နန်းထိုက်ပန်းမို့
အပိုင်း (၂၇)ဇာတ်သိမ်း
#နန်းထိုက်ပန်းမို့“ဟော...လာပါပြီ..”
“ရခဲ့လား နေမျို့း..”
“ဘာတွေ..ပူဆာ ပြန်ပြီလည်း မို့ရဲ့..”
နေမျိုးကို လှမ်းမေးတော့ မာမီက ဖုန်းကြည့်နေရာက လှမ်းကြည့်ပြီးမေးသည်..။
နေမျိုးက မို့ကို တစ်ချက်ကြည့် ပြီး ခုံမှာ သေချာထိုင်ခါ..
“အန်တီ့ ကို သားပြောစရာ ရှိတယ်..”
“အံမယ်...ထူးထူးဆန်းဆန်း..လူကြီးဆန်လို့ ပါလား..”
“သားနဲ့ မို့ မနက်ဖြန် ရုံးတက် လက်မှတ်ထိုး မလို့..”
“ဟင်..နင်တို့ ဘာလို့ ရုံးတက်နေရတာလည်း..”
နေမျိုးရဲ့ မရှင်းလင်းသည့် အပြောကြောင့် မာမီက မျက်လုံးပြူးရင်း ရင်ဘတ်ဖိခါ ပြောနေတော့ မို့ ရယ်လိုက်မိသည်..။
“မာမီရယ်...မို့ နဲ့ နေမျိုးက ရုံးမတက်ရပါဘူး..မနက်ဖြန် သူနဲ့ မို့ လက်ထပ်မလို့..”
“ဘာ...”
မာမီရဲ့ အသံက ဟိန်းထွက်သွားတော့ နေမျိုးက မျက်နှာ ပျက်သွားသည်..။
“ဒါဆို...ဆန်နီ..”
“အိုး..သူ့ကို မို့မေ့သွားပြီ...”
“ဒါပေမဲ့...မာမီကြောင့်...”
“မာမီကြောင့် မဟုတ်ပါဘူး..သူ့မှာ ရွေးချယ်ခွင့် ရှိရဲ့နဲ့ သူ့ အတွက် အပေါဆုံးဖြစ်နေတဲ့ မို့ကို စွန့်ပစ်လိုက်တာ ..”
“ဒါတွေ....”
“မို့ကို မြတ်ပြောတယ်...မို့ ကို သူ စွန့်ပစ်တာ..ပြီးတော့ ဖောက်ပြန်တာ သူ့ကို တစ်သက်လုံး ခွင့်မလွှတ်ဘူး..”
မို့ ဒေါသထွက်လို့ မျက်နှာတင်းတင်းဖြင့် နှုတ်ခမ်းဖိကိုက် မိသည်။
“မို့ ထင်နေတာ...”
“မဟုတ်ဘူး..မျက်လုံးနဲ့ တွေ့တာ...”
“ထင်သလို မဟုတ်ဘူး...မာမီ ပြောတာနားထောင်ပေးအုံးမှာပေါ့..”
“အား..မသိဘူး..မကြားဘူး....”
မို့ မျက်လုံးစုံမှိတ်ပြီး နားကို လက်နဲ့ အုပ်ခါ ခေါင်းကို တွင်တွင်ရမ်းရင်း မျက်ရည်တွေ တာကျိုးကျပြန်သည်..။
“တွေ့လား..ဘယ်သူခံစားနေရလည်း...ကလေးလို လျှောက်လုပ်မနေနဲ့ နားထောင်စမ်းမို့..”
မာမီက မို့ မျက်ရည်တွေကို သုတ်ပေးပြီး ဆိုဖာပေါ် ပခုံးဖိ ချထိုင်ခိုင်းလိုက်သည်..။
“နေမျိုး နဲ့ လက်ထပ်မှာ မာမီ မတားပါဘူး...ဒါပေမဲ့ စဉ်းစားစေချင်တယ်.သမီး က အခု အပျို မဟုတ်တော့ဘူးလေ..တစ်ခုလပ်ကို နေမျိုး မိဘတွေက ကြည်ကြည်ဖြူဖြူ လက်ခံပါ့မလားဟင်...”
မို့ ဆံပင်တွေကို သပ်တင်ပြီး ကြင်နာတဲ့ အကြည့်တွေနဲ့ မေးလာတဲ့ မာမီ့ စကားက အမှန်တရားတွေဆိုတော့ နေမျိုးက ခေါင်းငုံ့နေသည်..။
“ဟင်..နေမျိုး..”
“ဟို..မာမာ တို့က လောလောဆယ်တော့ လက်မခံသေးဘူး..မာမီ ...ဒါပေမဲ့ သား..မို့ ကို တကယ်ချစ်တာပါ...မို့ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ခွင့်လွှတ်ပြီး ချစ်နိုင်ပါတယ်...”
“မာမီ့ သမီး လေးကို အခုလောက် ချစ်တက်သူတွေ ရှိတာ.. ..
မာမီ ဝမ်းသာ ပါတယ် ...ဒါပေမဲ့....”
“ဆန်နီ က သမီးလး ကို အရမ်းချစ်တာ မာမီ နောက်မှ သိခဲ့ရတာ...လူကြီး တစ်ယောက်ရဲ့ အတ္တကြောင့် မို့ တို့ အခုလို ဖြစ်ရတာ..အဓိက တရားခံ က မာမီပါပဲ..”
“မဟုတ်ပါဘူး...သူ့အတွက် မို့ က ဘာမှ မဟုတ်လို့ အိမ်ပြန်ပို့ပြီး ကွာရှင်း စာချူပ် လွယ်လွယ်ပေးသွားတာ...ဟွင်း...မို့ကို တစ်ခုလပ် မဖြစ်စေချင်လို့ မာမီ..ကာကွယ်မပြောပါနဲ့တော့..မို့ ကိုယ်တိုင် မျက်လုံးနဲ့ မြင်ခဲ့တာ သူ မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာ...”
“ဟင်..မို့ အမြင်မှားတာ...”
“ဘာမှ အမြင်မမှားဘူး..သူ ကိုယ်တိုင်လည်း ၀န်ခံထားတယ်...”
“ဟုတ်နေပါပြီ..”
မို့ ဒေါသနဲ့ အံလေးကြိတ်ပြီး မျက်မှောင်ကြုတ်ထားပေမဲ့ မာမီက ခပ်ညီးညီးပြောရင်း ခေါင်းညိတ်နေတာ ဒေါသထွက်ပုံမရ...။
“ဒီစကားတွေကို နေမျိုးရှေ့မှာ ပဲ မာမီ ပြောမယ်...ဒါ မှ မာမီ လူကြီးတစ်ယောက်ပီသမှာလေ...မာမီ ဆီက တီနာ ပိုက်ဆံတောင်းတော့ ဆန်နီ ကို ဖုန်းဆက်ပြီး ချိန်းလိုက်တယ်...ပြီးတော့ အကြပ်ကိုင်တောင်းဆိုလိုက်တော့ နောက်နေ့ မနက် မို့က အိမ်ပြန်ရောက်လာတယ်...မာမီ မယုံနိုင်လို့ သူ့ဆီ ဖုန်းဆက်မေးတော့ မို့ က ဒီ အိမ်မှာဆို စိတ်ချမ်းသာမှာပဲဆိုတဲ့ အဖြေ တစ်ခုပဲ ပြန်ရတယ်...မို့ ဖျားတဲ့ ညက သူ ကိုယ်တိုင် အိမ်ကို လာပို့တယ်...မာမီ မရှိလို့ သားငယ်နဲ့ သူပဲ မို့ အနားမှာ နေခဲ့တာ..ညနက်မှ ပြန်သွားတယ်...”
“ဒါတွေ မို့ သိပြီးသား..”
‘စကားကို ဖြတ်မပြောစမ်းနဲ့ မို့ ..မာမီ မကြိုက်ဘူး..”
မာမီရဲ့ ဒေါသသံကြောင့် မို့ နှုတ်ခမ်းစူပြီး ခေါင်းငုံထားလိုက်ရသည်..။
“မို့ ဖျားနေတဲ့ တစ်လျှောက်လုံး ကိုကို ဆိုတာ ပါးစပ်က မချဘူး..”
မာမီ့ စကားကြောင့် မလုံမလဲ ဖြစ်ပြီး ပါးတွေတောင် နွေးလာသည်..။
ဖျားလို့ ယောင်နေတာပါ လို့ ပြန်ပြောချင်ပေမဲ့ မာမီ စိတ်ဆိုးမှာ စိုးလို့ တိတ်နေရသည်..။
“သားငယ် က မာမီ့ကြောင့် မို့ နဲ့ ဆန်နီ ဝေးနေရတာ...ဆန်နီကို တောင်းပန်ဖို့ ပြောတယ်...ကိုယ့်သမီးကလည်း လင်တရူးလေး တစ်ပိုင်း ဖြစ်နေတော့ မာမီ ချိန်းလိုက်ရတာပေါ့..”
“အိုး..မာမီကလည်း..မို့ လင်တရူး ဟုတ်ပါဘူး..”
“မဟုတ်လို့ပါပဲ..”
မာမီက မျက်စောင်းထိုးပြီး မို့ လက်ကလေးကို ဖွဖွ ဆုပ်ကိုင်ပြီး သေချာ ကြည့်သည်..။
“မာမီ့ကြောင့် အခုလို ဖြစ်ရတာပါလို့ ပြောတော့ သူက ငြင်းတယ်...သူ့ဆီမှာ သမီးအရမ်းပင်ပန်းရတယ် သူ စိတ်မကောင်းဘူးတဲ့လေ...မို့ သူကြောင့် ခဏခဏ ငိုရတယ်..မို့ကို အ၀တ်အစားကောင်းကောင်းလည်း ၀ယ်မပေးနိုင်ဘူး..အနေအစားလည်း ကောင်းကောင်းမပေးနိုင်ဘူး..ဒါကို သူ သိလို့ မာမီ့ ဆီကို ပြန်လွှတ်ရတာပါတဲ့...”
“အလကား အပိုတွေ...ငိုပြပြီး နောက်ကွယ်မှာ ခွေးဖြစ်နေတာ..”
“မို့း..”
မာမီ အော်လိုက်လို့ မို့ မျက်ရည်တွေ ချက်ချင်း ပြည့်အိုင်ပြီး အိကနဲ့ လှိမ့်ဆင်းသွားရသည်..။
“ဟီး....အဟင့်....မာမီ့ ....ကို ဒက်ဒီ နဲ့..... တိုင်ပြောမယ်..”
“တိုင်ပြော..မာမီ မမှားဘူး....ဒက်ဒီကလည်း ၃လတောင်ကြာအုံးမှာ...ဒီတော့ မာမီက အိမ်ထောင်ဦးစီးပဲ..မာမီ ပြောတာကို နားထောင်ရမယ်..”
“အဲနေ့ က မို့ က သူ့ကို မပြတ်နိုင်ဘူးဖြစ်နေတယ်လို့ ပြောလိုက်တော့ သူ မပြတ်သားလို့ မို့ ခံစားနေရတာပါ သူ ပြတ်သားပါမယ်တဲ့..မို့ က အစွဲအလမ်းကြီးသလို အငြိုးအတေး ကြီးတာလည်း သူသိပါတယ်တဲ့လေ...မာမီ့ အထင်တော့ မို့ စိတ်နာသွားအောင် တမင် ဇာတ်တစ်ခု ဖန်တီးပြီး မို့ သူ့ကို မုန်းသွားအောင် လုပ်လိုက်တာပဲ...”
“မဟုတ်ဘူး...တကယ်......”
မို့ ထိုနေ့ က အဖြစ်အပျက်တွေ မျက်လုံးထဲ ပေါ်လာတော့ မို့ ခြံတံခါးဖွင့်ချိန် နင့် မိန်းမ ပြန်လာပြီ ဆိုတဲ့ အသံ..ခုံပေါ်က တစ်ယောက်ကို လက်ဆွဲခေါ်သွားတဲ့ ပုံရိပ် ....ခဏပါဆိုတဲ့ တောင်းဆိုသံ...အိုး...ဒါလည်း....အိုး မုန်းတယ်....မသိဘူး...။
“မို့ ...သမီး...စိတ်ထဲမှာ ဆန်နီ ပဲ ရှိတာမလား...တစ်ခဏ ဒေါသတွေနဲ့ ဘာကိုမှ မဆုံးဖြတ်ပါနဲ့...ဒါက အိမ်ထောင်ရေးလေ...နေမျိုးကိုလည်း အန်တီ တောင်းပန်ပါတယ်...သမီးလေးကို ချစ်ပေးတာလည်း ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ မို့ စိတ်တွေ ဘယ်မှာလည်းဆိုတာ..သားလည်း သိမှာပါ...”
“မာမီး..မရဘူး..မတားပါနဲ့ မို့ သေချာ ဆုံးဖြတ်ပြီးသွားပြီ...သူ့ကိုလည်း သွားဖိတ်ထားတယ်...အသိသက်သေ နေရာမှာ သူ လက်မှတ်ထိုးရမှာ သိရဲ့လား...”
မာမီက မို့ခံစားနေရတာ နားမလည်ပဲ တားနေတာ မာမီကိုလည်း စိတ်ဆိုးလို့ ပြန်အော်မိတော့
မာမီက စိတ်မဆိုးပဲ မျက်လုံးပြူးဖြင့် အံသြနေသည်။
“ဟင်..ဘယ်တုန်းကသွားလိုက်တာလည်း..”
“နှစ်ရက်ရှိပြီ...”
“အိုး...ဆန်နီနေမကောင်းဘူးလေ... မတွေ့ခဲ့ဘူးလား..”
“...မာမီက ဘယ်လိုသိလည်း..”
မို့ စူပုတ်ပုတ် မျက်နှာထားဖြင့် ပြန်မေးလိုက်တော့ မာမီ က သက်ပြင်းချပြီး..
“မို့ တီတီနု အိမ်ပြန်ဖို့ ကားငှားတော့ သူနေမကောင်းလို့ လိုက်မပို့ပေးနိုင်ဘူ့း...
သူ့ သူငယ်ချင်းကိုပဲ လွတ်လိုက်တယ်..”
မနက် ၁၀နာရီကို အိပ်ယာထဲမှာ ရှိသေးပြီး မန်နီလည်း ကျောင်းမသွားဘူး ဆန်ပြုတ် ပန်းကန်က အခန်းထဲ ရောက်နေတာ နေပူတဲ့ အချိန်ကြီးမှာ အနွေးထည်ကြီး ၀တ်ထားပြီး..အိုး....သူ နေမကောင်းဘူးလား...။
မို့ ရင်ထဲ လှိုက်ခုန်လာခါ ခြောက်သွေ့ နီမြန်းနေတဲ့ နှုတ်ခမ်း.... ရီဝေ၀ ဖြစ်နေတဲ့ အကြည့်တွေကို....မို့ကို လှောင်နေတာလို့ ထင်ခဲ့မိတာ...။
ကိုကို နေမကောင်းဘူးတဲ့လေ....အိုး...မို့ ရက်စက်လိုက်တာ....မို့ မသိလို့ပါ ကိုကိုရယ်...။
မို့ အတွေးတွေနဲ့ အာရုံတွေ ထိုနေ့ဆီပြန်ရောက်သွားရင်း မျက်ရည်တွေ ပြည့်အိုင်လာရသည်..။
“မို့...မို့....မသိလို့ပါ....”
“တွေ့လား..ဟိုက နေမကောင်းရုံလေးကို ငိုပြီလေ...ဒါနဲ့ တစ်သက်လုံး ဘယ်လို ခွဲနေမလည်း...ဒါကြောင့် လူကြီးတွေက ကြားသုံးကြား မ၀င်ကောင်းဘူးလို့ ပြောတာနေမျိုးရဲ့...”
မို့ နေမျိုးကို သတိရတော့ လှမ်းကြည့်လိုက်တော့ မို့ ကို ပြုံးပြသည်..။
“မို့...မို့...တောင်းပန်ပါတယ်...နေမျိုးရယ်...”
“..မို့ မစဉ်းစားပဲ ရွဲ့နေတာသိပါတယ်...မို့ က ကိုဆန်နီ ကိုပဲ ချစ်တာ လက်မှတ်ထိုးတဲ့နေ့ကျရင် ကိုဆန်နီ နဲ့ ထည့်ပေးလိုက်ဖို့ ကိုယ် စဉ်းစားထားတာ..အခုလိုစောစော အဆင်ပြေသွားတော့လည်း ကောင်းပါတယ်....”
“အိုး..အဲတုန်းက တကယ်မုန်းတာ”
“ဟား..ဟား...ခု မမုန်းတော့ဘူးမလား မြန်မြန်သွားလိုက်ပါ.. ”
“မာမီ..မို့...ကိုကို ဆီ သွားကြည့်ချင်တယ်..”
“သွားရမှာပေါ့...နေအုံး...ဒါလေးပါ ယူသွား..”
မာမီက ဘေးခုံမှာ တင်ထားတဲ့ စာချူပ်နှစ်ခုကို လှမ်းပေးတော့ မို့ ဖြန့်ကြည့်မိတာ...မို့ လက်မှတ်လေး နေရာလပ်နေသည့် ကွာရှင်း စာချူပ်နှစ်စောင်...။
“တို့ သမီးက အလှ ဧကရီပဲဟာ...ဘယ်သူ လွယ်လွယ် လက်လွှတ်နိုင်မှာလည်း....တစ်ခုတော့ ရှိတယ်...မာမီ ကို အဆက်မဖြတ်ရဘူးနော်...ဒါဆို မာမီ ရင်ကွဲမှာသိရဲ့လား...”
“မာမီရယ်...”
မို့ မာမီ လည်းပင်းကို သိုင်းဖက်လိုက်ပြီး ပျော်လွန်းလို့ ငိုရပြန်၏..။
ကားကို အရှိန်တင်ပြီး မောင်းနေရင်းကို မို့ စိတ်တွေ လောပြီး ရင်တွေ တလှပ်လှပ်ဖြစ်နေရသည်..။
ကိုကို့ ကို တွေ့ရင် နေမကောင်းလည်း သေအောင်ထုရိုက်ပစ်လိုက်မယ်တွေးရင်း မို့ လှစ်ခနဲ့ ပြုံးလိုက်မိသည်..။
ကားကို အိမ်ရှေ့မှာ ရပ်လိုက်တော့ မေမေ က မီိးဖိုအနားမှာ ခွက်တွေ ရေဆေးနေသည်..။
“မေမေ...မေမေ....”
“ဟင်...မို့...”
“မေမေ....ကိုကိုရောဟင်...”
မေမေ က နှုတ်ခမ်းမဲ့ပစ်လိုက်ပြီး ကျောပြန်ခိုင်းနေတော့ မို့ အနားကို တိုးသွားပြီး လက်ကို လှုပ်မိသည်..။
“ငါ့သားကို နင်တို့ လက်ထပ်ပွဲ လာခေါ်တာလား...နင်တို့ တော်တော် ရက်စက်ပါလား မို့မို့ဖြူ..”
“ဟင်..မဟုတ်ပါဘူး..မို့..ကိုကို့ဆီလာတာပါ...”
“နင်တို့ဖိတ်စာကို ကြည့်ပြီး ငါ့သားလေးမှာ နေမကောင်းတဲ့ ကြားတဲ့က ခံစားနေရတာ ...အခုတော့ မို့ ကောင်းစားသွားပြီဆိုပြီး အပြုံး တစ်ခုနဲ့ မျက်ရည်ကျတာ ဟဲ့..ငါ ဘယ်လောက် ခံစားရလည်း သိရဲ့လား..”
မေမေ က အော်ပြောလိုက်တော့ မို့လည်း ရှိုက်ငို မိတော့သည်..။
“ကိုကို လိမ်တာလေ...မို့က စိတ်ဆိုးတာပေါ့လို့..ဟီး...သူ က မိန်းမ တစ်ယောက်ကို နမ်းပြတော့ မို့ ရင်တွေ နာရတာပေါ့...မုန်းမိတာပေါ့လို့....မေမေ့ သား ဆိုးတာပြောပါလား...ဟီး....”
မို့ မျက်ရည်တွေကြားခံနေသည့်ကြားက မကျေမနပ်နဲ့ ငိုပြောလိုက်မိသည်..။
“ဟဲ့...ဒါက နင် သူ့ကို မုန်းသွားအောင် နွေးနွေး နဲ့ ဟန်ဆောင် ပြတာတဲ့...သူ့မှာ ဘယ်မိန်းကလေး ကိုမှ ထိခဲ့တာတောင် မဟုတ်ဘူး..ကိုယ့်ယောင်္ကျား စိတ်ကို ကိုယ်မသိဘူးလား..”
“သူ မုန်းအောင်လုပ်တော့ မုန်းတာပေါ့လို့..မေမေ စဉ်းစားကြည့်ပါအုံးလား..”
ဒေါ်သူသူ မှာ ဘယ်ဘက်လိုက်ရမှန်းမသိအောင် နှစ်ဖက်စလုံးကလည်း အမှန်တရား အကြောင်းပြချက် ကိုယ်စီတွေနဲ့...။
“....ဟာ...ရှုပ်နေတာပဲ.....နင်တို့ က မပြီးနိုင်သေးဘူး..စိတ်ရှုပ်လိုက်တာ...အခု ဘာကိစ္စလာတာလည်း..”
“ကိုကို့ဆီ..”
“မရှိဘူး...နွေးနွေး နဲ့ မင်္ဂလာဆောင်ဖို့ သွားတယ်...”
“ရှင်...”
မေမေ့ ဘေးက ဖိတ်စာ ခရမ်းရောင်လေးကို ကောက်ပြီး ရက်စွဲနဲ့ နေရာကောက်ဖတ်လိုက်သည်..။
“မရဘူး..မရဘူး..ကိုကို မို့ ကိုချစ်ရဲ့နဲ့ ဘာလို့ သူများကို လက်ထပ်မှာလည်း..”
‘ဟေ...ဟဲ့....နေအုံး..ဟဲ့....မို့.”
“ဟင့်အင်း...”
မေမေ ခေါ်တာကို ခေါင်းရမ်း ပြီး ငြင်းရင်း ကားသော့ အမြန်ဖွင့်ခါ အရှိန် နဲ့ မောင်းထွက်လာခဲ့လိုက်သည်..။
အထက်တန်း ကျောင်း၀န်းထဲကို ကားကွေ့၀င်လိုက်ပြီး ကား လေးငါးစီး ရပ်ထားတဲ့ ကျောင်းခန်းမ ကြီးရှေ့ကို ရောက်အောင် အရှိန်တင် မောင်းလိုက်သည်..။
တွေ့ပါပြီ..ကိုကို့ကား...ကိုကို ရက်စက်တော့မှာလား...မို့ကို တကယ် မုန်းသွားပြီလား..။
မို့ ကားတံခါးကို ဆောင့်တွန်း ဖွင့်ပြီး ခန်းမထဲကို ပြေး၀င်သွားမိသည်..။
သိပ်မကျယ်တဲ့ ခန်းမ မှာ ခုံတန်းရှည် လေးခုသာချထားပြီး မျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူတွေက အယောက် နှစ်ဆယ် လောက်သာ ရှိမည်..။
“ကိုကို..”
မို့ အသံ စူးစူးလေးက သီချင်းသံ မတိုးမကျယ်ကို လွှမ်းမိုးသွားတော့ အားလုံး အကြည့်က မို့ ဆီကို ရောက်လာသည်..။
မို့ ခြေလှမ်းတွေ သွက်သွက်လှမ်းပြိး ခန်းမ စတိတ်စင်ပေါ် ပြေးတက်သွားလိုက်သည်..။
“ကိုကို...မို့ ကို မုန်းသွားပြီလား..”
“ခင်ဗျာ..”
“ဟင်..”
ပန်းစည်းလေး ကိုင်ထားတဲ့ မနွေးနွေးက မျက်လုံးပြူးလေးနဲ့ ဂါ၀န်မပြီး ခုံက ထလိုက်တော့ ဘေးက လူက လည်း မျက်မှန်ကြီး နဲ့ ကိုကို မှ မဟုတ်တာပဲ...။
မို့ ကြောင်တောင်တောင် လေး ကြည့်နေချိန် လက်ပေါ် လက်တစ်ခုရောက်လာတော့ မို့ အလန့်တကြားမော့ကြည့်မိသည်..။
“ကိုကို...”
“အရူးမလေး...ဆောရီးပါ နွေးရယ်..”
ကိုကို က မနွေးနွေးကို မျက်နှာ ငယ်နဲ့ တောင်းပန်နေပေမဲ့ မို့ကတော့ ကိုကို့ မျက်နှာကိုသာ စိုးရိမ်တကြီး ကြည့်နေမိသည်..။
“ကိုကို ရယ်..”
“ဟ...”
ကိုကို က မို့ ဖက်လိုက်တာကို ဆွဲခွါနေပေမဲ့ မို့ ပိုပြီး ကျစ်နေအောင် ဖက်ထားမိသည်..။
“ဟေး...”
“ဟား..ဟား....မိုက်တယ်ကွာ...”
အောက်က လူတွေရဲ့ အားပေးအားမြှောက်သံတွေ ဟိန်းထွက်လာမှ မို့ ရှက်ရမှန်း သတိရတော့သည်..။
“မို့...”
“မို့ တောင်းပန်ပါတယ်....မို့ကို ခွင့်လွှတ်ပါ...”
“အင်း..အင်း...ကိုကို့ ကို လွှတ်အုံးလေ...”
“လွှတ်မနေနဲ့...လာ ဒီမှာ ခဏ ထိုင် ဓာတ်ပုံရိုက်ရမယ်...”
“ဟင်..”
မနွေးနွေးက သတိုးသားကို လက်ချိတ်ပြီး ခုံဘက်ကနေ ရွေ့ခါ မို့ ကို ထိုင်ခိုင်းလိုက်သည်..။
“ဟဲ့...နွေးနွေး...”
“ထိုင်စမ်းပါ..ဆန်နီ ရယ်...”
သတိုးသားက ကိုကို့ ပခုံးကို ဖိတွန်းလိုက်တော့ ကိုကို လည်း ထိုင်ကျလာသည်..။
စင်အောက်က တစ်ယောက်က ရေခဲမုန့် ပန်းကန် ကိုင်ပြီး ပြေးတက်လာခါ...ကိုကို လက်ထဲ ထိုးထည့်ပြီး ကိုကို့ ကို မျက်လုံးမှိတ်ပြသွားသည်..။
“ကဲကဲ...ခွံမယ်..”
“ဟာ...”
ကိုကို က ရှက်နေတဲ့ မျက်နှာကြီးနဲ့ ဘေးဘက်ကို လှည့်ပြီး မှုန်တေတေ ဖြင့် ရေခဲမုန့်ကို ခပ်လိုက်သည်...။
“အင့်...ဟ...”
“ဟကောင်ရ....ကြည်ကြည်နူးနူး လုပ်စမ်းပါ ဘာလို့ ရှက်နေတာလည်း...ကောင်မလေးတောင် သူ့လောက်မဟုတ်ဘူး.”
ကိုကို က ကင်မရာကိုင်ထားတဲ့ လူကို ဆောင်ပေပေ ကြည့် ပြီး ပြန်ပြင်ထိုင်သည်...။
“ဟ...”
ကိုကို့ ရဲ့ စိတ်ဆိုးနေတဲ့ မျက်လုံးတွေကို ကြောက်လို့ မျက်လွှာချပြီး ပါးစပ်လေး မပွင့်တပွင့် ဟပေးလိုက်သည်..။
ဇွန်းက အပေါ်နည်းနည်း ရောက်နေတော့ မော့နေရသလိုလို...ဇွန်းက လှုပ်ပြီး ထပ်ရွေ့သွားတော့ ထပ်မော့ရပြန်ပြီ...ဇွန်းက ထပ်မြင့်တော့ မို့ ကြည့်လိုက်တာ ကိုကို က အပြုံးတစ်ခု နဲ့ မို့ကို ဆိုက်ကြည့်နေသည်..။
ကြင်နာစိတ် အပြည့်နဲ့ မျက်၀န်းကို ပြန်တွေ့လိုက်ရချိန် မို့ ရင်ထဲ ကြည်နူးမှုလှိုင်းလေးတွေ ဖြစ်တည်လာရင်း..
“အ...”
“ဟား..ဟား..”
ကိုကိုရဲ့ မြှောက်ထားတဲ့ ဇွန်းက ရေခဲမုန့် တွေ အရည်ပျော်ပြီး မို့ နှာခေါင်းပေါ် ပြုတ်ကျကုန်သည်..။
ကိုကိုက ပျာပျာသလဲ ရှေ့က တစ်ရှုးထုတ်ယူပြီး မို့ နှာခေါင်း ကို တယုတယ သုတ်ပေးရင်း ရယ်နေတော့ မို့လည်း ရယ်ချင်လာလို့ လိုက်ရယ်မိသည်..။
“ဟား..ဟား..ဆန်နီ ရယ် မင်းကျမှ စက္ကူ ခွံတဲ့ပုံ ဖြစ်ရတယ်လို့ ဟား..ဟား..”
“ဟား..ဟား..အဲလို ဖြစ်သွားတယ်ကွာ...ကဲ လာ နွေးနွေး..ရပြီ...ကျေးဇူးတင်ပါတယ်...”
ကိုကို က မို့ လက်ကို ဆွဲထူခါ မနွေးနွေးတို့ကို ပြန်ထိုင်ခိုင်းပြိး စင်ပေါ်က ဆင်းလာခဲ့သည်..။
စားပွဲ ရှည်ကြီး ထိပ်ဘက်မှာ နှစ်ခုံလွှတ်နေတော့ ၀င်ထိုင်ပြီး မို့ကို ပါ ထိုင်ခိုင်းသည်..။
“ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းနိုင်ပါစေ...”
“နှစ်တွဲ စလုံးနော်..”
“ဟား..ဟား...”
“ငါတော့ ဆန်နီ့ ကို အားကျတယ်ကွာ...”
“အားကျရင် စိတ်ကောက်ပစ်လိုက်...လိုက်ချော့လိမ့်မယ်...”
“ဟား..ဟား...”
“ဒီကောင်က မိန်းမမရသေးတဲ့ ကောင်တွေကို ကြေကွဲအောင်လုပ်လိုက်တာပဲ...”
“ဟား.ဟား..ဟုတ်တယ်....ကြွားတာပါ...”
တစ်ယောက် တစ်ပေါက် ဝိုင်းပြောနေတော့ မို့ ရှက်လွန်းလို့ ခေါင်းကိုသာ ငုံထားမိသည်..။
“စားလေ..မို့...”
“ဟင့်အင်း...”
ကိုကိုရဲ့ လက်တစ်စုံက မို့ ရှေ့ကို ပန်းကန် ထိုးပေးနေပေမဲ့ မို့ ခေါင်းရမ်းပြလိုက်သည်..။
ဘေးမှာ ခေါင်းငုံ့နေသည့် မို့ ကိုကြည့်ရင်း ဆန်နီ သနားလာသည်။
နွေးနွေးက အထူးအဆန်း ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်းတွေချည်း သီးသန့် ဖိတ်ထားတာ ဆိုတော့ အကုန်လုံး က ပြောမနာ ဆိုမနာ စတော့မှာ သိနေသည်။..
“ဟေ့ကောင်တွေ...မကြည့်နဲ့...ငါ့ မိန်းမ ရှက်နေပြီကွ...”
“ဟာ..ကိုကို ကလည်း..”
“မကြည့်ပါဘူး..ညီမရယ်...အားကျရုံပါပဲ.... ....စား..စား...”
“ဟား..ဟား...”
“တိုတိုနော်...”
“ဆန်နီ တိုကို...”
ဘေး က နှစ်ကောင် က ဝိုင်းစနေတော့ မို့ က ခေါင်းပိုငုံလာပြီ ....
ငိုတော့မှာ သိလို့ ဆန်နီ လက်ကို ဆုပ်ကိုင်လိုက်ပြီး...။
“ဟေ့ကောင်တွေ ငိုတော့မယ်...”
“နွေးရေ..ငါတို့ ပြန်တော့မယ်..”
“ဟား..ဟား..ပြေးပြီ..နောက်နေ့ သင်တန်းလာတက်မယ်သလား ဆန်နီ ...”
“ဆန်နီ ...မနက်ဖြန် ဧည့်ခံပွဲ လာကြအုံးနော်...”
ဆန်နီ ခေါင်းညိတ် ပြီး မို့လက်ကလေးကို ဆုပ်ကိုင်ခါ အကုန်လုံးကို ကျောခိုင်း ထွက်လာပေမဲ့ နောက်မှာ လက်ခေါက်မှုတ်သံတွေ စီကနဲ့ ထွက်လာတော့ ရယ်မိသည်..။
“ပြန်တော့နော်...”
ကိုကို က မို့ ကားအနားအထိ ပို့ပေးပြီး လက်ကို လွှတ်လိုက်တော့ မို့ ရင်ထဲမောသွားရသည်..။
“မို့ ကို လိုက်ပို့ပါလား..”
“ဟင်..”
“မဟုတ်ပါဘူး...ရတယ်...”
မို့ မျက်နှာငယ်လေး လုပ်ပြိး ကားထဲ ၀င်ခါ စက်နှိုးလိုက်ပြီး အရှိန်နဲ့ပဲ ကွေ့လာခဲ့လိုက်သည်..။
နောက်မှာ ကိုကို့ ကားပါလာတာ သိသားပဲ...။
ကိုကို မနေနိုင်ပါဘူး...မို့ သိတာပေါ့...။
ခြံရှေ့ ရောက်တာနဲ့ ကားကို ထိုးရပ်ပစ်ခါ ပြေးဆင်းခဲ့လိုက်သည်..။
“ဒေါက်..ဒေါက်...”
ဆန်နီ ပြုံးရင်း တံခါးလော့ခ် ဖွင့်ပေးလိုက်တော့ တံခါးကို ဆွဲဖွင့်ပြီး ဘေးခုံကို ရောက်လာသည်..။
“အ.”
လည်ဂုတ် ကို ဆွဲချလိုက်တာ လက်သွယ်သွယ်လေး နှစ်ဖက်ဆိုပေမဲ့ အားပါတော့ ဆန်နီ ငိုက်ကျသွားရသည်..။
ရင်ထဲက တလှပ်လှပ်ဖြစ်သွားသည့် အခြေအနေကို ပြန်ထိန်းဖို့ထက် နူးညံ့တဲ့ အတွေ့ကို ရင်မဆိုင်နိုင်သော လူထဲက လူမို့ နူးညံ့စွာ တုန့်ပြန်မိသည်..။
“ဘုတ်...”
ချိုမြိန်တဲ့ အခိုက်အတန်လေးမှာ ထွက်လာတဲ့ အသံဆိုးကြီးကြောင့် ကိုကို က နောက်တွန့်သွားပြီး ရေဘူးကို ပြန်ကောက်ခါ မျက်နှာ လွဲသွားသည်..။
မို့လက်တွေကို လည်ပင်းက ဆွဲဖြုတ်ပြီး ဆုပ်ကိုင်ထားခါ အပြင်ဘက်ကိုပဲ ငေးကြည့်နေသည်...။
“မို့ ကို စိတ်ဆိုးတုန်းလား ကိုကို....”
မို့ အမှားတွေ များထားလို့ ကိုကို စိတ်ဆိုးသွားပြီလား တွေးရင်း မို့ မျက်ရည် စို့လာသည်..။
“ကိုကို စိတ်မဆိုးခဲ့ပါဘူး...”
“တကယ်လားဟင်...”
“အင်း...”
မို့ ကိုကို့ လက်ကို ဆွဲပြီး လက်မောင်းမှာ မှီလိုက်သည်..။
ကိုကို့ လက်မောင်းကို လွမ်းခဲ့ရတာ ကြာလှပြီ...။
“မို့ ..နေမျိုးနဲ့...”
“ဟင့်အင်း....မဟုတ်တော့ဘူး...”
“ဘာလည်း...”
“မို့ ကိုကို နဲ့ပဲနေတော့မယ်..”
“ဘယ်လို...”
“ဟုတ်တယ်...ကိုကို ရဲ့....မို့ ကိုကို့ ကို မခွဲနိုင်ဘူး..ကိုကို လည်း မို့ နဲ့ မခွဲနိုင်ဘူးမလား..”
ကိုကို့ မေးစေ့လေးကို လက်ညိုးနဲ့ ထိုးပြီး ပြောလိုက်တော့ ကိုကို က မို့ ကို ငုံ့ ကြည့်ပြီး အကြည့်ချင်းဆုံသွားရသည်..။
“မို့ ...ကိုကိုနဲ့ နေရင်လေ..မပြည့်မစုံနေရမှာ အရာရာတိုင်း လိုအပ်နေမှာ....ဒုက္ခရောက်လိမ့်မယ်မို့ရဲ့.”
“ရောက်ပါစေ...ကိုကိုနဲ့သာဆို အားလုံး ရင်ဆိုင်ရဲတယ်....”
“ပြောပြန်ပြီ...”
ကိုကို က မို့ နဖူးလေးကို လက်ညိုးနဲ့ ဖိထိုးရင်း ပြောတော့ ကိုကို့ ကို မျက်စောင်းထိုးလိုက်သည်..။
ကျောပိုးအိတ်လေးထဲက စာချူပ်ကို ထုတ်ပြီး ဖြန့်ပြလိုက်တော့ ကိုကို က မျက်မှောင်ကြုတ်ကြည့်နေသည်..။
“ဘာလည်းမို့ရဲ့...”
“ကိုကို ရက်စက်တာလေ...မို့ မှာတော့ ခုချိန်ထိ လက်မှတ်ထိုးရဲဘူး..”
“လိမ်မာလိုက်တာကွာ...”
ကိုကိုက မို့ကို ပခုံး ကို ပြန်ဖက်လိုက်ချိန်
“အမဲလိုက်အက...ခွန်အား ရှိမှ..🎼.”
“ဟလို....ဟာ...မမစု...အဲ..လာနေပြီ...လာနေပြီ ...ဟုတ်ကဲ့...ရောက်မှာပါ...”
ကိုကို က ပျာပျာသလဲဖုန်းဖြေရင်း ကားကို ပါ တစ်ခါတည်း စက်နှိုးလိုက်ပြီး ဖုန်းချလိုက်သည်..။
“နောက်ကျနေပြီ...”
“တွေ့လား..စလာပြီ..”
မို့ နှုတ်ခမ်းစူလိုက်တော့ ကိုကို က ပြုံးရင်း ဆံပင်တွေကို ထိုးဖွခါ..
“မိန်းမ အတွက် ငွေရှာတာလေဗျာ...”
“ဒါပဲ...”
အိမ်ရှေ့မှာ ကားထိုးရပ်တော့ မေမေ က လှမ်းကြည့်နေတာကို ကိုကို က ကားလှည့်ရင်း
“အမေ့ ချွေးမ ကို ထားခဲ့ပြီနော်...”
မေမေက ခြံဝ ထွက်လာပြီး နှစ်ယောက်စလုံးကို မျက်မှောင်ကြုတ်ကြည့်တော့ မို့ ခေါင်းငုံရင်း ခပ်သွက်သွက် အိမ်ဘက်ကို လျှောက်လာခဲ့ရသည်..။
“မေမေ ကလည်း..”
“ဘာလည်း..”
“အဟင့်...ငိုလိုက်မှာနော်...”
“ငိုရင် မလှဘူး..အိမ်ထဲ၀င်...မနက်က ၀ယ်လာတဲ့ ကန်စွန်းဥ ကျန်သေးတယ်..”
“အို..အာ့ကြောင့် မေမေ့ ကိုချစ်နေတာ...”
မို့ မေမေ့ ပါးကို ဖက်နမ်းပြီး အိမ်ထဲကို ၀င်လာခဲ့လိုက်သည်..။
“အိုး...ဒီအိမ်လေးကို လွမ်းနေတာ....အိုး..တီဗွီလေး..”
မို့ တီဗွီကြီးကို ဖက်ပြီး ပြောလိုက်တော့ မေမေ က နောက်က အော်လိုက်တာ အရူးမလေးတဲ့လေ...။
ဟုတ်ပါတယ်...အချစ်ရူးမလေး တစ်ယောက်ပါ...။
“ဟော..ကိုကို ပြန်လာပြီ...”
အိမ်ထဲက အသံသာသာယာယာ လေး ကြားလိုက်တော့ ဆန်နီ တစ်ကိုယ်လုံး အပျော်တွေ ဖြတ်သန်းစီး၀င်သွားရသည်...။
ဒီ အသံလေးကို မကြားရတဲ့ နေ့ရက်တွေ့မှာ နွေခေါင်ခေါင်မှာ လွင့်ပါးနေရတဲ့ သစ်ရွက်ခြောက်တစ်ခုလို့ စိတ်တွေလည်း ထွေပါးနေရသည်..။
“ဟင်...အမေတို့ကော...”
“ဒီည....အန်ကယ်လေးဖေ တို့ အိမ်မှာ အိပ်ရမယ်တဲ့...”
“အိုး..အားနာစရာကြီးကွာ...”
“အန်ကယ်လေးဖေ က ဖေဖေ အနားမှာ ရှိရင် စိတ်ချမ်းသာနေတာ ကိုကိုရဲ့..”
“မန်နီကော...ခေါ်လိုက်...အင့်..ခေါက်ဆွဲကြော်..”
မို့ လက်ထဲ ခေါက်ဆွဲကြော် ထုတ် ထည့်ပေးတော့ ဇက်ပုပြီး လက်ထောင်ပြသည်..။
ပန်းကန် တစ်ခု ထဲ နည်းနည်းလေး ထည့်ပြီး ခေါက်ဆွဲကြော် အိတ်ကို တီဗွီ ခုံအောက်ဖွက်ရင်း အလုပ်များနေတော့ ဆန်နီလည်း ကြည့်နေလိုက်သည်..။
“မန်နီရေ...မောင်လေး...ခေါက်ဆွဲကြော်..
လာစား...”
“ဗျာ..ခေါက်ဆွဲကြော်...လာပြီ...”
မန်နီက ပြေးထွက်လာတော့ မို့က ပန်းကန်လေး လှမ်း ပေးလိုက်တာ မျက်နှာပျက်သွားသည်..။
ဂေါ်ဖီဖက် နဲ့ ခေါက်ဆွဲလေး သုံးလေး ချောင်း ရယ်ကိုး..။
“ကုန်ပြီလား..မမ...”
“အေး...”
မန်နီ က ပန်းကန်ကိုင်ပြီး နှုတ်ခမ်းစူစားနေတော့မှ မို့က ခုံအောက်က အိတ်ကိုပြေးထုတ်သည်..။
“ဒီမှာ...”
“ဟာ..မမ ကလည်း..”
“ရုပ်ကြီးက ဖြစ်သွားတာ..ဟိ.ဟိ..”
ကလေးတစ်ယောက်လို ခေါက်ဆွဲကြော်တွေ ပန်းကန်ထဲထည့်ရင်း မန်နီကို စနေတာ ဆန်နီက ကြားထဲက အသည်းယားလာရသည်..။
“စားမယ်...”
“ဟင်.ကိုကိုရောလား..”
“အင်းလေ...အမေတို့ မရှိတော့ ဘယ်ကုန်မလည်း..ကိုကို ထမင်းမစားတော့ဘူး..”
“အိုး..မို့တို့ ကုန်ပါတယ်...”
“ကုန်လည်း အများကြီးမစားရဘူး...ချောင်းဆိုးမယ်...”
“ဘာမှလည်း ဆိုင်ဘူး..”
“အင်းလေ...”
အတိုင်အဖောက်ညီနေတဲ့ နှစ်ကောင်ကို ကြည့်ပြီး ဆန်နီ အသားတွေချည်း ရွေးခပ်စားပစ်လိုက်သည်..။
“ကိုကိုး..”
“အကို..”
“ဘာတုန်း...”
ခပ်မာမာ အော်လိုက်တော့မှ နှစ်ကောင်စလုံး ခေါင်းငုံ့ပြီး ခေါင်းရမ်းပြရင်း ဇွန်းချင်း ရန်ဖြစ်ကြပြန်ပြီ..။
![](https://img.wattpad.com/cover/208471765-288-k179550.jpg)
ESTÁS LEYENDO
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...