နန်းထိုက်ပန်းမို့
အပိုင်း (၂၄)
#နန်းထိုက်ပန်းမို့“ဆန်နီ..”
“ဟုတ်ကဲ့..အဖေ...”
“မင်း..အိမ်ခဏ ပြန်လာလို့ရမလား..”
“ဟုတ်”
ဆန်နီ ကားထွက်ရင် အကြောင်းကြီးငယ် ရှိတောင် အမေ ပဲ လှမ်းခေါ်တာပါ..အခုက အဖေ ကိုယ်တိုင် ဖြစ်နေတော့ စိတ်ပူသွားရသည်..။
“မောင်လေး...သာကေတ...”
“မအားလို့ပါ အစ်မ..လူပါလို့..”
“သြော်...ဆောရီး..”
ဆန်နီ ကားပေါ် တက်လာတဲ့ သူကို ယဉ်ယဉ်ကျေးကျေး နှင်လိုက်ပြီး အရှိန်တင် မောင်းလာခဲ့လိုက်သည်.။
“အဖေ....”
“မြန်လိုက်တာ...”
“ဘာဖြစ်တာလည်း..အဖေ..ဘာဖြစ်လို့လည်း..”
“ဟာကွာ..ပြူးတူးပျာတာ နဲ့ နေအုံး မင်း အမေ မပြီးသေးဘူး..ခဏစောင့်..”
“အမေ...အမေ ဘာဖြစ်တာလည်း..”
“ဟေ့ကောင်...ထင်တာတွေ လျှောက်ပြောနေတာပဲ...မင်းဦးလေးဆီ သွားမလို့..မင်းကိုပါ တွေ့ချင်တယ်ဆိုလို့ ခေါ်လိုက်တာ..”
ဆန်နီ ရင်ဘတ် ထဲက အပူလုံးကြီးကျသွားမှ ခုံမှာ ထိုင်နိုင်တော့သည်..။
“ထိုင်မနေနဲ့..အ၀တ်အစား လဲအုံး..”
“အဖေ ကလည်း... မင်္ဂလာဆောင်မဟုတ်ဘူး..လူမမာမေးလေ..”
“ဟ...မင်းဒီပုံစံတွေ့ရင် ဆင်းရဲငတ်ပြတ်နေတယ်ထင်တော့ ဘယ်နှဲ့ လုပ်မလည်း.”
“ဟူး..”
ဆန်နီ ခေါင်းရမ်းပြီး အပေါ် တစ်ခါ တက်လာရသည်..။
အ၀တ်ဘုံးထဲ က အကျီ င်္တွေထဲမှာ သိပ်မ၀တ်ဖြစ်တဲ့ Hazard ရှပ်ပြောင် နီညိုရောင် နဲ့ ပုဆိုး ကွက်စိတ် နီညို ထုတ်လိုက်ရသည်..။
ပုဆိုးက အနက် ခပ်များများဆိုတော့ ကောင်းပါ့မလားတွေးမိပေမဲ့..၀တ်ပြီးခါမှ မလဲချင်တော့လို့ ဒီတိုင်းသာ ဆင်းလာလိုက်သည်..။
“အောင်မလေး..လူမမာမေးမှာ နင်က ဘာလို့ ဒီလောက်ပြင်ဆင်လာတာတုန်း..မင်္ဂလာဆောင် သွားမယ်များထင်နေသလား..”
“ဟောဗျာ...စောစောက...အဖေး...”
“ဟေ..”
“ကျွန်တော် မပြောဘူးလား..အခု အမေ ဆူပြီ...လာပြော...”
“နောက်ကျနေပြီကွ..မြန်မြန်လာ..”
“တွေ့လား..အမေ့ဆို ဘာမှ မပြောဘူး..အတူတူတွေပါပဲ..”
ဆန်နီ အိမ်သော့ခတ်ပြိး သော့ကို အိတ်ထဲ ထည့်ခါ အမြန် ထွက် လာရသည်..။
“ကိုကျော်ဖေ...”
“ပြော..မိန်းမ..”
“ကျွန်မ လိုက်လို့ ကောင်းပါ့မလား..ကျွန်မ မလိုက်ချင်တော့ဘူး...”
“ညီညီ က မင်းကို တွေ့ချင်နေတာကွ...မင်း မပါတော့ ဘယ်စိတ်ကောင်းပါ့မလည်း.”
“စိတ်တွေ အိုက်လိုက်တာနော်...”
အမေရဲ့ ခပ်ညီးညီး စကားသံ အဆုံး မှန်ထဲက ကြည့်လိုက်တော့ ပေါင်ဒါပါးပါးလိမ်းပြီး နှုတ်ခမ်းနီ မသိမသာ ဆိုးထားသည်..။
စိတ်ထဲ စချင်လာတာနဲ့....
“အမေ ကလည်း..မင်္ဂလာဆောင် သွားမှာ ကျနေတာပဲ ဖြီးလိမ်းတာ မင်းသမီး ရှုံးလို့..”
“ဟင်..ဟုတ်လား..ကိုကျော်ဖေ...ကြည့်ပါအုံး... ဟယ်..မဖြစ်ပါဘူး..”
အမေက တစ်ရှုးထုတ်ပြီး နှုတ်ခမ်းသုတ်ဖို့ လုပ်တော့ အဖေက လက်ကို ဆွဲချူပ်ထားသည်..။
“မများပါဘူး ကွာ...မင်း သား စနေတာ..”
“အင်း..အင်း..မျက်နှာကော...”
“လှတာမှ အရမ်း...”
“အိုး...ကိုကျော်ဖေ လက်ကို လွတ်လေ...ကလေး ရှေ့မှာ...”
“မင်းသား ကလေး မဟုတ်ပါဘူးကွာ...နားလည်နေပါပြီ...”
“အိုး...ဘာလုပ်တာလည်း..”
“ရော်..မင်းပဲ ကို့ ပခုံးမှီရတာ ကြီုက်တယ်ဆိုကွယ်..မမှီတာဖြင့် ဘယ်လောက်ကြာပြီလည်း..”
“ကိုကျော်ဖေး..အိုး...ရှင် ဘာဖြစ်နေတာလည်း..”
အဖေ က အမေ့ ပခုံးကို ဖွဖွ ကိုင်ပြီး ခေါင်းကို ဆွဲချ မှီခိုင်းနေတော့ အမေ့ အသံ ကမြင့်လာပြီ...။
စိတ်ချမ်းသာ စရာမြင်ကွင်း တစ်ခုကြောင့် ဆန်နီ သဘောကျစွာ ပြုံးမိသည်..။
အမေ့ဒဏ်ကို အဖေသာ သည်းမခံ နိုင်ခဲ့ရင် မိကွဲ ဖကွဲ ဘဝရောက်ခဲ့ပြီး အခုလို မြင်ကွင်းကို မြင်ရဖို့လည်း မသေချာ...။
“ဟား..ဟား...ကျွန်တော်...မကြည့်အားပါဘူးဗျာ... လမ်းကြည့်နေတယ်..သလား..”
“မင်းမမှီ ငါမှီမယ်...”
“ဟဲ့....အိုး....အဲဒါတွေ အမြင်ကပ်တာ သလား..မကြီးမငယ်နဲ့ ဘာဖြစ်နေမှန်းမသိဘူး...
နင့် အဖေ ကို အရူးထတာလား...
သူငယ်ပြန်တာလား..ဆေးစစ်ရတော့မယ်..”
“ဟား..ဟား...”
အဖေ့ ညီ အိမ်ကို ရောက်တော့ မို့ တို့ အိမ်လောက် မကြီးပေမဲ့ အတော်လေး ကြီးကျယ် ခမ်းနားနေပါသည်..။
“ဟော..လာကြပြီ...”
ခြံတံခါးဖွင့်ပြီး ကားမောင်း၀င်ခဲ့ပါ ပြောလို့ ဆန်နီ ကားနှစ်စီး နောက်မှာပဲ ကပ်ရပ်လိုက်သည်..။
“ဟာ..ညီညီ ရယ်...ဘာလို့ အိမ်၀ထွက်နေတာလည်း..”
“ကိုကြီး တို့ကို ကြိုချင်လို့ပါ..”
“ခက်လိုက်တာ...လာလာ..၀င်ရအောင်...သူသူနဲ့ ဆန်နီ လာ..”
အသားဖြူဖြူ နဲ့ နေမကောင်းသူတစ်ယောက် ဖြစ်ပေမဲ့ မျက်နှာ နွမ်းနွမ်း နဲ့ မလိုက်ဖက်အောင် အပြုံးဝေနေသော ထိုသူက အဖေ နဲ့ မျက်နှာကျ ခပ်ဆင်ဆင် တူပါသည်..။
အဖေက သူ့ညီကို တွဲကူခါ အိမ်ထဲသို့ တစ်လှမ်းခြင်း လျှောက်၀င်နေတော့ အမေ နဲ့ ဆန်နီ လည်း ဖြည်းဖြည်း ပဲ နောက်က လိုက်နေရသည်..။
“ထိုင်ပါအုံး...ဒါ ကိုကြီး ဇနီး အစ်မသူသူလား..”
“ဟုတ်ပါတယ်..”
အမေက ဆန်နီ ဘေးက ဆိုဖာမှာ ခပ်ကျုံ့ကျုံ့ပုံစံ နဲ့ ထိုင်ပြီး ခေါင်းညိတ်ပြောနေတာ...ဆန်နီ့ အမေ စရိုက်တောင် ပျောက်သွားသလိုလိုပင်...။
“ကျွန်တော်..ကိုကြီး လိုက်ရှာခဲ့တာကြာပါပြီ...အဲ..သမီးလေး ကျေးဇူးနဲ့ ပြန်တွေ့ရတာပါ...သူက အခုတော့ ကျောင်းသွားတက်နေလို့ အိမ်မှာ မရှိဘူး အစ်မရယ်..မြတ်ကတော့ အစ်မသိပြီးသားပါ....ဒါက ကျွန်တော့်သားကြီး မြတ်သုမောင် ပါ...အဟမ်း...အဟမ်း...စိတ်မရှိပါနဲ့ ကျွန်တော် နေမကောင်းတော့...”
“...ရပါတယ်ရှင်..စကားအများကြီး မပြောပါနဲ့ မောနေပါပြီ...”
မြတ် အဖေရဲ့ ဘေးက လူရွယ် တစ်ယောက်က အောက်ဆီဂျင် ပိုက်ကို သေချာထပ်ပေးပြီး သူ့အဖေ့ကို အပြုံးနဲ့ ခေါင်းညိတ်ပြသည်..။
“ကိုကြီး က အစ်မ ကို တော်တော် ချစ်တာပါ...ကျွန်တော့် ကိုတောင် မေ့ပစ်တယ်လေ...”
အဖေက ဆန်နီ့ ဘေးခုံကနေထပြီး သူ့ညီလေး ရဲ့ ဆိုဖာခုံ လက်တန်းမှာ ၀င်ထိုင်လိုက်တာ လူငယ်တစ်ယောက်လိုပင်..။
နှစ်ယောက်ယှဉ်ကြည့်လိုက်ချိန် ကျန်းကျန်းမာမာ နဲ့ တစ်ခါမှ ပြင်းပြင်းထန်ထန် မဖျားခဲ့ဘူးသည့် အဖေ့ကို စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိရင်း အဖေ နဲ့ အမေ အမြဲ ကျန်းမာပါစေလို့ ဆုတောင်းလိုက်မိသည်..။
“အဟွင်း...ဟုတ်တယ်မလား..ကိုကြီး..”
“ဘယ်ဟုတ်မလည်းကွ...ကိုကြီး ပြန်တွေ့တိုင်း ညီညီက ငိုနေရမှာစိုးလို့ပါ...ဖေဖေ ကိုကြီး ကိုဆူတိုင်း ညီညီ က ငိုရတယ်မလား...ကိုကြီး မမေ့ပါဘူး..အိမ်က ထွက်သွားတာ တစ်နှစ်ကြာတော့ ညီညီ မင်္ဂလာဆောင် သတင်းကြားရတာ ကိုကြီး ၀မ်းသာလိုက်တာမပြောပါနဲ့...ညီညီ တော့ ငါ့ကို မေ့ သွားပြီလို့...မဟုတ်ရင် ကိုကြီးကို သတိရလို့ ငိုချည်းနေမှာ စိုးတယ်လေ..”
“အဟမ်း...အဟွင်း..ညီညီ ...မမေ့ပါဘူး...ခိုင်ဝေလည်း ကူရှာပေးပါတယ်...ကျွန်တော့် အမျိုးသမီးက လွန်ခဲ့တဲ့ ဆယ်နှစ်က ကွာရှင်းလိုက်တာ အစ်မရဲ့ ...အခုတော့ သြဇီမှာနေတယ်..”
ဦးလေးက အဖေ့ကို စကားပြောရင်း အမေ့ကိုလည်း ရှင်းပြသည်..။
“ကိုကြီး...ဒါ...ရွှေစင်...သားမက်လား...”
“ဟင်..ရွှေစင်...ဘယ်သူလည်း..”
“အဟွင်း...တကယ်လည်း..ချောပါ့ကွာ...သား...မင်းညီကို ကြည့်စမ်း...မင်းသားရုပ်ကွ..”
“ဟုတ်တယ်..ကျွန်တော်လည်း ကြည့်နေတာ...ညီလေး က ဝေါ့ခ်အောက် လည်း ပုံမှန်လုပ်ပုံရတယ်...”
“ဟား..မလုပ်ဖြစ်ပါဘူး...ကျွန်တော်က အလုပ်များလို့ပါ”
“အိုး..မလုပ်တာတောင်.. အပင်ပန်းမခံပဲ ဒီရုပ်ရည်နဲ့ ဘော်ဒီရထားတာလား..ဆုတောင်းကောင်းခဲ့လို့ ဖြစ်ရမယ်..အကို ဆို တရိန်လုပ်နေတာ တစ်နှစ်ကျော်ပြီ ဒီပုံပဲ...”
အပြုံး တစ်ခု နဲ့ ရင်းရင်းနှီးနှီး စကားပြောနေတဲ့ ညီအစ်ကို တော်သူက လည်း လူချောပါပဲ..။
“...ရွှေစင်ကို့ စိတ်မဆိုးပါနဲ့....”
“ခင်ဗျာ...”
“ကိုကြီးက အမွေကိစ္စ ငြင်းချည်းနေတော့ ရွှေစင်ကို ကူညီခိုင်းတာ...အဟွင်း..သားက အဖေ ထက် ပိုပြီး ခေါင်းမာတယ်....မာန ကြီးတယ်ဆိုပြီး ဒေါသပုန်ထနေလေရဲ့...သူ အစီအစဉ်တွေ လွဲချော်ကုန်တာကိုး...”
“ညီညီ ဒီကိစ္စ မပြီးသေးပါလားကွာ...”
အဖေ က စကားဖြတ်ပြီး ပြောလိုက်တော့ ဦးလေး အကြည့်က အဖေ့ ဆီပြန်ရောက်သွားပြီး..
“မပြီးဘူး..ကိုကြီး...ကိုကြီး နဲ့ ညီညီ ခုမှ တွေ့ရတာ နောင်တရနေတာ..ညီညီ အသေဖြောင့်အောင် လက်ခံပေးလို့မရဘူးလား..”
“ညီညီ...ကလေးတွေ ရှေ့မှာ မဖြစ်နိုင်တာ မပြောစမ်းနဲ့...မင်း...သဘက်ခါ စင်ကာပူသွားရမယ် အစားထိုးကုသလိုက်ရင် ကောင်းသွားမဲ့ ကိစ္စကို ဘာလို့ အားလျော့စကားပြောနေတာလည်းကွယ်...ကိုကြီး ရဲ့ ညီညီ က အရမ်းမာကျောတဲ့ မောင်သံချောင်းလေကွ...”
“ဒါပေမဲ့ အမွေတော့ လက်ခံ...အဟမ်း...”
“ညီညီ က ကိုကြီးတို့ကို အထင်သေးနေတာပဲ...”
“ဗျာ..မဟုတ်..”
“မဟုတ်ရင် မပေးနဲ့တော့..ကိုကြီး တို့ တကယ် မလိုအပ်ပါဘူး..ဖေဖေ့ လုပ်တုန်းက သစ်စက် သေးသေးလေးကို....ညီညီ ကြိုးစားလို့ အခုလို ကုမ္ပဏီကြီး ဖြစ်လာတာလေ....ဒီအမွေက ညီညီ့ သားသမီးတွေနဲ့ပဲ ဆိုင်တာ ကိုကြီး သားသမီးတွေလည်း မထိုက်ဘူး..ညီညီ စေတနာရှိလို့ ပေးရင်တောင် ကိုကြီး လက်မခံနိုင်ဘူး...ကိုကြီး သားနှစ်ယောက်စလုံးကို ပိုက်ဆံဆိုတာ လွယ်လွယ်မရဘူး..ရှာမှ ရတယ်ဆိုတာ သင်ပေးထားတယ်...ဒါမှ ကိုကြီးလို မဖြစ်မှာလေ...ကိုကြီး ဘာအလုပ်မှ မလုပ်ပဲ ပိုက်ဆံ အလွယ်ရနေခဲ့တော့ ပိုက်ဆံ ဘယ်လို ဖြစ်တည်လာလည်း မသိဘူး..လိုလာတဲ့ အခါ မရှာတက်မဖွေတက် ဒုက္ခရောက်ရတယ် ညီညီရယ်..အခုချိန်မှာ ကိုကြီးတို့ တကယ်ပြေလည်နေပြီ..ညီညီ အတင်းဒါကိုပဲ တောင်းဆိုနေရင်တော့ ကိုကြီး ရဲ့ ယောင်္ကျားသိက္ခာကို စော်ကားသလိုပဲ...ညီညီ့ တူတွေလည်း အကျင့်ပျက်လိမ့်မယ်ကွာ.....”
“ညီညီ မတရားသလို ခံစားရလို့ပါ...”
“ဖေဖေ ကိုယ်တိုင်က အမွေခံမထိုက်ဘူး ပြောထားတာ..ညီညီ က ဖေဖေ အမိန့်ကို လွန်ဆန်ခိုင်းနေတာပဲ..”
“ကိုကြီးကလည်း..အပြစ်ကြီးအောင်လုပ်နေပြန်ပြီ..”
“ဟား..ဟား..မဟုတ်လို့လား..ကြည့်စမ်း..ဒီကောင် ခုချိန်ထိ ဖေဖေ့ကို ကြောက်တုန်းလား...အေးလေ...ဒါကြောင့် ရည်းစားတောင် မထားရပဲ မိန်းမရသွားရတာပေါ့...ဟား..ဟား..”
အဖေ က ဦးလေး ခေါင်းက ဆံပင်တွေကို ဖိပွတ်ပြီး အော်ရယ်နေတော့..ဆန်နီ နဲ့ အမေ လည်း ပြုံးမိသည်..။
“တီ..တီ..တီ...”
အမေ့ အိတ်ထဲက ဖုန်းသံထွက်လာတော့ အမေ က မျက်လုံးပြူးဖြင့် အိတ်ထဲက ဖုန်းကို အမြန်ထုတ်နေသည်..။
“ကျွန်တော် ပြောလိုက်မယ်..”
“အေး..အေး..”
“ခွင့်ပြုပါနော်..”
ဦးလေး က အပြုံးနဲ့ ခေါင်းညိတ်ပြတော့ ဆန်နီ အိမ်အပြင်ဘက် ထွက်လာခဲ့လိုက်ရသည်...။
“ဟလို...”
“ဟင်...မမသူ မဟုတ်ဘူးလား..”
“ဟုတ်ကဲ့..အမေ အလုပ်လုပ်နေလို့ပါ...”
“သြော်..ဆန်နီပဲ...”
“ဟုတ်ကဲ့...”
“သားရေ...မင်းညီလေး...ဖျားနေလို့ အဲတာ အိမ်ပြန်ချင်တယ်ပြောလို့..”
“ခင်ဗျာ...”
“သား လာခေါ်မလား..”
“ဟုတ်ကဲ့...ခုလာခေါ်ပါမယ်..”
မန်နီက ဖျားတယ်ဆိုတော့ ဆန်နီ ရင်တွေ ပူလောင်သွားသည်..။
ဖျားမှာပေါ့ နေပူထဲ ဘောလုံးကန် ရေပြေးချိုး ပြီး ရင် ရေခဲတုံးက အမြဲ ကိုက်နေသေးတာ..
သူမှ မဖျားရင် ဘယ်ကောင် ဖျားမလည်း...
ဆန်နီ အိမ်ထဲ ပြန်၀င်သွားတော့ အမေ က မျက်ခုံးပင့်နေပြိ...။
သိတာပေါ့ သူ့သားလေး ဆရာမ ဖုန်းခေါ်ကတည်းက စိတ်ပူနေပြီဆိုတာလေ...။
“မန်နီ့ ကျောင်းကပါ...”
အဖေ့ဘက်ကိုကြည့်ပြီး အသိပေးသလို ပြောလိုက်တော့ ...
“သြော်..အေး...ဘာပြောလို့လည်း..”
“နေ့တစ်၀က် ကျောင်းဆင်းပေးတာ..ပြန်လွတ်ဖို့ စိတ်မချလို့ မိဘတွေကို အကြောင်းကြားနေတာပါ..”
“သြော်..”
“.ဒါဆို..သား သွားခေါ်လိုက်မလား..”
“ဟုတ်ကဲ့..အဲလို လုပ်မလား..အဖေ တို့က..”
“ဟာ...ရပါတယ်...ကိုကြီး နဲ့ အစ်မတို့ မပြန်သေးပါဘူး..ဟုတ်တယ်မလား....”
လူမမာက အားတက်သရော...မျှော်လင့်ချက်နဲ့ မေးခွန်းထုတ်လာတော့ အမေ က အားနာနာ နဲ့ ခေါင်းညိတ်လိုက်ရသည်..။
“မပူပါနဲ့....ဦးလေး...သား အကို ကို လိုက်ပို့ခိုင်းလိုက်မယ်လေ...သားလည်း လမ်းကြုံရင် ၀င်ပါထွက်ပါကွာ...မင်းညီမနဲ့တော့ ရင်းနှီးပြီးသားပဲ...မင်း အကိုနဲ့ လည်း ရင်းနှီးစေချင်တယ်..ဆွေမျိုးဆိုလို့ ဒါပဲ ရှိတာပါ...”
“ဟုတ်ကဲ့...ကျွန်တော်...လာခဲ့ပါအုံးမယ်...အကို့ ဖုန်းနံပါတ်လေး ပေးထားလေ....”
ဦးလေး ဘေးက အစ်ကို က သူ့အိတ်ထဲက ကဒ်ထုတ်ပြီး အပြုံးနဲ့ လက်ကမ်းပေးသည်..။
“ကျွန်တော် ကဒ်မပါလို့ ဖုန်းခေါ်လိုက်မယ်နော်...”
ဆန်နီ ဖုန်းထုတ်ပြီး ကဒ်ထဲ က နံပါတ် ရိုက်ထည့်လိုက်တော့ အောက်ဆီဂျင် ဘူးဘေးက ဖုန်းသံမြည်လာသည်..။
“ရပြီ..ညီ...”
“ဟေး..ဟေး...ခေတ်တွေ တိုးတက်တော့ ကောင်းလိုက်တာနော်...ကိုကြီး..”
“အေးကွ...”
“ဟုတ်ကဲ့...ဒါဆို..ခွင့်ပြု ပါဦး..ဦးလေး..”
“အေး..အေး..”
ဆန်နီ အပြုံးနဲ့ နှုတ်ဆက်ပြီး ထွက်လာခါ ကားကို ဖြည်းဖြည်းချင်း မောင်းထွက်လာခဲ့ပေမဲ့ ခြံပြင်ရောက်တာနဲ့ အရှိန်တင် မောင်းလိုက်သည်..။
.
“ဟင်..”
မို့ ခြံ၀မှာ နေကြာစေ့ ကိုက်ရင်း မေမေ့ ကို ထိုင်စောင့်နေမိတာ..
ကားထိ်ုးရပ်လိုက်တော့ ကိုကို့ ကားမှန်းသိတော့ ပိုပျော်သွားမိသည်...။
ကိုကို့ ကို လွမ်းနေပြီ...ဒါပေမဲ့ ကိုကို က ဆူအော် အုံးမှာလား..ဟိုတစ်ခါလို မို့ကိုနာအောင်လုပ်ရင် ဘယ်လိုလုပ်မလည်း...ကြောက်လိုက်တာ.....
ပြန်ပြေးဖို့ကလည်း မမှီတော့ဘူးဆိုတာ သေချာ လို့ နေကြာစေ့ထုတ်ကိုင်ရင်း မတ်တက်ရပ် ရပ်လိုက်သည်..။
ကိုကို က ကားထဲက ထွက်လာတာ ကိုကို မဟုတ်သလို
အင်္ကျီအသစ် ပုဆိုး အသစ်တွေနဲ့ ဆံပင်ကိုပါ ကျကျနနဖြီးထားတော့
မို့ မျက်လုံးလေးပြူးကြည့်နေမိသည်..။
ကိုကို က အခုလို ၀တ်စားပြင်ဆင်လိုက်တော့ ပ်ိုရင်ခုန်ချင်စရာကောင်းအောင် ကို ချောသန့်နေတာပါပဲလား...။
ဘယ်သူနဲ့ သွားတွေပြီး ပြန်လာတာလည်း..ဘာလို့ ဒီလောက် ပြင်ဆင် ထားတာလည်း...
မဟုတ်မှ..မနွေးနွေး နဲ့ သွားတွေ့တာ...အိုး..
“ကိုကို ဘယ်သွားတာလည်း..”
ကိုကို့ ဆီက မျက်မှောင်တွန့်နဲ့ အတူ အကြည့်စူးစူးကျလာမှ နှုတ်ခမ်းပြန်စူပြီး အကြည့်ကို မြေကြီး ပို့ပစ်လိုက်သည်..။
နောက်ခန်းတံခါးကို ဖွင့်တာ တွေ့လိုက်တော့ မို့လိုက်ကြည့်မိသည်..။
ဘယ်လို ကောင်မလေးမျိုး ကို အိမ်ကို ခေါ်လာတာလည်း..။
မဟုတ်မှ မိန်းမထပ်ယူလိုက်တာလား..
မို့ လျှောက်တွေးကြည့်ရင်း ရင်တွေ ပူလောင်လာရသည်..။
“ဟင်..မန်နီ...”
“သြော်..မမ..ရောက်နေတာလား...”
“ဘာဖြစ်လို့လည်းဟင်..”
“ဖျားလို့ မမရယ်...”
ကိုကို က မန်နီ လက်မောင်းကို ကိုင်ပြီး လက်တစ်ဖက်တည်းနဲ့ ခြံသော့ ဖွင့်နေတော့ မို့ ယူပြီး ဖွင့်ပေးလိုက်သည်..။
အိမ်သော့လည်း ဖွင့်ရမှာ သိလို့ အိမ်ဝပြေးပြီး သော့ဖွင့်ခါ စောင့်နေလိုက်သည်..။
“ရပြီ..ကျေးဇူးပဲ...ပြန်တော့...”
“ဟင်..”
“ဟာ..အကို ကလည်း...မမ ၀င်လေ..”
မန်နီ က ခေါ်တော့ မို့ ြုပုံးပြီး ခေါင်းညိတ်ခါ အိမ်ထဲ ၀င်ဖို့ ပြင်တော့..
“မ၀င်နဲ့...”
မို့ခြေလှမ်းတွေ လေထဲရပ်သွားရလို့ လူတောင် ယိုင် သွားရသည်..။
“မဟုတ်ဘူး..လာပါ...”
မန်နီက မို့ လက်ကို ဆွဲပြီး အိမ်ထဲ ခေါ်လိုက်လို့ မို့ အိမ်ထဲရောက်လာရသည်..။
“ထိုင်အုံး..”
“သား အိပ်ချင်လို့..”
“ဒါဆို အဖေ့ အခန်းထဲမှာ ခဏ အိပ်နေ..မင်း ကုတင်က အရမ်းအေးတယ်...ဘာစားချင်လည်း..”
“အမေ ကတော့ ဆန်ပြုတ်ပေးတယ်...”
“ဒါဆို စောင့်ရအုံးမယ်...ခဏအိပ်နေလိုက်..ငါ လုပ်ပြီး ခေါ်လိုက်မယ်..”
“ဟုတ်ကဲ့..”
မန်နီ့ကို တွဲခေါ်ပြီး အခန်းထဲက ကုတင်ပေါ် အထိ ပို့ပေးလိုက်သည်..။
ပြန်ထွက်လာတော့ မျက်လုံးပြူးလေး နဲ့ စိုးရိမ်တကြီး လိုက်ကြည့်နေတာ သိတော့ သနားမိသည်..။
မို့ ရယ်..ဘာလို့ နေပူထဲ ထိုင်စောင့်နေတာလည်း..။
ဘယ်လောက်တောင် ကြာနေပြီလည်း...။
မသိချင်ယောင် ဆောင်ပြီး ပခုံးချင်း ရှောင်ခါ အိမ်ပြင် ပြန်ထွက်လာခဲ့လိုက်သည်..။
ဆန်ပြုတ်က အိမ်မှာ ပြုတ်ရမှာလား..။
သွား၀ယ်လည်း..မန်နီ တစ်ခုခု ဖြစ်ရင် မို့ တစ်ယောက်တည်း ဘယ်လို လုပ်မလည်း..။
ကား တံခါးကို ပြန်ပိတ်ပြီး ခြံထဲ ပြန်၀င်လာရပြန်၏..။
အကျီ င်္ လက်ကို ကြယ်သီးဖြုတ် ပြီး တံတောင်ဆစ်ထိ ခေါက်တင်ခါ မီး မွှေးဖို့ ပြင်ဆင်ရသည်..။
ပေါင်းအိုး နဲ့ ပြုတ်လည်း ရေ အတွက်အချင် မသိလို့ ဒန်အိုး တစ်လုံးထဲ ဆန်နို့ဆီဗူး တစိလုံး ခပ်ထည့်ပြီး ရေကန် မှာ ဆေးနေလိုက်သည်..။
“ဟွန့်..မခေါ်နေပေါ့....”
မို့ ခုံပေါ်က ခေါင်းစောင်းကြည့်တော့ သံဇကာကွက်ကလေးတွေရဲ့ နောက်မှာ ကိုကို့ ပုံရိပ်တစ်ခု...။
အင်္ကျီ လက်မတင်ပြီး အလုပ်လုပ်နေတဲ့ ကိုကို က ချောလိုက်တာ....ဟွန့်...အမြင်ကပ်တယ်..။
မနေနိုင်သူက မို့ ဆိုတော့ လည်း ခုံက ထပြီး အိမ်တံခါး၀ထိ တစ်လှမ်းရွေ့လာရသည်..။
“အဟမ်း...”
မို့ ချောင်းဟန့်လိုက်တော့ ကိုကို က ဆန်ရေဆေးနေရင်း က လှည့်ကြည့်သည်..။
အကြည့်ချင်းဆုံသွားချိန် စက္ကန့်ပိုင်းအတွင်း ကိုကို က ပြန်လှည့်သွားပေမဲ့ ထို အခိုက်အတန့်လေးကို မို့မှာ ရင်တွေ ခုန်လို့ကျန်ခဲ့သည်..။
“ဘာလုပ်ပေးရမလည်း..”
“မီးခပ်..”
ဘယ်လို နာမ်စားမှ မပါပဲ ခပ်ပြတ်ပြတ် စကားတစ်ခွန်းကိုတောင် မို့မှာ အမိန့်တစ်ခုလို နာခံမိပြီး ယပ်တောင်ဖြင့် မီးဖိုကို ခပ်နေလိုက်သည်..။
မီးဖို ယပ်ခပ်ရင်း ကိုကို့ မျက်နှာကို အပေါ်စီးက ခိုးကြည့်ရတာ နှာတံက ပိုစင်းပြီး မျက်တောင်တွေက ပိုလို့ကော့ရှည်နေသည်..။
စတွေ့ကတည်းက မို့ကချည်း ခိုးကြည့် ခိုးလွမ်း ခိုးချစ် ရသည့် သူခိုးမလေး ဖြစ်ခဲ့တာပဲ...
ကိုကို ကတော့ ဘာမှ မခံစားရဘူးနော်...အင်းလေ..ချစ်မှ မချစ်တာ..။
ကြည်နူးနေသည့် ချစ်စိတ်ကလေး ပျောက်သွားပြီး ၀မ်းနည်းစိတ်က နေရာယူလာတော့ မို့ မျက်ရည်စို့လာပြန်သည်..။
“ဟေး...မီးဖို ကြည့်ခပ်..”
ဆန်နီ သိနေတာ ကြာပြီ မပြောချင်လို့ လွတ်ထားတာ..လူကို ဆိုက်ကြည့်ပြီး ယပ်ခပ်နေတာ မီးဖို မဟုတ်ပဲ ဘေးက ဒန်အိုးကြီးကိုလေ...။
အကြည့်တွေနဲ့ ထပ်ပြုစားအုံးမှာလား မို့ရယ်...။
“ဘာလို့ လူကို ခိုးကြည့်နေတာလည်း....”
“ဘယ်မှာ ကြည့်လို့လည်း..”
“ဒီမှာ မီးဖိုက...”
ဆန်နီ လက်ကို ဆွဲယူပြီး မီးဖို အနားပို့ပေးလိုက်တော့ ဆောင့်ရုန်းခါ
“သိတယ်..ပြာတွေ လွင့်လို့ ခပ်ပစ်တာ..”
‘သြ....့သြ...ဟော...ဟော....ပြာတွေ...”
“မမြင်ဘူးလား..ဒီမှာ ပြာတွေ...”
မို့ မလုံမလဲဖြစ်ခါ ရှေ့က ပြာတွေကို ခပ်ပြင်းပြင်း ခပ်ပြပစ်လိုက်သည်..။
“ဟုတ်လား.......”
စိတ်တိုချင်စရာ ဒီ...ဟုတ်လား ဆိုတာကြီး သူ့ပါးစပ်က ထွက်လာပြန်ပြီ..။
မို့ ဒေါသထွက်လို့ စောင်ပေပေ ကြည့်တော့ လူကို မသိချင်ယောင် ဆောင်ပြီး ဒန်အိုး အဖုံးကို ရေဆေးနေသည်..။
ရေတွေကို ဘန်းကနဲ့ လှမ်းပက်ပစ်တော့ မို့ ခုန်ရှောင်လိုက်ရပြီး..
“ဟ...စိုကုန်ပြီ...”
“ဘယ်မှာ စိုလည်း..”
“ဘောင်းဘီတွေ စိုကုန်မယ်..”
“ဟား..ဟား...မင်းဘောင်းဘီက ရေကူး၀တ်စုံသာသာလေးပဲ ရှိတာလေ..ဒါကို ရေကအပေါ် တက်စင်တာ ဟုတ်ပါ့မလား..”
“ဘာ...”
“ဟွန့်....မုဒိမ်းလာကျင့်ပါရှင်လို့ မပြောရုံ တမယ်ပဲ..”
ကိုကို့ စကားကြောင့် မို့ ၀တ်လာတဲ့ ဘောင်းဘီ တိုနဲ့ ရှပ်ခါးချည်လေးကို မလုံမလဲဖြစ်ခါ ဒေါသထွက်ရင်း..
“တောက်...မရိုင်းနဲ့နော်..”
“ဘာရိုင်းလည်း...”
“အခုပြောတာလေ...”
‘မင်းကို ပြောမိလို့လား...မင်း နာမည်ပါလား..ဟုတ်ရင် နာပေါ့...ငါတော့ ထောင်ထဲသွားဖို့ စိတ်မ၀င်စားဘူး..ငါ့ညီကလည်း နေမကောင်းတော့ စိတ်မပါဘူး..”
“ဟင်...ရိုင်းစိုင်းလိုက်တာ...အား....”
“ဖယ်...အိုးတင်ရမယ်..”
မို့ ကိုယ်လေးကို ပခုံးတိုက်ဖယ်ပစ်ပြီး မီးဖိုပေါ် သွားတင်တော့ မို့ မကျေမနပ် မျက်စောင်းထိုးမိသည်...။
“မင်း ဘာလာလုပ်တာလည်း..”
“မေမေ့ ကိုသတိရလို့..”
“အမေ့ကိုပဲလား..”
“ဘာလည်း...”
မို့ မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်တော့ ကိုကို က မီးဖိုပေါ်က အိုးကို နေရာပြန်ချရင်း ပြုံးနေသည်..။
“ကိုကို ဘယ်သွားတာလည်း..”
ဆန်နီ မော့ကြည့်လိုက်တော့ အကြင်နာမျက်၀န်းတွေကို ဖွတ်လိုက်ပြီး မာနရောင်လဲ့နေတဲ့ မျက်၀န်းလေးတွေ ပြန်ဖြစ်သွားသည်..။
“ဘာလို့လည်း..”
“သားသားနားနား ဖြစ်နေလို့...”
“ဟား..ဟား...ငါ့ဟာ့ငါ ဘယ်သွားသွားပေါ့ကွာ...”
“မိန်းမတကာကို အရှက်မရှိတဲ့ ပါးစပ်နဲ့ ရုပ်ကလေး ပြပြီး လိမ်စားအုံးမယ်...”
ဆန်နီ ဒေါသမဖြစ်နိုင်အောင်ကို မို့အပေါ် နားလည်ခွင့်လွှတ် သည်းခံချင်စိတ်တွေ ပြည့်နေသည်..။
ရန်တွေ့ချိန်မှာ နှုတ်ခမ်းစူပြီး မျက်နှာလေးတင်းနေတာလေးက ဆန်နီကြောင့် ငိုနေရတဲ့ မျက်နှာလေးထက် ပိုကြည့်ကောင်းသည်။
မို့ ရဲ့ ဆောင်ပေပေ မျက်ဝန်းလေးတွေကို ကိုကိုပိုချစ်တယ်...။
“ဘာအရေးလည်း...မင်းလည်း..တွေ့နေပြီမလား.. နမ်းပြီးပြီ ဆိုတော့ ဟိုတယ် တူတူသွားပြီးပြီလား..”
“သွားမလို့ မအားသေးလို့..”
“မင်း အခုအားနေတာပဲ သွားပါလား..”
“သူက ဒါရိုင်ဘာ မဟုတ်တော့ အလုပ်တွေများတယ်လေ...အခု စင်ကာပူရောက်နေတယ်..ပြန်မလာသေးဘူး..”
မျက်စလေးချီပြီး ဟန်ပါပါကြွားပြောနေတော့ အသည်းယားလာရသည်..။
အခွင့်အရေးသမားပြောပြော မပြတ်သားဘူးဆိုဆို...မချူပ်တည်းနိုင်တော့ပဲ...
ကိုယ်ကို စောင်းပြီး လက်လှမ်းရင်း..
“အိုး..”
နူးညံ့လွန်းသည့် ပါးလေးကို နှာဖျားတစ်ဆုံးနစ်၀င်အောင်ဖိနမ်း ပြီးမှ လက်က ငရုတ်သီးဘူးကို ဆွဲယူလိုက်သည်..။
“ဆောရီး...”
“ကိုကို တမင်ယုတ်တာ...”
“ဟာ...”
“လူယုတ်မာကြီး..”
“ဟေ့...လျှောက်ပြောမနေနဲ့ မင်း ဘာလို့ ဒီမှာ လာရပ်နေလည်း မလွတ်လို့ ကိုယ်စောင်းရင်း မတော်တဆ ဖြစ်သွားတာ..မင်းလို မိန်းမက နစ်နာသေးလို့လား...အော့....”
“တောက် နှာဘူးကောင်ကြီး...”
“မင်းနော်..မစွပ်စွဲနဲ့..ငါ့ဟာငါ ဒီမှာ အိုးထဲ ထည့်ဖို့လှမ်းယူတာ..”
“ဘာကို လှမ်းယူတာလည်း..”
ခါးထောက်ပြီး မေးငေါ့မေးတော့ ဆန်နီ သက်သေ အဖြစ် လက်ထဲက ဘူးကို ခေါက်ပြရင်း...
“ငရုတ်သီး”
“ဟုတ်လား......”
“ဘာလည်း..”
‘ဆန်ပြုတ်ထဲ ငရုတ်သီးထည့်ချက်တာ ခုမှ ကြားဖူးတော့တယ်..”
“ဟင်..”
ဆန်နီ လက်ထဲ ငရုတ်သီးဘူးကို ကြောင်တောင်တောင် ပြန်ကြည့်ပြီး မို့ မျက်နှာကို အကြည့်ရောက်တော့ နှုတ်ခမ်းမဲ့မျက်စောင်းထိုး ပြီး အိမ်ထဲ ခြေဆောင့် ၀င်သွားသည်..။
ဆန်နီ ကျောခိုင်းရင်း ပြုံးမိခါ သူခိုးလူမိသလို ရှက်လို့ မီးဖိုကိုချည်း ယပ်တောင်ဖိခပ်နေလိုက်ရသည်..။
မို့ ပါးကို ကိုင်ကြည့်ရင်း ရင်တွေခုန်နေတာ မရပ်လို့ မန်နီ ဆီသွားလိုက်ရသည်။
“မောင်လေး...ချမ်းတုန်းလား...”
“သိပ်မချမ်းပါဘူး..မမ...”
“ဟူး..စိတ်ညစ်စရာကြီး...”
“သား ဆေးထိုးခံလိုက်သေးတယ်...”
“နေပူထဲဆော့တာကိုး ဖျားတာ..နည်းသေးတယ်..”
မန်နီကို အပြစ်တင်ပြီး ရေပတ်အ၀တ်ကို ရေညှစ်ပြီး နဖူးကို ပြန်ကပ်တင်ပေးလိုက်သည်..။
“မမ ဘယ်တော့မှ အိမ်ပြန်လာမလည်း...”
“နေ့တိုင်းလာနေတာပဲလေ..ဟိုတလောကတော့ စိတ်ဆိုးလို့မလာတာပါ...”
“ဟုတ်လား..သားကျောင်းတက်နေတော့ မသိလိုက်တာပေါ့...မမက ညပိုင်းဘာလို့ မလာတာလည်း..အရင်လို အပြီးနေပါလား..”
မန်နီ့ရဲ့ဖိတ်ခေါ် မှုကြောင့် မို့ ဒေါသထွက်ခါ အိမ်ရှေ့ခန်းကို ဦးတည် မျက်စောင်းထိုးလိုက်ပြီး..
“နင့် အကိုက မလာရဘူးတဲ့ ငါ့ကို မောင်းချနေတာလေ..”
“အကိုကလည်း..ဘာမှန်းမသိဘူး..”
“ရူးနေတာ...”
“ဟုတ်မယ်...အမေရိုက်တာခံ ထားရတာတောင် မမှတ်ဘူး..”
“ဟင်..မေမေ ရိုက်တယ်...”
“အင်း...မမ အိမ်မှာ ငိုပြိး ပြန်သွားတဲ့နေ့ ညဘက်လေ...အမေက ယောင်္ကျားမပီသဘူးဆိုပြီး မေးရိုက်တာ...”
“အိုး...ကောင်းလိုက်တာ....အားရတယ်...၀မ်းသာတယ်..”
မို့ နှုတ်ခမ်းမဲ့ ပြုံးပြီး ၀မ်းသာအားရပြောလိုက်တော့ မန်နီ က သက်ပြင်းချပြီး
“မမသာ ရှိရင် ငိုမှာပါ..သားတောင် ငိုတယ်..သံချောင်းနဲ့ ရိုက်တာနော်..သွေးတွေ ထွက်တာ..”
မို့ ရင်ထဲ နာကျင်သွားရခါ ထိုမြင်ကွင်းကို မြင်ယောင်မိပြီး မျက်လုံး စုံမှိတ်ပစ်မိသည်...။
“မမ လည်း သနား သွားပြိမလား...”
“နည်းသေးတယ်..သူ အပြစ်လုပ်လို့ သူခံရတာ...မသနားဘူး..”
“မန်နီ နိုးနေလား..”
ကိုကို က ဆန်ပြုတ်ပန်းကန် ကိုင်ပြီး ၀င်လာတော့ မို့ မန်နီ နဖူးပေါ်က အ၀တ်ကို ဖယ်ပေးလိုက်သည်..။
“ဘယ်လိုနေလည်း..ချွေးထွက်လား..”
“ဟုတ်..”
မန်နီ နဖူးကို ကိုကို စမ်းကိုင်ကြည့်နေတုန်း လက်ထဲက ပဝါကို လွှတ်ချခါ ကုန်းကောက်လိုက်ချိန်..
ပုဆိုးတိုတို ၀တ်ထားတဲ့ ကိုကို ခြေသလုံးဖြူဖြူ မှာ အနီရောင် သုံးချောင်းဖြစ်နေသည်..။
ကိုကို့ ကို သနားလိုက်တာ....အရမ်းနာမှာပဲ...။
မို့ကို အသားနားခံပြီးကို စွန့်ပစ်ရလောက်အောင် မုန်းနေတာပါပဲလား...။
ပါးကို အနမ်းခံရလို့ ရင်ခုန်နေတဲ့ ခံစားချက်လေး လွင့်ပြယ်သွားရပြီ။
ရင်ထဲက နာကျင်တဲ့ခံစားချက်ကို မြိုသိပ်မထားနိုင်လို့ မျက်တောင်တွေ ပုတ်ခတ်ပြီး ရေဇလုံနဲ့ ပုဝါ ယူပြီး ပြန်ထွက်လာခဲ့လိုက်သည်..။
“ရော့...ရပြီ...ဟေ့ကောင်...ြ့ပီးရင် ဆေးသောက်ရမယ်..”
“ဟိဟိ....အကို ...သားကို ကျေးဇူးတင်ရမယ်..”
“ဆန်ပြုတ်တိုက်ပြီး အလုပ်ရှုပ်ရလို့လား...”
“မဟုတ်ဘူး..မမ နဲ့ အချိန်အကြာကြီး ပြန်တွေ့ရတာ...”
“ခွေးလေး...တော်တော် အောင်သွယ်ချင်နေတယ် ဟုတ်လား.”
“မမ အိမ်မှာ ရှိရင် ပျော်ဖို့ကောင်းတယ်...”
“အခုပြောနေတာ..အတူတူနေရင် အမြဲသတ်နေတာ မင်းတို့ နှစ်ကောင်ပဲ...”
“ဟီး..အဲဒါလည်း..ဟုတ်တာပဲ..”
မန်နီကို ဆန်ပြုတ်နဲ့ ဆေးတိုက်ပြီး အခန်းထဲက ပြန်ထွက်လာတော့ သခင်မ က ဒူးပေါ်မေးတင်ပြီး တီဗွီ ကြည့်နေသည်...။
“ဟေး...မင်း မပြန်သေးဘူးလား..”
“မေမေ ပြန်လာမှ...”
‘အမေ ခရီးသွားတယ်...”
“ဟင်...တကယ်လား..”
တီဗွီက အကြည့်ခွါလိုက်ပြီး လှည့်ကြည့်တော့ ဆန်နီ မျက်နှာတည်တည်ဖြင့် ခေါင်းညိတ်ပြလိုက်ရသည်..။
“မန်နီ့ကို တန်ပရေချာ တိုင်းတာ ဘယ်လိုနေလည်း.”
“ ကျသွားပြီ...”
“ဒါဆို ပြန်မယ်...နက်ဖြန်မှ ထပ်လာခဲ့မယ်...”
“မလာလေ...ကောင်းလေပါ...”
“မေမေ့ အိမ်ကို လာတာ..”
အနိုင်နဲ့ ပိုင်း ပြီး အိမ်ပြင်ထွက်သွားတော့ ဆန်နီ ခဏစောင့်ပြီး ခြံ ပြင်ထိ လိုက်ကြည့်မိသည်..။
လမ်းထိပ်မှာ လက်တားပြီး ငါးမိနစ်ကြာမှ ကားတစ်စီးပေါ်တက်သွားသည်...။
မို့ရယ် အိမ်အကောင်းစားကြီးမှာ ပျော်နိုင်အောင် ကြိုးစားပါကွာ...။
အခုချိန်လေး မို့ကို တွေ့ခွင့်ရတာ ကိုကို အရမ်းပျော်ရပေမဲ့
မို့ စားဖို့ ကိုကို မစီစဉ်ပေးနိုင်ဘူး...ကိုကို က
ထမင်းကြမ်းန ဲ့ မနေ့က ဟင်းအကျန်တွေ စားနိုင်ပေမဲ့ မို့ ကို မကျွေးရက်ဘူး...ကိုကို့ ကို မေ့လိုက် ပါတော့ကွာ...
ဆန်နီ အိမ်ထဲကို ပြန်ဝင်လာချိန် ရင်ဘတ်ထဲမှာ မွန်းကြပ်နေရသည်။☆━━━━━━━━━━━━━━━☆
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...