Chapter 27 ( Unicode & Zawgyi )

5.2K 305 8
                                        

[အရင်အပိုင်းတုန်းက sis လေးတစ်ယောက်က အခေါ်အဝေါ်တွေပြောင်းပါလားလို့ အကြံပေးပါတယ်။ ကိုယ်လည်း ရည်းစားဖြစ်ဖြစ်ချင်းတုန်းက အခေါ်အဝေါ်ဘယ်လိုပြောင်းရမလဲ စဉ်းစားရင်းနဲ့ ဒီအပိုင်းထိရောက်လာပါတယ်။ ဒါကြောင့် အခု အခေါ်အဝေါ်တွေကို ပြောင်းလိုက်တော့မယ်နော်။ အကြံပေးတဲ့ sis လေးကို အများကြီးကျေးဇူးတင်ပါတယ် 😘😘]

မနက်ခင်းနေရောင်ခြည်က တဖြည်းဖြည်းမျက်လုံးစူးလာတဲ့အတွက် Hannah နိုးလာသည်။ မျက်လုံးဖွင့်လိုက်တော့ ကိုယ့်ကိုဖက်ကာ အိပ်မောကျနေတဲ့ Bae...။ချစ်စရာကောင်းလွန်းလို့ ပါးလေးကို နမ်းလိုက်တာ ရင်ခွင်ထဲထည့်ထားလိုက်သည်။

နည်းနည်းလှုပ်လှုပ်ရွရွဖြစ်သွားသောကြောင့် Aurora နိုးလာသည်။

"အင့်.... မ ကလည်း ငြိမ်ငြိမ်ကိုမနေဘူး။...ဝါး "

" ချစ်ဖို့ကောင်းလွန်းလို့ပါ Bae ရယ်... "

ထို့နောက် Aurora... Hannahကို မော့ကြည့်ကာ...

" မ..."

" အင်း Bae..."

" ဒီနေ့မနက်စာကို မ ပဲပြင်ပေးပါလားဟင် "

ထို့နောက် Hannah မျက်မှောက်ကျုံ့ကာ-က်စာကို မ ပဲပြင်ပေးပါလားဟင် "

ထို့နောက် Hannah မျက်မှောက်ကျုံ့ကာ-

" ဟာ...မရပါဘူး။ မနက်စာကို ဘာပဲဖြစ်ဖြစ် Bae ပဲ ချက်မယ်ဆိုပြီး သဘောတူထားတာလေ။ ဖျက်လို့မရဘူးနော် "

Hannah စကားကြောင့် Aurora မျက်နှာလေးဆူပုတ်သွားသည်။ ဒါကြောင့် လက်နက်တစ်ခုဖြစ်တဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို အသုံးချကာ ကပ်ချွဲရမယ်။ ထို့နောက် Aurora နှုတ်ခမ်းလေးထော်ကာ-

" ဟာ...မကလည်း...မနေ့ကအရမ်းပင်ပန်းလာတာ အဲ့တာကြောင့် ဘာမှလုပ်ချင်စိတ်မရှိဘူး။ ပြီးတော့ ဒီနေ့လည်း Concept ရဲ့ ဇာတ်ခုံပေါ်မှာ သွားလေ့ကျင့်ရတော့မှာကို.... နော်..ဒါကြောင့် မနက်စာကို မ ကပဲပြင်ပေးပါနော်...နော်လို့ "

ပြောရင်းနဲ့ Aurora ငိုမဲ့မဲ့ဖြစ်လာသည်။ ဒါကြောင့် မနေနိုင်သူကပဲ အရှုံးပေးရသည်။

" အင်းပါ။ ကိုယ့်ချစ်သူလေးက ဒီလိုပင်ပန်းနေတယ်ဆိုတော့လည်း ဘယ်ကြည့်ရက်ပါ့မလဲ။ အဲ့တာဆို အမ မနက်စာပြင်လိုက်ဦးမယ်။ Bae က ရေချိုးစရာရှိတာ ချိုးထား "

Princess's StylistWhere stories live. Discover now