Zawgyi
အိပ်ခန်းပြတင်းပေါက်လိုက်ကာကို ထိုးဖောက်ကာ ဝင်ရောက်လာသော နေရောင်ခြည်ကြောင့် မျက်ခွံတို့ လွန့်လူးလာသည်။ နောက်ကျိကာ ကိုက်ခဲနေသောဦးခေါင်းကြောင့် တော်တော်နှင့်ပင် ထမရ။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကျိကာ မိမိအိမ်က မျက်နှာကျက်နှင့် မတူသောကြောင့် ချက်ချင်းပင် အိပ်ရာမှ ဇာက်ခနဲ့ ကောက်ထကာ-
" ငါ ဘယ်ရောက်နေတာလဲ "
ထလိုက်သောအရှိန်ကြောင့် ခေါင်းကိုက်မှုပိုဆိုးလာကာ မျက်လုံးကြားရှိ နေရာလေးကို လက်ဖြင့် နှိပ်နယ်လိုက်သည်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ အခန်းလေးက သပ်သပ်ရပ်ရပ်ရှိနေပြီး အိပ်ရာဘေးက စားပွဲပေါ်တွင် ရေခွက်နှင့် ရေပုလင်းချထားတာကြောင့် ရေခွက်ထဲရေထည့်ကာ သောက်လိုက်သည်။
အကြည့်တို့က ရေပုလင်းနားဆီ ရောက်သွားတော့....ဓါတ်ပုံလေးတစ်ပုံထောင်ထားတာကိုတွေ့သည်။
စပ်စုချင်တဲ့ စိတ်က ထိန်းမရသည့်အဆုံး ယူကာကြည့်လိုက်တော့ မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင် ပြုံးရယ်နေတဲ့ပုံလေးဖြစ်တာကြောင့် ကိုယ်ပါလိုက်ပြုံးမိလိုက်သည်။ကြည့်နေရင်းနဲ့ အနံ့တစ်ခုက နှာခေါင်းနားရောက်လာသည်။ ညက အရက်သာများများသောက်ထားပြီး ဘာမှသိပ်မစားထားသောကြောင့် ဗိုက်က ဆာလာနေပြီ။ ဘယ်သူ့အိမ်ရောက်နေမှန်းမသိပေမဲ့ မကောင်းတဲ့သူရဲ့အိမ်မဟုတ်တာတော့ သိနေသည်။ တံခါးကိုဖွင့်လိုက်တော့..... Hannah အံ့အားသင့်သွားရသည်။
Aurora.....Aurora ရဲ့အဆောင် ရောက်နေတာလား။Hannah တစ်ယောက် Aurora ကိုမြင်တော့ မနေ့က အရက်ဆိုင်မှာ ဖြစ်ပျက်ခဲ့တာကို ပြန်သတိရလာကာ ခေါင်းလည်းကိုက်လာရသည်။ စိတ်ထဲ၌လည်း အားနာလိုက်တာ ဟုသာ ရေရွတ်နေမိသည်။
Aurora ထမင်းကြော်နေရင်း Hannah အိပ်ခန်းထဲကထွက်လာတာ ကိုမြင်တော့ ပျော်သလိုဖြစ်သွားပေမဲ့ တစ်လက်စတည်း ခေါင်းကိုက်သွားတာပါ ထပ်မြင်တော့ စိတ်ပူကာ ကြော်လက်စ ထမင်းကြော်အိုးကို မီးပိတ် ၊ လဲကျတော့မယောင်ဖြစ်နေတဲ့ Hannahကို ထူကာ-
" အမ Hannah ရရဲ့လား "
"အင်း။ မနေ့က နည်းနည်းများသွားတော့ ခေါင်းကိုက်သွားတာပါ "
YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation