နန်းထိုက်ပန်းမို့
အပိုင်း (၅)
#နန်းထိုက်ပန်းမို့“မို့..”
“ဟင်...”
“ရောက်ပြီဟ...နင်ကလည်း တစ်လမ်းလုံး အိပ်လာတာပဲ...”
“စကားပြောမယ့်သူမှ မရှိတာ..”
မို့ မျက်လုံးပွတ်ပြီး နှုတ်ခမ်းစူခါ ထလိုက်တော့ ခါးပတ်ကြောင့် ပြန်လှန်ကျသွားသည်..။
“ဟား..ဟား...ခါးပတ်ဖြုတ်အုံး...အကိုက နင် အိပ်ငိုက်ပြီး ပြုတ်ကျမှာစိုးလို့ ပတ်ပေးထားတာ..”
“အင်း..”
မို့ ခါးပတ်ဖြုတ်ပြီး မှန်ကို ကြည့်မိတော့ သူ့ရဲ့ အကြည့်စူးစူးတွေနဲ့ တိုက်ဆိုင်သွားပြီး ရင်တွေ ဆောင့်ခုန်ကုန်ပြီ..။
“ဟေး..”
“ဆင်း..”
“ဘယ်လိုလည်း.မို့..”
“တစ်လမ်းလုံး အိပ်လာတာလေ...”
မို့ ကျောပိုးအိတ်လေးကို ပြန်ကောက်လွယ်ပြီး အိပ်ပျော်သွားတုန်းက ရုပ်များဆိုးနေမလား တွေးမိပြီး ရှက်ရသည်..။
“မို့ အိတ်တွေကော..”
“ဟိုကား မှာလေ..”
“အင်း...လာ...”
ခရီးရှည်ကြီး တစ်ခုကို တစ် ကားထဲမှာ တူတူ စီးလာပြီး စကားလည်းမပြောရ..
ရင်းနှီးမှုလည်း မရှိရသည့် သူ့ဆီ အကြည့်မရောက်အောင် ထိန်းသိမ်းပြီး မို့ ကားပေါ်က ဆင်းလာခဲ့လိုက်သည်..။
“အကို ကားပါကင်တိုးပြီးမှ အိတ်ချမယ်..”
“အိုကေ..”
ကားကို ဟိုတယ် ပါကင် ဘက်မောင်းကွေ့တော့ မြက်ခင်းပေါ်မှာ ရှပ်အဖြူကိုခါးချည်ပြီး ပေါင်လယ်လောက် ဂျင်းဖြူနဲ့ သူမလေးက လော့ဂတ်က လည်း အဖြူ..ဖိနပ် ကလည်း အဖြူ..အသားကလည်း တော်တော်လေးဖြူပါသည်..။
သူ့ကောင်လို့ ထင်ရသည့် ရုပ်ရှင်မင်းသား၀တ်စုံနဲ့ လူက သူ့လော့ဂတ်ကို ယူဆွဲပေးနေတော့
ရည်းစားရှိရဲ့သားနဲ့ လူကို ရင်ခုန်အောင် အကြည့်တွေလွှတ်တာ မကျေမနပ် စိတ်တိုမိသည်..။
“အကို အတွက် အခန်းသော့..ဒီမှာ...”
“ရပါတယ်..အကို မိုတယ်မှာ တည်းလိုက်မယ်..”
“ဟာ..မဟုတ်တာ..မြတ် က ဒါရိုင်ဘာ အနေနဲ့ ခေါ်လာတာ မဟုတ်ဘူးနော်....အကို အရင်းတစ်ယောက်လို သဘောထားလို့ ခေါ်လာတာ..”
“ဟုတ်ကဲ့ပါ..”
ဆန်နီ လက်စွဲတော် ဘေးလွယ်အိတ်ကို ဆွဲထုတ်လိုက့်ပြီး စလွယ်သိုင်းခါ အခန်းဘက်ကို လျှောက်လာခဲ့သည်..။
အခန်းထဲမှာ ခဏ ထိုင်ပြိး မအိပ်ချင်တာနဲ့ ပြတင်းပေါက်ဆီ သွားရပ်လိုက်သည်..။
ပင်လယ်ကို အမြင့်က ကြည့်ရတာ မကြိုက်လို့ အ၀တ်အစားပြန်လဲပြီး ဆင်းလာခဲ့လိုက်တော့ မထင်မှတ်ပဲ....
“နော်...နော်...”
“မသိဘူး..စီစီ တို့ကို မေး..”
“မို့ကလည်းကွာ...ကိုယ်က မို့ ဆီက အဖြေလိုချင်တာ...စီစီ နဲ့ ဘာဆိုင်လည်း..”
“နေမျိုး အဲလိုတွေ လုပ်နေရင် မို့ စိတ်ရှုပ်လာပြီ...”
“ကိုယ့်မှာ မို့ မကြိုက်တာ ဘာရှိလည်းပြော..”
“မရှိဘူး..မချစ်ချင်ဘူး..”
“မို့ကလည်းကွာ...”
“မို့ကို စိတ်ညစ်အောင် မလုပ်ပါနဲ့ မို့ ပျော်ချင်လို့လာတာလေ....နေမျိုး အခုလို လုပ်နေတာ..မို့ကို ချစ်တာနဲ့ မတူဘူး..”
“ဟာဗျာ..စွပ်စွဲချက် ကြမ်းလိုက်တာ..”
ဆန်နီ ရှေ့တိုးရမလား နောက်ဆုတ်ရမလား ဝေခွဲမရဖြစ်ရသည်..။
ရည်းစား စကားပြောတာပဲ လှေကားမှာ ပြောစရာလား..ဒုက္ခ..
ကိုယ့် ထက် အကြောင်းဆိုးနေတဲ့ သဌေးသားတွေလည်း ရှိသေးတာ သိလိုက်ရတော့ ဆန်နီ ပြုံးလိုက်မိသည်..။
“အဟမ်း..”
“သြော်..အကို ကမ်းခြေသွားမလို့လား...”
ရုပ်ရှင်မင်းသားစတိုင်နဲ့ လူက နှုတ်ဆက်တော့ ဆန်နီ ခေါင်းညိတ်ပြလိုက်ရင်း..
“ဟုတ်တယ်..ညီ..”
“ကျွန်တော်တို့က ညမှ ဆင်းမယ်...အခုတော့ နပ်လိုက်အုံးမယ်..”
“အင်း...”
ဆန်နီ မျက်နှာပြောင်တိုက်ပြီးပဲ လှေကားကိုဆက် ဆင်းလာခဲ့လိုက်သည်..။
“မို့လည်း ကမ်းခြေသွားချင်လို့..”
“ကိုယ်လည်း လိုက်ခဲ့မယ်..”
မို့ မျက်ခုံးတွန့်ပြီး ကြည့်လိုက်တော့ နေမျိုးက ရယ်ကြဲကြဲ လုပ်ပြပြီး ခါးညွန့်ခါ လက်ဆန့်တန်းပေးသည်..။
“ဟို အကို...ခဏ...”
“သေစမ်း..”
ဆန်နီ အသံမထွက်အောင်ပြောပြီး ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်..။
“အကို...”
“ဟော..မြတ်...ကမ်းခြေ သွားမလို့လား..”
“ဟမ်..ဟုတ်တယ်..”
မြတ်က အပွင့်ရိုက် ဂါ၀န်ရှည်နဲ့ လှေကားမှာရောက်နေတော့ မို့ ခြေလှမ်းတွေ အလိုလို ရပ်တန့်သွားရသည်..။
“လာလေ...”
မြတ်က သူ့ဘေးမှာ လျှောက်ရင်း လှေကားအချိုးရောက်မှ မော့ကြည့်ခါ..
“ဟင်...မို့...အောက်ဆင်းမလို့လား..”
“ဟင့်အင်း..”
မို့ ကပျာကယာ ခေါင်းရမ်းရင်း လက်ပြလိုက်ရပေမဲ့ ရင်ထဲမှာ နာကျင်လာသည်..။
လှေကားတွေကို ပြန်ပြေးတက်ရင်း မျက်ရည်စ တစ်ချို့ ပြုတ်ကျကျန်ရတာ ယောင်္ကျားတစ်ယောက် ရဲ့ ဥပက္ခာပြုခြင်းခံရလို့ ပထမဆုံးကျသော မျက်ရည်များသာ..။
“ဟယ်..မို့...ချောင်းသာလာပြီး အိပ်ချည်းနေပါလား..”
“ဟဲ..ဟဲ..ချောင်းသာ ရောက်လာခြင်းရဲ့ ရည်ရွယ်ချက်တွေ ပင်လယ်ကြီးကို တွေ့ပြီးမေ့သွားပြီလား..”
“ဟ..ထပါအုံး..”
စီစီ က ဆွဲမြှောက်ပေမဲ့ မို့ ခေါင်းအုံးကို ပွေ့ပြီး မျက်နှာဝှက်ထားလိုက်သည်..။
“ဟဲ့ကောင်..တကယ်ကြီး အိပ်နေတော့မှာလား..အောက်မှာ သွားကြည့်မယ်.”
“ရီလေး..လာမြှောက်စမ်း...ဒီကောင် ဘယ်က အားတွေရသွားတာလည်း.မသိဘူး..”
ရီလေး နဲ့ စီစီ ဆွဲမြှောက်တော့ မို့ မြှောက်သွားရသည်..
“ဟယ်...ငိုနေတာလး..”
“ဘာလို့လည်း...ဟင်..”
“ဘာဖြစ်လို့လည်း..”
“ဘယ်တုန်းကတည်းက ငိုနေတာလည်း...မျက်နှာ တစ်ခုလုံး နီရဲနေပြီ...”
“ဘယ်သူ ဘာပြောလို့လည်း..”
“နင့် လူဝံကြီး ဘာပြောလို့လည်း..”
“မဟုတ်ဘူး..”
မို့ ဒေါသနဲ့ အတူ အော်လိုက်ပေမဲ့ ငိုထားလို့ အသံက တိုးတိုးလေးသာ ထွက်သွားသည်..။
“ဒါဖြင့် နေမျိုးလား..ငါပြောတယ်.. အတင်းလိုက်မနေပါနဲ့ဆိုတာကို..တိတ်...တိတ်...”
“နေ၀င်တာ သွားကြည့်မယ်...”
စီစီ နဲ့ ရီလေးက မို့ လက့်ကို ဆွဲမြှောက်ပြီးအခန်းပြင်ထုတ်လာလို့ ဖိနပ်စီးပြီး သူတို့နဲ့ လိုက်ခဲ့ရသည်..။
မြတ်နဲ့ သူ့ကို တွေ့ရင် ဘယ်လို ရင်ဆိုင်ရမလည်း..။
သူတို့က ရိုးရိုးသားသား လမ်းလျှောက်တာကို .မို့ က ဘာလို ခံစားနေရတာလည်း..။
သူ ဥပက္ခာပြုရလောက်အောင် မို့က ဘာလိုအပ်ချက်တွေ ရှိနေလို့လည်း..။
ဆံပင်တွေကို ဖြန့်ချ၍ အိတ်ထဲက နှုတ်ခမ်းနီ ထုတ်ခါ ကာလာပြန်တင်လိုက်သည် ။.
“ညကျရင် ပါတီ လုပ်မှာနော်..”
“တကယ်လား..”
“အင်း..”
‘နင့် မာမီက မလုပ်ရဘူးလို့ မှာလိုက်တယ်ဆို..”
“မာမီ သိတာမှ မဟုတ်တာ..”
“ဟား..ဟား..သမီး လိမ်မာလေးပဲ..”
နှုတ်ခမ်းနီကို အိတ်ထဲ ပြန်ပစ်ထည့်လိုက်ပြီး ခုန်ဆွလုပ်ရင်း လှေကားတွေကို ဆင်းလာခဲ့လိုက်သည်.။
“အမယ်...မြတ်က လူဝံ့ကြီး နဲ့ပါလား..”
“လူတွေ လွဲနေသလားလို့...”
“သူတို့ ငါ့ကို ခေါ်တယ်..နေမျိုး ပါလို့ မလိုက်တာ..”
နေမျိုးကိုသာ တရားခံ အဖြစ် ဖန်တီးလိုက်ရပေမဲ့ သူတို့ ပုံရိပ်ကိုကြည့်ရင်း ငိုချင်လာပြန်ပါပြီ..။
“ဟေး....မြတ်...”
သူတို့ နှစ်ယောက် က ရယ်လက်စ နဲ့ လှည့်ကြည့်တော့ မို့ အကြည့်တွေ ပင်လယ်ဆီကို ရွေ့ထားလိုက်ရသည်..။
“ဟော...လာကြ...နောက်တောင် ကျနေပြီ..”
“တွေ့ဖူးနေကျပါဟာ...ငါတို့ က ညမှလေ...”
“ဟုတ်ပါတယ်...မပြောတော့ဘူး..”
မြတ်က လက်ပိုက်ရင်း မို့ အနားလျှောက်လာတော့ မြတ်ကို စိတ်ဆိုးလို့ မခေါ်ချင်...။
“မြတ်...သူငယ်ချင်းတွေ ရောက်ပြီဆိုတော့ ကိုယ် ပြန်တော့မယ်..”
“ဟုတ်...ကျေးဇူးပဲ အကို..”
သူပြုံးပြီး ခေါင်းညိတ်ထွက်သွားတာ မို့ ဘက်ကို တစ်ချက်တောင်မှ ငဲ့မကြည့်..။
တစ်ကျောင်းလုံးက ယောင်္ကျားလေးတွေ လည်ပြန်မကြည့်တောင် ခိုးကြည့်ကြသည့် မို့ အလှက သူ့ အတွက် ဆံပင်တိုတို ပိန်ပိန်ပါးပါးနဲ့ မြတ် ကို မမှီတော့တာလား..။
“မြတ်..ယူကလည်း အလိုက်မသိဘူး.”
“ဟင်..ဘာကိုလည်း..”
“သူ့ လူဝံ့ကြီးအနား မင်းကပ်နေလို့ ခွေနေပြီလေ...”
“ဟယ်..ဟုတ်လား..”
မြတ်က မို့ကို တအံတသြပုံစံကြည့်နေတော့ မို့ ခေါင်းရမ်းပြီး..
“မဟုတ်ပါဘူး..နေမျိုးကြောင့် စိတ်ညစ်နေတာ...”
“ဒီကောင်ကလည်း တစ်မှောင့်..”
“ငါ လူဝံကြီးကို စိတ်မ၀င်စားတော့ဘူး..”
“အယ်..”
“ဟုတ်တယ်...နေမျိုးနဲ့ ယှဉ်ရင် လွန်းက တော်တော် ချစ်ဖို့ကောင်းမှန်း သိသွားပြီ..”
“အဲဒီတော့..”
“လွန်းကိုပဲ ရွေးလိုက်တော့မယ်..”
၀င်လုဆဲဆဲ ပင်လယ်ပြင်မှာ မေးတင်နေတဲ့ နေလုံးနီနီကို ငေးရင် နာကျင်စွာ လိမ်ညာလိုက်ရသည်..။
“အောင်မယ်...မိတ်ကပ်မလိုတဲ့ မမက အခုတော့လည်း ဟော့လှချည်လား..”
“လှလား..”
‘လှပြီးသားကို ထပ်ပြင်တော့ ပုရိသ အပေါင်းတို့ရဲ့ နှလုံးသားတွေ ခါရမ်းကုန်လိမ့်မယ်.”
“ဟွန့်...”
မို့ နှုတ်ခမ်းကို နီနီခြယ် ပြီး ဂါ၀န် လက်ပြတ် အနီရောင် ဒူးပေါ် အကြပ်လေး ၀တ်လိုက်သည်..။
နားဆွဲ တစ်ဖက်ဆွဲပြီး ဆံပင်ကိုလည်း အလိပ်ဖြည်လိုက်တော့ ပါတီ တက်ဖို့ ပြည့်စုံသွားပြီ..။
“ဒေါက်မစီးတော့ဘူး..”
“ဟုတ်တယ်...ခုန်ရမယ်...ပေါက်ရမယ်...”
မို့ ရယ်လိုက်ပြီး လက်ထဲက ဒေါက်ကို ကုတင်ပေါ် ပစ်တင်ပြီး စီစီ လက့်ကို ချိတ်ခါ ဆင်းလာခဲ့လိုက်သည်..။
“ဟယ်...ကိုလူဝံ...အဲ...ဟုတ်ပါဘူး...ကိုဆန်နီ...”
လှေကားက ဆင်းလာတော့ သူ့ကိုတွေ့ချိန် အမှတ်မရှိစွာ ရင်ခုန်မိပြန်သည်.။
သူများ မို့ကို ငေးကြည့်နေမလား..
မျှော်လင့်ချက်နဲ့ ကြည့်လိုက်ပေမဲ့ သူက မို့ ဆီ အကြည့်မလာပဲ စီစီ ကိုကြည့်ပြီး..
“ဘယ်လည်း..ညီမတို့...”
“နိုက်ပါတီလေ...အကိုလည်း လာလေ...”
“အကို မကြိုက်ဘူး..အိပ်တော့မယ်...”
“ဟာ..လာပါ အကိုကလည်း..”
ရီလေးက လက်ဆွဲမတက်ခေါ်တော့ သူက အားနာလို့လား မကောင်းတက်လို့လား မသိ ရီလေး နဲ့ အရင်ဆင်းသွားသည်..။
“ဝိုး....အနီရောင်လေးက ဘယ်သူလည်း..ဘယ်သူများလည်းကွယ်..”
လေချွန်သံတွေ ဆူညံသွားပေမဲ့ မို့ ဂရုမစိုက်သလို ကောင်တာမှာ ၀င်ထိုင်လိုက်သည်..။
“ဟာ...မို့ မှ ဟုတ်ရဲ့လား..”
“ဟီး..ဘာလို့လည်း..”
“လှလို့ပေါ့ကွ..”
“ဒီဂျေ စတော့မလား..”
‘လုပ်လေ...”
နေမျိုးက ခေါင်းညိတ်ပြလိုက်တော့ စလိုက်တွေ ပြောင်းပြီး တီလုံးသံ ထွက်လာသည်..။
“ကမယ်လေ...”
“နေအုံး...သောက်လိုက်အုံးမယ်..”
ဖန်ခွက်ထဲက အပြာရောင် အရည်တွေကို တစ်ရှိန်ထိုး မော့ချလိုက်ပြီးမှ ထလိုက်သည်..။
နေမျိုးက မို့ ခါးသွယ်သွယ်လေးကို ထိန်းကိုင်ထားတော့ စီးချက်တွေနဲ့ အတူ လိုက်လှုပ်ကနေလိုက်ပေမဲ့ တစ်ချက် တစ်ချက် သူ့ဆီကို အကြည့်ကရောက်သွားမိသည်..။
သူကတော့ စီစီ နဲ့ စကားပြောလိုက် ရယ်လိုက်...ပြုံးလိုက်နဲ့ မို့ကို လုံး၀ကို စိတ်မ၀င်စား...။
သူ့မျက်လုံးထဲမှာ မို့ကလွဲပြီး မိန်းကလေး အားလုံးကို မိန်းကလေး လို မြင်တာပဲလေ...။
မကျေနပ်တဲ့ စိတ်လေးထကြွလာတော့ တစ်ခွက်ထပ်မော့ပြီး..
ပိုပြီး ခါရမ်း ကပစ်လိုက်တာ ပျော်ရွှင်ခြင်းတော့ နတ္တိ..ဟန်ဆောင်အပြုံးတွေ တန်ဆာဆင်ထားတာ ကိုယ်တိုင်က လွဲပြီး ဘယ်သူမှ သိမယ်မထင်...။
“ဟေး..မို့..နင်..မူးနေပြီထင်တယ်..”
“မမူးပါဘူး..”
“...ခဏသွားထိုင်နေ...”
စီစီက ကနေတဲ့အုပ်စုထဲက ဆွဲထုတ်ပြီး သူထိုင်နေတဲ့ စားပွဲကို ပို့လိုက်တော့ မို့ ရုန်းပေမဲ့ မတက်နိုင်ပဲ ၀င်ထိုင်လိုက်ရသည်..။
“အကို ခဏ ကြည့်ထားပါနော်..”
“ငါ ကောင်းတယ်..”
“အကို ပြန်တော့မှာ..”
“ခဏပါ..အကိုရယ်..ခဏပဲ..သူမူးနေလို့..”
တာ၀န်မယူနိုင်ဘူးလို့ ငြင်းနေတဲ့ သူ့ကို ဒေါသဖြစ်လို့ စောင်ပေပေ ပြန်ကြည့်လိုက်သည်..။
စီစီ က မို့ ကို ခုံမှာ ထိုင်ခိုင်းပြီးတာနဲ့ လူအုပ်ထဲ တိုးသွားပြီ..။
“အဟမ်း..”
သူက ခေါင်းဟန့်ပြီး ရှေ့မှာထိုင်နေတဲ့ မို့ကို မကြည့်ပဲ ကိုယ်တစ်ခြမ်းစောင်းခါ ဘားကောင်တာကိုပဲ ကြည့်နေသည် ။
သူ့ရှေ့က မို့ဆိုတာ ရွံစရာဖြစ်နေလို့လား..။
“ဒီမှာ...အကိုကြီး..”
“ဟမ်..”
သူက အကြည့်မရွေ့လာပဲ ဟမ် ထူးတော့ မို့ စိတ်တိုလို့ စားပွဲပေါ်က သူ့လက်တစ်ဖက်ကို ရိုက်ချပစ်လိုက်သည်..။
“ဟ..”
“ဒီမှာ လူကိုကြည့်..”
“ပြော..ဘာလည်း..”
“ဘာလို့ လူကို မကြည့်တာလည်း..ဟမ်..”
“မင်း..မူးနေပြီ..မို့မို့ဖြူ..”
မို့မို့ဖြူ ဆိုပြီး နာမည် တစ်စတစ်ဆုံးခေါ်လိုက်လို့ မို့ နားထဲ ခါးတူးသွားရသည်...။
မြတ်ဖူးငုံ ကို ကျတော့ မြတ် တစ်လုံးတည်း အမြတ်တနိုးခေါ်ပြီး..မို့ကျတော့...။
“အဟင့်..”
“ဟာ...ဘာလို့ ငိုတာလည်း..”
“အခန်းထဲ ပြန်တော့မေ..”
‘နေအုံးလေ...မင်း သူငယ်ချင်းကို စောင့်အုံး...”
“ရတယ်...သွားပြီ...ဂွဒ်နိုက်..ဂွဒ်...ဒရင်မ်...ဂွဒ် လိုဖ်...ဂွဒ် ဂဲလ်....ဂွဒ်..လက်ဖ်..အိုကေ....ဘိုင်..”
မို့ လက်ပြထွက်လာတော့ နောက်က စိုးရိမ်တကြီး ပြေးလိုက်တာ..လက်လိုက်ဆွဲ တာမျိုး မရှိပဲ ခုံကတောင် ထမလာခဲ့ပါ..။
နှလုံးသားက နာကျင်သလို မွန်းကြပ်သလို ခံစားနေရလို့ အပေါ်ပြန်မတက်သေးပဲ ကမ်းခြေဘက်ကို လျှောက်လာပြီး သြဲပင်ပေါ်မှာ ဒီတိုင်း ထိုင်ချလိုက်သည်...။
ပင်လယ် ကမ်းခြေ လေညှင်း နဲ့ အတူ ဆံပင်တွေ က အလိပ်တွေပေမဲ့ လှုပ်နေသည်.။
လှိုင်းသံ မပျက်တဲ့ ကမ်းခြေကို ငေးကြည့်ရင်း စိတ်တွေ မွန်းကြပ်တာ နည်းနည်းလျော့လာသည်..။
“မုန်းတယ်...”
“အဟင့်...”
သဲတွေကို ဆုပ်ယူပြီး ပင်လယ်ဆီ ဦးတည် ပစ်ပေါက်လိုက်ပေမဲ့ ရေထဲမရောက်ခင် လမ်းမှာတင် ကုန်သွားရသည်...။
“ဟူး..ဒုက္ခပဲ..”
ဆန်နီ ကလေး ထိန်းနေရသလို သူ့နောက်ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်နေရသည်..။
ကလေးစိတ် ကလေးပုံစံလေးနဲ့ ကလေး တစ်ယောက်လို ချစ်စရာကောင်းပါ၏..။
အားလုံးထဲမှာ အထင်းဆုံး အလှဆုံးဖြစ်နေသည့် နှင်းဆီနီ ပွင့်လွှာလေးနဲ့ တူတဲ့ သူ့ကိုငေးမိရင်း သက်ပြင်းတွေကို အကြိမ်ကြိမ်ချပြီး ရှောင်လွဲနေရတာ..မသက်သာပါ..။
သူ့မျက်၀န်းလေးတွေကို ဆုံချိန်တိုင်း ရင်ထဲမှာ ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ ကတုန်ကယင်တွေ ဖြစ်ကုန်ရသည်..။
ကြောက်လွန်းလို့ ရှောင်လေ တည့်တည့်တိုးလေ..... ဒီ ခရီးလိုက်လာမိတာ မှားပါပြီလို့ သူနဲ့ တွေ့တိုင်း တွေးမိရသည်..။
အခုတော့ ဆန်နီ ကြောက်လွန်းသည့် မြင်သူတကာငေးတဲ့ အလှဘုရင်မလေးက ကမ်းခြေမှာ ခြေဆင်းထိုင်လို့ ကိုယ်ကတော့ အစောင့်တပ်သားပေါ့လေ...။
ဘယ်လိုမိန်းကလေးလည်း..လှသလောက် ကဲလိုက်တာကွာ..
ငါသာ မင်းရဲ့ ဆိုင်သူ ဖြစ်ခဲ့ရင်လေ..မင်းကို နာနာ ရိုက်ပစ်မိမှာပါပဲ..။
ဆန်နီ အတွေးတစ်ခုနဲ့ ပြုံးလိုက်ချိန် သူက ဒယိမ်းဒယိုင် ထလာတွေ့တော့ တိုင်နောက်မှာ ကွယ်လိုက်ရသည်..။
“ဘယ်ဘက်လည်း..”
“ညာဘက်...”
သူ့ကိုယ်သူ မေးလိုက်တဲ့ အမေးကို ဆန်နီ ၀င်ဖြေပေးလိုက်တော့ လှေကားဘက်ကို လက်ညိုးထိုးပြီး..
“ဟင်...ညာဘက်လား..”
“အင်း..”
ဆန်နီ လူမထွက်ပဲ ပြောလိုက်တော့ သူက တိုင်ကိုကြည့်ပြီး လက်ပြသွားသေးသည်..။
လှေကားတွေကို တက်ရမှာ မူးမူးနဲ့ ပြုတ်ကျရင်တော့ အလှဘုရင်မ သေလို့ တစ်ဝိုင်းထပ်က ကြအုံးမှာ..။
“ညီလေး..”
“ဗျာ..”
“ညီ့ ကောင်မလေး မူးနေတာ အပေါ်တက်သွားတယ်..လိုက်ပို့လိုက်ပါ..အကို တခြားလူတွေ လိုက်ပို့ရင် နှမသားချင်းမစာတဲ့ စိတ်တွေ ရှိမှာစိုးလို့..”
“ဟုတ်ကဲ့...”
“ညီက တော့ တကယ့် လူကြီး လူကောင်းလိုပဲ..ရုပ်ကြည့်တာနဲ့ ကိုယ် သိတယ်..”
“ဟုတ်တယ်...ကျွန်တော် က ပျော်တက်ပေမဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ အလိုမတူပဲ လက်ဖျားနဲ့တောင် မထိဘူး..”
“အဲဒါမျိုးက ရှားသွားပြီ..လေးစားပါတယ်ကွာ..”
“သွားအုံးမြန်မြန်..”
“ဟုတ်ကဲ့..”
ထုံးစံအတိုင်း မြှောက်ထိုးပင့်ကော်လုပ်ပြီး လိုချင်တာကို အသုံးချလိုက်ရပေမဲ့ သိပ်တော့ စိတ်မချချင်..
သူ့ဟာသူ ဘာဖြစ်ဖြစ် ကိုယ်နဲ့ ဆိုင်တာလည်း မဟုတ်ပါပဲ...နာရီ ကြည့်ထားပြီး ၅မိနစ်ကြာတော့ မောင်မင်းကြီးသား ပြန်ရောက်လာမှ သက်ပြင်းချနိုင်တော့သည်..။
ကိုယ်ကသာ လိုက်ဂရုစိုက်နေတာ.ဒင်းလေးက မြွေဟောက်မလေးလိုပဲ..သောက်တာကလည်း ယောင်္ကျားတွေနဲ့ အပြိုင်..ကတော့လည်း ယောင်္ကျားတွေရဲ့ မျက်လုံးကို ဂရုမစိုက်ပဲ တစ်ကိုယ်လုံးခါရမ်းနေတာ ဒေါသထွက်စရာ..
တွေ့ဆုံချိန် မိနစ်ပိုင်းလေးကို နှမတစ်ယောက်လို တန်ဖိုးထားပေးချင်ပေမဲ့
သူ့မှာ မိန်းကလေး တန်ဖိုးတောင် ရှိသေးရဲ့လားတော့..ဆက်မတွေးချင်တော့ပါဘူး..။
“အကို...”
“ဟင်...”
“မို့ရော...”
သူ့ သူငယ်ချင်း ကောင်မလေး တစ်ယောက်က အနားရောက်လာပြီး မေးတော့ ဆန်နီ လှေကားကို လက်ညိုးထိုးပြခါ..
“မူးပြီး တက်သွားပြီ..”
“ဟယ်..တစ်ယောက်တည်းလား..”
“ဟိုကောင်လေး လိုက်ပို့တယ်..”
“နေမျိုးလား..သြော်..အင်း ကျေးဇူးပဲ အကို နားချင်နားလေ...စီ တို့က မိုးအလင်း ကဲမှာ..”
“ဒါဆို ကိုယ်ပြန်တော့မယ်နော်..”
“အင်း..”
ဆန်နီ လှေကားတွေကို ခေါင်းငိုက်တက်လာရင်း.
“ဟိတ်..”
“ဟ...လန့်လိုက်တာ..”
မော့ကြည့်လိုက်တော့ ခေါင်းစုတ်ဖွားနဲ့ မြွေမ က ည၀တ်ဖဲဂါ၀န် အဖြူပွပွလေး နဲ့ ခါးထောက်ခါ အခန်းရှေ့ ထွက်ရပ်နေသည်..။
“လာ...”
“ဘာလည်း..”
“မို့ ဘယ်လို မှ အိပ်မပျော်နိုင်ဘူး..”
ခါးထောက်ပြီး ခေါင်းရမ်းနေပုံက အရူးလေး တစ်ယောက်လိုပင်..ဆန်နီ ပြုံးလိုက်ပြီး
“ဘာလို့လည်း..”
“လူဝံ ကြီးကြောင့်..”
“သြော်..ဒီမှာ လူဝံ မရှိပါဘူး..မကြောက်နဲ့ ပြန်အိပ်...”
“ရှိတယ်...လူဝံရှိတယ်...အဲဒီလူဝံ ကို မုန်းလို့..ဒေါသထွက်နေတာ..”
“ဟင်..”
ဆန်နီ လှေကားတွေကို ပြန်ငုံကြည့်ခါ တကယ့် လူဝံလား အရုပ်များတွေ့သွားလို့လား လိုက်ရှာကြည့်မိသေးသည်..။
“ဘာကြည့်နေတာလည်း..”
‘လူဝံ ဆို..”
“ဟုတ်တယ်...လူဝံက ဒီမှာ..”
ဆန်နီ ကို လက်ညိုးသွယ်သွယ်တွေ နဲ့ ထိုးပြောတော့ ယောင်ပြီး ကိုယ့်ကိုယ်ကို လက်ညိုးညွန်ခါ..
“ကိုယ်လား..”
“ဟုတ်တယ်..”
“ဟင်..ကိုယ်ဘာလုပ်လို့လည်း..”
“အမြင်ကပ်တယ်...ဒေါသထွက်တယ်..”
“ဟူး...လူမှားနေပါပြီ...”
“မှားဘူး..”
“ကျစ်...သွား၀င် အိပ်တော့ ညနက်နေပြီ..”
ဆန်နီ ပြောပြီး သူရှေ့က ဖြတ်ခါ လှေကားတက်ဖို့ လုပ်တော့..
“အား..အား...မင်း..”
လက်ကိုဆွဲယူပြီး ကိုက်တာ နာကျင်မှုအလျှောက် ရိုက်မိတော့မလို့..။
“ဟွန့်..”
ဆောင်ပေပေ ပြန်ကြည့်နေသည့် မျက်နှာလေးမှာ ပါးနှစ်ဖက်က အနီရောင်သမ်းနေတဲ့ အနီရောင် ကောင်မလေးနဲ့ လက်ဖျံပေါ်က အနီရောင် နှုတ်ခမ်း အရာ တစ်စုံကြောင့် ခွင့်လွှတ်ကြည်ဖြူစွာ ပြုံးလိုက်မိသည် ။..
“ရပြီလား..”
“အင်း..”
“ငါလည်း မကြိုက်တာ မှာထားရမယ်...မင်း နောက်နေ့ အဲလိုတွေ၀တ်ပြီး ယောင်္ကျားတွေနဲ့ မကဲနဲ့.”
“ဟင်...”
“ကြားလား..”
“အမ်း..”
“ကတိပေးလား..”
“အမ်း..”
ပြောပြီး အခန်းကနေ ထွက်ခါ လှေကားဆင်းနေတော့ လက်ကိုဖမ်းဆွဲလိုက်ရပြီး..
“ဟေး..ဒီမှာ အခန်းက..”
“ဒါလား..”
‘အေး..”
“ကျေးဇူး..”
လက်ပြရင်း ၀င်သွားသည့် သူ့ကို ကြည့်ရတာ အမူးသမားပုံစံထက် အရုးမလေးနဲ့ ပိုတူနေသည်.။
လက်ဖျံကို စောင်းကြည့်လိုက်တော့ ကိုက်ရာ နဲ့ အတူ နာကျင်မှု ခံစားရပေမဲ့ နှုတ်ခမ်းနီ ရာလေးကြောင့် ကျေနပ်ပေးလိုက်ပါသည်..။☆━━━━━━━━━━━━━━━☆
ဇာတ်လမ်းက ပျင်းစရာကောင်းနေပြီ 💔
ဟူး 😭
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...