Chapter 4 ( Unicode & Zawgyi )

6.7K 426 0
                                        


Zawgyi

Hannah တစ်ယောက် Aurora နှင့်အလုပ် လုပ်တာ ၅ လနီးပါးရှိခဲ့ပါပြီ ။ သူမကတော့ Aurora နှင့် စကားမပြောဖြစ် ။ အကယ်၍များ တစ်စုံတစ်ခုမှားသွားခဲ့လျှင် စကားများရမှာကြောင့်ဖြစ်သည်။

Aurora တစ်ယောက်ကတော့ သူ့အတွေးများနှင့် ချာချာလည်နေလေသည်။ Hannah သည် သူမှလွဲ၍ တခြား ဝန်းထမ်းများကို ကောင်းကောင်းမွန်မွန် ဖော်ဖော်ရွေရွေဆက်ဆံလေသည်။ သူ့ကိုတော့ဖြင့် စကားလေးတောင် လာမပြောရကောင်းလားနှင့် စိတ်တိုနေလေသည်။

အလုပ်လုပ်လာသည့် ၅လ အတွင်း Hannah ၏ Stylist အပိုင်းနှင့်ပတ်သတ်၍ Aurora စိတ်တိုင်းကျသည်။ အဝတ်အစားများသည် လှလွန်းသည်။ သူမနှင့် လိုက်ဖက်လွန်းနေသည်။ ထိုကြောင့် သူမကို အပြစ်ပြောစရာ မရှိခဲ့လေ။ စကားလာမပြောတာကိုပဲ စိတ်တိုင်းမကျဖြစ်နေလေတယ်။

< သူများတွေကျတော့ စကားပြောပြီး သူနဲ့ အနီးကပ်အလုပ်လုပ်နေတဲ့ ငါ့ကျတော့ စကားလေးတောင် လာမပြောဘူး ။ ဘာလိုဟာမှန်းမသိဘူး။ *ဟွန့်* နင်ကအဲ့လိုပေါ့လေ ။ ရတယ်။ နင်မပြောပြောအောင်ကို လုပ်ပြမယ် >

ထိုစဉ် Hannah တစ်ယောက် Aurora ရဲ့ Fan Sign ပွဲတွင် ဝတ်ရန် အဝတ်အစားတို့ကို ထုတ်ကာ ချိတ်တန်း၌ ချိတ်နေသည် ။ Aurora တစ်ယောက်သူ့နားသွားကာအဝတ်အစားတွေကို တစ်ထည်ချင်းထုတ်ကြည့်နေမိသည်။

လှလွန်းသည်။ ပြောရက်စရာမရှိအောင်ကိုလှလွန်းသည် ။ သို့ပေမဲ့လည်း သူမကို အနိုင်လိုချင်သည့်စိတ်ကြောင့်

" ရှင့်ဟာတွေကလည်း လှလည်းမလှဘူး ။ အညံ့စားတွေများ သုံးထားလား ။ ကြာတော့ ပေါ့ပျက်ပျက်နိုင်လာတာတော့ မဟုတ်ပါဘူးနော် "

ဒီအတိုင်း စိတ်ထဲကမပါ လက်လွတ်စပါယ်သာပြောလိုက်ပြီး အဖြူရောင် ဂါဝန်လေးကို ဝတ်ရန်ယူလိုက်သည်။

" နင်အခုချက်ချင်း နင့်လက်ထဲက ငါ့အဝတ်အစားတွေကို ချလိုက် "

ဒေါသတကြီးပြောလာသော Hannah ကြောင့် Aurora ကြောင်သွားရသည်။ Aurora တင်မဟုတ် တခြားဝန်ထမ်းတွေလည်း Hannah နှင့် Aurora ကို ငေးကြည့်နေကြသည်။

"....."

"နင်ငါပြောတာ မကြာဖူးလား အခုချက်ချင်းချလို့ပြောနေတယ်လေ "

Princess's StylistWhere stories live. Discover now