{ ဘဝမှာတော့ ကိုယ်အရမ်းချစ်ရတဲ့ Crush တစ်ယောက်တော့ရှိဖူးကြတယ် မလား။ }
Zawgyi
" Jessica.... Aurora က ဘာတဲ့လဲဟင်"
ကြင်ရသူကိုတွေ့ရန် ဟော့ပေါ့နဲ့ မျှားခေါ်လာသောကောင်လေး။ လာမယ်ပြောပြီး သတ်မှတ်ထားတဲ့အချိန်မရောက်လို့ Jessica ကို ဖုန်းဆက်ခိုင်းရသည်။ ရင်ထဲမှာလည်း ဗလောင်ဆူနေသည်။ ဘာကြောင့်များလဲ။ Aurora က ဘာတွေပြောလိုက်လို့ Jessica က စိတ်ဆိုးတဲ့ပုံပေါက်နေရတာလဲ?
" သူ ဒီကိုမလာတော့ဘူးတဲ့ "
"ဟမ်..... ဘာဖြစ်လို့လဲဟင်.... အစ်ကို့ကို ပြောပါဦး"
"ဒါတော့ ညီမလည်း မသိဘူး"
Jessica လည်း Aurora ၏ တုံ့ပြန်စကားကြောင့် နည်းနည်းတော့ စိတ်ညစ်သွားရသည်။ နဂိုကတည်းကမှ စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ သူငယ်ချင်းက ဘာကိစ္စရှိလို့များ သူ့ကိုမပြောနိုင်ရတာလဲ။သူမ တစ်နေရာရာမှာ တစ်ခုခုဖြစ်နေမှာကိုလည်း စိုးရိမ်သည်။
" အကိုပြန်တော့မယ် Jessica "
" ဒါဆို ပြုတ်ထားတဲ့ ဟော့ပေါ့အိုးက ဘယ်လိုလုပ်မှာလဲ"
" မသိတော့ဘူး Jessica ရာ အစ်ကို အိမ်ပြန်ချင်နေတာပဲ သိတယ်"
ဟုဆိုကာ လှည့်ထွက်ရန် အပြု Jessica...Ken ရဲ့လက်ကို ကိုင်လိုက်သည်။
" ပျော်ရဲ့လား"
"ဘာကိုပြောတာလဲ Jesica....."
ရုတ်တရုတ် ဘာကိုဆိုလိုချင်မှန်းမသိသော Jessica စကားကြောင့် Ken နည်းနည်းတော့ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"Aurora ကို ချစ်ရတာလေ....အစ်ကိုပျော်ရဲ့လားလို့"
"........."
" ဘာလို့ ကိုယ့်ကို ဂရုမစိုက်တဲ့သူကျအရမ်းချစ်နေပြီး ကိုယ့်ကို တကယ်ချစ်တဲ့သူကျ ဘာလို့မျက်လုံးထဲမမြင်ရတာလဲ"
" ညီမ ဘာကိုပြောချင်တာလဲ? အစ်ကိုနားမလည်တော့ဘူး"
" တကယ် အစ်ကိုမသိဘူးလား"
YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation
