အပိုင္း(4)

15.5K 755 16
                                    

>Unicode<

"မယ်မယ် ဘာကိုလဲ"

"ဖန်အာ့ ကိုဆုံးမပေးတဲ့အတွက်"

---------------------------------------------------

"အစ်ကိုတော်သခင်မကြီးခေါ်နေတယ်လာခဲ့ပါတဲ့"

ဖန်အာတစ်ယောက် ဖန်အိုက်စန်း၏ အခန်း တံခါး ခေါက်ြပီးဆ်ို၏။

"ဟာ....အစ်ကိုတော်"

တံခါးပွင့်သည် နှင့်ဖန်အိုက်စန်း ကဖန်အာလက်ကို ဆွဲကိုင်လိုက်ပြီးအခန်းထဲသို့သွင်းလိုက်သည်။

"အစ်ကို ဘာလုပ်ပြန်အုန်းမလို့လဲ"

ဖန်အာ တစ်ယောက်မိမိလက်ကို ဆုပ်ကိုင်ထားသော ဖန်အိုက်စန်းလက်ကိုအတင်း ဆွဲဖယ်လိုက်သည်။

"မင်းတကယ်ကိုယ့်ကိုစိတ်မဆိုးဘူးလား"

ဖန်အိုက်စန်း စကားကြောင့်ဖန်အာ လက်များရပ်တန့်သွားသည်ဖနအာ အဖြေက....

"ဟင့်အင်း အစ်ကိုမို့လို့စိတ်မဆိုးဘူး"

"ဒါဆိုအစ်ကိုတို့ ထွက်ပြေးရအောင်"

ဖန်အိုက်စန်း စကားကြောင့်ဖန်အာ အံသြမိသည်။မဖြစ်နိုင်ပါ အစ်ကိုတော့်ကိုမိမိ ဒီလိုမဖြစ်စေချင်ပါ မိမိအစ်ကို့ကိုချစ်ပေမယ့် အစ်ကိုတော့်ကိုရွဲ့ လန်လန် နှင့်သဘောတူသည်အစ်ကိုတော့်ဘဝမြင့်မားဖို့ မိမိလက်လွှတ်သည်ကအကာင်းဆုံးပင်...

"မဖြစ်နိုင်ဘူး အစ်ကိုတော်"

ဖန်အာ အဖြေကြောင့်အိုက်စန်းစိတ်တိုမိသည်။

"မင်းတကယ်အမျိုးသားကိုယ်လုပ်တော်ဖြစ်ချင်တာလား"

"ဟုတ်ပါတယ်"

ဟုတ်ပါတယ်အစ်ကိုတော် ဖန်အိမ်အတွက် ဒီနည်းလမ်းက အကောင်းဆုံးဖြစ်မှာပါ အစ်ကိုတော်လည်းကျွန်တော့်ကိုမေ့ပြီး သခင်မလေး လန်လန်နဲ့ပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်ပါ။

"ကောင်းပြီ မင်းသွားတေှာ့ ငါကတော့ မင်းအပါ်ှမျော်လင့်ချက်ထားခဲ့တာ မင်းကတော့ငါ့အမေပြောသလိုလူပဲ"

" အစ်ကိုတော် တော်ပါတော့"

အိုက်စန်း စကားကိုဖန်အာ နားထောင်နိုင်စွမ်း မရှိတော့ပေ နာကျင်မိသည်အစ်ကိုတော့်
စကားကမိမိကိုနာကျင်မိသည်။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Tahanan ng mga kuwento. Tumuklas ngayon