အပိုင်း(30)

7.9K 448 2
                                    

         မနက်ခင်းရဲ့ နေရောင်နုနုလေးက ဖန်အာဆီကို ကျရောက်လို့ လာလေသတဲ့။ မိဖုရားခေါင်အဆောင်
ဖြစ်၍လားမသိ ပစ္စည်းတွေအားလုံးဟာ တန်ဖိုးကြီးမှန်း သိသာလေသတဲ့။ မင်းကြီးအဆောင်မှာရှိတဲ့ ပစ္စည်းတွေဟာလည်း တန်ဖိုးကြီးပေသော်လည်း ဖန်အာ သေချာပင် မကြည့်မိခဲ့။ မင်းကြီးအဆောင်တွင် နေရခြင်းဟာ ဖန်အာအတွက် ကျီးလန့်စာ စားနေသလိုပင်။

”ဖန်အာနိုးပြီလား လက်ဖက်ရည် သောက်ပါဦး”

         အန်းဟွာပြောပြောဆိုဆို လက်ဖက်ရည်ကို ခွက်ထဲဌဲ့ပေးကာ ဖန်အာ့ကို ​ပေးလေသည်။ အန်းဟွာတစ်ယောက် နိုးလာသည်နှင့် ဖန်အာစားဖို့ လက်ဖက်ရည်နှင့် မနက်စာမုန့်တွေကို အထိန်းတော်များအား ပြင်ဆင်ခိုင်းလေပြီး ဖန်အာကို ကျွေးရန်စောင့်နေခြင်းဖြစ်သည်။

”ကျွန်တော် မျက်နှာသစ် ရအုန်းမယ်”

”အဆင်သင့်ပဲ”

            အန်းဟွာမှာ ဖန်အာအတွက်အကုန်စီစဉ်ပေးပြီး ဖြစ်လေသည်။ မျက်နှာသစ်ဖို့ရေ ၊ဝတ်ဖို့ဝတ်စုံ အစရှိသည်ဖြင့်ပေါ့။

”ကျေးဇူးပါ”

           ဖန်အာတစ်ခု အပြုံးတုံု့ပြန်လိုက်လေသည်။ ထိုအပြုံးက အလွန်နှစ်လိုဖွယ်ရှိသည်။ မင်းကြီးသာ အခုရှိရင် ဖန်အာ့ကို တကယ်စွဲလန်း သွားလောက်အောင် ပြုလုပ်နိုင်သည့် အပြုံးပါပင်။

”မင်းကြီးရှေ့မှာသွားပြုံးပြလိုက်”

         အန်းဟွာ ထိုစကားကိုဆိုပြီး လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။

.
.
.
.
.
.
.
”ဖန်အာကိုသွားခေါ်လာခဲ့။ အခုချက်ချင်း”

      ပလ္လင်ထက်တွင် ထိုင်ကာ မိဖုရားခေါင်ရှင်းရှင်းကို အမိန့်ပေးနေသူမှာ လီဖန်းပါပင်။ လီဖန်း တစ်ယောက် ဒုမိဖုရားခေါင်မူဟန်၏ သတင်းပေးချက်အရ မနေ့က ဖန်အာမှာ ရှင်းရှင်းအဆောင်ထဲရောက်နေပြီး ရှင်းရှင်းမှာ လီလီ့အဆောင်တွင် သွားကပ်နေရကြောင်းပါ လီဖန်းအား လျှောက်ထားလေသည်။

”မဖြစ်နိုင်ဘူးမင်းကြီး။ သူဟိုနေ့က မေ့လဲတာ မသိဘူးလား။ ကျွန်မကိုသတ်ရင်သတ်ပါ သူ့ဆီတော့ မင်းကြီးကိုသွားခွင့်မပြုနိုင်ဘူး။”

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now