အပိုင်း(47)

4.3K 288 2
                                    

"ဘယ်သူလာတာလဲ"

မူဟန်တစ်ယောက် အိပ်နေရာမှ ထလိုက်ကာဆိုလိုက်သည်။ ညကြီးမိုးချုပ် သူမအဆောင်ထဲ မည်သူမှလာမည့်သူမရှိပေ။

" မိဖုရားခေါင်ရှင်းရှင်းနဲ့ မိဖုရား လီလီပါ"

မူဟန်တစ်ချက် ထိန့်ခနဲဖြစ်သွားမိသည်။ သို့ပေသော်လည်း သူမစိတ်ထိန်းလိုက်သည် ။ ဒီလိုဖြစ်မယ်လို့ မလုပ်ခင်ကတည်းက တွေးမိသားပဲမဟုတ်ပေလား။ သူမလုပ်မှန်း ဒီအမှုတွင်သက်သေ မရှိပါလေ။

"ဝင်ခဲ့လိုက် "

မူဟန်တည်တည်တံ့တံ့ ပဲဆိုလိုက်၏။ သူမက
ကိုယ်လုပ်တော်အဖြစ်က ဒုမိဖုရားဖြစ်သော်လည်း မောက်မာသလိုဆက်ဆံလေသည်။

"မိဖုရားမူဟန် ညဘက်ကြီးလာရတာကို နားလည်ပေးပါ။ ”

    လီလီတစ်ယောက် မူဟန်ကိုဆိုလိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်ညဘက်မလာသင့်ပေမယ့် ဒီကိစ္စကတော့အရေးကြီးတဲ့အတွက် သူမလာရခြင်းသာ။ သို့ပေသော်လည်း မူဟန်ဆီက စကားကိုတော့ သူမကြားလိုက်သည်။

”မိဖုရားခေါင် အနည်းဆုံးတော့ကျင့်ဝတ်လေးသိမှပေါ့ ကျွန်မကရှင့်ထက် ရာထူးနိမ့်ပေမယ့် ရှင်ကျွန်မကို ဒုမိဖုရားခေါင် လို့ခေါ်ရမယ်မဟုတ်လား”

”နင်အခုပြောနေတာ မိဖုရားခေါင်”

    လီလီ စကားဆက်ပြောမည်အပြု လှမ်းတားလိုက်သူမှာ ရှင်းရှင်းပါပင်။သူမဒီကိစ္စနဲ့တော့အချင်းမများချင်ပါ။

”ကျွန်မတို့လာရင်းအကြောင်းပဲပြောရအောင်”

”ဘာအကြောင်းများလဲ”

    မူဟန် အေးစက်စက်ပြောလိုက်သည်။

”ကျွန်မဒီလာတာက ကျွန်မအစ်မတော်ချန်ဝမ်သေဆုံးမှုနဲ့ ပတ်သတ်ပြီးပါ အဲတာ ဒုမိဖုရားခေါင်သိတယ်မှတ်လား”

           မူဟန် မဲ့ပြုံးပြုံးလိုက်သည်။ အကြောင်းက သူမတို့နှစ်ယောက်ကို မခန့်သလိုပေါ့။

”ကျွန်မဘာလို့အဲ့အကြောင်းသိမှာလဲ။ ရှင်တို့ပဲကျွန်မထက်ကိုသိမှာပါ။ ကျွန်မကတစ်နေ့လုံးဆောင်ထဲမှာ ပဲနေနေတာလေ”

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now