နန်းထိုက်ပန်းမို့
အပိုင်း (၂၃)
#နန်းထိုက်ပန်းမို့“မုန်လာချဉ်လေး မသူ..”
“ကုန်ပြီ ဆရာမရယ်..”
“ဟောတော့ စောလှချည်လား...”
“နည်းနည်းပဲ လုပ်လို့ပါ...”
“ဒါဖြင့် မုန်လာရွက် ချက်စားတော့မယ်...၄စည်းပေး..”
“၁စည်းပဲ ကျန်တော့တယ်..ဆရာမ...”
“ဟောတော့...ဘယ်လိုဖြစ်တာလည်း..မသူရယ်...ရောင်းမကောင်းလို့လား..ဒါမှ မဟုတ်အရင်း မရှိလို့ နည်းသွားတာလား...စျေးဗန်းမှာလည်း အလွတ်တွေ ချည်းပဲ....”
မန်နီ့ ဆရာမက ပုံမှန် လာ၀ယ်နေကျ ဖောက်သည်ဆိုတော့ ပစ္စည်း မရှိတာ ပိုအားနာရသည်..။
ဒေါ်သူသူ မချိသွားဖြဲ လုပ်ရင်း..
“မဟုတ်ပါဘူး..ဆရာမရယ်...အိမ်စောစော ပြန်ချင်လို့ ကုန်စိမ်းကောက်ကတည်းက လျှော့ယူတာပါ...”
“ဟင် တစ်မျိုးပါလား..ကလေး ပေါက်စလည်း မရှိပဲ..”
“ရှိတယ်..ဆရာမရေ....ရှိတယ်....နောက်ကျရင် ခြံ၀မှာ ထိုင်မျှော်နေတာ အမောစို့လို့...”
“ဘယ်သူ့ ကလေးတုန်း...သားကြီးက ကလေးတောင်ရပြီလား..”
“မဟုတ်ပါဘူး..ဆရာမရယ်...ကလေး တစ်ယောက်ပါ ကြာတော့ သံယောဇဉ်ဖြစ်နေပြီလေ...”
“ကလေးတွေ သံယောဇဉ်ဖြစ်တာ ကောင်းပါတယ်..မသူရယ်..အေးချမ်းတယ်..အဲ ကျောင်းသားတွေတော့ မဟုတ်ဘူးပေါ့လေ...ဒေါသ ထွက်ရတယ်...ဟား..ဟား...”
“ဆရာမရေ..မုန့်ညှင်းလေး တော့ အစစ်ထည့်ပေးလိုက်တယ်...
အားတွေနာလိုက်တာ...”
“ရတယ်..မသူ..နက်ဖြန်တော့ တစ်ထောင်ဖိုးလောက်ချန်ထားနော်...”
“ဟုတ်ကဲ့...”
ဆရာမ ထွက်သွားတာနဲ့ အရွက်လက်ကျန်တွေကို ကုန်အောင်စောင့် မရောင်းနိုင်တော့ပဲ စျေးခြင်းထဲ ထိုးသိပ်ထည့်နေရသည်...။
ကိုယ့်အိမ်ရှေ့မှာစောင့်နေမှာ တကယ့်ကလေးပေါက်စ...။
“ကျော်နိုင်ရေ..ငါ ပြန်တော့မယ်...”
“ဟုတ်ကဲ့...လာမယ်...အစ်မ...ဒီနေ့ ပြန်တာစောတယ်နော်..”
‘အေး..”
ပြန်တာစောတယ်သာဆို အိမ်နားရောက်တော့ အမောမပြေရအောင် ခြံ၀ မှာ ငုတ်တုတ်ထိုင်စောင့်နေပြီ..။
ဒုက္ခ..အိမ်သော့ပြောင်းပြီး သူ့ တစ်ချောင်းပေးထားမှပါလေ...
တကယ်စိတ်မချမ်းသာစရာ...အရုပ်မလေးက ဘာလို့များ ဒီလို တဲစုတ်သာသာ ကို သံယောဇဉ်တွယ်နေပါလိမ့်...။
“ဟယ်..မေမေ..ပြန်လာပြီ...”
“နင့်ကို နေ့ခင်းမှ လာဖို့ ငါပြောထားတယ်လေ..”
“အမလေး...မသူရေ...ကျွန်မတို့အိမ်၀င်နေပါဆို မလာဘူးတော်...ကျွန်မ ကလေး ကျောင်းပို့ကတည်းက ထိုင်နေတာ...”
“ဒုက္ခပါပဲဟယ်...နင့်အဖေ ဆီက သော့တောင်းလိုက်ပြီးရော..”
“ဖေဖေသိရင် ကိုကိုလည်း အဲ အဲ့ကောင်လည်း သိမှာ စိုးလို့ မို့ နောက်လမ်းကတောင် ပတ်လာတာ..”
“ဒုက္ခ....ဒုက္ခ...လာ..၀င်..နေပူကြီးထဲမှာ...
ကြာနေပြီ...”
“ရပါတယ်..မေမေရဲ့...ဘာမုန့်ပါလည်း..”
“နင့် အိမ်မှာ မုန့်အကောင်းစားတွေ စားနေရသားနဲ့ ငါ့ဆီက လည်း နေ့တိုင်းစားတယ်...”
“အိုး..မေမေ ၀ယ်ကျွေးတာက ဒီမှာ စားဖို့လေ...အိမ်မှာကတော့ မာမီ ၀ယ်ကျွေးတာပေါ့လို့...”
“ဟုတ်ပါပြီ..ဒီနေ့ မေမြို့ မက်မန်းသီးတွေ ချရောင်းနေတာတွေ့လို့ ၀ယ်လာတယ်..”
“အိုး...ကောင်းတယ်..မို့ကြိုက်တယ်..”
ကလေးပုံစံ ခုန်ဆွ ခုန်ဆွ လုပ်နေတော့ ခြင်းတောင်းထဲက အထုတ်လှမ်းယူရင်း ပြုံးမိပြန်သည်..။
ကိုယ့်သားကို ဒုက္ခပေးနေတဲ့ ဂြိုလ်မလေးမှန်းသိပေမဲ့ မုန်းချင်တိုင်း မုန်းလို့မရပါလားနော်...။
“အိုး...နေပါအူး..မို့ မနက်က ပုစွန်ထုတ်တွေ ယူလာပြီး မေမေ့ကို ကင်ကျွေးခိုင်းမလို့..မေမေ ဆူမှာ ကြောက်လို့ ယူလာရဘူး..”
“ဟုတ်တယ်...ဘာမှ ယူမလာနဲ့...ယူလာမယ်ဆို အိမ်မလာနဲ့တော့...”
“ဟင့်...”
ကားယူလာရင် လမ်းပိတ်တယ်ပြောလို့ ခုဆို ဦးလေးပုကို မနက်တိုင်း လိုက်ပို့ ခိုင်းရတာ အလုပ်တစ်ခု..။
မာမီတို့ ကို သွားပို့ ပြီး မှ ဦးလေးပုကအားတော့ မို့မှာ ကိုးနာရီ ဆို အရင်ထွက်ရသည်.။
မဟုတ်ရင် ဆယ်နှစ်နာရီ မှလာပြီး သုံးနာရီဆိုပြန်ရင် မေမေ့ ဆီမှာ သုံးနာရီသာနေရတာ..အချိန်က နည်းနည်းလေးရယ်...။
ကိုကို နဲ့ လုံး၀ မတွေ့အောင် ရှောင်နေပေမဲ့ ကိုကိုနဲ့လည်း တွေ့ခွင့်ရချင်ပါသေးသည်..။
မတွေ့တာလည်း ကောင်းပါတယ်..ကိုကိုရဲ့ အိမ်လေးထဲမှာ ခဏ ခိုလှုံ့ခွင့်ရတာပဲ ကျေးဇူးတင်ပါသည်...။
ကိုကို နဲ့ မျက်နှာချင်းဆိုင်တိုင်း ကိုကို့ နှုတ်က ထွက်လာမဲ့..ရက်စက်တဲ့ စကားလုံးတွေကို မို့မှ မခံစားနိုင်တာပဲလေ..။
“မေမေ...မို့ ဘာကူပေးရမလည်း..”
“မလိုပါဘူး..လုပ်တက်တာလည်း..
မဟုတ်ဘူး...သွား...အိမ်ထဲ ၀င်နေ...”
မေမေက ငါးရေဆေး ရင်း ပြောတော့ မို့ နှုတ်ခမ်းစူပြီး အိမ်ထဲ ၀င်ထိုင်နေရသည်..။
“မေမေ..မက်မန်းသီးက ဆေးတွေ များလိုက်တာ လွန်ရော...မို့ လက်တောင် နီရဲနေပြီ...”
“စကားများလိုက်တာဟယ်..မစားချင်လည်း လွင့်ပစ်လိုက်အေ...”
“မပစ်ပါဘူး..စားလို့ကောင်းတယ်...”
“အမျိုးမျိုး..”
တီဗီ ကြည့်ရင်း တစ်နာရီ ကြာလာတော့ ပျင်းလာပြန်သည်..။
မေမေကလည်း တီဗီ ရှေ့က မျက်လုံးမခွါပဲ အရွက်တွေ ထိုင်ရွေးနေတာ စကားပြောဖော် မရှိတော့ မျက်တောင်တွေ လေးလာသည်..။
“မေမေ..မို့ အိပ်ချင်လို့...ဖေဖေ့ အခန်းထဲ ၀င်အိပ်မယ်..”
“ဟဲ့...သူပြန်လာတော့ တွေ့သွားမှာပေါ့...”
“မန်နီ့ အခန်းထဲကလည်း မီးဖိုခန်းမှာ ပိုဆိုးတယ်..”
“ဟာ...ကိုကို့ အခန်းထဲ သွားအိပ်မယ်..”
“မယ်မင်းကြီးမရယ်..မတော်လို့ ဒင်း ပြန်လာရင် ပြေးပေါက်မရှိပဲ ခက်လိမ့်မယ်..”
“ကိုကို အဲ...သူက နေ့ခင်း ပြန်မလာပါဘူး..မေမေရဲ့...”
“ငါ့လည်း..တရုတ်သိုင်းကားထဲ ရောက်နေသလိုပါပဲလား...စိတ်တွေ ရှုပ်လိုက်တာ...ဂိုဏ်းပေါင်းစုံကြားထဲ ရောက်နေပြီ...”
“ဟီး...မေမေက ကျွမ်းလိ နဲ့ တူတယ်..”
‘ခွေးမလေး..”
မို့ မေမေ့ကို စ ပြီး အပေါ်ကို ပြေးတက်လာခဲ့သည်..။
မရောက်တာကြာပြီ ဖြစ်တဲ့ ကိုကို့ အခန်းလေးက မို့ မရှိမှ သပ်ရပ်နေတော့သည်...။
ခေါင်းအုံး စောင်တွေကို ခေါက်ပြီး ထပ်ထားခါ အ၀တ်ကြိုးတန်း မှာလည်း..အကျီ င်္ တစ်ထည်တောင် မရှိ..။
မို့ မိတ်ကပ်ဘူးလေးတွေ ခုံပေါ်မှာ ထွက်သွားတုန်းက အတိုင်း တွေ့ရတော့ စိတ်မကောင်းဖြစ်ရသည်...။
ကိုကို ဘာအရူးထတာလည်း..မို့ အိမ်ကို လိုက်ပို့မယ်ဆိုလို့ လက်ခံခဲ့တာ...ဖိနပ်က အစ ၀တ်ပေးလို့ ပျော်ခဲ့ရတာ...ကွာရှင်းစာချူပ်ပါ ထည့်ပေးလိုက်တာ မို့ မှ မသိတာ...။
“ဟင့်...စိတ်ဆိုးတယ်..”
မျက်ရည်တွေကို ဖြစ်သလို သုတ်ပြီး မကျေနပ်လို့ ကိုကို့ ခေါင်းအုံးကို ဆွဲယူပြီး ကိုက်ပစ်လိုက်သည်..။
“အိုး...မွေးလိုက်တာ....ဘယ်သူ... အိပ်သွားတာလည်း...”
“မေမေ......မေမေ.....”
“ဟဲ့...ဘာဖြစ်တာလည်း.”
ခေါင်းအုံးပိုက်ရက်သား လှေကားက ပြေးဆင်းလာတဲ့ မို့ ကို မေမေ က မျက်လုံးပြူးဖြင့် အော်သည်..။
“ဒီမှာ....နမ်းကြည့်...”
ဘာမသိ ညာမသိ နှာခေါင်းရှေ့ ခေါင်းအုံးကြီး ထိုးပေးတော့ ကိုယ်လည်း အနံ့ခံမိတာ အသက်ကြီးမှ ဘယ်ဘဝရောက်နေပါလိမ့်...။
“မွှေးပါတယ်...ဘာဖြစ်လို့လည်း..”
“တွေ့လား...ကိုကို အရမ်းညစ်ပတ်တာ...အခုမွှေးနေတာ မရိုးသားဘူး..ဘယ်သူနဲ့ အိပ်တာလည်း..မသိဘူး..”
“ရော်..ခက်လိုက်တာ...မိမိမို့ရယ်...ဒင်းက ဘယ်သူနဲ့ အိပ်ရမှာလည်း...ငါတို့လည်း ရှိနေတာပဲ ဒီပေါ်ကို ဘယ်သူ့ ခေါ်ရဲမှာလည်း..”
“မေမေ မသိအောင် ခေါ်တော့...”
သူကပဲ ရန်ပြန်တွေ့နေတော့ စိတ်က မရှည်တာနဲ့
“ခေါ်တော့ ဘာဖြစ်တုန်း..နင်တို့ ချင်းမှ မဆိုင်တော့တာပဲ...နင်လည်း...နောက်တစ်ယောက် အမြန်ရှာလိုက်ပေါ့...”
“အိုး...မရပါဘူး..အဲလို မရပါဘူး....အဟင့်...”
“ဟယ်တော့..တစ်မျိုးဆန်းပါလားဟယ်..နင်..ပဲ မုန်းလွန်းလို့ မျက်နှာချင်းတောင် မဆိုင်ချင်ပါဘူးဆို...”
“မို့ မုန်းချင်တာပါ...”
“ဟင်..”
“မို့ သွားအိပ်တော့မယ်..မေမေ ထမင်းစားရင် ခေါ်အုံး...”
ခေါင်းအုံးပိုက်ပြီး ကျောခိုင်းခြေဆောင့် ထွက်သွားတဲ့ ကောင်မလေးကို ကြည့်ရင်း ရင်မောရသည်..။
ဘယ်လို ၀ဋ်ကြွေးတွေပါလိမ့်...တစ်ယောက်နဲ့ တစ်ယောက် ရူးအောင် ချစ်ပြီး..ဘာတွေကြောင့်ပါလိမ့်...။
“အမေ..”
“ဒုကော..”
အတွေးစတွေ လွင့်ပြယ်ပြီး မျက်လုံးသာပြူး ထွက်သွားရသည်...။
“ဟဲ့...ဆန်နီ...ဘာလို့ ပြန်လာတာလည်း..”
“သြော်..အမေရယ်..အထူးဆန်း...”
တိုင်ဂီဘေးမှာ ခြေလက်ဆေးပြီး အကျီပါဆွဲချွတ်ခါ ရေချိုးနေပြီ...
နေပါအုံး..ဟိုကောင်မလေး ပြန်ခေါ်ရမယ်...။
ဒေါ်သူသူ လှေကားဆီ ဦးတည်ပြီး သွက်သွက် လျှောက်သွားချိန်..
“အမေ့...”
“ဟဲ့..ဘာတုန်း လန့်လိုက်တာ...”
“အမေကလည်း....ပုံမှန် ခေါ်တာ လန့်ရတယ်လို့...ဆပ်ပြာခဲနဲ့ ခေါင်းလျှော်ရည် ပေးအုံးအမေရဲ့..ကျော်ကျော် စောင့်နေတယ်...”
“ဘာဖြစ်လို့လည်း..”
“ရဲဝေ ဂဏန်းကား မှောက်လို့...”
“ဟယ်..ဘာတွေ ဖြစ်ကုန်လည်း..”
“လူတော့ ဘာမှ မဖြစ်ပါဘူး...အရှိန်မပါတော့ နွံထဲ ခေါင်းထိုးသွားပြီး အိမှောက်တာ ဒီကောင် ဘုရားမတာပဲ..ဂဏန်းဘုံး နှစ်ခုလောက်တော့ ပြုတ်ကျတယ်..ကားကတော့ မမှောက်ပါဘူး..ငိုက်မောင်းတာလေ...”
“အခု နွံရုန်းပြီး ပြန်ဆွဲနေရတာ..ကျွန်တော့်တို့လည်း ဂဏန်းတွေ ရသလောက်တော့ ကောက်ပေးတယ်....မဟုတ်ရင် ဒီကောင် လျော်ရမှာ မစားသာဘူး..”
“နင် ပြန်သွားရမှာမလား..”
“အင်း ကားက ကွင်းထဲမှာ ထားခဲ့တယ်...”
“အခုကော..”
“ဆွဲကားရောက်နေပြီပဲ ရတော့မှာပါ...”
“အေး..မြန်မြန်ပြန်သွားအုံး..”
“ဟုတ်ကဲ့...”
ဆန်နီ ရေလဲ ပုဆိုး ၀တ်ပြီး ခေါင်းက ရေကို ခါ ရင်း အိမ်ထဲ ၀င်လာရသည်..။
“သား...ဟင်းကျက်ပြီ...ထမင်းစားသွား..အမေ ခူးပေးမယ်..”
“ကြာမလားလို့..စောင့်နေရတာ...”
“ရပါတယ်..လာ တစ်ခါတည်းစား..”
အမေက ထမင်းထည့်ရင်း ခေါ်နေပေမဲ့ အ၀တ်အစား၀တ်ရအုံးမှာမို့ လှေကားတွေကို ပြေးတက်လာခဲ့သည်..။
“ဟ...ဘာဖြစ်တာလည်း..”
ဆန်နီ တံခါးကို ဆွဲဖွင့်တော့ အထဲက ဂျက်ချထားတာ ဖွင့်မရ..။
“ဘယ်သူလည်း..မန်နီလား..ထွက်စမ်း...”
“ဟယ်..အပေါ်ရောက်သွားပြီ...”
“ဆန်နီ..ထမင်းစားဖို့...”
အမေက လှေကား က တက်ရင်း ခေါ်နေကတည်းက မရိုးမှန်းသိလိုက်ပါပြီ..။
“အမေ..မန်နီ..ကျောင်းပြေး ပြန်ပြီမလား..အမေကလည်း အရမ်း အလိုလိုက်တာပဲ..ဒီကောင်..အစိုးရစစ်ဗျ...”
“တစ်ခါတစ်လေပါဟယ်...ထားလိုက်..”
အမေက ဟန်ပါပါ ခေါင်းဆတ်ပြိး ကလေးဆန်စွာ မျက်စိမှိတ်ပြောနေတော့ ဆန်နီ ခွီး ကနဲ့ ရယ်မိသွားသည်..။
“ထားလို့ရမလား..ဒီကောင် အပြစ်လုပ်ပြီး ဘာလို့ ပုန်းနေတာလည်း..ယောင်္ကျား မဟုတ်ဘူးလား..”
“နင့်ကို ကြောက်လို့ပေါ့ဟဲ့...လာ..”
“အိုး..ကျေးဇူးရှင်အမေရဲ့....ကျွန်တော်... အ၀တ်အစားမ၀တ်ရတော့ဘူးလား..”
“အေး..ဟုတ်သား..ဟယ်..နင့် အဖေ ဟာ..ယူ၀တ်သွား..လာ..”
ဆန်နီ့ ကို လက်ဆွဲခေါ်နေတာကို တင်းခံပြီး ရုန်းပစ်လိုက်သည်..။
“အမေ...ဒိုးခပဲ...ဘယ်လို တော်မလည်း အမေရဲ့...ဟေ့ကောင်...မန်နီ...တံခါးဖွင့်စမ်း..အကို ဘာမှ မလုပ်ဘူး..အ၀တ်အစားလဲရမယ်..”
တံခါးကို တဒုန်းဒုန်းထုချိန် တံခါးဂျက်က စောင်းစောင်းလာတော့ မို့ ပြေးပြီး ဖိထားရင်း ရင်တွေ တဒိန်းဒိန်းခုန်နေရသည်..။
ဘယ်လို ဖြစ်ပြီး ပြန်လာတာလည်း...နေ့ခင်းဘက်ကြီး...မို့ ဘယ်လို လုပ်ရမလည်း...ပုန်းစရာနေရာလည်း မရှိ...။
အ၀တ်ဘုံးက လည်း...မို့ လက်တစ်ထောင်စာလေးရယ်..ကုတင်ရှိလည်း အောက်ကို ၀င်ပုန်းလို့ရဖို့...။
ပြတင်းပေါက် မဟုတ်ပဲ ဖွင့်မရတဲ့ အလင်း၀င်ပေါက်ပဲ ရှိတာ ခုန်ချလို့လည်း မရ...။
စိတ်ညစ်လိုက်တာ....
“ဟေး..မန်နီ...ငါ ဒေါသထွက်လာပြီနော်...တောက်...”
“နင် ဘာဖြစ်နေတာလည်း...ကြောက်လို့ပါဆို...”
“ကျွန်တော် ပြန်မေးရမှာ အမေ ဘာဖြစ်နေတာလည်း...ခေါ်လေ..အမေ့သားကို...
ကျွန်တော် ကြာလို့မဖြစ်ဘူး..အမေရဲ့...
စိတ်ညစ်လိုက်တာ...”
“ဟဲ့..မန်နီ...နင့် အကို ကို အကျီင်္ တော့ထုတ်ပေးလိုက်...သူစောင့်နေတာကြာပြီ...အဲ ပုဆိုးပါပေးလိုက်...”
“မြန်မြန်လုပ်ဟေ့ကောင်...ငါ့ အချိန်မရလို့သလား..ညကျမှ တွေ့မယ်..”
ဆန်နီ ကျိန်းလိုက်ပြီး တံခါးကို သုံးချက်လောက် ထပ်ထု ပစ်လိုက်သည်..။
တံခါး ဂျက်ဖြုတ်သံနဲ့ အတူ ပုဆိုး နဲ့ အကျီီ ထွက်လာတော့ ဆန်နီ မျက်လုံးပြူးသွားသည်..။
လက်သည်းနီတွေနဲ့ လက်ဖြူဖြူလေး...
တံခါးကို တွန်းတော့ အထဲက ပြန်တွန်းထားသည်..။
“ရော့ ရပြီ ..၀တ်လေ..”
ဆန်နီ အမေ့ ကို သွားဖြဲပြီး ရယ်ပြရင်း ခေါင်းရမ်းခါ တံခါးကို ဖိပြီး ဆောင့်တွန်းပစ်လိုက်သည်..။
“အ...”
“ဟင်...မို့....ဒီမှာ....”
ထိုင်လျက်သားပြုတ်ကျသည့် မို့ကိုတွေ့တော့
ဆ န်နီ သတိမထားမိပဲ..အနားကို ပြေးသွားလိုက်မိသည်..။
“ဘာဖြစ်သွားလည်း..”
လက်ကို ဆွဲကိုင်ပြီး ထူဖို့ လုပ်တော့ လက်ရုတ်လိုက်တာ..အနီတွေ...သွေးတွေလား..
“ဖယ်ပါ..”
“နေစမ်း...မို့ လက်က ဘာဖြစ်တာလည်း..”
“လွှတ်ပါ...”
လက်ကို ဆုပ်ပြီး အတင်းရုန်းနေတော့ ပိုတိုးပြီး ဖိကိုင်ခါ ဆွဲဖြန့်ကြည့်လိုက်သည်..။
ဟင်..ဆေးနီတွေလား...
“လွတ်...”
အသံစူးစူးလေးနဲ့ အော်ပြီး အတင်းရုန်းခါ အမေ့နောက်ကို ရောက်သွားတော့မှ ဆန်နီ အသိပြန်၀င်လာသည်..။
“မင်း..ဒီကို ဘာလာလုပ်တာလည်း..”
“ငါ့ အခန်းထဲ ဘာလို့ရောက်နေတာလည်း..”
“ခုပြန်သွား..”
ကိုကို က မျက်လုံးပြူးပြီး အော်တော့ မို့ ငိုချင်လာသည်..
စိတ်ကိုတင်းထားပေမဲ့ ပြည့်တက်လာတဲ့ မျက်ရည်ကြောင့် မျက်တောင်ပုတ်ခါ..
“ကိုကိုဆီ လာတာ မဟုတ်ဘူး..မေမေဆီ လာတာ...”
“နင် ပိုင်တဲ့ အိမ်မဟုတ်ဘူး...မပြန်ဘူး...ဘာဖြစ်လည်း..”
“အမေ...”
“အေးလေ...ဟုတ်တယ်လေ...ငါ့ဆီလာတာ...နင့်ဆီလာတာ မှ မဟုတ်တာ...ငါ့အိမ်လာတာ...”
“ဟာ...အမေ....”
“တီ...တီ...”
ကားဟွန်းသံကြောင့် ဆန်နီ ပြန်သတိ၀င်ခါ အကျီ င်္ ကို ဖြစ်သလို ကောက်စွပ်ပြီး ပုဆိုးကိုင်ရက်သား အောက်ပြန်ဆင်းပြေးလာရသည်..။
လှေကားခြေရင်းမှာ ပုဆိုးအဟောင်းတင်ခဲ့ပြီး ပြေးထွက်လာရတာ ကမျောသောပါး...။
မို့ မင်းဟာလေ....ကိုကို့ ကို ဒုက္ခပေးဖို့ များမွေးဖွားလာသလား...။
.
“ဒါဆို...ကြာပြီ...”
ဆန်နီ စားလက်စ ထမင်းလုပ်ကို မြှောက်ရင်း ရပ်ပြီး ငိုင်သွားသည်..။
“ဟုတ်တယ်...၁လ ကျော်လောက် ရှိပြီ...”
“ဟာ....အမေရယ်...”
“ဘာဖြစ်...”
အမေက ဂရုမစိုက်သလို ခြေချိတ်ထိုင်ပြီး တီဗီကိုသာ ကြည့်နေသည်..။
“နေပါအုံး.ကောင်မလေး လာနေတာ သူ့အိမ်က မသိလို့လား..”
“သူပြောတာ သိတယ်တဲ့လေ..”
“ဒါဆို ဘာအရေးလည်း..”
အဖေကပါ အမေ့ဘက်က ၀င်ပြောလာတော့ ဆန်နီ သက်ပြင်းသာ ရှိုက်လိုက်ရသည်..။
“အမေ လက်ခံနေရင် သူ ပို ပြီး သံယောဇဉ်ဖြစ်နေမှာ...ပိုခံစားရလိမ့်မယ်..”
“အောင်မယ်...နင်ကတော့ မခံစားရဘူးဆိုပါတော့ ည တိုင်း ငိုနေတာ...ယောင်္ကျားမဟုတ်သလိုပဲ..
မပြတ်မသား..”
“ဟာ..ကျွန်တော် ဘယ်မှာငိုလို့လည်း..”
“သူက ငါ့ကို သတိရလို့ လာနေတာ လာပါစေ..သူ့ အမေ က မကျေနပ်လို့ နင့် ကို ပြသာနာရှာရင်ငါ့ကိုပြော ပါးချည်း လိမ့်ရိုက်ပစ်မယ်..သူတို့ သမီးကို မနိုင်ပဲနဲ့ ငါ့သားကိုပဲ ဖိနှိပ်နေတာလေ...”
“သူ့အမေက ခွင့်ပြုတောင်..ကျွန်တော်လက်မခံတာ...မို့ က ကျွန်တော်နဲ့ နေရသရွေ့ ဒုက္ခခံနေရမှာ ကျွန်တော် မကြည့်ရက်ဘူး..”
“ဒါဆိုလည်း...စကတည်းက တွေးပေါ့..အခုတော့ ကြိုက်တုန်းကလည်း မစဉ်းစား..ယူတော့လည်း မစဉ်းစားပဲ တစ်နှစ်ကြာတော့မှ အရူးထလာတာ..”
“အရူးထတာ မဟုတ်ပါဘူး..အချိန်ကြာလာမှ မို့ အတွက် စဉ်းစားမိတာ...ကျွန်တော် မစွန့်လွှတ်နိုင်လေ..ပိုဆုပ်ကိုင်လေ...မို့ ခံစားရလေဆိုတာ သိလာရတာ...”
“မင်းတို့ဟာကလည်း...ကိုရီးယားကားထက် အကြောင်းဆိုးသေး...ကဲသူသူ...မင်းစိတ်ချမ်းသာသလိုသာလုပ်...ဆန်နီ..မင်းကတော့ ထုံးစံ အတိုင်း အမေ့စကားသာ နားထောင်လိုက်..”
“အဖေကလည်း အမြဲ မဘက်ကချည်း..”
“မိုက်နေတယ်ဆိုပါတော့လေ...”
“ဟား..ဟား..မဟုတ်ပါဘူး..”
“ငါလည်း ကြောက်တာကိုးကွ...”
အဖေက ပခုံးတွန့် ပြီး ရဲရဲဝံ့ဝံ့ ပြောလိုက်တော့ ဆန်နီ စိတ်ညစ်တာတွေ ခဏပျောက်သွားရသည်..။
“ငါလည်း အစကတော့ လက်မခံဘူး...တွေးထားတာ..သူ့တွေ့တော့လည်း မနေနိုင်ဘူး..”
“မပြတ်မသားဖြစ်နေတာ..အမေ...”
“အောင်မယ်..အပြောကောင်း..မနက်ဖြန် ငါ နောက်ကျမှ ပြန်လာမယ်..နင် ကိုးနာရီ အိမ်ရှေ့လာကြည့်ချည်..”
“ဘာပဲ ဖြစ်ဖြစ် ကျွန်တော်က အမေထပ် ပြတ်သားတယ်...”
“ကြည့်ပါအုံးမယ်...”
အမေ က မျက်ခုံးပင့် စိန်ခေါ်တော့ ဆန်နီ ရယ်ရင်း ထမင်းကိုသာ ခပ်သွက်သွက် စားလိုက်သည်..။
.
“ဒုက္ခပါပဲ အမေရာ...မလာသေးဘူးလား..”
“ဘာဖြစ်နေတာလည်းဟဲ့...အစောကြီး ရှိသေးတယ်...”
“ကိုးနာရီတောင် ခွဲကျော်နေပြီ..”
“ဟဲ့..ဘာပဲလုပ်လုပ် ပြတ်ပြတ်သားသားလုပ်ရတယ်ဟဲ့...”
“မပြတ်သားပါနဲ့ အမေရယ်...လာပါ...”
ဆန်နီ တောင်းတောင်းပန်ပန်ပြောလိုက်တော့ အမေက ဟားတိုက်ရယ်မောရင်း ဖုန်းချသွားသည်..။
ရင်တွေပူလိုက်တာနော်....။
မနက် ကိုးနာရီ မထိုးခင်ကတည်း အိမ်ကကားနဲ့ လာပြီး ကားကို ပြန်လွတ်လိုက်သည်..။
ခြံရှေ့မှာ လမ်းလျှောက်လိုက် လမ်းဘက်ကြည့်လိုက် ဆောင့်ကြောင့်ထိုင်လိုက် အမျိုးမျိုး အလုပ်ရှုပ်နေသည်..။
အသားနုနုလေးကို နေပူကြဲကြဲထဲ မျက်နှာ လက်ကာပြီး ကို ပေကပ်နေတာပဲလား မို့ရယ်...။
နေ့တိုင်း ဒီလိုမျိုးလာနေတာလား...။
“အမေ...”
“ဟ..ဟ...ပြတ်သားလှချည်လား...အဘရဲ့...”
“အမေကလည်း...”
ဆန်နီ ရယ်ကြဲကြဲ လုပ်ပြီး အမေ့ဆွဲခြင်းနှစ်ခုကို ကားပြောင်းတင်ခါ ကားကို လမ်းထဲ ပြန်မောင်း၀င်လာခဲ့လိုက်သည်..။
ကားထိုးရပ်လိုက်တာနဲ့ မျက်လုံး အပြုးသားဖြစ်နေပေမဲ့ မသိချင်ယောင်ဆောင်ခါ ကားထဲက ခြင်းတွေ ထုတ်ချလိုက်သည်..။
“မေမေ...”
“ဟေး...မင်းက ဘယ်လည်း..”
“ခြံထဲ...”
ခြံတံခါးဖွင့်ပြီးတာနဲ့ ခြံထဲ ၀င်ဖို့ ခြေလှမ်းပြင်နေတော့ မေးလိုက်မိတာ အဖြေက ခပ်ရှင်းရှင်းပင်...။
“မ၀င်နဲ့...ပြန်တော့...”
“နင့်အိမ် မဟုတ်ဘ..”
“ငါ့အိမ် ဟုတ်တယ်...အမေလည်း မင်း မှိုင်းမိနေပြီ....ဒီတော့ နေ့တိုင်း ငါစောင့်ကြိုရတော့မယ်...အခုလည်း..
မင်းပြန်တော့...”
“မပြန်ဘူး..”
“မပြန်နေပေါ့.ဒီတိုင်းတော့ မထားဘူး စိတ်ရှုပ်တယ်..အိမ် သိက္ခာကျတယ်..မင်းအမေ ကို လာခေါ်ခိုင်းလိုက်မယ်.”
တိုင်ပေါ့ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးဖြင့် နှုတ်ခမ်းလေးကိုမဲ့ ခါ မျက်နှာလေးပါမော့ထားတော့ ဆန်နီ ခပ်တည်တည်ဖြင့် ဖုန်းထုတ်လိုက်သည်..။
“ဟလို...အန်တီလား...”
“မို့...ဘယ်မှာလည်း..သိလား..”
“ကျွန်တော်တို့ ခြံရှေ့မှာ...”
“မဟုတ်ဘူး..မာမီ....အိမ်ထဲမှာပါ...”
ဘေးက ကုန်းအော်နေတော့ ဆန်နီ ခပ်တည်တည်ဖြင့် ဆိုက်ကြည့်လိုက်မှ ငြိမ်ကျသွားသည်..။
“ကျွန်တော်တို့ အိမ်ကို သူ ၀င်ထွက်နေရအောင် ပတ်သက်မှု မရှိဘူးထင်တယ်..အဲဒါ အန်တီ ထိန်းသိမ်းပေးပါ...မိန်းကလေး ဖြစ်ပြီး ယောင်္ကျားလေး အိမ်ရှေ့ အပျိုလာလှည့်နေတာ ပေါပါတယ်..”
“ဟာ....တောက်....နင့်လိုကောင်မျိုးကိုများ..
သေလေ...သေလေ....ဘယ်တော့မှ မလာဘူး..မှတ်...”
ခြေဆောင့်ပြီး ခြေလှမ်းကြဲကြဲ လျှောက်ထွက်သွားမှ သက်ပြင်းချနိုင်သည်..။
လမ်းထိပ်မှာ စောင့်ခိုင်းထားတဲ့ တက္ကစီပေါ်တက်ရဲ့ လားလို့ လမ်းပေါ်ထွက်ပြီး မသိမသာ ကြည့်ရသည်..။
ဟူး..တော်ပါသေးရဲ့....မလွယ်ပါလား ...မို့ရဲ့....။
“ကျွန်တော် ပြတ်ပါတယ်..အမေရဲ့..ဟလား...ဟား...ဟား....”
အမေ့ရယ်နေတော့ အောင့်သပ်သပ်ဖြင့်သာ ဆွဲခြင်းတွေ သယ်ပြီး အိမ်ထဲ ရောက်လာရသည်..။
“မနက်ဖြန်လည်း စောင့်ဖမ်းပြမယ်..”
“ဟိုဟာမလေးက နင့်ထက်လည်ပါ့တော်...”
“အမေက အားပေးအားမြှောက်လုပ်နေတာလေ...”
“ဟား..ဟား....အမေရဲ့ ခုပြန်လာပါဗျ....ဟား..ဟား...
ငိုသံကြီးနဲ့လေ....ဟား..”
“အမေး..ရှက်ဖို့ကောင်းလိုက်တာဗျာ...ဘယ်မှာ ငိုသံပါလည်း..”
“အေးပါ..အေးပါ...”
အမေရဲ့ လှောင်ရယ်သံတွေနဲ့ အတူ အရှက်ပြေလိုက်ရယ် နေရပေမဲ့ အခုချိန်ထိ ပူလောင်မှုက မပျောက်သေး..။
အိမ်ကိုများ တန်းပြန်ရဲ့လား...။
.
“ဟူး..ကဲဟာ...”
လက်ထဲက ကျောပိုးအိတ်ကလေးကို နံရံဆီ ဦးတည်ပြီး ပစ်ပေါက်လာခါ ဆိုဖာပေါ် ပစ်ထိုင်ချလိုက်သည်..။
“သူ့ကို ပဲ အပျိုလှည့်ရအုံးမယ်...ပေါတယ်တဲ့လား...တောက်...ဒေါသထွက်လိုက်တာ...”
မို့မို့ဖြူ နဲ့ ပတ်သက်ပြီး ပေါတာ ဘာမှ မရှိဘူး.....ကိုကို က လွယ်လွယ်ရနေလို့ ပေါတယ်ထင်နေတာ...။
အား ကိုကို မဟုတ်ဘူး...လူ မဟုတ်ဘူး...၀က်ကြီး.....၀က်လောက်မ၀ပါဘူး...
အား..မသိဘူး...။
စိတ်ထဲမှာ အတွေးတွေ နဲ့ ရှုပ်နေချိန် မြကြာဖြူက ဖုန်စုပ် နေသည်..။
ကိုကို မြကြာဖြူ ကိုသာ ဆို ချစ်မှာလား...။
ချစ်မှာပေါ့ သူ့ နှလုံးသားက အကုန်လာထားဆိုတာမျိုး...အမြင်ကပ်ဖို့ ကောင်းလိုက်တာ...။
“ဟယ်..မို့...ဒီနေ့ စောကြီးပြန်လာပါလား.”
တီတီ နု က မို့ရောက်နေတာတွေ့တော့ အံသြရင်း အနားရောက်လာသည်..။
“အင်း..တီတီနု...မနက်ဖြန်က စပြီး မို့ ကို လုံး၀လာမနိုးနဲ့ အခန်းတံခါးလည်း လာမဖွင့်နဲ့ အပြင်က ဂျက်ပိတ်ထား ကြားလား..တီတီနု..”
“ဟောတော့..ဘာလို့..”
“မို့ ခြေထောက်တွေက စကားနားမထောင်မှာစိုးလို့ပါ..”
“သြော်..မို့ရယ်...ဆရာကြီး ဆူလိုက်လို့လား...”
“မမေ့နဲ့နော်...”
“အေးပါ...”
“တွေ့ကြသေးတာပေါ့....မော်ဖူးချင်တယ်ဆိုရင်တောင် ဖဝါးတော်အောက် လာခစားလှည့်...ဟွင်း..”
တကယ့် အဖြစ်မှာတော့..
မို့ မာန်တင်းပြီး တစ်နေကုန် လုံး၀ မထွက်အောင် နေဖို့ ကြိုးစားနေပေမဲ့ ပင်ပန်းနေရသည်..။
“မြကြာဖြူ ဘယ်နှစ်နာင်္ရီလည်း..”
“၁၁နာရီ ခွဲ..”
“အချိန်တွေကလည်း..ကုန်ခဲလိုက်တာနော်..”
မို့ ကုတင်ပေါ်မှာ တင်ပလင်ခွေ ထိုင်ပြီး မေးထောက်ခါ နှုတ်ခမ်းစူလိုက်သည်..။
“မာမီတို့ကလည်း..ဘယ်တော့မှ သမီးအနားမှာ မနေဘူး..မာမီသာ အနားမှာ ရှိရင် သူ့များအိမ် အောက်ကျခံပြီး သွားစရာလိုမလားလို့...”
မဆိုင်တဲ့ မာမီ့ကိုလည်း ဆွဲထည့်ပြီး စိတ်တိုလို့ နှုတ်ခမ်း ပိုစူလာမိသည်..။။
စိတ်မရှည်စွာ ခြေထောက်ကို ပြန်ဆင်းလိုက်ပြီး ပစ်လှဲအိပ်လိုက်ချိန် ဘေးဘက်ကို အကြည့်ရောက်တော့..
“ဟ...ရပြီ...”
မို့ ကုတင်ပေါ်က ပြန်ထပြီး အပျော်ဆွဲဖို့ ၀ယ်ထားသည့် ပန်းချီရေဆေးဘူးကဒ်လေးကို ဆွဲထုတ်လိုက်သည်..။
ဘီဒို အပေါ်မှာတင်ထားတဲ့ ပန်းချီစက္ကူကို မမှီလို့ ခုံ နဲ့ တက်ယူရပြန်၏..။
အားလုံး အဆင်သင့်ဖြစ်ပြန်တော့ ဘာပုံဆွဲရမှန်း မသိတော့ပါ...။
အလယ်တန်းတုန်းကတော့ ပန်းချီပြိုင်ပွဲမှာ ပထမဆင့် ချိတ်ခဲ့ဖူးပေမဲ့ မဆွဲဖြစ်တော့တာ ကြာလှပြီ...။
ခဲတံလေးနဲ့ အရာလိုက်ပေးရင်း..ပေးရင်း...စိတ်ထဲက ပုံရိပ်က ခရေပွင့်လေး အဖြစ် ထင်းထင်းလေး ဖြစ်လာသည်..။
“မို့ရေ....ဒက်ဒီ က ထမင်းစားဖို့တဲ့..”
“ဟုတ်ကဲ့...”
နေပါအုံး...ဒက်ဒီ ပြန်ရောက်ပြီဆိုတော့ ဘယ်အချိန် မို့လို့ လည်း..။
နာရီတွေ အကုန်ဖြုတ်သိမ်းထားတော့ ကြည့်စရာမရှိ...။
မို့ ကုတင်ပေါ်က ခုန်ဆင်းပြီး မှန်တင်ခုံပေါ်မှာ တင်ထားတဲ့ ဖုန်းကို ယူကြည့်လိုက်သည်..။
“အိုး..၁၀နာရီ...”
“အချိန်တွေ ကုန်တာ မြန်လိုက်တာ...”
“ဟူး...ဒီနေ့ ပြီးမှာ မဟုတ်ဘူး..”
မို့ ဆွဲလက်စ ပန်းချီပစ္စည်းတွေကို စုပြုံပိုက်ခါ ဘီဒိုဘေးဘက် အံဆွဲဘုံးထဲ ထည့်ခဲ့လိုက်သည်...။
“ဟေး...ဒီနေ့ ပျော်နေပါလား..”
“ဟိ...ဟုတ်လား..”
မို့ လှေကားတွေကို ခုန်ဆွ လုပ်ရင်း ဆင်းလာတာ ကို ဒက်ဒီက တွေ့တော့ ပြုံးရင်းခန့်မှန်းချက်ထုတ်ပေးသည်..။
“အင်း..မို့ ပန်းချီ ဆွဲကြည့်နေတာ...”
“ဟာ..ကောင်းတာပေါ့...နေပါအုံး..အရင်က မို့ ဆွဲပေးခဲ့တဲ့ တို့ ပုံတူ ဘယ်နားမှာပါလိမ့်...”
“အား...ဒက်ဒီကလည်း..အဲဒါ က မို့ ငယ်ငယ် က ဟိုခြစ်..ဒီခြစ် ဆွဲထားတာကြီး..ကောင်းပါဘူး..”
“နုနုရေ....အခန်းထဲက ဘီဒိုဘေးမှာ ချိတ်ထားတာ..ယူပေးပါလား..”
“ကြည့်ဘူး..ကြည့်ဘူး..ဗိုက်ဆာနေပြီ..”
ဒက်ဒီ့ လက်မောင်းကို ကိုင်လှုပ်ပြောလိုက်တော့ ဒက်ဒီက မို့ခေါင်းကို ဖွဖွ ထုခါ ထလိုက်သည်..။
“ဒီမှာပါ..”
“ဟင်..ဒက်ဒီ့ တကယ်သိမ်းထားတာလား..”
“အိုး..ဘယ်လိုများပြောလိုက်ပါလိမ့်..ဒက်ဒီ့သမီးလေးက ဆွဲပေးတာကို ဒက်ဒီက မှန်ဘောင်သွင်းပြီး ချိတ်ထားတာပါဗျ...ဘီဒို ရွေ့လိုက်လို့ ကွယ်သွားတာ..”
“အိုး...ဒက်ဒီ့ က ချစ်ဖို့ကောင်းလိုက်တာ..”
ဒက်ဒီ လည်ဂုတ်ကို ချိတ်ပြီး ပါးကို ခုန်နမ်းပစ်လိုက်သည်...။
“မာမီကေကာ..”
“မာမီ လည်း ချစ်ဖို့ကောင်းတယ်..”
မို့ ဘေးက မာမီ ကို ဖက်နမ်းပြီး ထမင်းစားခန်းထဲကို နှစ်ယောက်လက်ချိတ်ခါ ၀င်လာခဲ့လိုက်သည်..။
မိုးလင်းအိပ်ယာထ မျက်လုံးဖွင့်ကတည်းက မို့ ပန်းချီ ဆွဲတာကိုသာ အာရုံစိုက်ထားတာ...ဘေးဘီ စိတ်မ၀င်စား..။
နာရီသည် သူ့တာ၀န် သူထမ်းနေသော လုပ်သား အဖြစ် မို့ နဲ့ လုံး၀မသက်ဆိုင်တော့သလိုပင်..
မို့ရဲ့ အာရုံတွေထဲမယ်..ဆေးရောင် အလင်းအမှောင် နဲ့ အတူ စိတ်ကူးထဲ ပေါ်လာသော ပုံရိပ် တစ်ခုချင်းစီ သာ ရှိသည်..။
ဒါကိုပဲ ထပ်ခါ တစ်လဲလဲ ကြည့်လိုက် လိုအပ်တာ ဖြည့်လိုက် ပိုတာလေးတွေကို ပြန်ဖုံးလိုက်ဖြင့် သုံးရက် ပြီးသွားသော အခါမှ ပုံကြမ်းအဆင့်သာ ပြီးသည်..။
မနက်စာကို တီတီနု က ထမင်းလာပို့ပေးပြီး..ထမင်းစားနေချိန်မှာလည်း အတွေးမပျက် ထပ်စဉ်းစားမိသေးသည်..။
ဒက်ဒီတို့နဲ့ အတူ ညစာထမင်းစားဖို့ ဆင်းလာချိန်ကျမှ ပန်းချီကိစ္စကို ခေါင်းထဲက ထုတ်ခါ ဘီဒိုထဲထည့်ခဲ့လိုက်ရသည်..။
ထမင်းစားပြီး အပေါ်ပြန်ရောက်တာနဲ့ တန်းအိပ်တာ မနက် အလင်းရောင်မရောက်ခင် နိုးနေပြီ..။
“ဟူး..တစ်ပတ်တောင်ရှိနေပြီ...ဒီနေ့တော့ အပြီးသတ်ရမယ်..”
မို့ လက်ကို ဆန့်တန်း ပြီး မျက်နှာသစ် သွားတိုက်ခြင်းကို အချိန်တို အတွင်းပြီးအောင်လုပ်လိုက်သည်..။
ပန်းချီဒေါက်ကလေးပါ ထုတ်ပြီး ၀ရန်တာ ထွက်လာခဲ့လိုက်သည်..။
အလင်းရောင် မစို့မပို့လေး အောက်မှာ မနက်ခင်းလေညှင်းတွေက လည်း နူးညံ့လို့နေသည်..။
ကြည့်နူးစရာ ပတ်၀န်းကျင်လေးကြောင့် လက်တွေ ပိုသွက် လာရသည်..။
“ဟယ်..မို့ ဘယ်ရောက်သွားလည်း..”
တီတီနု က အခန်းထဲ ၀င်လာချိန် မို့ ကို အိပ်ယာပေါ်မှာ မတွေ့တော့ သူ့ဟာသူ ပြန်မေးနေပြန်ပါပြီ..။
“ဒီမွာ တီတီနု..”
“အိုး..ကလေး..အစောကြီး နိုးနေတာလား..”
“ဟုတ်...”
တီတီနုက မနက်တိုင်း အဲကွန်း၀င်..၀င်ပိတ်တာ တားလို့လည်းမရ..အေးနေမယ် ဆိုတာချည်းမို့...မို့လည်းလွတ်ထားလိုက်ရသည်..။
အခုလည်း အဲကွန်းလာပိတ်တာနေမှာ...မိပြီ..။
“သြော်..ပုံဆွဲနေတာလား..”
“ဟုတ်...”
“နေပူမှာပေါ့ ကလေးရဲ့.”
“နေမထွက်ခင်အပြီးဆွဲနေတာ...”
“အင်း.....မို့ ကောင်လေးက တော်တော် ယောင်္ကျားပီသတာပဲ ဥပဓိရုပ်လည်း ရှိတယ်..ချောတယ်ပေါ့လေ...”
မို့ ဆွဲလက်စ စုတ်တံလေးကို ပန်းချီကားပေါ်က ရုတ်ပြီး ပြုံးရင်း တီတီနုကို မော့ကြည့်လိုက်သည်..။
“တီတီနု က တွေ့ဖူးလို့လား..”
“အပြင်မှာတော့ တွေ့ဖူးပါဘူး..”
“ဟိဟိး..တီတီနုက အပြင်မှာ မတွေ့ဖူးဘူးဆိုတော့ ဘယ်မှာတွေ့လို့လည်း..”
“ဟောတော့..ဒါ သူ့ပုံမဟုတ်ဘူးလား..”
တီတီနုက မျက်လုံးပြူးပြီး မေးငေါ့ပြတော့ မို့လည်း ပန်းချီကားပေါ် အကြည့်ပြန်ရောက်သွားသည်..။
“ဟင်...”
“အိုး.....အိုး......ရူးနေပြီ.....”
မို့ရဲ့ ထိတ်လန့်တကြားရေရွတ်နေသံကြောင့် တီတီနုက မို့ ကို ကြောင်ကြည့်နေသည်..။
“ဘာလို့လည်း..မို့...”
“ဟင့်အင်း..ဟင့်အင်း...မဟုတ်ဘူး...”
“မို့....မို့...ဘာဖြစ်တာလည်း..ကလေး..”
ပန်းချီကားပေါ်က ကိုကို့ ရဲ့ ပုံရိပ်ကို မျက်လုံးပြူးကြည့်ရင်း ခေါင်းသာတွင်တွင်ရမ်းလို့ လက်မခံနိုင်အောင် ငြင်းမိသည်..။
ဒါ မို့ စိတ်ကူးထဲ ပုံပေါ်တာတွေ တစ်ခုချင်း ချရေးနေတာလေ...မို့ စဆွဲနေတာ ခရေ တစ်ပွင့်မဟုတ်ဘူးလား..။
ပြီးတော့ မျက်ခုံး တစ်ခု..နောက် နေ့ ကျတော့ မျက်လုံးလေး..စိတ်ကူးထဲ တစ်ခုချင်းစီ ပေါ်လာတဲ့ အလှတရားဆိုတာ....
အိုး..ကိုကို့ ကို လွမ်းလို့ အသိစိတ်လွတ်ပြီး .မို့ရူးများသွားပြီလား..
ဒါမှ မဟုတ်...မို့ ရဲ့ မသိစိတ် အာရုံတွေကို ကိုကိုသာ အုပ်ချူပ်မင်းမူနေဆဲလား...။
ကိုကို့ကို မုန်းဖို့ကြိုးစားနေတာလေ....။
အိုး...ကိုကို ရယ်....ရက်စက်လိုက်တာ...ကိုကိုရယ်...ကိုကို ကိုယ်တိုင် စွန့်ပစ်ပြီး...ဘာလို့ ..မို့အာရုံထဲက အသာတကြည် ထွက်မသွားပေးတာလည်း..ကိုကိုရယ်...။☆━━━━━━━━━━━━━━━☆
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

VOCÊ ESTÁ LENDO
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...