[ A/N ; warning သဘောမျိုးအခန်းတစ်ချို့ပါတာကြောင့် ⚠️ 👈 ဒါလေးကို ပြထားတာပါ။ အရမ်းကြီးတော့ warning ဘက်မသွားပါဘူး။ မရေးရဲသေးလို့ပါ ။ 😁 ရှက်လို့ ]
အမေ့အိမ်က ပြန်လာပြီးတာနဲ့ Hannah ရော Aurora နှစ်ယောက်လုံး မအားကြ။ အလုပ်တွေကိုယ်စီနဲ့ တိုင်ပတ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီးစကားပြောဖို့အချိန်တောင် သိပ်မရ။ ထမင်းစားချိန်မှာဆိုရင် မျက်နှာချင်းဆိုင်ထမင်းစားဖို့အချိန်လောက်သာရပြီး စကားတောင်သိပ်မပြောနိုင်။
ထမင်းထုပ်ကို Aurora က လုပ်ခဲ့ပြီး ဟင်းကိုတော့ Hannah က ချက်လာသည်။ အချိန်မရလို့ အပြင်ထွက်မစားနိုင်တာကြောင့် နှစ်ယောက်သား ထမင်းချက် ဟင်းချက်တာဝန်ကိုယ်စီယူလိုက်ကြသည်။ ဒါကြောင့် ထမင်းစားဖို့အချိန်ပိုရပြီး စကားမပြောနိုင်ရင်တောင် မျက်နှာလေးတော့ကြည့်ခွင့်ရသည်။
ဒီလိုနဲ့ ရည်းစားသက်တမ်း ၁ လပြည့်မှာ နှစ်ယောက်လုံး အပြင်ထွက် Date ကြဖို့ သဘောတူထားကြသည်။ ဒါကြောင့် မသွားခင်ရက်တွေမှာ အလုပ်တွေအကုန်ပြီးစီးအောင်လုပ်ထားကြသည်။ အပြင်ထွက် Date ကြဖို့ ပလန်ဆွဲတော့ နှစ်ယောက်လုံး ကစားကွင်းသွားဖို့ အားသန်နေတဲ့အတွက် ကစားကွင်းမှာ Date လုပ်ဖို့သဘောတူလိုက်ကြသည်။
မနက်ရောက်တော့ ထုံးစံအတိုင်း Hannah က Aurora ကိုအဆောင်မှာသွားကြိုသည်။ Hannah ရော Aurora ပါ ပေါ့ပေါ့ပါးပါး လူငယ်ပုံစံလေးသာ ဝတ်ဆင်ထားကြသည်။ Aurora က လူတွေသတိမထားမိအောင် ဦးထုပ်နှင့် mask ပါ တပ်ထားသည်။ ဒီလိုနဲ့ ထွက်လာကြရင်း ကစားကွင်းထဲရောက်လာသည်။
လူတွေကများတာကြောင့် Hannah Aurora ရဲ့လက်ကိုသေချာဆုပ်ကိုင်ရင်း တစ်နေရာနဲ့ တစ်နေရာ လျှောက်သွားကြသည်။ ကောင်တာတစ်ခုစီတိုင်းမှာ လက်မှတ်လေးတွေဝယ်ရင်း ဂိမ်းတွေတစ်ခုပြီးတစ်ခုဆော့ကြသည်။ နှစ်ယောက်သား ဓါတ်ပုံရိုက်လိုက် ရယ်လိုက် တစ်ခုပြီးတစ်ခုပြေးဆော့လိုက်နဲ့ တော်တော်လေးမောဟိုက်နေသည်။ ဒါကြောင့် စားသောက်ဆိုင်ဘက် ထွက်လာကာ မောမောနှင့် အပြီအပြင်စားကြသည်။
" ဗိုက်ဆာနေလို့လားမသိဘူး စားကောင်းလိုက်တာ "
" ဟုတ်ပ "
YOU ARE READING
Princess's Stylist
Lãng mạn𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation
