Part 8

3.4K 179 1
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၈)
#နန်းထိုက်ပန်းမို့

“ကို့ ပုံလည်း တင်ရင်ကောင်းမယ်..”
“မတင်ပါနဲ့..”
“ဘာလို့..”
“ကောင်မလေးတွေ ဝိုင်းလိုက်ခ်ကြလိမ့်မယ်.”
ဆန်နီ ရယ်လိုက်ပြီး ဘယ် လက်ချောင်းတွေက ခပ်သွက်သွက်ရွေ့လျားနေပေမဲ့ ညာလက်တစ်ဖက်က ဇွန်းကိုင်လျက်သား..
“လိုက်ခ်ပစေပေါ့ကွ...ကိုလည်း နာမည်ကျော်တာပေါ့..”
“ခုခေတ်ကောင်မလေးတွေက ကောင်းတာမဟုတ်ဘူး..”
“အဟ..ဟုတ်ပါပြီ..ခုခေတ်လူကြီးမလေးရယ်..”
“အကိုက ချောတာကိုး..”
“အေးပါ မြောက်သွားပြီ..”
ဆန်နီ ထမင်းဇွန်းကို ခပ်ရင်း ရယ်နေတာ ရပ်သွားရသည်..။
သူက ဘယ်မှာတွေ့ဖူးလို့လည်း..။
“နေပါအုံး..ဖြူ က ကို့ကို သိလို့လား..”
ချက်ချင်း စာပြန်မလာတော့ ဆန်နီ စိတ်ထဲ မရိုးမရွတွေ ဖြစ်လာရလို့ စာထပ်ရိုက်လိုက်သည်..။
“သိလား..”
“အင်း..”
ဆန်နီ လက်ထဲက ဇွန်းကို ချလိုက်ပြီး ညာလက်နဲ့ ဖုန်းကို ပြောင်းကိုင်ခါ..
“ ဘယ်တုန်းကလည်း..”
သူ့ဘက်က တိုက်ပင်းပေါ်နေတာကို ကြာနေသည် ထင်ပြီး စိတ်မရှည်ဖြစ်ရသေးသည်..။
“တွေ့ဖူးတာပါ..”
“ဘယ်တုန်းက...”
“အကို့ကားနဲ့တွေ့တုန်းကပါ..”
“ဟုတ်လား..ညီမက အကို့ကားမှန်းဘယ်လိုသိလည်း..”
“အကို ပြောဖူးတယ်လေ..ဖုန်းသံက အမဲလိုက်အက သီချင်းလေ..ပြီးတော့ အကို့ နာမည်က ဆန်နီဆိုတာ သိတယ်လေ..”
“အဲတာ..”
“အကို ဖုန်းလာတော့ အဲ့သီချင်းသံကြားတာ.. ကျွန်တော် ဆန်နီပါတဲ့လေ..”
“ညီမ က ဘယ်မှာတွေ့တာလည်း..”
“ကျောင်းရှေ့ထမင်းဆိုင်မှာ..”
“ဟာ..တိုက်တိုက်ဆိုင်ဆိုင်တွေ့တာပဲကွာ ခေါ်လိုက်ပြီးရော..”
“ကြောက်လို့..”
“အေးပေါ့ ကို ကရုပ်ဆိုးတာကိုး..”
“မဟုတ်ပါဘူး..အရမ်းချောတာပဲ...မင်းသား က ကားမောင်းတာ သရုပ်ဆောင်နေသလိုပဲ..”
“ဟား..ဟား..”
ဆန်နီ အပျော်တွေဝြပီး ထမင်းတောင် ဆက်မစားချင်တော့အောင် ဖြစ်ရသည်..။
“ဟဲ့...ဒါဘာလည်း..”
“တော်ပြီ..”
“ကုန်အောင်စား..ရှာရတာထက် ချက်ရတာ ပင်ပန်းတယ်..”
“အမေကလည်း..”
‘နင်တော့ မကြီးမငယ် နဲ့ ဖုန်းသိမ်းခံချင်ပြီ ထင်တယ်...ဖုန်းများနှိပ်နေရင်း အရူးလိုပဲ ပြုံးလိုက်ရယ်လိုက် စပ်ဖြဲဖြဲ လုပ်လိုက်နဲ့..ငါ့သားတောင် နင့်လောက်မရူးဘူး.”
“ဟူး..”
ဆန်နီ ဇွန်းနဲ့ အပြည့်ခပ်ပြီး ပါးစပ်ထဲ အကုန် ထိုးသွင်းပြီး မြိုချပစ်ရသည်..။
အမေ ပြောသလို ဖုန်းစွဲနေပါပြီဆိုတာ ကိုယ်တိုင်လည်း သိနေပါလျှက် မရှောင်နိုင်တာ ဘယ်လိုလုပ်ရမလည်း..မြကြာဖြူရယ်..။
.
“ဟင်..”
ရီလေးနဲ့ စီစီ က သူ့တို့ အတွဲတွေနဲ့ ပြန်လို့ တစ်ယောက်တည်း ထွက်လာချိန်  ထမင်းဆိုင်ရှေ့မှာ ထိုင်နေတာသူ...
အစောကတည်းက ကားကိုတွေ့ရင် ရှောင်လို့ရသေးပါသည်...အခုတော့ သူကလည်း လမ်းဘက် ထိုင်ကြည့်နေတာ..။
သွားနှုတ်ဆက်ရင် ကောင်းမလားတွေးမိပေမဲ့ သူရဲ့ ခက်ထန်တဲ့ မျက်၀န်းတွေကို ကြောက်ရသည်..။
နှုတ်ဆက်လိုက်မယ်..လုပ်နိုင်ပါတယ်လို့ ကိုယ့်ကိုယ်ကို အားပေးပြီး ဆက်လျှောက်လာချိန်...
“မို့..မို့..”
“ဟင်..”
“တစ်ပုံလောက်..”
“ကသွားတာ အရမ်းမိုက်တယ်..”
“မို့တို့ ကလပ်ကို ၀င်လို့ရလား..”
“ဟုတ်..”
“စန်းအေးလည်း ဝါသနာပါပေမဲ့ မမလို မကျွမ်းဘူး.”
“ညီမက ဗိကလေ..”
“သြော်...အင်း..”
အနားမှာ ဝိုင်းအုံနေသည့် ကျောင်းသူ ၇ယောက်လောက် ပြန်ထွက်သွားတော့မှ သူ့ဆီ အကြည့်ရောက်တော့ မို့ကို ဆိုက်ကြည့်နေတာ ကြောက်လိုက်တာ...။
နှုတ်ဆက်မယ်လို့ တွေးထားတဲ့ အတွေးတွေက ကြက်ပျောက်ငှက်ပျောက်ဖြစ်ခါ ကားမရောက်ခင် ထွက်လာမိတာ နောင်တရနေရသည်..။
လမ်းကိုဆိုက်ကြည့်ခါ ခပ်သွက်သွက်လျှောက်လာပေမဲ့ သူများ နောက်ကလိုက်လာမလားလို့ စိတ်ကူးယဉ်တွေးမိပြီး မျှော်လင့်မိပါသေး၏..။
.
“ရပြီ..”
“ဟုတ်ကဲ့ ”
ကားပေါ် ပစ္စည်းတင်တာထိုင်စောင့်နေရင်း မြကြာဖြူ ကိုများတွေ့မလားလို့ ကျောင်းသားလို့ ယူဆရတဲ့ သူ မှန်သမျှကို လိုက်ငမ်းနေမိတာ...။
မတွေ့ချင်တဲ့သူ မေ့ထားတဲ့သူကို မှ တိုက်တိုက်ဆိုင်ဆိုင်တွေ့ရသည်..။
အနားမှာ စပ်စလူး နှစ်ကောင်မပါလို့ တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ် ထင်မိရုံ ရှိသေး..သူ့ အနားမှာ ဝိုင်းအုံလာတဲ့ ယောင်္ကျား မိန်းမ အပေါင်းတို့ကြောင့် ဆန်နီ ကိုယ့် အတွေးကို ဒေါသဖြစ်ရတာသာ အဖတ်တင်သည်..။
လူကို တွေ့ရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီး ခလုတ်တိုက်မတက်ပြေးတော့ ကိုယ်က လိုက်နှုတ်ဆက်ရမှာလား...ဝေးသေး...။
ချောင်းသာက ပြန်လာကတည်းက မျက်နှာချင်းဆိုင်စရာ အကြောင်းမရှိတော့တာသိပေမဲ့...
ကိုယ့်ဘက်က လွန်ထားတာ ဘာမှမရှိပဲ လူရမ်းကားတစ်ကောင်ကို တွေ့သလို ဘလိုင်းကြီး ကွေ့ရှောင်ပြေး နေတာ စိတ်ထဲက ခံပြင်းရသည်..။
လမ်းငုံ့လျှောက်နေတာ တွေ့တော့ ကားမပါလို့များလားတွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အရှိန် တင်လိုက်မိတာ ဘာကို ကြောက်လို့ ကြောက်မှန်း ကိုယ်တိုင်တောင် မသိရ..။
“ဟင်..”
ကားကို အရှိန်တင်မောင်းသွားတဲ့ သူ့ကားနောက်ပိုင်းလေးကို ကြည့်ရင်း မို့ မျက်လုံးကိုလက်ခုံဖြင့်သုတ်ပစ်လိုက်ရသည်..။
မချစ်သောသူကို ချစ်မိတဲ့ ဝေဒနာက နာကျင်မှုများသာ ပိုင်ဆိုင်ရပါသည်..။
“ဟယ်..မို့..လာတက်..”
“ကျေးဇူး..”
“စီစီ တို့ရော..”
“ပြေးတယ်..”
“အိုး..”
မို့နေရာမှာ မြတ်သာဆိုရင် သူ ကားရပ်ခေါ်မလား..။
ဘယ်ဟုတ်မလည်း...လမ်းပေါ်မှာတွေ့ကတည်းက ထလာပြီး ပြုံးရယ် နှုတ်ဆက်မှာပါ...မို့ ကို ကျတော့ အမြဲတမ်း မကျေနပ်တဲ့ မျက်လုံးနဲ့သာ ကြည့်နေတာ ဘာ အမှားကြောင့်လည်း သိခွင့်ရရင် မေးချင်မိပါသေးသည်..။
.
“ကို ဒီနေ့ ဖြူတို့ကျောင်းဘက်ရောက်သေးတယ်..”
“အင်း..”
“ဟ..သိနေတာလား..”
“အင်း..”
ဆန်နီ ဖုန်းကိုကြည့်ရင်း အလိုမကျစွာ မျက်မှောင်ကြုတ်မိ၏..။

နန်းထိုက်ပန်းမို့Where stories live. Discover now