Chapter 24 ( Unicode & Zawgyi )

4.3K 321 10
                                        

နေကာမျက်မှန်တပ်ကာ နှုတ်ခမ်းနီရင့်ရင့်ဆိုထားတဲ့အမျိုးသမီးတစ်ယောက် အေးဆေးတည်ငြိမ်တဲ့ ကော်ဖီဆိုင်လေးအတွင်းသို့ ဝင်လာသည်။ ဆိုင်ထဲရှိ လူအများက ထိုမိန်းကလေး​၏ဝတ်ပုံစားပုံသည် ဤဆိုင်လေးနှင့် လုံးဝမကိုက်ညီပါ။ တစ်ယောက်တစ်ပေါက်ပြောပုံများကိုဂရုမစိုက်ပဲ သီးသန့်အခန်းလေးထဲဝင်လာခဲ့သည်။ အခန်းထဲရောက်တော့ စေလွှတ်ထားတဲ့ နောက်ယောင်ခံက ပစ္စည်းတွေနှင့်အသင့်စောင့်နေသည်။ ထိုအမျိုးသမီးကိုမြင်တော့ ထကာ နှုတ်ဆက်သည်။

" ရပါတယ် ထိုင်ပါ နှုတ်ဆက်စရာမလိုပါဘူး "

" ဟုတ် မမလေး Jewel "

" မမလေးလို့ မခေါ်စမ်းပါနဲ့။ ထောက်လိုက်တာ။ Jewel လို့ပဲခေါ် "

" ဟုတ် "

နှစ်ယောက်လူံးထိုင်လိုက်ကြသည်။ ထိုင်လိုက်ပြီးတာနဲ့ နှစ်ယောက်လုံးမျက်နှာတွေ တည်သွားကြပြီး အခန်းထဲရှိလေထုပါပြောင်းလဲသွားသည်။

" ငါစုံစမ်းခိုင်းထားတဲ့ ကိစ္စဘယ်လိုလဲ "

ထိုနောက်ယောင်ခံလိုက်တဲ့သူက စားပွဲခုံပေါ်တင်ထားတဲ့အထုတ်ထဲက ပုံတစ်ချို့နှင့် သတင်းစာအဟောင်းတစ်ချို့ကိုထုတ်လိုက်သည်။

" ဘာတွေလဲ ဒါက "

" Jewel သိရင် အံ့ဩသွားမဲ့အရာတွေပါ။ ကျွန်တော်လည်းသိသိချင်း တော်တော်လေးအံ့ဩသွားရပါတယ် "

" Aurora အကြောင်း စုံစမ်းခိုင်းတာ ဘာတွေများအံ့ဩစရာပါလို့လဲ။ ဒီသတင်းစာအဟောင်းတွေက သူနဲ့ဆိုင်လို့လား "

"ဟုတ်ဆိုင်ပါတယ်။ ကျွန်တော် ပထမဆုံး သူ့နောက်ကြောင်းကိုစုံစမ်းတော့ ကုမ္ပဏီရဲ့ page မှာ မိဘနှစ်ပါးလုံးရှိတယ်လို့ တင်ထားပါတယ်။ အဲ့ဒါတွေကသတင်းအမှားပါ။ ကျွန်တော်လူတစ်ချို့ကို စုံစမ်းခိုင်းတော့ သူမရဲ့ အဖေရင်းက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကာားမောင်းရင်း ချောက်ထဲပြုတ်ကျပြီး ပွဲချင်းပြီးဆုံးသွားတာပါ "

Jewel အံ့ဩသွားသည်။ဒါဆိုရင် သူတို့ကုမ္ပဏီရဲ့ page မှာတင်ထားထာက အမှားတွေပေါ့။

" အဲ့ဒါဆိုရင် သူ့မိဘတွေ ရှိနေသေးတယ်ဆိုတာကရော "

" အခုတစ်ယောက်က အဖေအရင်းမဟုတ်ပါဘူး။ သူရဲ့အရင်အဖေက တော်တော်နာမည်ကြီးတဲ့ကုမ္ပဏီပိုင်ရှင်ပါ။ သူသေသွာကိုလည်း သတင်းစာတွေထဲမှာထည့်ရေးကြတယ်။ အဲ့အီအချိန် Aurora က ငယ်သေးတော့ သူ့အဖေအကြောင်းသတင်းထဲထည့်ရေးကြတာ မသိဘူးထင်တယ်။ ပြီးတော့ သူ့အဖေမသေခင်က သူ့အမေနဲ့ အကြီးအကျယ်စကားများခဲ့ကြသေးတယ်။ သူ့အမေက တခြားယောကျာ်းနဲ့ကြိုက်နေတာကြောင့် ကွာရှင်းခွင့်တောင်းရာကနေဖြစ်ကြတယ်လို့ပြောတယ်။ နောက်တော့သူ့ယောကျာ်းဆုံးရော ကုမ္ပဏီက အရှုံးပေါ်ပြီးအကြွေးတင်တော့ သူ့သမီး Aurora ကို အကြွေးနဲ့ အခုလက်ရှိ ကုမ္ပဏီမှာ ၁၅ နှစ်ကျော် ၁၆ နှစ်သက်တန်းစာချုပ်နဲ့ အပ်ထားပါတယ်။ တစ်နည်းအားဖြင့် ရောင်းစားလိုက်သလိုမျိုးပေါ့ "

Princess's StylistWhere stories live. Discover now