အပိုင်း(11)

9.4K 537 6
                                    

အန်းဟွာ တစ်ယောက် မနက်ဝေလီဝေလင်း အစ်ကိုဖြစ်သူနှင့် လမ်းထွက်လျှောက်သော်လည်း ညီလာခံခန်းမဆောင်တွင် ယခုထိဒူးထောက်နေသော ဖန်အာ့ကိုတွေ့ပြီး စိတ်မကောင်းပေ။ ရာသီဥတုက အေးချမ်းလွန်းသော်လည်း ဖန်အာကတော့ ဝတ်ရုံ တစ်ထပ်တည်းသာ ဝတ်ထားလေသည်။ ချက်ချင်း အန်းဟွာမှာ ညီလာခံခန်းမထဲဝင်ကာ သူထပ်၍ ခြုံထားသော ဝတ်ရုံကို ချွတ်ကာဖန်အာ့ကို ခြုံပေးလိုက်သည်။

"တော်ဝင်ကြင်ယာတော် အန်းဟာနဲ့ အန်းဟွာပါလား"

အစောင့်ရဲမတ်များက ရုတ်တရပ် ဝင်သွားသော အန်းဟွာကို မတားဆီးမိကြပေ။

"မချမ်းဘူးလား။"

အန်းဟွာ ကြောင်ကြည့်နေသော ဖန်အာကို မေးလိုက်သည်။

"ဟုတ်။ကျွန်တော်ရပါတယ်"

"ဒါနဲ့ ဒါကသက်သာသွားတာပါ မင်းကြီးဆီကို မင်းမသွားရဘူးလေ"

ဖန်အာ ခံစားနေရမည်စိုး၍ အန်းဟွာက ပြောလိုက်ခြင်းသာဖြစ်သည်။ ဒါပေမယ့် ဖန်အာက ဘာမှမဖြစ်သည့်ပုံကို သာတွေ့ရသည်။

"မင်း ဝမ်းမနည်းဘူးလား။ အပြစ်ပေးခံရလို့"

အန်းဟွာက ဆိုသော်လည်း ဖန်အာက ခေါင်းခါလိုက်သည်။

"ဘာလို့လဲ"

"ကျွန်တော် ဒီလောက်လေးနဲ့ဘာမှ မဖြစ်ပါဘူး"

ဖန်အာ အန်းဟွာကိုဆို လိုက်သည်။ ဘေးက အန်းဟာကတော့ စိတ်ထဲကရေရွတ်နေမိသည်။ နောက်ကြ ဒီထက်ပိုတဲ့ ဒဏ်ကိုခံနိုင်ပါစေ လို့ပေါ့။

"ဒါနဲ့ယူထားလိုက်နော် နောက်မှပြန်ပေး"

အန်းဟွာကဖန်အာ ပြန်ပေးမည်ကိုသိသဖြင့် မပေးရန်ပြောလိုက်သည်။

"ဒါပေမယ့် ညီတော် မင်းကြီးသိရင်"

အန်းဟာက သူ၏ ညီတော်လေးကို သတိပေးလိုက်သော်လည်း အန်းဟွာ ကလက်မခံပေ။

"ဒါဆိုလဲ မင်းဒီနေ့ညီလာခံအဆောင်ကို အရင်စောစောလာပြီး လာသိမ်းလိုက်လေ ဘယ်လိုလဲ"

အန်းဟာဆီက စကားကြားတော့မှ အန်းဟွာလဲ ဒီနေ့လည်းမင်းကြီးကထပ်၍ သူ့အား ခေါ်ထားသည်ကို သတိရသွားသည်။ ဘယ်လိုတောင်မှ အလုပ်ရှုပ်တာလဲ။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Onde histórias criam vida. Descubra agora