မန်နေဂျာ John သည် မန်နေဂျာတစ်ယောက်ပီသစွာ Aurora ကိစ္စကိုရအောင်လိုက်နိုင်ခဲ့သည်။ CCTV record တွေအကုန်ကို copy ကူးပြီး Jewel တို့ဆီ Deli ဖြင့်ပေးလိုက်သည်။ ထို့နောက် "နောက်နစ်ရက်အတွင်း လာမတောင်းပန်နိုင်ပါက တရားရုံး၌ဖြေရှင်းမည်" ဟူသော စာသားပါတစ်ပါတည်းပူးတွဲထည့်ပေးလိုက်သည်။
ကလေးအရမ်းချစ်တတ်သည်။ ဒါပေမဲ့ အမျိုးသမီးက ကလေးမမွေးနိုင်တာကြောင့် လက်လျှော့ခဲ့ရတဲ့အချိန်မှာ Aurora လေးအားတွေ့ခဲ့သည်။ ဒါကြောင့် ကိုယ့်သမီးအရင်းတစ်ယောက်ပမာ ချစ်ရပါသည်။ Aurora လေးပျော်ပျော်နေနိုင်ဖို့က ပထမ။
====================================
Jewel ရှေ့မှာပါဆယ်ထုပ်ရောက်နေသည်။ ဘာဖြစ်မလဲဆိုတာသိတဲ့အတွက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။ဖွင့်ကြည့်မိတော့ CCTV record ရယ် စာလေးတစ်စောင်ရယ်။ စာကိုဖတ်မိတော့ နစ်ရက်အတွင်း။ နစ်ရက်မပြောနှင့် တစ်သက်လုံးတောင်မတောင်းပန်ချင်ပါ။ ဒါပေမဲ့လည်း တရားရုံးမှာနာမည်ပျက်မဲ့အရေးတော့မလိုလားပါ။
လက်ရှိမိမိရရဖမ်းထားရတဲ့ Chris လည်ကိုယ့်ဘေးမှာမရှိတော့ရင် အဆင်မပြေတော့။ ဒါကြောင့် မာနကိုခဏဘေးဘယ်ထားကာ Aurora တို့ ကုမ္ပဏီသို့ထွက်လာခဲ့သည်။
" နင်လုပ်ထားဦးပေါ့။ ငါ့အလှည့်ရောက်မဲ့ အချိန်ကျမှ နင်ဒီထက်ပိုခံစားစေရမယ် "
====================================
Personal room လေးထဲမှာ ဂီတာလေးတီးကာ Aurora သီချင်းရေးနေလေသည်။ ကြမ်းပြင်ပေါ်မှာလည်း စုတ်ဖြဲထားတဲ့ စာရွက်အပိုင်းအစတွေ။ စ်တ်ရှုပ်နေတဲ့အတွက်ကြောင့် ကော်ဖီသောက်ရန် အအေးစက်ရှိရာသို့ထွက်လာခဲ့သည်။
" ဟာ...အမ Hannah ပါလား "
Hannah လည်း အအေးသောက်ရန် အကြွေစေ့ထည့်လိုက်သည်။ * Hannah * လို့ခေါ်သံကြားလို့ ဘေးလှည့်ကြည့်တော့ ခုန်ပေါက်ပြီးပြေးလာတဲ့ Aurora လေး။ ဘာကြောင့် Aurora ကိုတွေ့ရင် အလိုလိုပြုံးနေမိမှန်း Hannah လည်းမသိပါ။
" အအေးသောက်မလို့လား "
" အင်း ကော်ဖီအေးသောက်မလို့ "
Aurora ပိုက်ဆံအိတ်ထဲက အကြွေစေ့ထုတ်မယ်လုပ်တော့ Hannah က တားသည်။
![](https://img.wattpad.com/cover/208661296-288-k499991.jpg)
YOU ARE READING
Princess's Stylist
Roman d'amour𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation