Chapter 7 ( Unicode&Zawgyi)

5.8K 568 4
                                        

{ သီချင်းလေး နားထောင်းရင်းနဲ့ ဖတ်ကြည့်ကြပါ }

Unicode

လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ လုပ်လိုက်ရတော့ စိတ်ထဲပေါ့သွားသည်။ အခုကစပြီး ကိုယ့်ရဲ့အရှိကို အရှိတိုင်း ချစ်ပေးနိုင်တဲ့သူ ၊ ကိုယ့်အပေါ် နားလည်မှုရှိတဲ့သူ ၊ relationship ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်တဲ့သူကိုပဲရွေးချယ်တော့မယ်လို့ တွေ့ရင်းနဲ့ပဲ Hannah ကုမ္ပဏီသို့ ရောက်လာခဲ့သည်။

Aurora ရဲ့ personal room ထဲရောက်တော့ လူတစ်ယောက်မှမရှိ။ Practice Room ထဲမှာ သီချင်းသံတော့ ကြားနေရသည်။ သူတို့ အကတိုက်နေတာပဲ ဖြစ်ရမယ်။
Practice Room ထဲကိုဝင်လိုက်တော့ မှန်ရှေ့မှာ ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ရယ် သူမအနောက်မှာ ပါရမီလိုက်ဖြည့်ပေးနေကြတဲ့ Dancer တွေရယ်နဲ့ လှလိုက်ကြတာ။ ဒါကြောင့်လည်း နာမည်ကြီးနေတာ ဖြစ်ပါလိမ့်မည်။

ကျွန်မဝင်လာတာ Aurora သတိထားမိသွားသည်ထင်သည်။ ကနေတာကို ရပ်လိုက်ကာ ကျွန်မကို ကြည့်တော့ သူမ နည်းနည်းအံ့ဩသွားသည်ထင်သည်။ ခဏကြာတော့ ရယ်မောကာ လက်ပြနှုတ်ဆက်သည်။ ဘယ်သူက ပြောတာလဲ? သူမက ရိုင်းတယ်လို့။ တကယ်တမ်းကြ ဒီကောင်မလေးနဲ့ ပိုရင်းနှီးလေ ဒီကောင်မလေးရဲ့ နူးညံမှုကိုပိုတွေ့ရလေ ဖြစ်မည့်ဟန် တူသည်။ ကျွန်မ ဒီကောင်မလေးနဲ့ ပိုပြီး ရင်းနှီးချင်မိသည်။

ကျွန်မလည်း သူ့ကိုပြန်ပြီး ပြုံးပြလိုက်သည်။ လက်ထဲမှာလည်း ပုံဆွဲဖို့အတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို သယ်လာရသည်မို့ ညောင်းနေတာနဲ့ အခန်းထောင့်က ဆိုဖာထိုင်ခုံမှာသွားထိုင်လိုက်သည်။ရေဆာနေတာနဲ့ စာပွဲခုံပေါ်မှာရှိတဲ့ ရေကဒ်ထဲက ရေသန့်တစ်ဘူးကို ထုတ်ကာ ဘူးတစ်ဝက်လောက် သောက်ချလိုက်သည်။ ပြီးမှ ပုံဆွဲဖို့အတွက် ပုံဆွဲခဲတံတစ်ချို့ နဲ့ စာအုပ်ကို ထုတ်လိုက်ပေမဲ့ Aurora ကို ငေးကြည့်နေမိသည်။

ကျွန်မရဲ့ Ideal Girlfriend type က Aurora လို မိန်းကလေးမျိုးပါ။ အရင်ကတစ်ယောက်နဲ့သာ ကျွန်မ မတွေ့ခဲ့ရင် အခုချိန်မှာ Aurora ဟာ ကျွန်မကောင်မလေး ဖြစ်ချင်ဖြစ်နေမှာ။ ဒါပေမဲ့ ကျွန်မရဲ့ ဒဏ်ရာတွေဟာ မကျက်သေးပါဘူး။ ကြွေမွသွားတဲ့ နှလုံးသားတစ်စုံဟာ ပြန်မဆက်နိုင်သေးပါဘူး။ နောက်တစ်ယောက်ထပ်ချစ်ဖို့လည်းနှလုံးသားတံခါးပေါက်က မဖွင့်နိုင်သေးပါဘူး။

Princess's StylistWhere stories live. Discover now