Chapter 9 ( Univode & Zawgyi )

4.6K 336 2
                                    

ညနေရောက်ရင် Starry Sky FM ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနား တတ်ရန် Aurora ဖိတ်ကြားခံရသည့်အတွက်ကြောင့် မနက်ကတည်းက Beauty Salon ဆိုင်မှာ အချိန်ကုန်နေရသည်။ မလုပ်ချင်တော့ဘူးလို့လည်း ပြောလို့မရ။ ဂျာကြီး ကိုယ်တိုင်ဘေးကနေ တတွတ်တွတ်နဲ့ မှာကြားနေသောကြောင့် တော်တော်လေးပင် နားငြီးလှသည်။
အခုလည်း မျက်နှာပေါင်းတင်းနေရင်း ဘေးနားမှာထိုင်ကာ ပေါက်ပေါက်ဖောက်နေလေသည်။

"ဂျာကြီးရာ နားငြီးနေပြီ ပြန်ပါတော့....ပြီးရင်ဖုန်းဆက်လိုက်မယ်....အဲ့ကျမှ လာခေါ်"

"မဖြစ်ဘူး Aurora ။ မင်းအကြောင်းငါသိတယ် ။ ဟိုတစ်ခါကလည်း ငါ့ကို ထွက်သွားခိုင်းပြီး အိပ်ပျော်နေတာ။"

"အဲ့တာတွေက အတိတ်ကဟာတွေပါ ။ အခုက ပစ္စုပ္ပန်....နော်....ဂျာကြီးရာ။ မနေ့ကလည်း အိပ်ရေး ဝဝအိပ်ခဲ့ပြီးပါပြီ။"

"Aurora ဒီပွဲက မင်းတစ်ယောက်တည်းကို ဖိတ်တာမဟုတ်ဘူး ။ တခြားသူတွေပါ လာမှာ။ သာမာန်နေ့တွေထက်တော့ လှလှပပ ဖြစ်နေရမယ်မလား "

" ဘယ်လိုနေနေ လှနေပြီးသား ပါနော် "

" ငါ့မိန်းမကို မမှီဘူး"

"ဟာ!!! အမလေး ဟုတ်ပါပြီနော်...... အရှုံးပေးပါတယ် ။ဒါနဲ့ ဂျာကြီးဘာလို့ မနေ့က လိုက်မပို့တာတုန်း။အိပ်နေတယ်ဆိုလည်း နှိုးလိုက်ရောပေါ့ ။ Hannah ကို လိုက်ပို့ခိုင်းရတာ အားနာစရာကြီး "

"မနေ့က ငါလာခေါ်သားပဲ။ နင့်ကို နှိုးမလို့၊ Hannah က မနှိုးပါနဲ့ သူလိုက်ပို့ပါမယ် ဆိုလို့"

" ဟန် "

မနေ့က ဂျာကြီးက အလုပ်ကိစ္စလေး ပေါ်လာတယ်လို့ Hannah ကပြောပြီး အခု ဂျာကြီး​၏ ပြောစကားအရ Hannah က သူကိုယ်တိုင်လိုက်ပို့တာဟုပြောတာကြောင့် Aurora ကြောင်သွားရသည်။ တစ်ခုခုတော့ တစ်ခုခုပင်။

တစ်မနက်ခင်းလုံး ဘာမှမစားရသေးသည့်အတွက် ဂျာကြီးက ထမင်းဘူးလေးဝယ်ပေးကာ အပြန်ကားပေါ်မှာပင် စားရသည်။ အခုလည်း နစ်နှာရီပဲ အချိန်ကျန်တော့သည့်အတွက် မိတ်ကပ်ဆံပင်ပြင်ရန် ကုမ္ပဏီကို အမြန်မောင်းထွက်လာရသည်။

......................................

Aurora အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မှန်ရှေ့မှာ ထားထားရင်း Aurora အလာကို Hannah လိုက်ကာအနီရောင်နောက်က Dress လေးကို ကြည့်ရင်းမျှော်နေမိသည်။ ဘာကြောင့်မှန်းမသိ ဒီ Dress လေးက Aurora နှင့် အရမ်းလိုက်ဖက်လိမ့်မည်လို့လည်း စိတ်ထဲက ထင်နေမိသည်။

Princess's StylistWhere stories live. Discover now