အပြန်လမ်းတစ်လျှောက် တုတ်တုတ်မှမလှုပ်ပဲ အိမ်မောကျနေသော သူမ။ ကိုယ်လည်း အဝတ်အစား အစိုကြီးတွေနဲ့မို့ အိမ်မြန်မြန်ရောက်ဖို့သာ ဆုတောင်းနေမိသည်။ အကယ်၍ နှစ်ယောက်လုံး ဖျားသွားရင် တော်တော်ဒုက္ခရောက်လိမ့်မယ်။
အိမ်ရှေ့ရောက်တော့ Aurora ကို နိုးမှအဆင်ပြေမှာကြောင့် ပါးလေးကို အသာကိုင်၍ လှုပ်နှိုးလိုက်သည်။
" Aurora...Aurora...ထတော့... အိမ်ရောက်ပြီ "
ခေါ်သံကြား၍ မျက်ခွံလေးတွေ လှုပ်လာသည်။ ဝါးခနဲသမ်းကာ Hannah ပေါင်ပေါ်မှ ထလိုက်ပြီး-
" အပြန်လမ်းတစ်လျှောက် အမပေါင်ပေါ်မှာ အိပ်ပျော်လာတာလား? ခြေထောက်တွေ ကျင်နေတော့မှာပဲ "
" ရပါတယ်။ မကျင်ပါဘူး ။ ဒီနေ့တော့ အမအိမ်မှာပဲ အိပ်လိုက်နော် ။ မင်းတစ်ယောက်တည်းဆို အမစိတ်မချဘူး "
" ဟုတ် "
"တဘက်ပတ်ပြီး အိမ်ပေါ်တတ်နှင့် ။ password က ******* "
" အင်း ဟုတ်ပါပြီ ။ အမကရော တူတူမလိုက်ဘူးလား "
" လိုက်မယ် ကားနောက်ခန်းက ပစ္စည်းတွေ ယူပြီး တတ်လာခဲ့မယ် ။ တံခါးသာ ဖွင့်ထားပေး "
" ဟုတ် "
ချမ်းလို့ထင်ပါရဲ့ တဘက်ကို သေသေချာချာပတ်ကာ တိုက်ခန်းသို့ အမြန်ပြေးတတ်သွားသည်။ ကိုယ်လည်း ယူစရာရှိတာ မြန်မြန်ယူကာ-
" Hannah "
" ဟုတ် မန်နေဂျာ John "
" သူဖျားခဲ့ရင် ဆေးခန်းခေါ်သွားပေးပါဦး.... ရော့...ဒီကဒ်လေးနဲ့ ရှင်းလိုက်နော် ။ သူလိုတဲ့ကိစ္စအဝဝကို ဒီကဒ်နဲ့ပဲ ရှင်းပေးပါ "
မန်နေဂျာ John က Aurora အသုံးစရိတ်အတွက် ကုမ္ပဏီကဒ်ကို ပေးပေမဲ့ ဘာကြောင့်မှန်းမသိ ဒီကဒ်ကို မလိုချင်ပါ။
" မဟုတ်တာ မန်နေဂျာ John ။ Aurora ကို ကျွန်မ ညီမလေးတစ်ယောက်လို ချစ်ရပါတယ် ။ ဒီလောက်ကတော့ ကျွန်မ Aurora အတွက် တတ်နိုင်ပါတယ် ။ ဒီကဒ်ကို ပြန်ယူသွားပါနော် "
ဘယ်လိုပေးပေး Hannah က ငြင်းတဲ့အတွက်ကြောင့် မန်နေဂျာ John လက်လျော့ကာ အိမ်ပြန်လိုက်ရသည်။ Hannah လည်း အထုပ်အပိုးတွေ ယူကာ တိုက်ခန်းရှိရာသို့
တက်လာခဲ့သည်။ အိမ်ပေါ်ရောက်တော့ အဝတ်အစားအစိုကြီးနဲ့ ဧည့်ခန်းမှာ TV ထိုင်ကြည့်နေသည့် အဆိုးလေး။ ကျစ် ဒီကောင်မလေးတော့ ဖျားတော့မှာပဲ။
![](https://img.wattpad.com/cover/208661296-288-k499991.jpg)
YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation