Part 16

3.3K 150 1
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၁၆)
#နန်းထိုက်ပန်းမို့

“ဘာ...ဘယ်လို...”
“ကိုကို က နားကောင်းရဲ့သားနဲ့ ဘာလို့ ထပ်ခါထပ်ခါ ပြန်မေးတာလည်း..”
“မယုံနိုင်လို့ပေါ့ မို့ရယ်..ကိုကို မယုံနိုင်ဘူး...မို့ကို ပေးတဲ့ ငွေ သုံးသိန်းကို ဘာတွေသုံးလိုက်လို့ နှစ်နာရီ အတွင်း ကုန်သွားရတာလည်း..”
ဆန်နီ ခေါင်းကိုသာ တွင်တွင် ရမ်းရင်း ဘယ်လိုဖြစ်နေတာလည်း မယုံနိုင်သေး...
မို့ကို အိမ်ရဲ့ အခြေအနေ ငွေရှာရတာ ခက်တဲ့ အကြောင်း ပိုက်ဆံတွေ ဘယ်လို လှည့်ပတ်နေရတဲ့ အကြောင်းတွေ  ပြောပြရလွန်းလို့ ပါးစပ်ညောင်းပြီး သူကလည်း ခေါင်းတညိတ်ညိတ် နားထောင်ခဲ့သည်..။
လကုန်ခါနီး လိုတာ ၀ယ်ပါမယ်ဆိုလို့ စျေးလိုက်ပို့ပေးမိသည်..။
အိမ်ပေါ်ရောက်တော့ ထုတ်ချတာ မိတ်ကပ်ဘူး လေးငါးဘူးတည်း... ငွေ ဘယ်လောက် ကုန်သွားလည်း မေးမိတာ သုံးသိန်းတည်းပါတဲ့...။
“နေစမ်းပါအုံး..ဘာတွေ ၀ယ်သေးလို့လည်း..”
“ဒါတွေပါဆို..”
“ဒါတွေ..”
အခန်းထဲက မှန်ထောင်ထားတဲ့ ခုံလေးပေါ်မှ အထုတ်ကို ဆွဲယူပြီး ဒူးထောက်ခါ တစ်ခုချင်း ချကြည့်မိသည်..။
“မိတ်ကပ်မလား...အလှပြင်ပစ္စည်းတွေ..သုံးလေးမျိုးတည်းလေ...နှုတ်ခမ်းနီက နှစ်ဘူးတည်း..”
“ဟုတ်တယ်...အရောင်ကြိုက်တာလေးတွေ ငွေမလောက်လို့ ထားခဲ့ရတယ် ကိုကိုရဲ့...”
“ဒါဆို ဒါအားလုံး သုံးသိန်းပေါ့ ဟလား..”
“အိုး..ကိုကို ကလည်း မအော်ပါနဲ့...ဘာဖြစ်နေတာလည်း..”
“မို့ကွာ...”
“ဘာလည်း စျေးကြီးတယ် ထင်လို့လား...မို့ အိမ်မှာဆို သူ့ထက်စျေးမြင့်တဲ့ ဘရန်းတွေ သုံးတာ..”
“မတူဘူးလေ..မတူဘူးကွ...”
ဆန်နီ ဒေါသနဲ့ နှမျောစိတ်ပေါင်းခါ အသံက တုန်ယင် အဖျားခတ် ၍
မြှင့်တက်သွားရသည်..။
“ကိုကိုနော်..မအော်ပါနဲ့ဆို...”
“ငွေချင်းတူရင်တောင် ရှာရတဲ့ လူချင်းကွာတယ်...မို့ ကွာ..တကယ်...တောက်...”
ဆန်နီ ဒေါသနဲ့ အတူ တောက်ခတ်လိုက်တော့ .မို့က ထိုင်နေရာက ဆတ်ကနဲ့ ထလိုက်သည်..။
“ငွေသုံးသိန်းသုံးမိလို့ မသဒ္ဓါ မကြည်ဖြူတော့တာလား ကိုကို...”
“မဟုတ်ဘူး..မို့ ..သုံးလိုက်တာ ဘာမဟုတ်တဲ့ အရာတွေ အတွက်သုံးလိုက်တာလေ...ဒါတွေကို ကိုကို အသက်နဲ့ရင်းပြီး ရှာထားရတာ..မို့ရဲ့..သုံးသိန်းဆိုတာ ကိုကို တို့ အိမ်အတွက် ၂လစာလောက် အသုံးစရိတ်ရတယ်...မို့ ၀ယ်လာတဲ့ မိတ်ကပ်ဘူးလေးငါးဘူးကို ဘာသွားသုံးစားမလည်း..”
“မို့ ဖန်တွေက မိတ်ကပ်နဲ့ မို့ ကို မတွေ့ရတာကြာပြီတဲ့လေ...အာကြောင့်ပါ ကိုကိုကလည်း..အရင်က မို့ မျက်နှာ ဘယ်လို ပုံစံလည်း ကိုကို သိပြီးသားပါနော်...” ဆန်နီ လက်မောင်းကို ကိုင်ပြီး ညူတူတူ အသံလေးကဲခါ ပြောနေပေမဲ့ လက်မောင်းပေါ်က လက်ကို ဆွဲချလိုက်ရပြီး..
“နေပါအုံး...နေပါအုံး...ဒါတွေကို မင်းဖန်တွေ ဆီက လိုက်ခ်ရဖို့ အတွက် သွား၀ယ်လာတာလား..”
“အွင်း..”
“မင်းကို ပိုက်ဆံ အပ်လို့ မရတော့ဘူး..တောက်...တော်တော်...ဦးနှောက် မရှိတဲ့ မိန်းမ..”
“ဟင်....မို.....မို့....က ဘာဖြစ်တယ်...ကိုကို...”
မျက်လုံးဝိုင်းဝိုင်းလေးက တအံတသြဖြစ်ပြီး ပြူးကျယ်နေသလို အရည်တွေပြည့်အိုင်လာတာ တွေ့လိုက်ချိန် ဆန်နီ မှားသွားပြီဆိုတဲ့ အသိနဲ့ နောင်တရသွားရသည်..။
နာရီ က ၁၁နာရီ တီ လို့ ခေါ်တော့ အတွေးစပျက်ခါ အိတ်ကို ကောက်ယူပြီး ထွက်လာခဲ့ပေမဲ့ နှလုံးသားမှာ နောင်တတွေသာ ကြီးစိုးနေရသည်..။
မို့ရယ်...ကိုကို့ ကို ဘာလို့ နားမလည်တာလည်းကွာ...။
ကားသံကြားတော့ မို့ ငေါင်ပြီး ရပ်နေရာက သတိပြန်၀င်လာရသည်..။
မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး လှေကားတွေကို ပြေးဆင်းလာခဲ့လိုက်သည်..။
အိမ်တံခါးနဲ့ ခြံတံခါးပါ သော့ခတ်ပြီး  လမ်းထိပ်က ဖေဖေ့ဆီ အပ်ခဲ့ခါ တက္ကစီငှားလိုက်သည်...။
“ဟမ်..၁၀သိန်း..”
“ဟုတ်တယ်...”
“နင် ငါတို့ ကို ဘာထင်နေလည်း မို့..”
“ယူတို့ကလည်း သူငယ်ချင်း အချင်းချင်း ကူညီတာပဲဟာ...”
“ငါတို့က နင့်လို သဌေးသမီး မဟုတ်ဘူးဟဲ့..”
မို့ စိတ်ပေါက်ပေါက် နဲ့ ဒါဆို ငါ့ဖုန်း နဲ့ လက်၀တ်လက်စားတွေ ပြန်ပေးလို့ပြောလိုက်ချင်ပေမဲ့ သူငယ်ချင်းကို တကယ်ချစ်လို့ ပေးခဲ့တာတွေမို့ မပြောရက်ပါ...။
“လုပ်ပါ စီရယ်..”
“မို့ ချေးတယ်ပဲထား..”
“ဘယ်သူ ပြန်ဆပ်မှာလည်း..”
“မို့ပေါ့...”
“ဟွင်း..နင်က ဘယ်လို ဆပ်မှာလည်း..နင့် အဖြစ်က ကဋေရှစ်ဆယ် သဌေးသားလိုပဲ သိပ်သနားဖို့ကောင်းတယ်...”
“ကိုယ့်ဘ၀ကို လက်ခံပြီး တော်ရာမှာ ပျော်တက်အောင်နေပါမို့ရယ်..”
သူတို့ပြောချင်တာ မို့က ခွက်လက်ဆွဲပြီး တောင်းစားနေရပြီပေါ့လေ...ပြောရက်လိုက်တာ....။
ဝေ့၀ဲလာသည့် မျက်ရည်ကြောင့် မျက်တောင်တွေကို ပုတ်ခတ်ပစ်ရင်း ကိုကို့ ကို မကျေနပ်စိတ်က ကြီးမားနေတော့ မျက်နှာမှာ အပြုံးပြန်တင်ခါ..
“လုပ်ပါနော်..”
“အိုကေလေ...နင့်အကြွေးဆိုရင် ဆပ်မယ့်လူများမှာပါ...”
စီစီ က ကောင်တာ အံဆွဲထဲက တစ်သောင်းတန်တစ်အုပ်ကို ကောင်တာပေါ် ဘုတ်ခနဲ့ အသံမြည်အောင် ပစ်ချပြီးပေးသည်..။
မို့ဆီက တစ်လကို သိန်း ၂၀ သုံးလေးခါ ချေးပါတယ်ပြောယူတောင် မို့ ပြန်မတောင်းဖြစ်တော့သလို...
သူတို့တောင်းတိုင်း ပိုက်ဆံအိတ်သာ ထိုးပေးခဲ့တာချည်း...။
“ငွေ မဟုတ်ဘူးဟ..မိတ်ကပ် ၀ယ်မို့..”
“ဟမ်...”
“၁၀သိန်းဖိုးယူမယ်... လိမ်းနေကျ ဘရန်းတွေ တစ်ဆက်စီ ပေးလိုက်...၁၀သိန်းဆိုတော့ သုံးဆက်ပဲ ရမှာပေါ့ ရပါတယ်...အဲလောက်ဆို လောက်မှာပါ..”
“နင်..နင်...ပြန်ရောင်းစားဖို့လား..”
“မဟုတ်ပါဘူး..လိမ်းပြီး အင်တာနက်တင်မလို့ ဖန်တွေက လိမ်းနည်းလေးတွေ တင်ပေးပါအုံးဆိုလို့ပါ...”
“အဟွင်း...နင်က ဘ၀အခြေပျက်တာတောင် ဖန်တွေတော့ မက်သေးတယ်...”
“အေးလေ...ဒါလည်း စွဲလမ်းမှုတစ်မျိုးပါပဲဟာ...”
စီစီ က သူ့၀န်ထမ်းကောင်မလေး ယူလာတဲ့ မိတ်ကပ်တွေကို တခြား၀ယ်သူတွေလို ပါကင်တောင် ထုတ်မပေးပဲ အိတ်ထဲ စုပြုံ ထိုးထည့်နေတာ တွေ့တော့ရင်နာရပြန်သည်..။
လူ အကြောင်း ပေါင်းကြည့်မှ သိဆိုတာ အလကားပါပဲလား..
တကယ်က လူ့အကြောင်း ဆင်းရဲမှသိ လို့ ပြောင်းရမှာ...။
စီစီ တို့ ရီလေးတို့နဲ့ ၁၀တန်းကတည်းကပေါင်းလာတာပဲ  အရမ်းခင် ချစ်ကြတဲ့ သူငယ်ချင်းတွေ...
မို့ မျက်နှာညိုးနေရင် နေမထိထိုင်မသာဖြစ်ပြီး ပတ်၀န်းကျင်ကို မွေရမ်းတက်သည့် သူငယ်ချင်းကောင်းလေးတွေ..
အခုတော့ တစ်ယောက်က ဖုန်းနှိပ်မပျက်သလို လှမ်းတောင် မနှုတ်ဆက်..နောက်တစ်ယောက်ကလည်း မျက်နှာထားကို တင်းထားလိုက်တာလေ....။
အပြန်လမ်းမှာ အိတ်တစ်လုံးဆွဲပြီး မျက်တောင် ပုတ်ခတ်ကစားခါ ကားတားလိုက်ရသည်..။
ကိုကို့ကိုပဲ ကျေးဇူးတင်ရမလား...မို့ မှားတာလားဟင်.ကိုကို...။
“အမဲလိုက်အက...ခွန်အားရှိမှ...ဆုတံဆိပ်တွေ..”
ဆန်နီ ဖုန်းနံပါတ်ကို ကြည့်ရင်း မျက်လုံးပြူးခါ  ကားကို လမ်းဘေးချရပ်ပစ်လိုက်ရသည်..။
ဒါ တတိယအကြိမ်မြောက် ပေါ်လာခြင်း..။
“ဟ..ဟလို...”
ဘာကိုမှ မကြောက်ခဲ့တဲ့ ဆန်နီ အသံတွေကို ထိန်းခါ လည်ချောင်းတွေ ခြောက်လာရသည်..။
“ဆန်နီလား..”
“ဟုတ်ပါတယ်...အန်တီ...”
“ဘယ်လိုလည်းကွ..မင်းတို့ တံခွန်ထူပြီး နေနေကြတာပဲဟာ..ဘာလို့ လာ ပတ်သက်ကြသေးလည်း..”
“ခင်ဗျာ..”
“မင်း မိန်းမ အကျင့် ပျက်နေတာတွေ မင်းမသိသေးဘူးထင်တယ်..”
“ဗျာ..”ဆန်နီ ခေါင်းက ဆံပင်တွေထောင်ထသွားရသလို မျက်လုံးပါ ပြူးကျယ်သွားရသည်..။
“မင်း မိန်းမ သူ့သူငယ်ချင်းဆီမှာ မိတ်ကပ် အကြွေး၁၀သိန်းဖိုးယူသွားတယ်..ဒါကို ငါ့ဆီက တောင်းလို့ အခုပဲ ငွေလွဲပေးလိုက်တယ်...သံယောဇဉ် မပြတ်လို့ မဟုတ်ဘူးနော်...လူသားချင်းကူညီတဲ့ အနေနဲ့ ဆိုက်ပေးထားတာပါ...”
“မင်း ပြန်ဆပ်မယ်လို့ ငါယုံလို့ စာချူပ်တွေဘာတွေ မလိုပါဘူး..မင်းမှာ ယောင်္ကျားမာန နဲ့ လူ့ကိုယ်ကျင့်တရားရှိတယ်ဆိုရင် ပြန်ဆပ်ပေါ့နော်...ဒါ မိသားစု တစ်ခုရဲ့ သိက္ခာပဲ..အရမ်းကြပ်နေမယ်ထင်လို့ ဖြည်းဖြည်းချင်း ဆပ်ဖို့ အချိန် တစ်နှစ်ပေးမယ်..တစ်နှစ်ဆိုတော့ ရချင်မှလည်း ရမှာပါ မကျေမချင်းသာ ဆပ်ဖို့ကြိုးစားပါ...ငါ ပြောတာ သဘောပေါက်ရဲ့လား..”
“ဟုတ်ကဲ့...”
“မင်း မိန်းမကို လည်း ကြည့်ထိန်းပါအုံးလား...ယူထားတာ ၅လပြည့်တော့မယ်လေ...ခုချိန်ထိ ဘ၀မကူးသေးဘူး..ဘာတွေ တိုးတက်လာလည်း..ဆောရီး မဆိုင်တာ ၀င်ပါသလို ဖြစ်သွားတယ်...ငွေ ဆယ်သိန်းကိစ္စလေး ခေါင်းထဲ ထည့်ပေးပါ...ဒါပါပဲ...”
ဖုန်းချသွားသည့်တိုင်အောင် ဆန်နီ အသက်ရှုဖို့ မေ့နေရသည်...။
ဒါဟာ မို့ မာမီနဲ့ တတိယ အကြိမ် ဖုန်းပြောဖြစ်ခြင်းပါပဲ..။
တစ်ခါ ဖုန်းပြောပြီး တိုင်း ဆန်နီ အသက်ရှုဖို့ မေ့သွားလောက်အောင် တုန်လှုပ်ရတာချည်းသာ...။
ပထမဆုံး ဖုန်းကို ရချိန် တုန်းက မို့နဲ့ ဖုန်းပြောရတာ အလွမ်းမပြေလို့ မျက်နှာလေးကို တွေ့ချင်လွန်းလို့ ကျောင်းရှေ့သွားစောင့်နေချိန် နံပါတ်မသိတဲ့ ဖုန်း၀င်လာလို့ ကိုင်လိုက်ရသည်..။
“ဟလို..”
“ဆန်နီလား..”
“ဟုတ်ပါတယ်..ခင်ဗျာ..”
“မင်း အန်တီ့ သမီးနဲ့ ပတ်သက်နေတာကို အခုရပ်ပေးပါ...”
“ခင်ဗျာ..”ထိုအချိန်က တကယ်နားမလည်လို့ မျက်မှောင်ကြုတ်ရင်း ဖုန်းမှား၀င်တာလားလို့ တွေးမိသေးသည်..။
“အန်တီက မို့မို့ဖြူရဲ့ အမေ..”
“ဗျာ...”
“စောစောက အန်တီပြောသလိုပဲ နောက်ဆုတ်ပေးပါ မင်းအတွက် ခံစားစရာမလိုအောင် စံစားရမဲ့ငွေမျိုး အန်တီပေးနိုင်တယ်.”
ဆန်နီ ဒေါသထွက်လို့  မျက်ခုံး နှစ်ဖက် ဆိုင်သွားအောင် မျက်မှောင်ကြုတ်ခါ နှုတ်ခမ်းကို သွားဖြင့်ဖိကိုက်မိပြီး..
“ကျွန်တော် ချစ်တာ မို့ကိုပါ..သူ့ ပိုင်ဆိုင်မှုကို မဟုတ်ပါဘူး..”
“ဟား..ဟား..အချစ်အကြောင်းစာစီဖွဲ့နေရလောက်အောင်..မင်းက မရင့်ကျက်သေးပါလားကွ...”
“အခုလည်း မင်းကို ရူးနေတဲ့ သမီးကို တို့သူငယ်ချင်းသားနဲ့ ပေးစားဖို့ စီစဉ်ထားတယ်..စေ့စပ်ပွဲက မနက်ဖြန်ပေမဲ့ အသေအကြေ ငြင်းပြီး ငိုနေတယ်...တစ်ခုခက်တာ..သူမင်းကို အရမ်းအားကိုးပြီး မိဘ ကို ခြေစုံကန်ချင်နေတာပဲ...မင်းက တကယ်ချစ်ရင် မို့ မမှားအောင် ကူညီရမယ်....ညကျရင် မို့ မင်းအိမ်ကို လိုက်လာဖြစ်ခဲ့ရင် ထွက်မတွေ့ပါနဲ့...ဒါ မင်းချစ်ရတဲ့သူအတွက် အချစ်စစ်ပဲ ဖြစ်မှာပါ....”
ဆန်နီ ရင်ထဲက လှုပ်ရှားမှုနဲ့ အတူ တစ်ကိုယ်လုံးပင် တုန်ယင်လာသည် ထင်ရသည်..။
ချောက်ကမ်းပါးကို ကူးရမဲ့ တစ်စင်းတည်းသော တံတားပျက်ကျသလို ရွေးချယ်စရာ အခွင့်အရေးလည်း လုံးလုံး မရှိပါ..။
မဖြစ်နိုင်မှန်းသိပေမဲ့ ပြောကြည့်ဖို့ ကြိုးစားရင်း နှုတ်ခမ်းတွေ ခပ်ဟဟပွင့်ခါ...
“..ကျွန်တော် မို့ ကို တကယ်ချစ်တာပါ...”
“သွားစမ်းပါ...ချစ်သူဆိုတာ ချစ်ရတဲ့သူ ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ဘူး..ဒုက္ခရောက်ရမယ်ဆို ...အဲဒါ..ချစ်တာမဟုတ်ဘူး..အတ္တကွ..”
“ဗျာ..”
ဆန်နီ ဖုန်းချသွားတာတောင် အသက်ရှုဖို့မေ့နေမိတာ ကျောင်းသားတွေ ထွက်လာမှ သတိပြန်၀င်တော့သည်..။
မို့ ကျောင်းမှာ ရှိလား မရှိလား မသိလို့ ထွက်မလာခင် ကားကို ကပျာကယာ မောင်းထွက်လာမိတာ လမ်းပြောင်းပြန်ဖြစ်လို့ ပြန်ကွေ့ရသေးသည်..။
ဒုတိယ အကြိမ်ဖုန်း၀င်တော့ နံပါတ်အဆန်း ၀င်တိုင်းလန့်နေပေမဲ့ အထည်အိတ်သွားပို့ရင်း ၀င်လာသည့်ဖုန်းမို့ ပေါ့ပေါ့ပါးပါးပင် ကိုင်လိုက်မိသည်..။
“ဆန်နီလား..”
တစ်ခါ စကားပြောဖူးရုံဖြင့် အသံမှတ်မိနိုင်လောက်အောင် သြဇာ ပါသည့် အသံကြောင့် ဆန်နီ ဒုတိယအကြိမ်မျက်လုံးပြူးရပြန်သည်..။
“ဟား..ဟား...ဆူးပုံပေါ် ခုန်ချတဲ့သူရယ်..ဆူးခက်နဲ့ ချစ်ပြတဲ့သူရယ် ပဲ...”
“ကျွန်တော် ဒီလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး..အန်တီ...မို့ကို သနားလို့..ပြီးတော့ချစ်လို့ပါ..”
“ပြောခဲ့ဖူးပါတယ်...အချစ်မဟုတ်ဘူး အတ္တတွေပါဆို...စကားပုံတစ်ခုလား ဟာသ တစ်ခုလား မသိဘူး..ဆန်အိုးထဲမှာ ဆန်မရှိရင် အချစ်ဆိုတာ မီးဖိုချောင်က ဆင်းပြေးရတယ်တဲ့လေ..”
“ဒီမှာ ဆန်နီ...ငါ့သမီးစီးနေတဲ့ ဖိနပ်တရံ့ ၀ယ်ပေးဖို့တောင် မင်း လချီပြီး ရှာရမှာကွ...”
“ကျွန်တော်သိပါတယ်...စောင့်ခဲ့ပါတယ်...ဒါပေမဲ့ အန်တီက မို့ကို တစ်ယောက်တည်း ထားခဲ့ပြီး ပြန်သွားတာ မို့ ငိုနေတာ ကျွန်တော် မကြည့်ရက်လို့ပါ...”
“အမေက တစ်ယောက်တည်း ထားခဲ့ပါမလား...သူအရမ်းငိုပြီး ကြောက်မယ်..ပြီးရင် အိမ်ဘက်ကို မှန်းပြီး လျှောက်မယ်...ဒီတော့မှာ ခေါ်လာဖို့ သူ့ အဖေကားကို စီစဉ်ပြီးသား..”
“ဗျာ..”
“ထားလိုက်တော့..သမီးအဖြစ်က စွန့်လွှတ်ကြောင်း သတင်းစာထဲလည်း ပါပြီးပြီ..ငါနဲ့ မဆိုင်တော့ဘူး..တစ်ခုတော့ မှတ်ထားပါ .မို့ ငိုနေတာ မကြည့်ရက်တဲ့ မင်းကပဲ မို့ကို ငိုရအောင် အကြိမ်ကြိမ် လုပ်မိလိမ့်မယ်...မယုံဘူးမလား စောင့်သာကြည့် ”
“ဟင်..”
ဖုန်းချသွားတော့ ဆန်နီ အသက်ရှုဖို့ မေ့နေပြန်တာ ကားဟွန်းသံတွေ ဆူညံ့လာမှ သတိပြန်၀င်ရသည်..။
တတိယအကြိမ် လည်း အသက်ရှုဖို့ မေ့ရပြန်ပြီ  မို့ရယ်...။
“တီ..”
ကားဟွန်းသံကြောင့် တီဗီရှေ့မှာ အကကျင့်နေတာ ရပ်ပြီး သစ်သားခုံမှာ ပြေးထိုင်လိုက်ရသည်...။
ကိုကို က အိမ်ထဲရောက်တော့ အလှပြင်ထားသည့် .မို့ကိုတစ်ချက်ကြည့်ပြီး အပေါ်တက်သွားသည်..။
အခုတော့ .မို့ အလှပြင်ထားတောင် မုန်းစရာကြီး ဖြစ်နေပြီပေါ့လေ..။
၀မ်းနည်းစိတ်ရှိပေမဲ့ .မို့ မျက်ရည်တွေလည်း မကျမိတော့ပဲ..တင်ခဲ့သည့် ဗီဒီယို လူ ဘယ်နှစ်ယောက်ကြည့်လည်းသာ စိတ်၀င်တစား ကြည့်မိသည်...။
ဆန်နီ အ၀တ်အစားဘီဒို အောက်ဘက်မှာ ရှိတဲ့ ဘဏ်စာအုပ်ကို ဆွဲထုတ်လိုက်သည်..။
အမေ ဆေးရုံတက်ရပြီး ကတည်းက ပိုတဲ့၀င်ငွေတွေ နည်းနည်းချင်းစီ စုထားတာ အခုတော့ ၈သိန်း ကျော် ရှိနေပြီ...။
အမေသာ တစ်စုံတစ်ခု မပြောကောင်းမဆိုကောင်း ဆေးရုံတက်ရရင် ကျွန်တော် ဘယ်လိုကြံရမလည်းအမေ...။
အမေ ဆေးရုံတက်ရတုန်းက ငွေကြေးအခက်အခဲကြောင့် သူများထက် ဝေဒနာ ပိုခံစားခဲ့ရတာ မြင်ယောင်ပြီး ကျောမှာ သိမ့်ခနဲ့ တစ်ချက်တုန်ခါ သွားရသည်..။
အမေ ..ကျွန်တော့်ကို သနားရင် ကျန်းမာအောင်နေပါ အမေရာ...။
လိုတဲ့ နှစ်သိန်းကိုတော့ ကိုအာကြီး ဆီက ချေးထားရပေမဲ့ ပြန်ဆပ်ဖို့ လောစရာမလိုပါ..။
ဆန်နီ ဖုန်းနံပါတ် တစ်ခု ကို ပြန်ခေါ်နေတာ တော်တော်ဖြင့် မကိုင်...။
လက်လျော့ ခါနီးကျမှ တစ်ဖက်က ကိုင်တော့သည်..။
“အန်တီ ကျွန်တော် ဆန်နီပါ...”
“ပြောပါ...”
“ကျွန်တော် ငွေ ပြန်ပေးချင်လို့ ဘယ်လိုပေးရမလည်း..”
“ဟား..ဟား..မရှိမာနပါလား..ပြောပြီးသားပဲ တစ်နှစ် နှစ်နှစ်ထားပါအုံးလို့..”
“ငွေ ရှိပါတယ်...”
“ပေးလည်း မယူနိုင်ဘူး အလုပ်တွေ ရှုပ်တယ်..တို့တွေ နှစ်ချူပ်စာရင်း ရှင်းမှ ဘဏ်ငွေ အကုန်ထုတ်တယ်...အဲတော့မှ ပေး..”
“အန်တီ ဆိုက်ပေးထားရတာ..”
“ငွေ ဆယ်သိန်းဆိုတာ တို့အိမ်က  ဒရိုင်ဘာ တစ်လစာပဲ ရှိပါတယ်..ကိစ္စ မရှိပါဘူး..ဆန်နီ..မင်းမှာ လိုအပ်မဲ့နေရာတွေ ရှိလာပါလိမ့်မယ်..သုံးဖို့ချန်ထားလိုက်ပါ...ဒါဆို ပြောစရာကုန်ပြီနော်..ဒါပါပဲ...”
ဆန်နီ ဖုန်းချသွားပေမဲ့ ဒေါသထွက်ခါ အံ့တင်းနေအောင် ကြိတ်ထားမိသည်..။
မာနတွေ အရှက်တွေ ဘာတစ်ခုမှ မကျန်တော့လောက်အောင် စုတ်ပြတ်သက်နေရပြီ...။
အနှစ်နှစ် အလလ အမေ့အတွက် ရည်ရွယ်ပြီး စုဆောင်းရတဲ့ ငွေက ဘဏ်ထဲ၀င်ရင် အလုပ်ရှုပ်တဲ့ ကိန်းဂဏာန်းမို့ လက်မခံနိုင်ဘူးတဲ့...။
ဆန်နီ ကတော့ အရင်က စပယ်ရာ နောက် ဒရိုင်ဘာ အခုလည်း သိန်းချီ ၀င်ငွေ မရှိသေး...။
ငါ ဘာလို့ ဒီလောက် ေ-ာက်သုံးမကျတာလည်း...ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်မိသည်..။
“မို့မို့ဖြူ...”
“ဟင်..”
တီဗီရှေ့မှာ ဖုန်းနဲ့ ဆယ်လ်ဖီ ဆွဲနေချိန် ကိုကိုက နောက်ကခေါ်လိုက်လို့ လန့်သွားရသည်..။
ဘယ်အချိန်ကတည်းက ပြန်ဆင်းလာပါလိမ့်...
“မင်း..ဘာလုပ်နေတာလည်း..”
“ဓာတ်ပုံရိုက်နေတာ ကိုကို မမြင်ဘူးလားလို့..”
“မြင်တယ်...အခုဖျက်..အကောင့်ပါ ဖျက်ပစ်ကွာ...”
“ဟာ..ကိုကို...”
“မင်း မိတ်ကပ်တွေ အကြွေးယူ ချယ်သပြီး လူထင်ကြီးအောင် တင်နေတာမရှက်ဘူးလားဟမ်..”
“ကိုကို ဘယ်လိုသိလည်း..”
မျက်လုံးပြူးလေးနဲ့ မေးလာတော့ ဆန်နီ ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပါ..။
“မင်း လျှောက်လုပ်နေတာ ငါ မသိဘူးများမှတ်နေလား..အခု အဲဒီ့ အကြွေးတွေ မင်း အမေ ဆပ်ပေးထားရတယ်..”
“ဟာ..ကောင်းတာပေါ့...” အပြုံးလေးတစ်ခု ၀င်းခဲ့သွားပြီး လက်ခုတ်တီးပြောနေတာ အမြင်ကပ်လာရသည်..။
“ဘာကောင်းတာလည်း..”
“ကိုကို မဆပ်ရတော့ဘူးလေ...မို့လည်း ပစ္စည်းတွေ အဖက်တင်တာပေါ့လို့...”
“ငါနွားဖြစ်တာပါ ထည့်ပြော...”
“ကိုကို ကားမောင်းအလုပ်က ဒီလောက်ငွေရတာလည်း မဟုတ်ဘူးလေ..”
“အေး..အဲဒီ..ငွေမရတဲ့ကားတစ်စီးကို ပိုင်ဖို့ အတွက် ၈နှစ်လောက် ကျွန်လိုလုပ်ပြီး နွားလိုရုန်းလာရတာကွ..တစ်ခုမှတ်ထား...မင်းက အခု သဌေး သမီး မဟုတ်တော့ဘူး..ဒရိုင်ဘာ မိန်းမ...ကိုယ့်အဆင့်ကိုသိပါ မို့မို့ဖြူ..”
လေသံတွေ မာကျောပြီး သူစိမ်းဆန်နေတော့ နှုတ်ခမ်းစူထားတာလေးပါ လျော့သွားခါ မျက်နှာငယ်လေးဖြင့် မျက်ရည်ရစ်ဝိုင်းလာပြန်သည်..။
ဆန်နီ ရင်ဘတ်ထဲက နာကျင်လို့ မပြောချင်သော်လည်း..ဘ၀ကူးသွားတာ မသိသေးတဲ့ မို့ကို အသိပေးရတော့မည်..။
သူ့အမေကိုယ်တိုင်က သတိပေးလာပြီဆိုတော့ သက်ပြင်းခိုးရှိုက်ပြီး..။
“နောက်တစ်ခါ မင်းသူငယ်ချင်းတွေဆီက ပိုက်ဆံတောင်းကြည့်..မင်းကို ငါကိုယ်တိုင် ရိုက်သတ်မှာနော်...”
“ဟင်.....ရိုက်သတ်မယ်...ရိုက်သတ်မယ်ဟုတ်လား.. ကိုကို..”
မျက်ရည်တွေတစ်လှိမ့်ချင်းစီးကျလာပေမဲ့ မျက်တောင်လည်း မခတ်သလို ပြူးကျယ် ဝုိင်းစက်ပြီး အံသြသလိုသာကြည့်နေသည်..။
ဆန်နီ ကျောခိုင်းထွက်လာရပေမဲ့ ရင်ထဲမှာ လှိုက့်လို့ မောနေရသည်..။
“မင်း ကိုယ်တိုင် ငိုအောင် လုပ်လိမ့်မယ်...”
ကိုကို့ နှလုံးသားတွေ နာကျင်လိုက်တာ.မို့ရယ်..ကိုကို မှားခဲ့ပြီလား..။
.
“ညီရေ..”
“သြော်..အကို တစ်ကောင်ပဲလား..”
“အေး..”
“ကြက်ဆီထမင်းကော...”
“ပါတယ်..”
နှစ်ပတ်တစ်ခါ လောက် ၀ယ်ဖြစ်သည့်ဆိုင်မို့ မျက်မှန်းတန်းမိနေုပြီ..။
ဒီနေ့ ညောင်တုန်းကို အော်ဒါလိုက်သွားလိုက်တာ အပြန်တစ်ကြောင်းပါ ရခဲ့တော့ ငွေပေါ်သွားရသည်..။
အိမ်ပြန်မနားသေးပဲ မိုးချူပ်သည် အထိ ဆွဲထားတော့ လူက ပင်ပန်းပေမဲ့ ငွေတွေ ရွှင်သည်ပဲလေ..။
ပိုက်ဆံ တစ်သောင်းခွဲကို နှမျောတွန့်တို ခြင်းမရှိပဲ ပေးခဲ့ခါ အိမ်ပြန် ရင် ကြိုမည့် သူလေးကို မြင်ယောင်မိသည်..။
မို့က သူ့ကို ဆူပြီးတဲ့နေကတည်းက ဘာမှ မပူဆာတော့သလို စကားလည်း မေးပြောခေါ်ထူး အဆင့်လောက်သာရှိသည်..။
မန်နီ မနက်ပိုင်း ၀ယ်ပေးတဲ့ ကိတ်ကိုတောင် မစားတော့ပဲ အဖေ စားတဲ့ ထမင်းကြမ်း ပဲပြုတ်ကို လိုက်စားပြီး ဆန်နီ့ ကို ပြန်ရွဲ့ပြသည်..။
ညဆို အတူတူ အိပ်ပေမဲ့ အရင်လို ရင်ခွင်ထဲလည်း တိုးမလာ ကျောပင်ခိုင်းလိုက်သေးသည်..။
မအိပ်ပျော်ခင်ပေါ့လေ...အိပ်ပျော်များသွားရင်တော့ တစ်ကိုယ်လုံးကို ပစ်တိုက်ပြီး ရင်ခွင်ထဲ ခေါင်းရောက်လိုက်မျက်နှာပေါ် ခြေထောက်ရောက်လာလိုက်ပါပဲ...။
မနေ့ကတော့ အိပ်မပျော်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းအုံးပိုက်ခါ အောက်ထပ်ဆင်းသွားလေရဲ့..။
မိန်းကလေးများ စိတ်ကောက်ပြီဆို တကယ် အကြင်နာတရားမရှိတော့သလို ဘာမှမခံစားရသလား မပြောတက်...။
ဆန်နီ့မှာတော့ အနားမှာ သူမရှိလို့ လွန့်လူးရင်း ညနက်သည်အထိ အိပ်မပျော်ဖြစ်ရသည်..။
ကြိုက်တာလေး ၀ယ်သွားရင်  ခုန်ဆွဆွ လုပ်ပြီး ပျော်ပြပါ့အုံးမလား..ကိုကိုရဲ့ ကလေးဆိုးလေးရယ်..။
“အတော်ပဲ...ငါ အခုပဲ ဖုန်းဆက်မလို့..”
ဆန်နီ့ လက်ထဲက အထုတ်တွေကို မန်နီက ပြေးလာယူတော့  လွယ်အိတ်ချွတ်ခါ အမေ့ အနားကိုသာ ဆက်လျှောက်သွားလိုက်ရသည်..။
“ဘာဖြစ်လို့လည်း..အမေ..”
“နင့် မိန်းမနေမကောင်းဘူး..ညကတည်းက အပေါ်မှာ ချမ်းလို့ဆိုပြီး အောက်ဆင်းအိပ်တာ ဗိုက်ထဲချည်း ၀င်တိုးနေတာပဲ...”
“မို့..နေမကောင်းဘူး..ဟုတ်လား..အမေ...ဘာလို့.. .ဆေးခန်းမသွားတာလည်း..”
ဆန်နီ ထိတ်လန့်တကြားဖြစ်ခါ အမေကို ပျာပျာသလဲ မေးခွန်းပြန်ထုတ်မိသည်..။
“ငါလည်း မသိဘူး..မသွားဘူးချည်းပဲပြောနေတယ်...ငါတို့ သောက်တဲ့ဆေးပဲ တိုက်ပါတဲ့..ဆေးတိုက်ပေမဲ့ အပူမှ မကျတာ...သွားတက်ကြည့်အုံး..”
အမေက ပခုံးရိုက်ပြီးပြောတော့ ဆန်နီ ခြေလှမ်းကြဲဖြင့် လှေကားဆီရောက်လာတော့သည်..။
အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ စောင်ခြုံပြီး ကွေးကွေးလေး အိပ်နေသည့် .မို့ကို မြင်တော့ ရင်ထဲဆို့သွားရသည်..။
“မို့ရယ်...”
နဖူးလေးကို အသာစမ်းကြည့်တော့ နွေးရုံတင် မဟုတ်ပဲ ပူခြစ်နေသည်..။
ဘေးဘက်မှာ ရေပတ်၀တ်တိုက်ပေးထားတဲ့ ဇလုံနဲ့ အ၀တ်တစ်ခု ချထားသေးသည်..။
“အရမ်းချမ်းနေတာလား..ကလေး...ဟင်..”
ဆန်နီ ဘေးမှာ ကပ်လှဲပြီး ပွေ့ယူလိုက်တော့ မျက်လုံးပွင့်လာပြီး လက်ပေါ်ကနေ ခေါင်းလွဲချသည်..။
“ကိုကို့ ကို စိတ်ဆိုးနေတုန်းလား...”
ဆန်နီ ငုံ့ကြည့်မေးပေမဲ့ .မို့ က ဆတ်ကနဲ့ထထိုင်ပြီး စောင်တွေကိုခွါချနေတာ ဘာလုပ်လို့ လုပ်နေမှန်းမသိသည့်သူလို ကြောင်တောင်တောင် နိုင်လှသည်..။
“ချမ်းနေတယ်မလား...ဆေးခန်းသွားရအောင်နော်..”
“မသွားဘူး..”
“ဆေးထိုးရမှာ ကြောက်လို့လား..မထိုးပါဘူး..ကိုကိုပြောပေးမယ်လေ..”
“မကြောက်ပါဘူး..မသွားချင်လို့ကို မသွားတာ..”
ဒီတစ်ခါရစ်တာက နေမကောင်းချိန်မို့ အလိုလိုက် ချော့နေရင် ပိုဆိုးလာမှာ သိသည်..။
“ထသွားမယ်..”
ဆန်နီ လက်မောင်းကိုဆွဲထူပြီး ခပ်စပ်စပ်ပြောလိုက်တော့ သူကလည်း ရဲရဲဝံ့ဝံ့ပင်ပြန်မော့ကြည့်သည်..။
စိမ်းကားလိုက်တဲ့ မျက်၀န်းတွေ...ကိုကို မကြိုက်ဘူး မို့ရယ်...။
“မင်းကို ထလို့ပြောနေတယ်လေ..”
ခေါင်းကို သာတွင်တွင်ရမ်းပြီး ဆန်နီ လက်ထဲက သူလက်ကိုဆောင့်ပြီးဖြုတ်နေတော့ လျော့ပေးလိုက်ရသည်..။
“မင်း ငါ့ကို  ရွဲ့နေတာလား မို့...ဟင်..”
ပြန်မပြောနားမထောင် ဂရုမစိုက်တဲ့ ပုံစံလေးတွေကြောင့် စိုးရိမ်စိတ် ၀မ်းနည်းစိတ်ပေါင်းခါ သူ့ဘေးမှာ ဆောင့်ကြောင့် ပြန်ထိုင်ပြီး ပခုံးလေးတွေကို လှုပ်ရမ်းပစ်လိုက်သည်..။
“ငါ့ကို ရွဲ့နေတာလားလို့...”
“မို့...ဘာရွဲ့လို့လည်း..”
“မိတ်ကပ်၀ယ်တာကို အပြစ်ပြောလို့အခုလို လုပ်နေတာလေ..မတူဘူး..မိတ်ကပ်ဆိုတာ အပို...ဒါက ကျန်းမာရေး ....”
“ထေလ...”
ဆန်နီ့ဆောင့်အော်လိုက်တော့ ကိုယ်လေး တုန်တက်သွားခါ လေးကန်စွာထလာသည်..။
ကရုဏာ အသနားစိတ်လေး ကို မြိုသိပ်မရလို့ လှေကားကို ချီပွေ့ခေါ်ချလာချိန် မျက်တောင်မခတ် မျက်နှာကိုမော့ငေးနေပြန်သည်..။
ဟုတ်တယ်...မသိချင်ယောင်ဆောင်ထားပေမဲ့ မင်းကလေး ကြည့်နေတာသိတိုင်း ရင်ခုန်ခဲ့ရတာ တွေ့စကတည်းကပါပဲကွာ...။

နန်းထိုက်ပန်းမို့Where stories live. Discover now