နန်းထိုက်ပန်းမို့
#နန်းထိုက်ပန်းမို့
အပိုင်း (၂)
"အာပုကြီး.."
"ခေါ်ပြန်ပြီ...ဒီနာမည်.."
"အာပုကြီးမို့ အာပုကြီး ခေါ်တာကို.."
"အာပုကြီး ဟလား..."
"ဒက်ဒီကလည်း...အာပုကြီးဆိုတာ အဖေကိုခေါ်တာလေ.."
အလိုရှိနေလို့ ကပ်နေတဲ့ သမီးကို သေချာမကြည့်ပဲ
ဘောလုံးပွဲကိုသာ အာရုံစိုက်နေလိုက်သည်.။
"နော်...ဒက်ဒီ...နော်လို့.."
"မရဘူး..ဟန်နီ..မင်း...မာမီကို သွားပြော..သူ အိုကေဆိုတာနဲ့ ဖြစ်စေပဲ...ဒက်ဒီ နားငြီးမခံနိုင်ဘူးကွာ.."
"ဟီး..ဟင့်..မာမီ..နဲ့..ဒက်ဒီ က ဘောလီဘော လုပ်နေတာ...မ်ို့ က မွေးစားသမီးလား..ဟမ်..."
မျက်ရည်မကျသေးပေမဲ့ မဲ့ပြီး ပြောလာပြီမို့ ဦးမိုးကျော် သက်ပြင်းချရင်း..
"မငိုစမ်းပါနဲ့...စကားပြောတာနဲ့ မျက်ရည်က ပါလာပြီ...ကလေးလိုပဲ...."
"ဟန်နီ..မင်း...သမီးကို လာပြောအုံး..."
"ဘာတွေ ုဖြစ်နေတာလည်း.."
"မွေးနေ့ ပါတီတဲ့..."
"ဟင်...သမီး မွေးနေ့က ၁၀လကျော်တောင် လိုသေးတယ်လေ.."
"ပြောလိုက်လေ..ဆရာမရဲ့.."
ဒက်ဒီက ပခုံးကို လက်နဲ့ ထိုးပြီး ပြောခိုင်းနေတော့ မို့ မျက်နှာ ငယ်ဖြစ်အောင် ပြင်ရင်း..
"ဟိုလေ...မို့..သူငယ်ချင်း...ရီရီလေ..."
"အင်း..ဘာဖြစ်လည်း.."
"သူက မွေးနေ့မှာ ပါတီ လုပ်ချင်လို့တဲ့.."
"အဲဒါ...."
"အဲဒါ သူ့မွေးနေ့မှာ surprise လုပ်ချင်လို့လေ..သူမွေးနေ့ အတွက် မို့ စီစဉ်ချင်လို့.."
"လုပ်ပေးလိုက်ပေါ့ ဘယ်လောက် ကုန်မှာ မို့လည်း..ဘေဘီ .."
"ဘယ်လောက်ကုန်မလည်းတော့ မသိဘူး..၁၀၀ တောင်းနေတာ.."
"ဟင်..."
"ဟီး.."
"မို့မို့ဖြူ...သူငယ်ချင်းမွေးနေ့မှာ ဒီလောက် ကုန်ပေးမှ ရမှာလား.."
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...