Aurora ဒီထိ မပါလာခဲ့ဘူးဆိုတော့ အနောက်မှာ ကျန်နေခဲ့သည်မှာ သေချာတာမို့ Hannah ရှေ့ဆက်မသွားပဲ အနောက်ဘက်က မုန့်တန်းလျားဘက်ကိုလိုက်ရှာသည်။ မုန့်တုန်းလျားနံပါတ်(၃) လောက်မှာ လူတစ်ချို့ကွက်ကြည့်ကွက်ကြည့်ဖြစ်နေသည်မို့ အဲ့ကိုတန်းသွားလိုက်သည်။
" ငါ့အရင်တွေ့တာ....ပေး....အဲ့ဒါငါ့ဟာ "
" သားဟာပါဆို....😭 "
ဒီမြင်ကွင်းကိုကြည့်ပြီး Hannah အသက်ပင်ရဲရဲမရှူရဲ။အကယ်၍များသာ ခေါင်းစွပ်နဲ့မျက်မှန်သာ ကျွတ်သွားခဲ့ရင် နောက်နေ့သတင်းစာခေါင်းကြီးပိုင်းမှာ ကလေးတစ်ယောက်နှင့်အပြိုင်မုန့်လုနေသောAurora ဆိုပြီးပါလာရင် ပိုဆိုးမည်။ ဒါကြောင့် Hannah ချက်ချင်းပင်ဝင်တားတော့ ကလေးအမေဖြစ်ဟန်တူသည့် အန်တီကြီးကလည်းကောင်လေးကို ဆွဲလိုက်သည်။ မုန့်ကတော့ ကလေးလက်ထဲပြန်ပါသွားသည်။
" ပြန်ပေး....ငါ့ဟာ "
ကလေးမှာ ငိုမဲ့မဲ့နှင့် သူ့အမေနောက်မှာပုန်းလျက်-
" ပြန်ပေးလို့ပြောနေတယ်နော်...ငါအရင်တွေ့တာ "
" Aurora.... ဘာဖြစ်နေတာလဲ။ အိနြေ္ဒလေးဘာလေးထိန်း ။ ဘာလို့ကလေးနဲ့ပြိုင်ပြီး မုန့်လုနေတာလဲ "
ကလေးအမေကတော့ မကြည်သလိုကြည့်ကာ တောင်းပန်တာလည်းမစောင့်ပဲ ဟွန့်ခနဲမြည်အောင် အသံထွက်ကာ လှည့်ပြန်သွားကြသည်။
" ကျစ်....အင့်ဟင့်.... "
ကျန်နေခဲ့သူ မမလေးကတော့ တရှုံရှုံနဲ့ ထငိုတော့သည်။
" Aurora... ကဲ... ရော.... ဘာလို့ငိုနေတာလဲကွယ် "
သူမပါးပေါ်က မျက်ရည်တွေကို လက်နှင့်ပင်သုတ်ပေးကာ ချော့ရသည်။
" ညီမအရင်တွေ့တာကို အဲ့စောက်ကလေးက ကလေးဆိုပြီး အနိုင်ကျင့်ယူသွားပြီ "
Hannah မှာ ရယ်ကလည်းရယ်ချင် ၊ ရယ်လိုက်ရင် ပိုဆိုးသွားမှာစိုးသော့ကြောင့် အောင့်အီးလိုက်ရသည်။
" တခြား POCKY ချောင်းတွေရှိတာပဲ။ ရှိတဲ့ဟာပဲ စားပေါ့ "
" ဟင့်အင်း ညီမက LOTTE POCKY ချောင်းပဲစားချင်တာ "
YOU ARE READING
Princess's Stylist
Romance𝐻𝑎𝑛𝑛𝑎ℎ -------- အမ ဘယ်သူ့ကိုမှ မယုံရဲဘူး Aurora ဒါပေမဲ့ နှလုံးသားတံခါးကို မင်းလာခေါက်ရင် ဖွင့်ပေးချင်ရဲ့ 𝐴𝑢𝑟𝑜𝑟𝑎 -------- ရှုပ်ထွေးလှတဲ့ မေတ္တာတွေကြားမှာ အစစ်အမှန်ကိုသာရချင်ရဲ့ ညီမရဲ့ချစ်ခြင်း အမရဲ့ ဘယ်ဘက်ရင်ခွင် နွေးထွေးပါစေ #ownCreation
