*ဒုန်း~~ဒိုင်း*
အခန်းတစ်ခုထဲမှ ထွက်လာသော ဆူညံလှသော အသံတို့က အပြင်ဘက်ရှိ လူတွေတောင် နားမခံသာ
"ဟဲ့ နင်မျက်လုံးကန်းနေလား ။ နင်က ငါ့ရဲ့ stylist တစ်ယောက်ဖြစ်နေပြီးတော့ နင်အဲ့လောက်တောင် တုံးရလား"
ပြောနေရင်း တစ်လက်စတည်း Aurora လက်ထဲတွင်ရှိသော ဂါဝန်အား သူမ၏ stylist ဆီသို့ ပစ်ပေါက်လိုက်သည်။
"နင်ကို ပိုက်ဆံအများကြီးပေးထားတာတောင် နင့်ခေါင်းထဲက idea တွေက ဒါအကုန်ပဲလား"
" နောက်မဖြစ်စေရပါဘူး တကယ်ပါ နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး"
ကောင်မလေးမှာ သူမရဲ့ personal model ကို ကြောက်ကြောက်ရွံရွံနဲ့ ပြန်ဖြေနေလေသည်။
"နင့်ရဲ့ နောက်တစ်ခါက ဘယ်နောက်တစ်ခါလဲ ။ အဲ့ဒီနောက်တစ်ခါကို ငါ့ဆီမှာတော့ မရဘူး။ အေး တခြားသူဆီမှာပဲ အဲ့နောက်တစ်ခါကို သွားပြောလိုက်တော့-
"ရှင်"
ကောင်မလေးမှာ အံ့ဩသွား၍ ဘာမှတောင် ထပ်မပြောနိုင်တော့ ။ ပါးပြင်ထက်မှလည်း မျက်ရည်တွေ စီးကျလာသည်။
"အဲ့လိုတော့ မလုပ်ပါနဲ့နော် ညီမတောင်းပန်ပါတယ် "
ငိုငိုရိုရိုနဲ့ ဒူးထောက်မတတ်တောင်းပန်နေသော်လည်း Aurora က သူမအားတစ်ချက်တောင် လှည့်မကြည့် မာနမိုးထိုးကာ မေးမော့လျက်
"မန်နေဂျာကြီး အမ Aurora ကို ကူပြောပေးပါဦး"
မန်နေဂျာကြီးမှာ ကျောက်ရုပ်အသွင် မျက်နှာထားနှင့်။ သူ့အတွက် ဒါတွေက မဆန်းတော့ပါဘူး။ Aurora ရဲ့ ချေးများမှုများကြောင့် ခဏခဏ အထုတ်ခံရသော ဝန်ထမ်းတွေကို လက်ချိုးမရေနိုင်အောင် ရှိနေခဲ့သည်အတွက် ယခုဖြစ်ပျက်နေသော ကိစ္စမှာလည်း အထူးအဆန်းမဟုတ်တော့ချေ။
ထိုစဉ် အပြင်မှာ တံခါးလာခေါက်လာသော ဝန်ထမ်းတစ်ယောက်က
{ Singer Aurora သီချင်းဆိုရန် နီးလာနေပါပြီ။ နေရာလာယူထားပေးပါ}
ဝန်ထမ်းလည်း အထဲမှာရန်ဖြစ်နေတာ သိတဲ့အတွက်ကြောင့် အပြင်ဘက်ကနေသာ လှမ်းအော်ပြောလိုက်လေသည်။
YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation