ရိုက်ကူးရေးအချိန်ရောက်လာပြီမို့ Aurora ထွက်သွားတာကြာပါပြီ ။ Hannah ကတော့ ရောက်လာခါစက နေရာလေးမှာပဲ ထိုင်ကာ Aurora ကို ငေးကြည့်နေပါသည်။ သူမကတော့ ညွှန်ကြားတဲ့အတိုင်းတသွေမသိမ်း လိုက်နာကာ ပျော်ပျော်ရွှင်ရွှင် ရှိနေတာ မြင်ရတော့ အနည်းငယ် စိတ်အေးရသည်။
" ဘာတွေ ပြုံးနေတာလဲ, Hannah "
" အော် မန်နေဂျာ John.... Aurora နဲ့ အတူတူရှိနေရမှာ မဟုတ်ဘူးလား "
မန်နေဂျာ John က Hannah ဘေးရှိ ခုံမှာ ဝင်ထိုင်ကာ-
"အွန်း...Aurora က သူအဆင်ပြေပါတယ်...ဂျာကြီးသွားနားပါလို့ပြောလို့လေ "
ဂျာကြီးက သက်ပြင်းတစ်ချက်ချကာ-
"သူက အရွယ်နဲ့မလိုက်အောင် ဒုက္ခတွေတသီကြီး ခံစားခဲ့ရတာ။ လူရော စိတ်ရော ပင်ပန်းရလောက်တဲ့အထိ..."
မန်နေဂျာ John ပြောတာကို သေချာနားစွင့်ကာ-
" ဒီလောက်ထိ ကြံ့ကြံ့ခံနိုင်တာကိုပဲ ကျေးဇူးတင်လှပါပြီ။
ဒီလိုမျိုး ပြုံးပြုံးရွှင်ရွှင်မြင်နေရတော့ စိတ်အေးရပါတယ်။ ပြီးတော့ Hannah မင်းကို ကျေးဇူးတင်ပါတယ် "
"မဟုတ်တာ...."
" တစ်နှစ်ခွဲကျော်အထိ သူမဘေးမှာ တောင်ခံထားနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ် ။ သူက မင်းမတိုင်ခင်က ဘယ်သူနဲ့မှ အဆင်မပြေဘူး ။ အခု မင်းနဲ့မှ... သူပိုပြီး ပျော်ရွှင်လာရသလိုပဲ ။ ကျေးဇူးပါ....နောက်လည်းမင်းနဲ့အတူတူ လက်တွဲလုပ်ချင်ပါတယ် ။ Aurora က နောက်တစ်နှစ်ဆို စာချုပ်သပ်တမ်းပြည့်ပြီ ။ သူဘယ်လိုဆက်လုပ်မလဲတော့ မသိသေးဘူး။ "
" ကျွန်မလည်း Aurora နဲ့အတူတူ အလုပ်ဆက်လုပ်မယ်လို့ စဉ်းစားပြီးသားပါ ။ ကျွန်မလည်း မန်နေဂျာ John ကိုကျေးဇူးတင်ပါတယ်။ "
မန်နေဂျာ John က နွေးထွေးတဲ့ အပြုံးတွေနဲ့ ပြုံးပြသည်။
တအောင့်ကြာတော့ Hannah က Aurora ဆီ ရေဘူးသွားပို့ရန် ထသွားလေသည်။ ရင်ထဲမှာလည်း အမည်မသိတဲ့ ပျော်ရွှင်မှုတွေနဲ့အတူတူ.....
===================================
ရိုက်ကူးရေးတအောင့်နားတော့ Aurora ရေကူးကန်အစပ်နားလေးမှာ ထိုင်ကာ ခြေထောက်ရေစိမ်နေသည်။ Hannah ကို လှမ်းကြည့်တော့လည်း ဂျာကြီးနဲ့စကားတွေပြောနေသည်။ ဒါကြောင့် ရေကူးကန်မှာပဲ ကြာကြာထိုင်နေမိသည်။
YOU ARE READING
Princess's Stylist
Storie d'amore𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation
