Chapter 15 ( Unicode & Zawgyi )

4.3K 346 16
                                        

Zawgyi

အနံ့....ထူးဆန်းတဲ့အနံ့.....တစ်ခါမှမရဖူးသေးတဲ့အနံ့မျိုး...
အား.....ဆေးနံ့လိုမျိုး...

" မမလေး....နိုးပြီလား!!"

ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ.... အသံကြားရတဲ့ဘက်စီ ခေါင်းလှည့်လိုက်တော့ မိမိကိုကြည့်ပြီး မျက်ရည်ကျနေတဲ့ အထိန်းတော်ကြီး။ စကားပြောဖို့ တော်တော်လေး အားယူကာ-

"အထိန်းတော်ကြီး....ဒယ်ဒီ.....ကော... ဘယ်လိုဖြစ်သွား...ပြီလဲဟင် "

အထိန်းတော်ကြီးခင်မျာ  Aurora လေးရဲ့ မေးခွန်းတွေကို ပြန်မဖြေနိုင်ခဲ့။ အဖြစ်ဆိုးလိုက်တာ ကလေးရယ်-

" မငိုပါနဲ့... မာမီကော..မာမီနဲ့တွေ့ချင်တယ်...အထိန်းတော်ကြီး "

အထိန်းတော်ကြီးမှာ Aurora ရဲ့လက်ကလေးကို ဆုပ်ကိုင်လျက်-

" မာမီနဲ့တွေ့ချင်ရင် မြန်မြန်နေကောင်းအောင်လုပ်နော်... အထိန်းတော်ကြီး ခေါ်ပေးမယ် ဟုတ်ပြီလား "

အထိန်းတော်ကြီးစကားကို ခေါင်းသာငြိမ့်ကာ ပြန်ဖြေသည်။ Aurora ဆေးရုံတတ်နေတဲ့ ၂ရက်အတွင်း မာမီရောက်မလာခဲ့ပါ ။ မနက်မိုးလင်းလင်းချင်း မျက်လုံးပွင့်ချိန်မှ စလို့ ည​ရောက်တဲ့အထိ ကုတင်ဘေးက ပြတင်းပေါက်ကနေ မာမီ ဘယ်အချိန်လာမလဲလို့ မျှော်နေခဲ့ပေမဲ့ ပေါ်မလာခဲ့ပါ။ မာမီကပါ သမီးကို ပစ်သွားပြီလား??

ဆေးရုံကဆင်းတော့ အထိန်းတော်ကြီးကပဲ Aurora ကို အိမ်သို့ ပြန်ခေါ်လာခဲ့ပေးသည်။ အိမ်ရောက်တော့ ဧည့်ခန်းရဲ့ ထောင့်တစ်နေရာမှာ ဒယ်ဒီရဲ့ ဓါတ်ပုံလေးရယ် အမွှေးတိုင် သုံးလေးချောင်းလောက် ထွန်းထားတာတွေ့လေသည်။ ဒယ်ဒီ့ဆီအရောက်သွားလိုက်ပြီး ဒူးထောက် ကန့်တော့ကာ ကျုံ့ကျုံးလေးထိုင်နေမိသည်။ အတန်ကြာတော့ မာမီ့ကို ရုတ်တရက်သတိရကာ-

" အထိန်းတော်ကြီး မာမီကောဟင် မာမီဘယ်ရောက်နေလဲဟင် သမီးဆေးရုံတတ်တုန်းကလည်း ရောက်မလာဘူး အခုကော- "

အထိန်းတော်ကြီးသက်ပြင်းချကာ Aurora လေးရဲ့ နောက်ကျောလေးကို အသာပုတ်လျက်-

" သမီးမာမီက သမီအဖေဆုံးတဲ့နေ့ကတည်းက ထွက်သွားလိုက်တာ အခုချိန်ထိ ဘယ်ရောက်နေမှန်းမသိရဘူး ကလေး...ဆက်သွယ်လို့လည်းမရဘူး... အထိန်းတော်ကြီး တောင်းပန်ပါတယ်ကွယ် "

Princess's StylistWhere stories live. Discover now