ချုပ်ထားသော ဝတ်စုံလေးအား အရုပ်မခန္ဓာကိုယ်တွင် ဆင်မြန်းကာ လိုက်ကာစ အနီရောင်ဖြင့် ကာထားလိုက်လေသည်။ ပိတ်စ အပိုတွေကို ပလတ်စတစ်အိတ်အမဲဖြင့် ထုတ်ပိုးကာ တံခါးအပေါက်ဝနားတွင် ချထားလိုက်လေသည်။ အခန်းထောင့်နားတွင် ထားထားသော တံမြတ်စည်းကိုယူကာ သန့်ရှင်းရေးလုပ်ရင်း ည၉ နာရီခွဲလေပြီ။ Aurora အိမ်ပြန်ချိန်လည်း နောက်ကျနေပြီမို့ လုပ်လက်စအလုပ်တွေကို လက်စသတ်ကာ ဆိုဖာနားသို့ သွားလိုက်သည်။
" Aurora.....Aurora..... ထတော့"
လက်မောင်းလေးကိုကိုင်ကာ ဖြည်းဖြည်းချင်းလှုပ်နိုးတော့ မျက်လုံးလေးတွေ ပွင့်စပြုလာပါပြီ။
"ဝါးးးး ဟင်!!!! အိပ်ပျော်သွားတာလား"
အိပ်ပျော်လို့ အိပ်ပျော်နေမှန်းမသိသော Aurora။
"အင်း ဟုတ်တယ် အိပ်ပျော်သွားတာ။ "
"တကယ်ကြီးလား။"
ပြောနေရင်း မိမိဖုန်းကို ဖွင့်ကာ ကြည့်မိတော့ 9 နာရီပင် ခွဲနေလေပြီ။ မိမိအိမ်ပြန်ချိန်နောက်ကျနေပြီဖြစ်တာကြောင့် ပါးစပ်ကို လက်ဖဝါးဖြင့်အုပ်မိသည်အထိ လန့်သွားကာ
"ဘယ်လိုလုပ်မလဲ.. နောက်ကျနေပြီ။ ဂျာကြီးကို ဖုန်းဆက်ကြည့်မှ ထင်တယ်။ "
မန်နေဂျာ John ဆီ ဖုန်းဆက်ရန် ပြင်နေသော Aurora ကို လှမ်းတားကာ
" မန်နေဂျာ John ပြန်သွားပြီ"
"ဘယ်လိုဖြစ်လို့လဲ။ ကျွန်မကို လိုက်ပို့ပေးမယ်ပြောပြီးတော့"
"ငါပြန်လွှတ်လိုက်တာ"
"ရှန်!!!"
* ငါပြန်လွှတ်လိုက်တာ* လို့ ပြောလာသော Hannah ကြောင့် Aurora ကြောင်သွားရသည်။ Hannah လည်း မရည်ရွယ်ပဲ ပြောမိသောစကားကြောင့် Aurora မိမိကို တစ်မျိုးထင်သွားမည်ကို စိုးရိမ်ကာ.....
" မန်နေဂျာ John က သွားစရာ ကိစ္စလေး ပေါ်လာလို့ ငါ့ကို အိမ်ပြန်လိုက်ပို့ခိုင်းလိုက်တာ။ ပြီးတော့ သူကပြောလိုက်သေးတယ်။ အဆောင်မပြန်ပဲနဲ့ Jessica အိမ်ကိုပဲ သွားပါတဲ့။ "
"အော်။ ဟုတ်လား။ ဘာကိစ္စများပါလိမ့်"
"သူလည်း သူ့ကိစ္စသူရှိမှာပေါ့။ ပြန်ကြရအောင် နောက်ကျနေပြီ"
![](https://img.wattpad.com/cover/208661296-288-k499991.jpg)
YOU ARE READING
Princess's Stylist
Romansa𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation