ခမ်းနားကျယ်ဝန်းလှတဲ့ ဘောလုံးကွင်းကြီးတစ်ခု
ထိုဘောလုံးကွင်းကြီးက သာမန်နေရာတစ်ခုတော့မဟုတ်
မီးရောင်စုံတွေ စတိတ်စင်တွေ light-stick လေးတွေကိုယ်စီကိုင်ထားကြတဲ့ ဘောလုံးကွင်းပြည့် ပရိသတ်တွေဟာ စတိတ်စင်ပေါ်မှာရှိတဲ့ screen ပေါ်မှာ ပေါ်နေတဲ့ ကောင်မလေးတစ်ယောက်ကို သောင်းသောင်းဖြဖြ အားပေးနေကြတဲ့ ဘောလုံးကွင်းကြီးပဲ ဖြစ်ပါတယ်။{ Aurora~~Aurora~~Aurora~~Aurora }
ပြိုင်တူသံစဉ်တွေနဲ့အတူ ဒီနာမည်လေးတစ်လုံးကို မြို့ပြင်ထိအောင် ကြားရလောက်တဲ့အထိ အရမ်းကို အားပေးနေကြတယ်။
ထိုစဉ် Aurora အမည်ရှိသော ကောင်မလေး၏ ပန်းနုရောင် နှုတ်ခမ်းဖျားလေးဟာ အပေါ်သို့ကော့ညွန့်ကာ ပြုံးလျက် သူမ၏ပရိသတ်များဆီသို့ စကားအစချီလိုက်လေသည်။
#ကျွန်မကို အခုလိုမျိုးအားပေးခဲ့တာ ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့ရှိခဲ့ပြီနော်
#အဲ့ဒီအတွက်ကျေးဇူးတင်ပါတယ်။
#ပြီးတော့ ကျွန်မ နောက်ဆုံးရက်မှာ နောက်ဆုံးသီချင်းတစ်ပုဒ်နဲ့အတူ ကျွန်မချစ်တဲ့ ပရိသတ်ကြီးကို ဖျော်ဖြေချင်ပါတယ်။
#ဒီသီချင်းလေးကို အရင် နှစ်ရက်က မဆိုဖူးဘူးပေါ့နော်။ဒီနေ့မှ ဆိုမှာပါ။
#ဒီသီချင်းလေးက ကျွန်မကိုယ်တိုင်ရေးသားခဲ့ပြီးတော့ ကျွန်မချစ်ရတဲ့ တစ်စုံတစ်ယောက်ဆီကို ရည်ညွှန်းပါတယ်။
#အဲ့ဒီသူကလည်း ကျွန်မရဲ့ stage လေးကို ကြည့်နေမယ်လို့မျှော်လင့်ပါတယ်။
#ကဲ ကျွန်မ ဖျော်ဖြေရတော့မလား။
••••••••••••••••••••••••••••••••••••••••••••••••
ထို Aurora အမည်ရှိကောင်မလေး ရည်ညွှန်းသောသူကလည်း သူမရဲ့ Stage ကို အွန်လိုင်းပေါ်က ကြည့်နေရင်း.......
••••••••••••••••••••••••••••••••••••••••••••••••
Note* [ ဒီသီချင်းလေးက Aurora ဆိုတဲ့ကောင်မလေးရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်နေတာကြောင့် Girl in Red ရဲ့ I wanna be your girlfriend ဆိုတဲ့ သီချင်းလေးကို ရွေးလိုက်တာပါ။ သီချင်းလေးကို အရင်နားထောင်ပြီးမှ အောက်က စာလေးတွေကို ဆက်ဖတ်ကြပါလို့ 😁]

YOU ARE READING
Princess's Stylist
Romansa𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation