Chapter 16 ( Unicode & Zawgyi )

4K 368 12
                                    

Zawgyi

ရင်ခုန်သံတို့က တဖြည်းဖြည်းရုပ်ချည်း တိုးလာရသည်။ Ground floor က နည်းနည်းမှောင်တဲ့ဘက်မှာနေရင်း ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နှင့် မယ်မဒီ အလာကို ရင်ခုန်စွာနှင့်စောင့်နေမိသည်။ ပြောလို့မှ မဆုံးသေး သူမကားပေါ်ကိုဆင်းလာတာကို မြင်တော့ ဘာကြောင့်မှန်းမသိ ရင်တွေခုန်လာသည်။ လေကို ဖြည်းဖြည်းချင်းရှူသွင်းတော့မှ ပုံမှန်အနေအထားတစ်ခုကို ရောက်ကာ-

" အမ Hannah ရှင့် "

အသံကြားရာဘက်ကို လှည့်ကြည့်မိတော့ ဖိုင်လေးကိုင်ထားတဲ့ Staff

" ဟုတ်ကဲ့ ပြောပါ "

" ဟိုတစ်နေ့က အမ Aurora နဲ့စာချုပ်ချုပ်လိုက်တဲ့ ကုမ္ပဏီက ဒီနေ့သူတို့ပစ္စည်းနဲ့ Photo ရိုက်ဖို့ ချိန်းထားတာ...အဲ့တာလေ...အမAurora နဲ့လိုက်ဖက်မဲ့ Design လေးတွေကို photo မရိုက်ခင် ရွေးပေးဖို့အတွက် အခုလာပေးနိုင်မလား တဲ့ "

WTF???? သေရော ။ Aurora နဲ့ သေချာစကားပြောချင်လို့ တိုင်ပင်ထားကာမှ အလုပ်ကိစ္စနှင့် လာငြိနေတယ် ။ ကောင်းရော Hannah ရေ....,

ကားပေါ်က တစ်လှမ်းခြင်း ကြွကြွရွရွ လျှောက်လာနေတဲ့ သူမကို တစ်ချက်ငေးကြည့်ပြီး staff လေးလက်ထဲက ဖိုင်တွေကို ယူပြီး သူမနှင့်အတူတူ အလုပ်ခန်းဆီသို့ ဦးတည်ကာ Aurora အတွက်လိုက်ဖက်မဲ့ ဒီဇိုင်းတွေကို ရွေးရင်း......

လမ်းလျှောက်နေတာကို ခဏရပ်ကာ...

"ဘာဖြစ်တာလဲ "

"ဂျာကြီး...ဟိုးနားကထောင့်နားလေးမှာ ခုနတုန်းက အမ Hannah ကိုတွေလိုက်မိသလားလို့ "

Aurora လက်ညိုးထိုးလိုက်တဲ့ဘက်ကို လှည့်ကြည့်မိလိုက်တော့ မှောင်ရိပ်ကျနေတဲ့နေရာတစ်ခု ။ မဟုတ်ပါဘူးလို့တွေးကာ ခေါင်းခါရင်း-

"မဟုတ်လောက်ပါဘူး အဲ့နေရာက မှောင်ရိပ်ကျနေတော့ မင်း မျက်စိရှမ်းတာနေမှာပါ ။ ကဲ လာ မြန်မြန်သွားမယ် "

ဂျာကြီးစကားကိုကြားတော့ ခေါင်းအသာငြိမ့်လိုက်သည်။
Drama ကားထဲကလို အရမ်းချစ်မိနေတော့ နေရာတကာ သူ့ပုံရိပ်လေးတွေ မြင်နေရတာလားဆိုပြီး တွေးမိပြန်တော့ အပြုံးလေးတစ်ခုက ခပ်ပါးပါးရယ်။

Princess's StylistWhere stories live. Discover now