နန်းထိုက်ပန်းမို့
အပိုင်း (၁၃)
#နန်းထိုက်ပန်းမို့“ဝါး....ပျင်းလိုက်တာ...”
“အဲဒါကြောင့် ဖုန်းလိုချင်နေတာ...”
.မို့ အိမ်ထဲမှာ တစ်ယောက်တည်း ကော်ဖီခွက်ကိုင်ပြီး လျှောက်နေလိုက်သည်..။
“တီဗွီကြည့်ဖို့ကလည်း ပျင်းလာပြီ...”
“စီစီ တို့ဆီ သွားပြီ ပူဆာမယ်...”
“ဟုတ်တယ်...ဒီအကြံကောင်းတယ်..”
လက်ဖျောက်တီးပြီး အပေါ်ကို ပြေးတက်ခါ တစ်ထည်တည်း ရှိတဲ့ ဂါ၀န်အဖြူကို ထုတ်၀တ်လိုက်သည်..။
ဒီ အကျီ င်္ ချည်းပဲ ၀တ်နေတာ ရှက်ဖို့ကောင်းလိုက်တာ...။
ဘယ်သူမှတော့ မှတ်မထားလောက်ပါဘူး..တွေးရင်း သက်ပြင်းချပြီး ဆက်၀တ်လိုက်ရသည်..။
အိမ်ရှေ့တံခါးနဲ့ ခြံတံခါးကို သော့ခတ်ပြီး လမ်းလျှောက်လာခဲ့ရတာ အိမ်က ထွက်လာချိန်က ၀တ်လာတဲ့ ဖိနပ်အကျီ င်္ တွေက အခုတော့ တန်ဖိုးရှိလိုက်တာ...။
“ဖေဖေ..”
“ဟေ သမီး...ဘယ်လည်း...
ဘာဖြစ်လို့ထွက်လိုက်တာလည်း..”
လက်ဖက်ရည်ဆိုင်ထဲက ပျာပျာသလဲ ထွက်လာတဲ့ ဖေဖေ ကြောင့် မို့ရယ်လိုက်မိသည်..။
“ဟုတ်ပါဘူး..မို့ သူငယ်ချင်းတွေ ဆီ ခဏ သွားမလို့...”
“သြော်..သွားလေသမီး..”
“ဒီမှာ သော့...”
“ပြန်လာမှာပါနော်...”
မို့ ထွက်သွားမှာ စိုးရိမ်သလို ပြောနေတဲ့ ဖေဖေကို ကြည့်ပြီး မို့ ပြုံးစေ့စေ့ဖြင့်
“ပြန်လာမှာပေါ့ ဖေဖေရဲ့ “
“ပိုက်ဆံယူသွားလေ...”
ဖေဖေ က သူ့ အိတ်ထဲက ပိုက်ဆံထောင်တန် ထုတ်ပေးတော့ မို့ ခေါင်းရမ်းလိုက်ရသည်..။
မေမေ နဲ့ ကိုကို ပေးတာလေး သုံးနေရတာ လူတကာကို လိုက်စေတနာပို နေတဲ့ ဖေဖေ...။
“သွားပြီ..”
“အေး..ဂရုစိုက်အုံး..”
“နေအုံး..ရော့ ဖေဖေ ဖုန်းလေး ယူသွား..”
ကီးပက် ဖုန်း ကို လက်ထဲ အတင်းထိုးထည့်ပေးတော့ မို့ မငြင်းပဲ ယူပြီး ထွက်လာလိုက်ရသည်..။
“ဟေ့...အောင်မယ်...ယူတို့ နှစ်ယောက်က မို့ မရှိချိန် ပူးပူးတွဲတွဲပေါ့လေ...”
“ဟင်..မို့...”
“ဟုတ်ပရှင်..”
“နင်ဟာ...”
“စိစီ ရဲ့ အပြစ်တင်ဖို့ စလာတဲ့ စကားတွေကို လက်ဟန့်တားလိုက်ရပြီး
“တက္ကစီဖိုး ပေးလိုက်အုံး..”
“ဟမ်...”
“သွားပါ မြန်မြန်...”
“သြော်..အေး..”
စီစီ က ပိုက်ဆံအိတ်ယူပြီး ထွက်သွားတော့မှ ရီလေးဘေးက ဆိုဖာ မှာ ၀င်ထိုင်လိုက်ရသည်..။
“ဟူး...ခုမှပဲ အဲကွန်းလေ အပြည့်အ၀ ပြန်ခံစားရတော့တယ်..”
“နင့် ဘယ်သူက လင်ယူခိုင်းလည်း..”
“တက်နိုင်ဘူး..မို့ က သူ့ကို ချစ်တာကိုး..”
“ချစ်ရင်ခံ...”
“ရိလေးကလည်းကွား အပြစ်ချည်းပဲပြောနေမှာလား..”
“အပြစ်မပြောတော့ ငါက ဘာလုပ်ရမှာလည်း..”
“အပြင်သွားမယ်...မတွေ့ရတာ ၁လပြည့်တော့မယ် ....မုန့်လိုက်ကျွေး..”
“ဟ..ငါတို့ မအားဘူး.”
“မရဘူး..မရဘူး..လိုက်ပို့ရမယ်..မို့ စားချင်တာတွေ အများကြီးမှတ်ထားတယ်...”
ရီလေး နဲ့ စီစီ က နှုတ်ခမ်းမဲ့ ပြီး ခုံက ထတော့မှ မို့တံခါးပေါက်ဆီပြေးသွားလိုက်ရသည်...။
“မို့တို့ ဆိုင်လေးတောင် မနည်းပြီးတော့မယ်...”
“ရီလေး နဲ့ ငါ့ဆိုင်ပါနော်...”
“အောင်မလေး အမွေလုမှာ စိုးနေပြန်ပါပြီ...မယူပါဘူးစီစီရယ်..”
မို့ စကားကို စီစီ က ကားမောင်းရင်း ၀င်ထောက်တော့ ပခုံး ပိတ်ရိုက်ပစ်လိုက်သည်..။
“ဖုန်းဆိုင် အရင်သွားမယ်..”
“ဟဲ့..ဘာလို့..”
“မို့ကို ဖုန်း၀ယ်ပေး..”
“ဟမ်...”
နှစ်ယောက်စလုံးက မို့ က ပြိုင်တူလှည့်ကြည့်တော့ မို့ ခေါင်းပုလိုက်ပြီး..
“လုပ်ပါ....ဖုန်းမရှိရင် ပျင်းလို့ပါ..”
“နင့် ယောင်္ကျားကို ၀ယ်ခိုင်းလေ..”
“၀ယ်ခိုင်းတာပဲ ပိုက်ဆံ မရှိလို့တဲ့..”
မို့ သက်ပြင်း တစ်ခုနဲ့ ပြောလိုက်ပြီး ပျော်နေတဲ့ စိတ်လေးတွေ ပျောက်သွားရသည်...။
“ဟေး...မို့...မို့...”
“ဟင်..”
“လာ..ဒီဘက်....”
“ဘာလို့...”
“အဲဘက်က စျေးကြီးတယ်လေ....ဒီဘက် တစ်သိန်းကျော် ၀န်းကျင်ပဲ ၀ယ်ပေးနိုင်မယ်..”
“ဟာ..ရပါဘူး...အဲဒါတွေက ကင်မရာမကောင်းဘူး..”
“အဲဒါမယူရင် တို့လည်း ၀ယ်မပေးနိုင်ဘူး...တစ်သိန်းကျော်လည်း ဖုန်းပဲဟာ...”
“ဟွင့်..”
မို့ ကောင်တာ ပြန်ရွေ့ပြီး ဖုန်းလေးတွေ လိုက်ကြည့်နေလိုက်ပေမဲ့ တစ်ဖက် ကောင်တာက သုံးသိန်းကျော်တန် ကင်မရာကောင်းကောင်းဖုန်းလေးတွေ ကိုတော့ တစ်ချက် တစ်ချက် ငေးမိသည်...။
“ကာဗာလေးကို အဖြူလေးပဲပေးနော်..နှစ်ခု..”
“နှစ်ခုတောင်...”ရီလေးက မျက်လုံးပြူးပြီးပြောတော့ မို့ ခေါင်းညိတ်ပြီး...
“အင်းလေ..ခဏခဏ ပြဲတက်လို့..”
“ကဲကဲ...ပေးလိုက်ညီမ...”
“ကျေးဇူး...”
စီစီ က ငွေထုတ်ရှင်းပြီး မျက်နှာ မကောင်းတာ သတိထားမိတော့ .မို့ စိတ်မကောင်းဖြစ်ရသည်..။
“ဘယ်ပို့ ပေးရမလည်း..”
“အကျှ င်္င်္ီ လိုက်၀ယ်ပေးပါအုံး ဒီ တစ်ထည်တည်း ရှိတာ..”
“ဟာ...”
ရီလေးက မျက်လုံးပြူးနဲ့ အော်ပြီး ဟာ လိုက်တော့ မို့ တောင် လန့်သွားရသည်..။
“တော်တော့ မို့ ငါတို့ အလုပ်တွေ ရှိတယ်..”
“မို့ က သူငယ်ချင်းလေ ပိုအရေးကြီးတယ်...လုပ်ပါနော်...၀ယ်ပေးပါ...”
“နင့်ကို အခုပဲ ဖုန်း၀ယ်ပေးပြီးတာလေ..ဖုန်း တစ်လုံး နှစ်သိန်းနီးပါးဟ...”
“နှစ်သိန်းတည်းကိုများ..”
မို့ နှုတ်ခမ်းစူပြီး ဖုန်းအိတ်ကို ကြည့်လိုက်တော့ စီစီ က အော်ရယ်ပြီး ရီလေး လည်း လိုက်ရယ်နေပြန်သည်...။
“ဘာဖြစ်လို့ ရယ်နေကြတာလည်း..”
“ဟား..ဟား...မို့ရယ်..နင်တော့ ဘဝမေ့နေပြီနော်...နင် အရင်က မို့မို့ဖြူ မဟုတ်တော့ဘူး...ကိုယ့် အခြေအနေ ကို သိစမ်းပါ နင့်ကို အိမ်က လည်း အမွေဖျက်ထားတာ...နင့်ယောင်္ကျား နဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေသင့်တယ်..”
“မို့က ဘာလုပ်နေလို့လည်း..”
“အရင်လို မဟုတ်တော့ဘူးလို့...”
“မို့ သိပါတယ်....”
မို့ စိတ်မကောင်းဖြစ်လာတော့ ငိုချင်လာရသည်...။
“မေ့နေတာ...ကိုကို ပြန်လာလို့ မတွေ့ရင် ဆူလိမ့်မယ်..”
“အဲတော့...”
“အိမ်ပြန်ရမယ်...လိုက်ပို့ပေးနိုင်မလားဟင်...လမ်း၀ပဲပို့ပေးပါ...”
ရီလေးက စိတ်မရှည်သလို ကျစ်သပ်ပြီး ကားကို ဘက်ဆုတ်ပြန်ကွေ့နေသည်..။
“ဘာလည်း စိတ်ကောက်တာလား..”
“ဟုတ်ပါဘူး..”
“စိတ်ကောက်လို့လည်း မရပါဘူး..နှစ်သိန်းကြီးတောင်ကုန်ထားရတာ စိတ်ကောက်ချင်သေးလား.”
“အာကြောင့် ချစ်တာ...”
မို့ အပြုံး တစ်ခုနဲ့ စီစီ့ ပါးကို လှမ်းဆွဲလိုက်ပြီး ရင်ထဲမှာတော့ အူလှိုက်သည်းလှိုက်ငိုကြွေးနေမိပြီ...။
ဘယ်လို အကြောင်းများကြောင့် မို့ ပြောင်းလဲသွားတာလည်း...အရင်ကဆို ၀မ်းနည်းလာတိုင်း မျက်ရည်ကျပြီးသား.မို့က အခုတော့ ဟန်ဆောင်ပြီးတောင် ပြုံးတက်နေပြီ...။
“ကဲ ရောက်ပြီ မမ..”
“စီစီ ....ကိုကို့ ကို ဖုန်း၀ယ်ပေးတယ် မပြောပါနဲ့နော်...”
“အမ်းပါ..ကြောက်တက်လိုက်တာ....”
“ချစ်လို့ပါ...တာ့တာ..”
ကားပေါ်က ဆင်းခါနီး ကျမှ ဖုန်းသံထွက်လာတော့ စီစီ က ကောက်ကိုင်လိုက်သည်..။
မို့ နှုတ်မဆက်တော့ပဲ ဆင်းခဲ့ပေမဲ့ လမ်းပေါ်မှာ မြင်ယောင်နေမိတာ စီစီက လက်ထဲက မို့ ဖုန်းလေး...။
“စီလေ...I8 လိုချင်လိုက်တာ...အနားမပြောနဲ့ ကောင်တာတောင် မသွားနိုင်ဘူး..”
“ပိုပြီနော်...”
“၀ယ်နိုင်တဲ့ ပိုက်ဆံ ရှိပေမဲ့ မ၀ယ်ရက်ဘူး သမျောလို့...မသေခင် ကိုင်ရရင် သေပျော်ပါပြီ...”
“ကဲ..သေတော့ မသေပါနဲ့အုံး...လျော့... ကဒ် နဲ့ မီမိုတွေတော့ မဖျက်နဲ့ အုံးနော် ပြန်ကူးရအုံးမယ်..”
“တကယ်ပေးတာလား..”
“အင်းပေါ့..”
“မို့ မာမီ...”
“ရတယ်..ပျက်သွားလို့ပါလို့ ပြောလိုက်မယ်...စင်ကာပူ ကမှာထားတာ ၁လပဲ ရှိသေးတော့ အနည်းအကျဲတော့ ဆူမှာပေါ့ ရပါတယ်..”
“အာကြောင့်ချစ်..”
ရီလေး လိုချင်တဲ့ မို့ ရဲ့ လက်၀တ်လက်စားတွေ စီစီ လိုချင်တဲ့ မို့ရဲ့ အသုံးအဆောင်တွေကို အရေအတွက် အကန့်အသတ်မရှိပေးခဲ့ဖူးပေမဲ့...မို့ကိုတော့ ဖုန်းတစ်လုံး၀ယ်ပေးရတာ ပြောစရာဖြစ်နေပါပြီလား...။
“သမီး ပြန်လာပြီလား...မြန်လိုက်တာ..”
“ဟုတ်ကဲ့...သြော်..ဒီမှာ ဖေဖေ့ ဖုန်း..မို့ ကို သော့ပြန်ပေးပါအုံး..”
“အိမ်မှာ သမီး မေမေ ပြန်ရောက်နေပြီလေ...”
“ဟုတ်လား...မို့ သွားတော့မယ်နော် ဖေဖေ...”
“အေး..အေး..”
သံတံခါး တစ်လွဲကို ဖွင့်ထားတာတွေ့တော့ မို့ ပိုမောရသည်...။
ဒီ အိမ်ကို မို့ ရောက်လာတာ ကိုကို ကြောင့်...ကိုကို နဲ့ မခွဲနိုင်လို့ ...ကိုကို နဲ့သာ ဆို တူနှစ်ကိုယ် ဆိုတဲ့ စိတ်နဲ့ မပင်ပန်းပါ အခုတော့ မိုးလင်း မိုးချူပ် အနေဆင်းရဲ အစားဆင်းရဲ နေရပေမဲ့ ကိုကို နဲ့ ဝေးနေတုန်းပါပဲ...မိုးချူပ်မှ ပြန်လာတက်တဲ့ ကိုကို က ရေမိုးချိုး ထမင်းစားပြီး တာနဲ့ တန်းအိပ် ..။
တစ်နေကုန် မို့ မှာ လွမ်းလို့ စကားတွေ ပြောချင်တာ စု ထားရတာ...ကိုကို ကတော့ နားထောင်ဖို့တောင် အချိန်မပေးနိုင်ဘူး...။
“ဟော..ပြန်လာပြီလား..”
“ဟုတ်...”
“ဒီ အကျီင်္ ပဲလား..”
“ဟီး..” မို့ မချိသွားဖြဲ လုပ်ပြရင်း အိမ်ထဲ ဆက်၀င်လာခဲ့လိုက်ရသည်...။
“နင် လည်း အကျီ င်္လေး ဘာလေး ၀ယ်ရပါအုံးမယ် အပြင်ထွက်ရင် ဒီ တစ်ထည်ပဲ...”
“မို့ က ဂါ၀န်ပဲ ၀တ်တက်လို့ပါ...”
“ကောင်းပါတယ်...ဖာလူဒါ ၀ယ်လာတယ် ခုံပေါ်မှာ “
“ဟာ..အမောပြေပြီ...”
မို့ ခုံဆီပြေးပြီး ယူမော့လိုက်ရတော့မှ စိတ်တွေနည်းနည်း လျော့သွားရသည်..။
.
ဆန်နီ ကားသိမ်းဖို့ တောက်လျှောက်မောင်းလာပြီးမှ ပြန်ကွေ့ရပြန်သည်...။
သခင်မလေး မနေ့ညက နှုတ်ခမ်းစူပြီး သုံးခါ မှာထားတာ မေ့မှာစိုးလို့တဲ့လေ...
“ကိုကို ကြက်ဆီထမင်းနော်..”
“အင်းပါ..ကိုကို မမေ့ပါဘူး..မို့ရယ်..”
“အား..ကိုကို က ခုသာ မမေ့တာ...ပြီးရင်မေ့သွားရော..”
“မမေ့ပါဘူးဆို..”
“မေ့လာကြည့်...ကိုကို့ ကို စိတ်ဆိုးပြီပဲ...”
အပြစ်ဒဏ်က ကြောက်စရာကောင်းလွန်းလို့ ကြက်ဆီထမင်းအတွက် ဆီကုန်ခံခါ ချီတက်ရပြန်သည်..။
“ဘယ်လောက်လည်း ညီ..”
“လေးထောင်ပါ အကို..”
ဆန်နီ ငါးထောင်တန်ထုတ်ပေးပြီးမှ ရှေ့က ကြက်ကင် နီနီလေးကို တွေ့တော့
“ညီ တစ်ခြမ်း..”
တစ်ခြမ်းဆို ဇူဇကာမလေး တစ်ယောက်စာပဲ...မန်နီကလည်း အမြဲ ငတ်နေတာ ဒီနှစ်ကောင် စားမာန်ထခုတ်ရင် အမေ က စိတ်ညစ်ရအုံးမည်..။
“တစ်ကောင်ပဲပေး..”
“ဟုတ်ကဲ့..”
လက်ထဲ အိတ်နှစ်ခုရောက်လာတော့ ထုတ်ပြီးသား ပိုက်ဆံ တစ်သောင်းပေမဲ့
“ဘယ်လောက်လည်း ညီ”
“တစ်ခွဲပါ အကို..”
“သြော်အေး..”
တစ်နေ့ကုန် ရုန်းပြီး ရလာတဲ့ ဆီဖိုးချန်ပြီး ကျန်တဲ့ငွေ သုံးသောင်းက တစ်၀က်တိတိ ဖော့ဘူးလေးထဲ ရောက်သွားပြီ...။
ကားဟွန်းမတီး မီး မထိုးပဲ အိမ်ရှေ့ကျော်ကျော်မှာ ကားရပ်ပြီး အိမ်ထဲ လှမ်းကြည့်လိုက်တော့
သံဇကာပေါက်တွေက တစ်ဆင့် တွေ့လိုက်ရတာ တီရှပ်ပွပွ ဒူးကျဘောင်းဘီ နဲ့ ကောင်မလေး ဟိုဘက် ဒီဘက် လမ်းလျှောက်နေတာ ဆံပင်တွေကလည်း အမြဲဖါးလျား...။
နာရီ ကြည့်ပြီး ဘာလို့ ပြန်မလာသေးတာလည်း..။
ကြက်ဆီ ထမင်း ပါမလာရင် ဘယ်လို စိတ်ဆိုးပြမယ်....ဆိုတာမျိုးတွေ တွေးနေတာ နေမှာပေါ့လေ...။
ကားကွေ့ပြီး ထားနေကျနေရာမှာ ထိုးခဲ့ခါ အိတ် နှစ်လုံးဆွဲပြီး အိမ်ထဲ၀င်လာသည် အထိ သူ စိတ်မ၀င်စားသေး...။
ဘယ်သူ့ ဖုန်းကို နှိပ်နေတာပါလိမ့်...။
“သတင်းပို့ ဆန်နီ ....ရှိ....”
“ဟယ်...ကိုကို..ပြန်လာပြီ...မေမေရေ...ကိုကို ပြန်လာပြီ..”
“ကိုကို....မို့ မှာ ထားတာ..”
“ဟာကွာ...မေ့သွားတယ်..”
ဆန်နီ နဖူးရိုက်ပြီး မျက်နှာ ၇ှုံ့မဲ့ ပြောလိုက်တော့...ကလေးဆိုးလေးက လည်း မျက်နှာ ရှုံ့မဲ့ပြီး ခေါင်းတွေရမ်းခါ...
“အား...ကိုကို က အမြဲ အဲလိုပဲ...စိတ်ဆိုးတယ်...တကယ်စိတ်ဆိုးတယ်..”
“မဆိုးပါနဲ့ကွာ..နောက်နေ့..”
“နောက်နေ့...နောက်နေ့...နောက်နေ့.... အဲဒီနောက်နေ့ က ဘယ်နောက်နေ့လည်း...”
လက်တွေကို ရှေ့နောက် ခါရမ်းရင်း မေးငေါ့ပြီး ပြောလာတော့ ဆန်နီ ရယ်ချင်စိတ်ကို မြိုသိပ်ခါ...
“အဲ နောက်နေ့ရဲ့ နောက်နေ့ပေါ့ကွာ...”
“မရဘူး...အဲနောက်နေ့ မရောက်ခင် အထိ စိတ်ဆိုးနေလိုက်မယ်...ဒါပဲ..”
“တကယ်ကြီး ရက်စက်မှာလား..”
“အမ်း..”
“စိတ်ဆိုးနေတယ်ပေါ့...”
“ဟုတ်တယ်...မခေါ်တော့ဘူး..” ပြောလည်းပြီး ကျောခိုင်းသွားတော့ ဆန်နီ စာအုပ်ကိုကောက်ယူခါ
“အိုကေ..ဒီမှာ ၀ယ်လာတယ်လေ..စိတ်ဆိုးနေတော့ ဘယ်စားတော့မလည်းနော်..”
“ဘယ်မှာလည်း..”
အလျှင်အမြန် လှည့်လာပြီး ဆန်နီ့ လက်ထဲကို မျက်လုံးပြူးကြည့်ပြီးခါမှ
“အား..ကိုကို...”
“ဟေး..ဆန်နီ...ဘာလို့စနေတာလည်း..” အခန်းထဲက အမေက လှမ်းအော်နေပြီမို့ ဆန်နီ အသံလျော့ခါ..။
“ဟူး...အာဗြဲစိန်မလေး အမေ ကိုိကို့ ကို ဆူပြီ တွေ့လား..”
“ရော့...ထမင်းက စားလိုက် အကင်က ည တီဗီ ကြည့်ရင်း စားဖို့ ကိုကို ရေသွားချိုးအုံးမယ်..”
ခုံဘေးက အထုတ်ကို ဆွဲပေးလိုက်တော့ မယုံနိုင်သလို ကြောင်တောင်တောင် လေး ဖြစ်နေပြီးမှ မျက်နှာက ပြုံးရိပ်သမ်းလာပြီ ခေါင်း ညိတ်ပြသည်...။
လက်တစ်ဖက်က ဖုန်းကို ဆုပ်ကိုင်ထားတာ အဖြူရောင်ကာဗာ အိမ်မှာ မရှိပါဘူး...။
အကျီီ ချွတ်ပြီး အိမ် အပြင်ဘက် ရေကန်ဆီ် ဆင်းသွားပြီးခါမှ ပြန်ပြေးတက် လာခဲ့ရသည်..။
“မို့..”
“ဟင်..”
“ဖုန်း ဘယ်သူ့ ဟာလည်း..”
“အဲဒါ...”
“အိမ်က ဖုန်းမ ဟုတ်ဘူး..”
“ဟုတ်တယ်...ဒီနေ့ စီစီ တို့နဲ့ သွားတွေ့တာ...သူတို့ဆီမှာ ပေးထားတဲ့ မို့ ဖုန်းအဟောင်းလေး ပြန်တောင်းလာတာ ကိုကိုရဲ့...”
“မို့ကလည်းကွာ..”
“မို့ ဖုန်း မို့ ပြန်ယူတာပါ...ကိုကို လည်း ၀ယ်ပေးနိုင်ပဲနဲ့...”
စိတ်ထိခိုက်စရာ အမှန်တရားတစ်ခု ဖြစ်နေတော့ ဆန်နီ သက်ပြင်းချပြီး
“နောက် ဘာမှ မယူနဲ့တော့နော်..’
“အင်းပါ...”
“လိမ်မာတယ်...နေအုံး...ဖေ့ဘွတ်မှာ ချက်တင် လုပ်မနေနဲ့အုံးနော်...’
“ဟုတ်ကဲ့ပါ ရှင့်..”
“လိမ်မာတာ...သွားစားတော့ ဗိုက်ဆာနေပြီမလား..”
ဆန်နီ အိမ်အောက်ပြန်ဆင်းလာခါ ရေကို သုံးလေးခွက်ဆင့်လောင်းသည်...။
မနက် က အာကြီး ကားအောက်၀င်ပြီး ပြင်ပေးခဲ့ရတာ သတိရခါ ခွက်ထဲက ခေါင်းလျှော်ရည် တစ်ထုတ်တွေ့တာနဲ့ ကောက်လျှော်လိုက်ရသည်...။
ရေချိုးပြီး အိမ်ပေါ် ပြန်ရောက်တော့ ဆရာမလေးက တီဗီမော့ကြည့်ခါ လက်ထဲက ပန်းကန်ကိုလည်း တာ၀န်ကျေအောင် စားပေးနေသည်..။
“ကိုကို စား...”
“မစားဘူး...မကြိုက်...”
“ဟွန့် ကောင်းတာကို...မေမေစားလေ..”
“စား သမီး...”
ကလေး တစ်ယောက် စားချင်တာ စားခွင့်ရသွားသလို အပြုံးဝေရင်း ဇွန်းအပြည့် ခပ်စားနေတာတွေ့တော့ ဆန်နီ လည်း စိတ်ထဲ ပျော်ရသည်..။
“ဟ..အမေက ..ဘာဟင်းလည်း..”
ဟင်းအိုးကို ဖွင့်လိုက်တော့ အသီး အနှံ အစုံအလင် အပြင် ပြောင်းဖူးတွေလည်း ပိုင်းဖြတ်ထည့်ထားတာ အထူးဆန်းဟင်း...။
“သိပါဘူးဟယ်...နင့်မိန်းမက ဟော့ပေါ့စားချင်တယ်တဲ့လေ..အဲဒါ သူပြောတဲ့ အတိုင်း လုပ်လိုက်တာ..”
“ဒါတွေကို ကျွန်တော် ဘယ်လို စားမလည်း..”
“တစ်အိမ်လုံးဒါကိုစားပြီးသွားပြီ..”
“ဟမ်..ဘယ်လိုစားကြလည်း..”
“နင့် အဖေတော့ ထမင်းနဲ့ ခေါက်သောက်တယ်...ငါလည်း ထမင်းနဲ့ နယ်စားပြီး ငရုတ်သီးကြော်နဲ့ လိုက်သား..”
“အမေရဲ့ ဒါ အရည်သောက်..”
“ဗိုက်ထဲရောက်ရင် အကုန်တူတူချည်းပဲ.မရှည်နဲ့စား...မန်နီတောင် ဒီဟင်းကို ကြိုက်တယ်တဲ့.”
“မို့...မင်းတော့လေ...တစ်အိမ်လုံးကို မဲဆွယ်ထားတာပဲနော်..”
“ကောင်းပါတယ်..ကိုကို ရဲ့ စားကြည့်ပါအုံး..”
“မပြောတော့ဘူး..”
ဆန်နီ ခေါင်းက ဆံပင်ကို ရေခါပြီး ထမင်း တစ်ဇွန်းထည့်ခါ အဖေ့ အတိုင်း ဟင်းရည်တွေ လောင်းထည့်ပြီး ခေါက်သောက်လိုက်ရသည်..။
အရသာကတော့ ဘာတွေမှန်းကို တကယ်မသိ...။
“ဖေဖေ ပြန်လာပြီလား...နောက်ကျနေတယ်...ဒီမှာ လာနေပြီ..”
မို့ လည်း ဒီအိမ်ရောက်မှ ညဆို ကိုရီးယား ကြည့်ရတာ စွဲစွဲလမ်းလမ်း ဖြစ်နေပြီ...။
“မန်နီ ...စာမေးပွဲ ဘယ်တော့လည်း..”
“ကျောင်းတက်တာတောင် မကြာသေးဘူး..”
“ကျူရှင် စာမေးပွဲ..”
“အဲဒါ နောက် တစ်ပတ်မှ..”
“သွား တီဗီရှေ့လာမထိုင်နဲ့..”
“ဟဲ့..ကလေးခုမှ ကျူရှင်မှာ စာလုပ်ပြီး ပြန်လာတာ..ခဏတဖြုတ်နားပါစေ..”
“အေးလေ..ကိုကို ကလည်း ကိုယ်ချင်းမစာဘူး..”
“မင်းက လွန်တယ်..”
အမေ နဲ့ မို့က အပြစ်တင်ပြီး အဖေ ကပါ သံယောင်လိုက်တော့ စိတ်ထဲ မကျေနပ်လို့..
“သြ...သြ...ဟုတ်ပါတယ်...ကျွန်တော် မှားတာ...သခင်လေး လာကြည့်လာ..ယပ်ခတ်ပေးရမလား..”
ဆန်နီ ယပ်တောင် ခပ်ပြီး ရွဲ့ပြလိုက်တော့ မို့ က အနားတိုးလာပြီး..
“မို့ ပါ ခပ်ပေး..”
“ဘာ..”
“ဟား..ဟား..ခပ်ပေးလိုက်...ကိုယ့် စကားနဲ့ ကိုယ် ပဲ...”
“အမေ..သားအရင်းက ဒါနော်..”
“လုပ်ပါ ကိုကိုရဲ့...မို့ ဘက်ချည်း မခပ်နဲ့နော်..မေမေ နဲ့ ဖေဖေ ဘက်လည်း ခပ်ပေးအုံး မန်နီလည်း မမေ့နဲ့..”
ပန်ကာ ပလပ်ပေါက်လေး ထထိုးဖို့တောင် အကြည်မလွဲ နိုင်သည့် ကိုရီးယား ဝါသနာရှင် များကို မျက်စောင်းထိုးရင်း ပန်ကာ ဖွင့်ပေးလိုက်တော့မှ..တော်လိုက်တာ ဆိုတဲ့ အသံတွေ ထွက်လာတော့သည်..။
“ဖေဖေ..ကြက်ကင်...”
“စားသမီး.”
“မို့ စားပြီးပြီ..”
မို့ လက်ထဲက ပန်းကန်ကို ဖေဖေ က ယူစားပြီး နောက်ထပ် အသားဖဲ့လိုက်ခါ..
“အင့်...မိန်းမ..”
“ဘာလည်း..”
“စားဖို့ ကြက်ကင်..”
“မကိုင်နဲ့ လက်တွေပေမယ်..”
အမေ ကလည်း ရှေ့ဆုံးမှာထိုင်နေတော့ မေ့ယောင်ပြီး ပါးစပ်ဟ စားလိုက်တော့ မန်နီ ရယ်သံက အရင်ထွက်လာပြီး ဆန်နီလည်း အော်ရယ်တော့သည်..။
“ကြည့်စမ်း..ရှင်က တစ်မျိုး..ကျူပ့်ဟာကျူပ် တီဗီထဲ စိတ်၀င်စားနေတာ ယီးတီးယားတား လာလုပ်တော့ အခု ကလေးကလားတွေ ဖြစ်ကုန်ပြီ..”
“အဖေတို့ ရိုချက် ဟား..ဟား..”
“ခွေးကောင်လေး ပိတ်ထားတော့နော်...ငါ ကောက်ပေါက်မှာ..’
“ရိုတာတော့ ဘယ်ပြောကောင်းမလည်းကွာ.ကိုရီးယားတွေ ထိုင်ငို သွားမယ်..ပထမဆုံး ချိန်းတွေ့တာ ပိတောက်တွေ ပထမဆုံး ပွင့်ချိန်..အဖြေပေးတာ ကမ်းနားလမ်းမှာ စက်ဘီးစီးရင်း..”
“ကစ်..”
“ဟဲဟဲ...ဘူတာကြီးမှာ...”
“ဟား..ဟား...ရိုချက်..”
“ဟွင့် ဖေဖေ တို့ကို အားကျလိုက်တာ..ကိုကို ကတော့ အလကားကြီး ခုချိန်ထိ မနမ်းဘူး..”
“အဟွတ်...”
မို့ရဲ့ အပြောတစ်ခုကြောင့် အားလုံး စကားသံတွေ တိတ်သွားတော့ ဆန်နီ မျက်နှာတွေပူလို့
“မန်နီ မင်းစားလေ...အရင်က စားမာန်ခုပ်နေပြီး.”
“ဟမ်....သြော်...အမ်း....အဖေ ပေးအုံးလေ..”
“သြော်အေး...ဟေး..ဟေး...မေ့သွားလို့..ရော့..ရော့..”
အဖေက ကြက်ကင် ပန်းကန် ပြန်ပေးပြီး ရှေ့ပြန်လှည့်သွားတော့ ရှက်လိုက်သည်ဖြစ်ခြင်း..။
အမေကတော့ ပြန်ကို လှည့်မကြည့်တော့တာ ဇာတ်လမ်းပြီးသည်အထိပင်..။
အခန်းထဲရောက်တော့ မို့ ကထုံးစံ အတိုင်း စောင်ကို ခြေကန်ပြီး ပစ်လှဲချလိ်ုက်ပြီ..။
“မို့..”
“ဟင်..”
“မို့ ဘာလို့ အဲလောက်ရဲတင်းနေတာလည်းဟင်..”
“ဘာကိုလည်း ကိုကိုရဲ့...”
“မို့ ဖေဖေကို ပြောလိုက်တာလေ...”
“သြော်..အားကျတယ်..ကိုကို က မနမ်းသေးဘူးလေ...ဟွင့်...”
“ဟာ...အဲဒါ လူကြီးရှေ့ ပြောစရာလား..”
“ဘာလည်း မို့ က ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ..”
“ပွင့်လင်းတာ မဟုတ်ဘူး.မရိုသေတာ.၇ိုင်းစိုင်းတာ လူငယ်ချင်း ပြောရတဲ့ စကားလုံးကို လူကြီးတွေ ရှေ့မှာ ပြောတာ ရိုင်းစိုင်းပြီး ရှက်ဖို့ ကောင်းတယ်.မို့ရဲ့...နောက် ဒါမျိုး မဟုတ်မဟက်စကားတွေ မိသားစုရှေ့မှာ မပြောနဲ့တော့နော်..ကိုကို မကြိုက်ဘူး....”
“ဟုတ်ကဲ့ပါ....နောက်ဆို ပြောတော့ပါဘူးရှင်...”
“လိမ်မာတယ်..”
ဘေးနားက လှဲနေတဲ့ သူမလေး ပါးကို ရုတ်တရက် ကောက်နမ်းမိတော့ ကြောင်နေပြီးမှ...
“ဟာ..နမ်းတာ..”
“ပါးလေးနမ်းတာ ပဲ့သွားလား..”
“ရဘူး..မို့လည်း ပြန်နမ်းမယ်..”
“ဟေး..”
လူကို လက်ဆွဲချနေပြီး နှုတ်ခမ်းစူခါ ခေါင်း တရမ်းရမ်းလုပ်နေလို့ ဆန်နီ အသေအကြေ ရှောင်နေရသည်..။
“ဟာ..ကိုကို့ ခေါင်းက မွှေးလိုက်တာ..”
“အင်း ခေါင်းလျှော်ထားတာ..”
“ဝါး..မို့ ကြိုက်တယ်..”
အိပ်နေရာက ငုတ်တုတ် ထထိုင်လိုက်ပြီး ကျောဘက်ကို ဒူးထောက်ရွေ့သွားသည်..။
“ဘာလုပ်တာလည်း...မို့..”
ဆံပင်တွေ တင်းတင်းသွားတာ ဘာလုပ်နေတာပါလိမ့်...။
“နမ်းရတာ မ၀လို့ စားနေတာ..”
“အောင်မငီး...ဘာလုပ်တာ...လာစမ်းရှေ့ကို..”
လက်ကို လှည့်ဆွဲပြီး ရှေ့ပြန်ခေါ်တော့ တင်းခံနေပြန်သည်..။
“ဟေ့...မင်းလူမှ ဟုတ်ရဲ့လား..ကြက်သီးထလိုက်တာ ဆံပင်တွေ စားစရာလား.”
“ကိုကို့ ဆံပင် အနံ့လေး ကြိုက်လို့ပါဆို..”
“မနက်ဖြန် ခေါင်းလျှော်ရည် ၅၀၀ဖိုး ၀ယ်ကျွေးမယ်...အ...မို့...နာတယ်ကွ...ပါးစပ်ထဲ ၀င်ကုန်လိမ့်မယ်..မရွံ့ဘူးလား..”
“ဟင့်အင်း..”
တားမရသည့် အဆုံး ကိုယ်လှည့်ပြီး ဆွဲဖက်ချလိုက်ရသည်..။
“မင်း ကတော့ တကယ့် ဇူဇကာပဲ ကျွေးနေရဲ့သားက ငတ်လာတာ...”
“ဟိ....ကိုကို့ ကို မို့ ပထမဆုံး စတွေ့တော့ ကိုကို့ အနံ့လေးကို ရူးသွပ်ခဲ့ရတာ..မို့ တစ်ကိုယ်လုံး ကိုကို့ အနံ့တွေဆွဲကုန်တာ..”
“ဟင်..ဘယ်မှာတွေ့တာလည်း..”
ဆန်နီ ပြန်စဉ်းစားကြည့်တာ ဖုန်းကျန်ခဲ့တာ သြော် ကားတားစီးတုန်းကလား...
“ကိုကို နဲ့ လှေကားမှာ ၀င်တိုက်တော့..”
“ဟင်..ကိုကို လည်း မသိပါလား..”
“ဗဟန်းမှာလေ..ကိုကို ဘုံးကြီး သယ်ပြီး လှေကားမှာတိုက်မိတာ မို့ပဲလေ..”
ဆန်နီ ပြန်စဉ်းစားရင်း တဖြည်းဖြည်း ပုံပေါ်လာသည်...ပိုက်ဆံအိတ်လိုက်ပေးပြီး ဂွင်ရှာနေတယ် ထင်ခဲ့တဲ့ ကောင်မလေး.....မို့လား..
“အဲဒါ မို့လား..”
“အင်းလေ...အဲကတည်းက ကိုကို က လူဝံ့ကြီး ဖြစ်သွားတာ...”
“ဟောဗျာ..လူပါဗျာ..”
“၀င်တိုက်တာ မို့ လွင့်ထွက်သွားရတယ်လေ...ကိုကိုပြန်သွားတော့ ရေမွှေးနံ့သင်းသင်းလေးလေ..မို့ တစ်ကိုယ်လုံးမှာ ကျန်ခဲ့တယ်..အဲနေရာမှာလည်း မွေးနေတာ့တာပဲ..”
“ဟား..ဟား...အဲဒါ မင်္ဂလာဖိတ်စာ ဘုံးကြီးကိုးကွ မွှေးတာပေါ့..”
“ဟင်..ကိုကို့ဆီက မုတ်ဘူးလား..”
“မုတ်ပါဘူး..”
“အိုး..မို့က ကိုကို့ဆီက မှတ်တာ..”
“ကိုကို့ ကိုယ်က မွှေးဘူး...”
“မွှေးတယ်..”
လက်မောင်းကို ကြည့်ခါ သွားလေးဟစိစိ လုပ်ပြီး ရှေ့တိုးလာတော့ ဆန်နီ အလန့်တကြား ခေါင်းကို တွန်းထားရသည်..။
“အိပ်တော့မယ်..”
“အင်း..”
လက်မောင်းဆွဲပြီး ရင်ဘတ် တစ်ခြမ်းပေါ်တက်အိပ်တာ မခံနိုင်တော့ပါ...။
“မို့ ခေါင်းအုံး လေးနဲ့ အိတ်လေ..ခေါင်းနာမယ်...ဖက်အိပ်ဖို့ အရုပ်လည်း ၀ယ်ပေးထားတယ်လေ..”
“မို့ က ကိုကို့ ဆီမှာပဲ အိပ်ချင်တာ..”
“ကိုကို ကားမောင်းရတာ ခါးညောင်းတယ်မို့ရဲ့ မို့က အိပ်ပျော်သွားရင် ကောင်းကောင်း ကန်တာပဲ ကိုကို မနက်ဆို တစ်ကိုယ်လုံး နာနေရော..ခါးနာရင် ထိုင်ရတာလည်း အဆင်မပြေတော့ဘူး..”
“ဟုတ်လား..မို့ က ကန်တာလား...မဟုတ်ဘူးထင်တယ်..”
“ဟုတ်ပါတယ်ဆို..ကိုကို့ မျက်နှာမှာလည်း မို့ခြေထောက်ရောက်လာတာ...ကိုကို ဆို လန့်ပြီး ငုတ်တုတ်ထထိုင်ရတယ်..မို့က နာရီလို ပတ်အိပ်နေတာ..”
“သိဘူးလေ...”
“လိမ်မာတယ်..ခေါင်းအုံးနဲ့ အိပ်..မို့ လည်း ခေါင်းမနာဘူးပေါ့...”
“ကိုကို နဲ့ ညပဲတွေ့ရတာ ဝေးရအုံးမယ်..”
ခပ်ညီးညီးပြောပြီး ခေါင်းအုံးအစွန်းဆီရွေ့ပြီး ကျောခိုင်းအိပ်နေတော့ ဆန်နီ ခါးကလေးကနေ ဆွဲခေါ်လိုက်ရသည်..။
“ဟ..”
ခါးလေးပေါ် လက်တင်ပြီး မေးစေ့နဲ့ ခေါင်းလေးကိုဖိခါ...
“ကိုကို နဲ့ ဝေးရမယ်လို့ ဘယ်သူပြောလည်း ခုလည်း ကိုကို့ ရင်ခွင်မှာပဲလေ...”
“ကိုကို က ခွဲနိုင်ဘူးလား.”
“အင်းပေါ့...”
“ဟိ..”
မျက်နှာချင်းဆိုင်ပြန်လှည့်လာပြီး အကျီ င်္ကို လက်သည်းနဲ့ လျှောက်ခြစ်နေတဲ့ အငြိမ်မနေတက်တဲ့ လက်ကလေးကို ဆန်နီ ဖမ်းဆုပ်တားဆီးလိုက်ရသည်..။
သူမလေး မျက်စိရှေ့ကပျောက်များသွားရင် ဆန်နီ တကယ်ရူးရပါလိမ့်မည်...။☆━━━━━━━━━━━━━━━☆
စိတ်တွေညစ်သွားရရင် ဆောရီး🙏အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

KAMU SEDANG MEMBACA
နန်းထိုက်ပန်းမို့
Romansa"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...