Part 3

4.6K 204 8
                                    

နန်းထိုက်ပန်းမို့

#နန်းထိုက်ပန်းမို့

အပိုင်း (၃)

"အကို ..ကျူရှင်လခ.."

၀ါးလက်စ ပီကေတောင် ချဉ်တင်တင် ဖြစ်သွားရသည်..။

"ဘယ်လောက်လည်း.."

"အကိုကလည်း တစ်လ တစ်ခါမေးနေတာပဲ...သုံးသောင်း.."

"သောက်ခလေး...ပါးဖြတ်ရိုက်လို့...သေအုံးမယ်....ဒါလေးပြောတာတောင် တွန့်တိုနေတယ်...မင်း ငွေသုံးသောင်းရှာကြည့်စမ်း.."

"အဲဒါ..အဲဒါ...အမေကို ပြောလိုက်ရင် ပြီးရော အဆူလည်း မခံရဘူး..လွယ်လွယ်ကူကူ ပေးတယ်.."

"အဟ..မင်းလှည့်သမျှ အမေက ခံရတာလေ..ငါတော့ မရဘူး...မင်း ဂိမ်းဆော့ဖို့ အတွက် ဘေလ်ဖိုး ၅ထောင် ပိုတောင်းထားတာ သိတယ်.."

"ဟမ်.."မျက်လုံးပြူးပြီး အံသြနေတော့ ဆန်နီ မေးပင့်လိုက်ပြီးမှ..

"၂သောင်း၅ထောင် ဟုတ်တယ်ဟုတ်..."

"အဲဒါ...သား ဆရာမကို စျေးဆစ်ထားတာပါ...အားလုံး သုံးသောင်းပေးရတယ်.."

"ဘယ်လို ဆစ်လည်း ပြောပါအုံး.."

"သားအမေက ကုန်စိမ်းအရောင်းပါးလို့ သားအကိုကြီးကလည်း..ကားမလိုက်ရလို့ပါလို့.."

"ဘာ...မင်းကွာ...သေတော့မှာပဲ..."

ဆန်နီ လက်ရွယ်လိုက်တော့ ခေါင်းငုံ့ပြီး ရှောင်လိုက်လို့ သနားတာနဲ့ မရိုက်မိတော့...

"မင်း...မျက်ရည်ခံထိုးပြီး လုပ်စားနေတာဟလား.....ရှက်ဖို့ ကောင်းလိုက်တာကွာ..အမေ နဲ့ ငါ့ မျက်နှာ ဘယ်လိုထားပြီး မင်း ဆရာမ အိမ်ရှေ့က ဖြတ်ရမလည်း..ပြောစမ်း..ဟေ့ကောင်.."

"ရော့ သုံးသောင်း..တစ်ပြားမှ မလျော့ပဲ...သွားပေး...ကြားတယ်နော်...ထပ်မပြောဘူး.."

"ဟုတ်..."

မျက်နှာငယ်နဲ့ ပိုက်ဆံယူပြီး ထွက်သွားတော့မှ ဆန်နီ သက်ပြင်းချလိုက်သည်..။

အမေသာသိလို့ကတော့...နှစ်ကောင်စလုံးကို သတ်မှာပါ...။

ဆန်နီ နာရီကြည့်ပြီး နောက်ကျနေလို့ ကပျာကယာထွက်လာခဲ့ရသည်..။

နန်းထိုက်ပန်းမို့Where stories live. Discover now