လွန်ခဲ့သော ၁၄ နှစ်ခန့်ဝန်းကျင်က
ခမ်းနားထယ်ဝါလှသော စံအိမ်ကြီး ၊ လှပကျယ်ဝန်းသော ပန်းဥယျာဉ် ၊ တာဝန်ကိုယ်စီကို လုပ်ဆောင်နေကြသော အစေခံများ နှင့် ပြည့်နှက်နေသော နန်းတော်သမျှ ထင်ဖွယ်ရှိနိုင်သော အိမ်ကြီးတစ်လုံး။
ထိုအချိန် ပန်းဥယာဉ်ထဲတွင် ဆော့ကစားနေသော အသက် ၁၀ နှစ်အရွယ်ကောင်မလေး တစ်ယောက် ပျော်ရွှင်စွာဖြင့် ဆော့ကစားလျက်ရှိသည်။
"ဟီးဟီး...... မာမီ..... သမီးနဲ့ တူတူလာကစားလေ ခ်ခ် "
ထိုကလေးမလေး၏ အပြုံးများသည်
ဖြူစင်လျက်။*ဘုတ်*
" သမီး...Aurora ဘာဖြစ်သွားသေးလဲ..ထထ.. မငိုရဘူးနော် "
အမေဖြစ်သူက သမီးလဲကျသွားတာမြင်တော့ အပြေးကောက်ထူကာ မငိုစေရန် ချော့မြူသည်။ ကလေးမလေးကတော့ ဟီးဟီးဆိုပြီး ပြုံးကာ ခေါင်းလေးကုပ်လျက်-
" မငိုပါဘူး မာမီရယ်~ မီးမီးက လဲကျတာနဲ့ ငိုစရာလား "
"အံ့မယ်....မေ့မေ့သမီးလေးက တယ်တတ်နေပါလား "
" ဒယ်ဒီက လဲကျရင်မငိုရဖူးတဲ့....ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထရမယ်တဲ့ ဒါမှ မီးမီးကြီးလာရင် ကျန်းမာကြံ့ခိုင်လာမှာတဲ့ "
သမီးပြောစကားကို အမေတယောက်အနေနဲ့ သဘောကျ၍ ရယ်မိလိုက်သည်။
" ကဲ ဆော့တာလည်း တော်လောက်ရော်ပေါ့... ကျောင်းက အိမ်စာတွေ ရှိတယ်မလား သွားလုပ်တော့နော်.... သမီးဖေဖေပြန်လာရင် ထမင်းစားကြမယ် ဟုတ်ပြီလား "
ကလေးမလေးကတော့ အဖေပြန်ရောက်ရင် မိသားစုလက်စုံထမင်းစားရတော့မယ်ဆိုပြီး ပျော်ရွှင်စွာနဲ့ခုန်ပေါက်ပြီး အိမ်ထဲပြေးဝင်သွားသည်။
ရေမိုးချိုးပြီး အတန်ကြာ စာလုပ်နေတုန်း အပြင်ဘက်မှ တံခါးခေါက်သံကြားရလေသည်။
" ဝင်ခဲ့ပါရှင့် "
"သမီးလေးက စာတွေကြိုးစားနေတာလား "
![](https://img.wattpad.com/cover/208661296-288-k499991.jpg)
YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation