အပိုင်း(14)

8.9K 507 0
                                    


"လုပ်ပါ အစ်ကိုတော် "

အန်းဟာတစ်ယောက် သူ၏လက်ကို အတင်းဆွဲကာ ပူဆာနေသော ညီတော်ကြောင့် စိတ်ရှုပ်မိသည်။

သူ့ညီတော် အန်းဟွာမှာ မင်းကြီးကိုဆေးခပ်ပြီး သူ့အဆောင်ထဲတွင် လာထားခိုင်းသောကြောင့် ပင်ဖြစ်သည်။ ပြီးတော့ ဒီကိစ္စမှာ မိဖုရာခေါင်ရှင်းရှင်းပါ အလိုတူအလိုပါ ပါသည်လေ။ မင်းကြီးကို ဆေးခပ်သည်က ဘယ်လောက်တောင်မှ အပြစ်ကြီးတယ်ဆိုတာ သိသိနှင့်ဘာကြောင့် ဒီလို အတွေးမ်ျိုးရလဲ ညီတော်ရယ်လို့ ပြောချင်မိသည်။

" အစ်ကို မလုပ်ရင် ညီတော့်အဆောင်ထဲမှာ မင်းကြီးကိုထား...."

"ရပြီ ငါ့အဆောင်ထဲမှာ မင်းကြီးကို ထားရုံပဲ မှတ်လား"

အန်းဟွာလည်း အစ်ကိုတော်ဆီမှ ထိုစကားကို
ကြားတော့ ပျော်မိသွားသည်။ သူ၏ အစ်ကိုက သူ့ကို အရမ်းချစ်သည်လေ။ တော်ဝင်ကြင်ယာတော် အဖြစ်တင်မြှောက်တဲ့ နေ့ကနေယခုအချိန်အထိ အစ်ကိုက အန်းဟွာကိုငဲ့ညှာသဖြင့် မင်းကြီးဆီကို အန်းဟွာ အခစားဝင်မည့်အချိန်တိုင်း အစ်ကိုတော်က အစားထိုးဝင်ပေးသည်လေ။

အန်းဟွာ သူ၏အစ်ကိုတော်ကို ချစ်လည်း ချစ်သည်။ သနားလည်း သနားမိသည်။

"မြန်မြန် အန်းဟွာ"

အသံကြား၍ တံခါးဘက်ကို လှည့်ကြည့်တော့ မင်းကြီးကို မနိုင်တနိုင်တွဲလာသော မိဖုရားခေါင်ပင်။ အန်းဟွာတို့လည်း ရှင်းရှင်းမနိုင်ဘူးဆိုတာသိ၍ သွာကူညီလိုက်သည်။

"ကျေးဇူးပါ "

ရှင်းရှင်းက တစ်ချက်ဆိုလိုက်သည်။ မိဖုရားခေါင်
ရှင်းရှင်းနှင့် အန်းဟွာတို့ကတော့ မင်းကြီးကို အန်းဟာ၏ အိပ်ရာထက်တွင် လှဲစေလိုက်သည်။

"ဆိုတော့ ငါကဘယ်မှာအိပ်ရမှာလဲ"

"မင်းကြီး ဘေးမှာအိပ်ပေါ့ ။ ဘာများလဲလို့"

ရှင်းရှင်းက အေးတိအေးစက် ပြန်ဖြေလိုက်၍ အန်းဟာ စိတ်တိုမိသည်။ဒါကို အန်းဟွာကသိတော့ စကားလမ်းကြောင်းပြောင်းလိုက်သည်လေ။

"မင်းကြီး နိုးလာရင် အစ်ကိုတော်က ဘာပြောရမှာလဲ"

ရှင်းရှင်းက အန်းဟွာစကားကို ခေါင်းငြိမ့်လိုက်ပြီး
အန်းဟာဘက်သို့ လှည့်ကာဆိုလိုက်သည်။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now