*အနံ....
*ဆေးရုံနံ့လား....
*အား....ငါအမုန့်ဆုံးအနံ့ပဲ...
*ဒါဆို ငါဆေးရုံရောက်နေတာလား....ဘေးဘီဝဲရာကို ကြည့်လိုက်တော့ အကုန် အမှောင်အတိကျနေသည်။ ကြိုစား၍ ထလိုက်သည်။
*ဒါ ဘယ်နေရာလဲ....
ဗလာနတ္တိ အမှောင်ထုကြီးထဲမှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်လုပ်နေသည်။ ထိုစဉ် အဝေးမှ မှိန်ပြပြ အလင်းရောင်တစ်ခု...။ ပြေးကာ အနီးအနားရောက်တော့ လူတစ်ယောက် ရပ်နေတာ တွေ့သည်။ မ လား။
* မ... အမ Hannah....
ခေါ်သော်လည်း နောက်သို့ လှည့်မကြည့်။ ကိုယ့်ကို ကျောခိုင်းကာ ရပ်နေသည်။ဒါကြောင့် သူမဆီ ပြေးသွားသော်လည်း ပြေးလေ ဝေးလေ ဖြစ်နေသည်။
*ဘိုင်...Aurora....
*ဟင့်အင်း...မသွားပါနဲ့... ညီမကို ထားမသွားပါနဲ့....မ!!!!!!
" Aurora...Aurora..."
Hannah ဆိုပြီး ယောင်နေသော Aurora အား မန်နေဂျာ john က နိုးလိုက်သည်။ ထို့နောက် မန်နေဂျာ john က သူနာပြုတွေဆီ ဖုန်းခေါ်လိုက်သည်။
" အခုချက်ချင်း VIP လူနာဆောင် အမှတ် ၁ ကို လာပေးပါ။ လူနာ သတိရလာလို့ မြန်မြန်လာပေးပါ "
" Aurora... Aurora... "
ထိုစဉ် Aurora အားယူကာ မျက်လုံးဖွင့်လိုက်သည်။တွေ့လိုက်ရတဲ့ မျက်နှာကျက်က ဆေးရုံမျက်နှာကျက်မှန်း သိရသည်။ မိမိကို အောက်ဆီဂျင် ပေးထားကာ ဘေးဘီမှာလည်း စက်ကရိယာမျိုးစုံ တပ်ဆင်ထားသည်။ဒါကြောင့် ချက်ချင်းပဲ Accident အကြောင်း သတိရလိုက်သည်။ မျက်လုံးထောင့်စွန်းမှ အရည်တစ်ချို့ စီးဆင်းလာသည်။ အားယူကာ ကြိုးစားပြီး ထချင်ပေမဲ့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို တဆစ်ဆစ်ဖြင့် နာကျင်နေသည်။
" Aurora...Aurora..."
ဂျာကြီး အမေးကိုဖြေကို မနည်းအားယူကာ-
" မ...အမ...Hannah ရော...ဘယ်လို...ဖြစ်..သွားပြီ...လဲဟင် "
Aurora ထိုသို့ပြောလိုက်တော့ ဂျာကြီးမျက်နှာမှာ အတိုင်းမသိ ပျက်သွားသည်။ ထို့နောက် ခေါင်းကို အောက်ဆိုက်ကာ Aurora လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
YOU ARE READING
Princess's Stylist
Romansa𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation