပုံစံကလည်း ခပ်မိုက်မိုက်ရယ်..။
ဟွန့်...သူ့ဆံပင် ကြွက်သိုက်နဲ့ အလုပ်မအားရင်ရှည် အလုပ်အားရင် ပြောင်နေသည့် ပါးသိုင်းမွှေးသင်္ခါရ မျက်နှာနဲ့များကွာလိုက်တာ...
သူ့ထက်သာတဲ့သူတွေ ဝိုင်းလည်နေတာ မသိရှာဘူး..အဟက်...။
“ဝိုင်သောက်မလား..”
ဘေးက လူကို ဦးတည်ပြီး ပြောလိုက်တော့ အကြည့်စူးစူးနဲ့ အတူ ပြုံးတေ့တေ့ မျက်နှာနဲ့ သူ့ ခွက်ကို မြှောက်ပြသည်..။
မျက်နှာကို သေချာကြည့်ရင် ကိုကို့ ထက် ၁၀ မက ပိုချောပိုခန့် ပါသည်..။
“မို့..ဆိုတာ..”
“သိလား..”
“သ်ိတာပေါ့ နာမည်ကြီးပဲ..”
“အဟက်..”
“အရင်ကတော့ တော်တော် နာမည်ကြီးတယ်နော်...”
“အခုကော...”
“ပေါသွားပြီ..”
မို့ အလို မကျ စွာ မျက်မှောင်တွန့်ကုတ်သွားတော့ သွားစွယ်တွေ ပေါ်သည် အထိ ရယ်ပြီး ကြည့်သည်..။
“တစ်လင်ကွာ  ဖြစ်သွားတာကိုး..လူရှိန်သွားတာပေါ့..”
“အရင်ကတော့ မာနမီးခဲလေးပဲ...အခုတော့ အစွယ်ကျိုးတဲ့ ရေမြွေလိုဖြစ်နေပါလား မို့ရဲ့...”
“ဟင်း..ဒီလိုပါပဲ...”စကားတွေက ရင့်သီးလွန်းနေပေမဲ့ မို့ အဆင့်အတန်း ရှိရှိတုန့်ပြန်လိုက်သည်။
“မင်း မာမီက တော်တော်ရက်စက်တယ်..သမီး လူရာမ၀င်အောင် သတင်းစာထဲ ထည့်ကြောငြာသေးတယ်...အခုတော့ အလကားပေးမယ်ဆိုရင် တောင် စဉ်းစားရတော့မယ်..ယူ ဒီကို လာတာ ယူ့ယောင်္ကျားသိရဲ့လား...နွားဆိုတော့လည်း ဘယ်သိမလည်း..”
စကားတွေ က တဖြည်းဖြည်း ရိုင်းစိုင်းခက်ထန်မာကျောလာလို့ မို့ ဒေါသနဲ့ အားကုန်ဆောင့်တွန်းပစ်လိုက်ချိန် သူက မို့ လက့်ကလေးကိုပါ ဆွဲချသွားသည်..။
“အို...လူယုတ်မာ..”
“ဟေး..မို့...ထစမ်း..ဘာဖြစ်တာလည်း.”
မို့ လက်ကို တားဆီဆုပ်ကိုင်ပြီး ဆွဲထူလိုက်တဲ့ သူက နေမျိုး ဖြစ်နေသည်...။
“ဆောရီး..မို့ က မူးလာရင် ဒီလိုပဲ...ကိုဖြိုး...ဆောရီးနော်..”
ထိုလူက မို့ ကို မျက်ခုံးချိုးပြီး ကြည့်ခါ နေမျိုးကို ရယ်ပြရင်း ခေါင်းညိတ်ပြသည်..။
“သွားလိုက်ပါအုံးမယ်...မို့ မူးနေပြီ...”
“... မပြန်သေးဘူး..”
“ကျစ်...လာစမ်းပါ...မို့ရာ..”
နေမျိုးက အတင်း ကသောကမျော ဆွဲချလာလို့ မို့ အပြင်ပြန်ရောက်လာရသည်..။
“ဘယ်မှာလည်း...ကား..”
“ဟိုမှာ..”
“ပေးသော့...”
“ဒါရိုင်ဘာ ပါတယ်...”
နေမျိုးက နောက် ကား တံခါးကို ဖွင့်ပြီး မို့ ကို တွန်းထည့်ခါ သူ လည်း ၀င်ထိုင်သည်...။
“မောင်းပါ ဆရာ...”
မို့ တစ်ချက်လှမ်း ကြည့်လိုက်တော့ မှန်ထဲက တစ်ဆင့် မို့ ကို ကြည့်နေသည်..။
ကိုကို နဲ့ အကြည့်ဆုံတိုင်း မို့ရင်ခုန်နေရတုန်းပါပဲလား...။
“မို့ ပြသာနာ ရှာတာ ဘာကောင်လည်း သိလား..”
“မသိဘူး...မို့ကို အတင်းနမ်းလို့..”
ကားရုတ်တရက် ရပ်သွားပြီး မှ ဖြည်းဖြည်းချင်း ပြန်ထွက်တော့ ကိုကို မို့နဲ့ ပတ်သက်ပြီး ခံစားချက်ရှိနေဆဲ ဆိုတာ သေချာသွားရသည်...။
“၀င်ရောတာကိုး..”
“အား..မသိဘူး...”
“မို့ရဲ့..ဒီကောင့်မှာ သေနတ်တောင် ရှိတယ်ကွ...ပြသာနာတက်ပြီး သတင်းအစမရအောင် ပျောက်သွားအောင်လည်းလုပ်နိုင်တယ်...”
“မကြောက်ပါဘူး..”
“မို့...ကလေ ဘယ်တော့ဖြစ်ဖြစ် မစဉ်းစားပဲလုပ်တယ်...အေးလေ..အဲဒါကြောင့်လည်း ဘာမဟုတ်တဲ့ ဒါရိုင်ဘာ တစ်ကောင်ကို ယူခဲ့တာပေါ့...အဲကောင် နာမည် ဘယ်သူ...ဘာပဲ ဖြစ်ဖြစ် သူ မို့ကို မကြိုက်ခင်ကတည်းက မို့ ကြွေနေတာဆို...”
နေမျိုး စကားကြောင့် မှန်ထဲကြည့်လိုက်တော့ ဒင်းက ရယ်နေပြီ...
“ဘာ လည်း..သူ့ဟာသူ..”
“..ဘာပဲဖြစ်ဖြစ်...ကိုယ်က အဲကောင်...ဘယ်သူ...”
“ဆန်နီ ပါခင်ဗျ....”
“ဆန်နီ အင်း....သြော်...ဟင်...”
နေမျိုးက ကားရှေ့ဘက်ကို အကြည့်ရောက်သွားပြီးမှ ပါးစပ်အဟောင်းဖြင့်နေသည်..။
“ဆောရီးနော်...အကို...မို့ မူးနေမှာစိုးလို့  ကျွန်တော်လိုက်ပို့တာပါ..”
“ရပါတယ်...ကျွန်တော်နဲ့ သူ မဆိုင်တော့ပါဘူး..”
“တောက်...နေမျိုး..သိပ်စကားများတာပဲ တော်ပြီ မို့..မူးတယ်..အိပ်ချင်တယ်...”
မို့ နေမျိုး ရင်ခွင်ထဲ ခေါင်းတိုးပြီး ၀င်ခါ မှေးနေလိုက်သည်...။
သ၀န်တိုရခြင်းရဲ့ ၀ဋ်ဒုက္ခကို ကိုကို ခံစားကြည့်လှည့်ပါ...။
“ပြန်လာတာ စောသားပဲ...”
“ဟုတ်ကဲ့...”
“နေမျိုးရောလား..လာအိမ်ထဲ၀င်လေ...ဆန်နီ...သားလည်း လာလေ...”
“မ၀င်တော့ဘူး...အန်တီ...ကျွန်တော် မနက် အလုပ်ရှိလို့ပါ...”
“သြော်အေး...ကျေးဇူးပါပဲ...”
မာမီနဲ့ စကားပြောပြီးကျောခိုင်းလို့ ကားတံခါးဖွင့်နေတော့ မို့အိတ်ကိုအမြန်ဖြုတ်ပြီး...
“နေအုံး...မောင်းကြေး ယူအုံး...”
“မယူတော့ပါဘူး..”
“အလကားမလိုချင်ဘူး...ပတ်သက်ဆက်နွယ် လာမှာကြောက်လို့...”
“မို့..”
မာမီက နာမည်ခေါ်လိုက်ပေမဲ့ မို့ အိတ်ထဲက သောင်းတန် ဆယ်ရွက် အထပ်ကို ယူပြီး လက်ထဲထိုးထည့်ပေးလိုက်သည်...။
ကိုကို သိပါစေ..မို့ ဒီလို ပိုက်ဆံတွေကို ကျောခိုင်းပြီး ကိုကို့ နောက်ကို လိုက်ခဲ့တာ ကိုကို့ ကို ချစ်လွန်းလို့....။
“များတယ်..”
“ယူသွား..မြန်မြန်ထွက်သွား..”
“သွားလိုက်ပါအုံးမယ်...”
အပြုံး နဲ့ အတူ အားလုံးကို ကျောခိုင်း နှုတ်ဆက်သွားတော့ မို့ အိမ်ထဲကို တဒုန်းဒုန်းမြည်အောင် ခြေသံပြင်းပြင်း နဲ့ လျှောက်၀င်လာခဲ့လိုက်သည်..။
အ၀တ်အစားလဲ မိတ်ကပ်ဖျက်ပြီး ပေါင်းတင်ရင်း ပြတင်းပေါက် အပြင်အကြည့်ရောက်သွားတော့ ကိုကို ကားက သုံးအိမ်ကျော် ခရေပင်အောက်မှာ ရပ်ထားဆဲ...
ကောင်းတယ်..ကောင်းကောင်းကြီးကို ခံစားသွားရပြီ...။
လမ်းမ ပေါ်ကို ကုန်းရှာလိုက် ကားအမိုးပေါ် တင်လိုက် ဘာတွေ လုပ်နေတာပါလိမ့် ကားပျက်တာလား..။
မို့ အံဆွဲထဲက မှန်ဘီလူးလေး ဆွဲထုတ်ပြီး ချဲ့ကြည့်လိုက်တော့ ကိုကို က ကားပေါ် တက်သွားပြီ..။
ကား အမိုးပေါ် မှာ ခရေ ပန်းလေးတွေနဲ့ စာဖော်ထားတာပဲ...ရူးလိုက်တာ...။
“ဟင်..”
“မို့ ကို........ကျစ်.....အပင်က ကွယ်နေတယ်..”
မို့ကို  ဘာဖြစ်လည်း...မုန်းတာလား..လိုချင်တာလား...ချစ်တာလား...ဘာပါလိမ့်...။
ကားမီးတွေ လင်းသွားတော့ မျှော်လင့်ချက်နဲ့ အာရုံစိုက်ကြည့်နေပေမဲ့ ကားက အရှိန် ပြင်းပြင်းထွက်သွားတော့ ခရေပန်းတွေ ဖွေးခနဲ့သာ လွင့်ကျခဲ့သည်...။
နှုတ်ကပြောပါလား ကိုကိုရယ်...မို့ ကို ဒီလောက်မုန်းနေတာလား...။
“မင်း ငါ့ကို ခံစားစေချင်တာနဲ့ အန္တရယ် မသိပဲ လျှောက်လုပ်မနေနဲ့ မင်းဘ၀ပျက်ရတာပဲ အဖက်တင်လိမ့်မယ်...ငါ့ ရင်ထဲမှာ မင်း မရှိတော့ဘူး...”
ကိုကို့ ရင်ထဲမှာ မို့ မရှိတော့တာ သေချာရဲ့လား ကိုကို...မို့ မယုံနိုင်သေးဘူး...။
.
“ဟလို...”
“ကားငှားချင်လို့...”
“မအားလို့ပါ...ခင်ဗျာ...”
“ဦးလေး..က...”
“ဟုတ်ကဲ့..အားနာပါတယ်...့ကျွန်တော့် အသိ လူကောင်းပါ ချိတ်ပေးပါမယ်..”
“လူကောင်းတဲ့...”
“သြော်...အဲဒါဆို မငှားတော့ဘူးတဲ့...”
ဆန်နီ ဖုန်းချလိုက်ရင်း သက်ပြင်းပါရောချလိုက်ရသည်...။
ကားငှားနေကျ အသိမိတ်ဆွေ မဟုတ်သည့် ဖုန်းနံပါတ် မှန်သမျှကို ကားမအားပါလို့သာ ပြောပစ်နေရသည်..။
သူမလေး အရင်လို တက်တက်ကြွကြွ ပုံစဲလေးပြန်တွေ့ရတာ ဝမ်းသာပါသည်။
ပိုက်ဆံတွေဖြုန်းနိုင်သုံးနိုင်တဲ့ ရွှေမင်းသမီးလေးဘဝ ပြန်ရောက် သွားပြီဆိုတော့ ရင်ကွဲရင်တောင် တန်ပါသည်။
ဒါပေမဲ့....ခံစားမှုတွေက တစ်မျိုး ပြောင်းကုန်ပြန်ပြီ။
မို့ ကို အဝေးပို့ပစ်လိုက်ပေမဲ့ မုန်းလို့မှ မဟုတ်ခဲ့တာ...
အရာရာတိုင်း လိုက်ခံစားနေရရင် မို့ ပျော်နေတာ သိပေမဲ့ ဆန်နီလည်း နှလုံးရောဂါ ဖြင့်သေရပါတော့မည်...။
မို့ နဲ့ မဆိုင်တော့ဘူးဆိုပေမဲ့ နှလုံးသားထဲမှာ သူသာ ပိုင်စိုးနေဆဲပါ..။
ယောင်္ကျား တစ်ယောက်ရင်ခွင်မှာတွေ့ရတဲ့ အခါ ယောင်္ကျားတွေရဲ့ စော်ကားတဲ့ အကြည့်ခံရတဲ့ အခါ...
ဆန်နီ ကမ္ဘာပျက်ရသည်..။
မေးလာမဲ့ မိဲု့ရဲ့ “နင်နဲ့ ဘာဆိုင်လို့လည်း “ ဆိုတဲ့ မေးခွန်းကို ဖြေဖို့ရာ သက်ဆိုင်မှုမှ မရှိတော့ပါပဲလေ...။
မဆိုးတော့ပဲ လိမ်လိမ်မာမာနေပါတော့ ကလေးရယ်...။
.
“မာမီ...မို့..မေမေ တို့အိမ်သွားမလို့..”
“ဟင်..မေမေ..ဆိုတာ...”
“ဆန်နီ့ အမေ..”
“ဟယ်..ကောင်းပါ့မလား..”
“အား..မာမီကလည်း..မို့ပျင်းတယ်...အပေါင်းအသင်းတွေကလည်း..ကလပ်မှာ မာမီက နေမျိုးမပါရင် အဲဘက်ကို မသွားခိုင်းဘူး..ဒီကောင်ကလည်း အခု ကုမ္ပဏီ ပိုင်ရှင်လိုလို ဘာလိုလို ဖြစ်ပြီး မအားဘူး...အဲတော့ မေမေနဲ့ သွားပြီး မုန့်စားမယ်..မန်နီ နဲ့ ရန့်ဖြစ်နေတာပဲ ပျော်ဖို့ကောင်းတယ်..”
“ဒါပေမဲ့ ဆန်နီရှိရင်..”
“ဟွင့်...ဒီလူ ရှိတဲ့ အချိန်မသွားပါဘူး..သူနဲ့ မျက်နှာချင်းဆိုင်ရမှာ သေအောင်ရွံတယ်...”
“အိုး...မို့..”
“တော်ပါပြီ မာမီရယ်...သွားပြီနော်...”
မို့ မာမီ့ကို နှုတ်ဆက်ပြီး ကားလေးမောင်းရင်းဖြင့် မဝံ့မရဲ စိတ်တွေ နဲ့ ဒီ အိမ်ဝရောက်လာပြန်ပြီ..။
ကိုကို သိလား...မို့ လို အလှဘုရင်မလေးလို့ တင်စားခံထားရသူက  မိန်းမနောက်ပိုး ဘ၀နဲ့ကိုကို့ကို ချစ်ခဲ့တယ်...ကိုကို ကံကောင်းလွန်းပါတယ်...။
“ဟင်..မို့..”
“မေမေ...”
“ဟီး..အဟင့်...”
“ဟယ်...ဘာဖြစ်တာလည်း...မထိတ်သာ မလန့်သာ...”
“လွမ်းလို့...”
“အိုး....”
မေမေ ကတွန်းဖယ်တော့ မို့ ပိုဖက်လိုက်သည်..။
မေမေ က မာမီကိုယ်စား မို့ ဘေးမှာ အမြဲရှိခဲ့တာပဲလေ....။
“နေပါအုံး..ဆန်နီ့ ဆီလာတာလား..”
“သူ့ဆီလာစရာလား..မလာပါဘူး..မုန်းလို့...”
“ဟင်..”
မေမေ က တွေဝေသလို ဖြစ်သွားတော့ မို့ကို မလိုလားတော့တာများလား..။
“မေမေ.လည်း...မို့ကို မုန်းနေလားဟင်..”
“မမုန်းပါဘူး..မုန်းစရာလား...”
“ဒါဆို ထမင်းစားပြီးမှ ပြန်ချင်တယ်..မေမေရယ်..မို့ အိမ်မှာနေရတာ အရမ်းပျင်းတာပဲ...ဘာတွေချက်လည်း ဟင်...”
“ငါးခြောက်အားလူးဘဲဥ..”
“အိုး..စားမယ်နော်..မေမေ...”
“ချက်တုန်းလေ...နင့် အမေ သိရင်..”
“မာမီ့ ဆီက ခွင့်တောင်းလာရတာပါ...”ဒေါ်သူသူ သက်ပြင်း တစ်ချက် ထင်ပေါ်စွာ ချပစ်လိုက်ပြီး..
“နင်တို့တွေ ကွာရှင်းပြီးသားဆိုလည်း...ကင်းကင်းနေမှပေါ့ မို့ရယ်..အခုလို လာနေတော့ နင် သိက္ခာ ကျမှာပေါ့...”
“မို့ လွမ်းလို့ပါ...”
“နင် လာတာ သိရင် ဆန်နီ က ငါ့ကို တစ်ခါ ပြောအုံးမယ်...”
“အိုး..မေမေ ကလည်း..သားကို ပြန်ကြောက်နေစရာလား...သေအောင် ရိုက်ပစ်ပြီး ကန်ချလိုက်ပေါ့”
“ငါက အမေပဲလေ သူ့ကိုကြောက်စရာလား....”
ကလေးလိုမျိုး ခေါင်းညိတ်ထောက်ခံပြနေတော့လည်း မတက်နိုင်တော့ပါ...။
အရိုက်ခံရတာထက် သူနာကျင်နေရတာ နင်မှ မသိတာပဲလေ.....။
ကိုယ်တွေမှာလည်း သံယောဇဉ်တွယ်တက်တာ အခက်သား..။

☆━━━━━━━━━━━━━━━☆

မငိုကြနဲ့တော့နော် ချေ့သယ်လေ ❤😆
ဇာတ်လမ်း အဆက်မမိ ဖြစ်သွားရင် ဆောရီးပါ 🙏

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Tempat cerita menjadi hidup. Temukan sekarang