အပိုင္း(53)

3.4K 252 3
                                    

<Unicode>

" ဖန်အာ အဲ ကျွန်မတို့ မိဖုရားခေါင်လို့ ခေါ်ရမှာ မှတ်လား"

ဖန်အာကိုဘေးမှ အစေခံမလေးက ပြင်ဆင်ပေး နေရင်းမေးလိုက်သည်။ မကြာခင် မိဖုရားခေါင်အဖြစ် တင်မြှောက်တော့မှာမှတ်လား။

"ရပါတယ် ကျွန်တော့်ကို ဖန်အာလို့သာခေါ်ပါ"

ဖန်အာ ပြုံးပြီးပြောလိုက်ပေမယ့် သူမကတော့ ဖန်အာ့ကို ထူးဆန်းသလိုကြည့်နေသည်။

"ဒါဆိုဖန်အာလို့ပဲခေါ်မယ်နော် ဖန်အာ ဒီနေ့က ပျော်ရမှာလေ မပျော်သလိုပဲနော်"

သူမကမေးလိုက်လေသည်။ ဖန်အာမိုလို့ မပျော်ဘဲရှိသည်လေ။ ဒီနေ့ကိုမပျော်တဲ့ မိဖုရားရှိပါ့အုန်းမလား။

"တကယ်တော့ ကျွန်တော်ထက်ပိုပြီးမင်းကြီးက ကြင်ယာတော်ဖေကိုပိုကြိုက်တာလေ ဒါပေမယ့် ကျွန်တော့်ကိုမိဖုရားခေါင်ရာထူးပေးတာဆိုတော့ ကျွန်တော်နဲ့မထိုက်တန်လို့ပါ"

ဖန်အာ သက်ပြင်းချပြီးပြောလိုက်သည်။ တကယ်လည်း ဒီရာထူးနဲ့ထိုက်တန်တာ ဖေမုရုံပါလေ။

"ဒါတွေစဉ်းစားမနေပါနဲ့တော့ မင်းကြီးကိုယ်တိုင်က ဖန်အာ နဲ့ဘဝသစ်စဖို့ရွေးချယ်ခဲ့တာပဲ"

မင်းကြီးတို့က်ိစ္စနှင့်ပတ်သတ်ပြီး ဘာမှဝင် မပြောသင့်ဘူးဆိုပေမယ့် သူမပြောမိလိုက်သည်။

"မင်းကြီး ကြွချီလာပါပြီ"

အခန်းရှေ့မှ ရဲမတ်အသံကြောင့် သူမဖန်အာ့ကို ပြုံးရင်းကြည့်လိုက်သည်။ ပြီးတော့ သူမနောက်ဆုတ်သွားသည်။

"ဖန်အာ မင်းအသင့်ဖြစ်ပြီလား"

လီဖန်း အဆောင်ထဲတွင် အသင့်ဖြစ်နေသော ဖန်အာ့ကိုမေးလိုက်သည်။ ဖန်အာက ဘယ်လ်ိုပဲ ပြင်ဆင်ပြင်ဆင် လိုက်ဖတ်လွန်းလှသည်။ ဒီတစ်ချက်ကို လီဖန်းကိုယ်တိုင်လည်း အခုမှသတိထားမိသည်။

"ဖြစ်တာကဖြစ်ပြီ ဒီရာထူးက သူနဲ့မထိုက်တန်ဘူး ဆိုပြီးဖြစ်နေတာ"

ထိုကောင်မလေးကဆိုလိုက်သည်။ တကယ်တော့ သူမကအန်းဟွာရဲ့အစေခံတစ်ဦးဖြစ်ပြီး မင်းကြီးအထိပြောရဲဆိုရဲရှိသည်လေ။ သူမနာမည်က မေ့မေ့ပါလေ။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now