Unicode
" ကဒ်.....ကဒ်....အိုခေ......"
(---) မြို့ရဲ့ (---) ရေကူးကန်က တစ်နိုင်ငံလုံးမှာ အကြီးဆုံးရေကူးကန်ဖြစ်ပြီး အခု အအေးကြော်ငြာ ရိုက်ကူးရေးအတွက် လူအစုံအလင် ရောက်ရှိနေပါတယ်။ နေကျစ်ကျစ်တောက်ပူနေတဲ့ ရာသီဥတုအောက်မှာ swim suit လေးတွေနဲ့ idol တွေ သရုပ်ဆောင်တွေကလည်း လှပနေကြပါတယ် ။
" Aurora အဝတ်အစားလဲလို့ပြီးပြီလား "
"ပြီးတော့မယ် ။ ခဏလေး "
အိပ်ရာထနောက်ကျတဲ့အတွက် ပုံမှန်အရှိန်နှုန်းထက် ပိုကာ မောင်းလာရတဲ့အတွက် အဝတ်အစားကိုလဲ ရိုက်ကူးရေးနေရာရောက်မှ ကားပေါ်မှာပဲ လဲရသည်။ Hannah က ကားအပြင်မှာ စောင့်နေပြီး ဂျာကြီးကတော့ ရိုက်ကူးရေးတာဝန်ခံတွေနဲ့စကားသွားပြောနေလေသည်။ တအောင့်နေတော့ Aurora ကားပေါ်ကဆင်းလာပြီး Hannah ခြေဆုံးခေါင်းဆုံး သဘောမကျစွာ ကြည့်နေလေသည်။
" ဘာဖြစ်လို့လဲ ။ ဘာလို့ အဲ့လောက်တောင် မျက်မှောင်ကျုံ့ပြီး ကြည့်နေရတာလဲ "
"ဘာလို့ အဝတ်အစားကတော်တော် တိုနေရတာလဲ "
Aurora သက်ပြင်းချကာ-
" swim suit ပါဆိုမှ တိုတာ ဘာထူးဆန်းလို့လဲ ။ ပြီးတော့ ဒီအဝတ်အစားက အမချုပ်ပေးတာလေ ။ တိုတာ မတိုတာ အမသိမှာပေါ့ "
"ဟုတ်ပါတယ် ဒါပေမဲ့ အမလည်း အဲ့လောက်ထိ တိုသွားမှန်း မသိဘူး ။ ဒီတစ်ခါမို့ ထားလိုက်တော့ ။ နောက်တစ်ခါ အဲ့လောက်တိုတာတွေ မဝတ်နဲ့ ။ သွားမယ် "
ကိုယ့်လက်ကို ဆွဲကာ ရှေ့က ထွက်သွားသူကို နားမလည်နိုင်ဖြစ်ရသည်။ ဒီလောက်ပူနေတာတောင် Suit အပြည့်နဲ့ ။ ဒါပေမဲ့လည်း ကြည့်ကောင်းနေတာတော့ အမှန် ။ ဂိတ်ဝရောက်တော့ ဂျာကြီးက ရောက်လာပြီး ရိုက်ကွင်းနေရာကို ခေါ်သွားသည်။ ကိုယ့်အလှည့်မရောက်သေးတာကြောင့် နေရိပ်တဲ့နေရာလေးမှာ ခုံချကာ ကိုယ့်အလှည့်ကို စောင့်နေမိသည်။
" ရေဆာတယ် ။ ပြီးတော့အအေးလည်း သောက်ချင်တယ် "
ဂျာကြီး - " ငါသွားယူပေး-"
Hannah - " ရတယ် မန်နေဂျာ John ။ ကျွန်မပဲ သွားယူပေးပါ့မယ် ။ ဒီမှာထိုင်ပြီးပဲ Aurora ကို စောင့်ပေးနေပါ "
![](https://img.wattpad.com/cover/208661296-288-k499991.jpg)
YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation