Unicode
အမ Hannah ကို ဖွင့်ပြောပြီးတဲ့ နောက်ပိုင်း နေရထိုင်ရတာ နည်းနည်း ပေါ့ပေါ့ပါးပါး ရှိလာတယ်လို့ ခံစားရတယ်။ အကြည့်ချင်းစုံလို့ ဘာလုပ်ရမှန်းမသိတာက လွဲရင် ကျန်တာအကုန်အဆင်ပြေပါတယ်။ အမ Hannah ကလည်း ပုံမှန်အတိုင်းဆက်ဆံတယ် ။ ဒီလိုမျိုး နေရတာ အဆင်ပြေပေမဲ့လည်း နည်းနည်းအဆင့်ထက်တက်လို့ မရနိုင်ဘူးလား...။
----------------------
" ရော့ Aurora မနက်ဖြန် ကြော်ညာအတွက် script ။ သေချာကျက်ထားဦး ။တခြား မင်းသားမင်းသမီးတွေလည်း အများကြီးပါမှာ ပြီးတော့ Ken လည်း ပါတယ်ဆိုတော့ မင်းအတွက် စကားပြောဖော်ပြောဖက်ရတာပေါ့ "
ဂျာကြီးပေးတဲ့ ကြော်ညာ script ကို ကြည့်လိုက်တော့ အအေးကြော်ညာတစ်ခုအတွက် outdoor scene ရိုက်ပေးရမှာ ။ နေကပူကပူနဲ့ အပြင်ထွက်ရဦးမယ် ။
" outdoor scene က ရေကူးကန်မှာ သွားရိုက်ရမှာနော် ။ အဲ့ဒါ အဝတ်အစားအတွက် Hannah နဲ့ သွားတိုင်ပင်လိုက်ဦး ။ ဒီနေ့ တစ်နေ့လုံးကတော့ ဒါပဲ ။ မနက်ဖြန် မနက်စောစော လာခေါ်မယ် အသင့်ပြင်ထား "
ဂျာကြီးကတော့ အလုပ်ကိစ္စအတွက် သေချာမှာပြီး လုပ်စရာရှိတာ ဆက်လုပ်ရန် အပြင်သို့ ထွက်သွားသည်။ Aurora ကတော့ စတော်ဘယ်ရီနို့ သောက်ရင်း script ထိုင်ဖတ်နေတာ အချိန် ဘယ်လောက်ကုန်သွားလဲမသိ။
"အာ!!! အမ Hannah နဲ့ အဝတ်အစားတိုင်ပင်ဖို့ မေ့နေလိုက်တာ ။ သွားဦးမှပဲ "
Aurora....script ကို ကိုင်ကာ Hannah ရှိရာ Design room သို့ သီချင်းလေးညီးရင်း ထွက်သွားလေသည်။ အရင်ကဆိုရင် ကိုယ်အပါအဝင် တခြားသူတွေလည်း ရှိတော့ မကြောက်ပေမဲ့ အခု အမ Hannah သီးသန့်ရှိတဲ့ အခန်းကို သွားရမှာဆိုတော့ နည်းနည်းကြောက်မိသား။
*ဒေါက်.... ဒေါက် *
" ဝင်ခဲ့ပါ "
အထဲက အသံပြုတော့ ချက်ချင်း လေအဝရှူကာ အထဲသို့ ဝင်သွားလိုက်သည်။
" နောက်ဆုံးတော့ လာပြီပေါ့ ။ အမက မင်းကို စောင့်နေတာ "
Hannah စကားကိုကြားရတော့ Aurora အားနာမိသွားသည်။

YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation