Chapter 23 ( Unicode & Zawgyi )

4K 339 15
                                    

တရွေ့ရွေ့နဲ့ ရင်းနီးဖူးတဲ့ ထိုလမ်းလေးထဲကို ကားလေးတစ်စီးဝင်လာခဲ့သည်။ တစ်ယောက်ထဲမသွားရဲတာကြောင့် ဂျာကြီးကိုအကူအညီတောင်းကာ လိုက်ပို့ခိုင်းခဲ့သည်။ အိမ်ရှေ့ရောက်တော့ တချိန်က ပျော်ရွှင်ခဲ့တဲ့အချိန်ဟောင်းကို သတိရမိသည်။

" ဂျာကြီး လိုက်ပို့ပေးလို့ကျေးဇူးပဲနော်။ ပြန်ခါနီးဖုန်းဆက်လိုက်ပါ့မယ် "

" အေးအေး အဲ့တာဆို ငါသွားတော့မယ်။ စိတ်ချရမယ်နော် "

" ဟုတ် "

ပြောပြီးတာနဲ့ ကားပေါ်မှဆင်းလာခဲ့သည်။ ခြံတံခါးရှေ့ရောက်တော့ အစောင့်နှစ်ယောက်ထဲက တစ်ယောက်က ကိုယ့်ကို ဘယ်သူလဲ ဘယ်ဝါလဲလို့ လာမေးသည်။

" Aurora လို့ပြောလိုက်ပါ။ "

" Aurora..... ဝင်လို့ရပါပြီ "

ကြည့်ရတာ အစောင့်တွေကို ကိုယ်လာရင် ချက်ချင်းဖွင့်ပေးလိုက်လို့မှာထားတယ်ထင်သည်။ ကိုယ့်နာမည်လည်းကြားရော... ကပျာကယာနဲ့ ဖွင့်ပေးကြသည်။ သူတို့ သားက ရွှေကွပ်ပြီးမွေးလာတယ်နဲ့တူပါတယ်။

အထဲရောက်တော့ ကိုယ်အမြဲကစားနေကြ ပန်းခြံလေးထဲမှာပဲ ပါတီပွဲအသေးစားလေးလုပ်ထားသည်။ ကလေးတွေအတွက် ကိတ်မုန့်တွေနဲ့ အအေးတွေပြင်ဆင်ထားပြီး ကလေးမိဘတွေအတွက် ရှန်ပိန်တစ်ချို့ပြင်ဆင်ထားသည်။ မဆိုးပါဘူး။ Aurora နားဆီ မုန့်နဲ့အအေးတစ်ချို့ကိုင်လာတဲ့ စာပွဲထိုးလေးရောက်လာတော့ Aurora က အအေးခွက်ကို ယူကာ-

" ကောင်လေး..... မွေးနေ့ရှင်က ဘယ်သူလဲ သိလား "

" ဟုတ်ကဲ့။ မွေးနေ့ကိတ်မုန့်နားမှာ ထိုင်နေတဲ့ အင်္ကျီအပြာရောင်နဲ့ကောင်လေးပါ "

" အော်.....ကျေးဇူးပါ မင်းသွားလို့ရပြီ "

Aurora လက်ထဲမှအအေးကို ဇိမ်ခံသောက်နေလေသည်။ တအောင့်ကြာတော့ Aurora အမေအနားရောက်လာကာ-

" သမီး...Aurora "

ခေါ်သံကြားတော့ နောက်လှည့်ကြည့်လိုက်သည်။

" Aurora လို့ပဲခေါ်ပါ။ တော်ကြာ ရှင့်လူတွေက ရှင့်သမီးလို့ပြောတာကြားသွားရင် ၁၅ နှစ်လုံး သိမ်းထားခဲ့ရတဲ့ သိက္ခာတွေ ကျသွားကုန်ဦးမယ် "

Princess's StylistWhere stories live. Discover now