အပိုင်း(45)

6.4K 362 10
                                    

ိံ ”မင်းက အားချုံရဲ့အစ်ကိုတော်လို့ ပြောလိုက်တာလား”

           အန်းဟာ အဆောင်တော်တွင်း တွင်ရေနွေးကြမ်း သောက်နေရင်း ဖန်လီစကားကို နားထောင်ပြီးပြောလိုက်ခြင်းပါပင်။ စင်စစ်အားဖြင့်တော့ ဖန်လီဟာ တစ်ယောက်တည်း သီးခြားဆီနေနေပြီး ဤသို့စကားပြောသည်မှာ အလွန်ရှားလေသည်။

”ဟုတ်တယ် ငါကအားချုံရဲ့အစ်ကို ပြီးတော့အားချုံကို ဒါတွေအားလုံးခိုင်းခဲ့တာက ငါမို့လို့ကျေးဇူးပြုပြီး အားချုံကို အပြစ်လျှော့ပေါ့ပေးပါ”

             ဖန်လီ ဖြစ်နိုင်မည်ဆိုလျှင် ဒူးထောက်၍ပင် တောင်းပန်ချင်သည် သို့ပေသော်လည်း ဒူးထောက်တိုင်း အန်းဟာဆိုသည့်လူက သနားလိမ့်မည် မဟုတ်ပေ။

”အခုမှလာပြီး ညီအစ်ကိုသံယောဇဉ်တွေ လာပြတော့လဲ ဘာထူးလို့လဲ မင်းလည်းမင်းညီကို ချစ်တယ်ဆိုရင် ဘာလို့မိဖုရားကိုသတ်ရက်ရတာလဲ”

             အန်းဟာစကားက နည်းနည်းတော့ ခက်ထန်သွားသည်။ ညီဖြစ်သူအပေါ်ချစ်တဲ့စိတ်ကို နားလည်ပေမယ့် ထိုကဲ့သို့တော့မလုပ်သင့်ပေ။

”မင်းကဘာကိုပြောတာလဲ”

              ဖန်လီအနည်းငယ်တော့ ကြောင်သွားသည်အမှန်ပါ မိဖုရားကိုဘာလို့ သတ်ရက်ရသလဲ ဆိုသောစကားကြောင့်ပင်။

”မင်း မိဖုရားချန်ဝမ်ကိုသတ်ခဲ့တာ မဟုတ်လား”

           အန်းဟာ စကားကြောင့်ဖန်လီခေါင်းငုံသွားသည် အတန်ကြာမှ ပြန်မော့လိုက်ရင်း

”ငါအရင်ကအစီအရင်လုပ်ဖို့သွေးယူခဲ့တာမှန်တယ် ဒါပေမယ့် သူတို့ကိုသေချာနှုတ်ပိတ်ပြီးပြန်လွှတ်ခဲ့တယ် ငါတစ်ယောက်ကိုမှမသတ်ခဲ့ဘူး ပြီးတော့ချန်ဝမ်ကို ငါတို့သတ်ခဲ့တာမဟုတ်ဘူး ”

                    ဖန်လီ ဆက်မပြောတော့ ဒီကိစ္စကို အားချုံလုပ်ခဲ့သည်ဟု အထင်လွဲနေကြမှာအမှန်ပင်။ဒါပေမယ့် ဒီကိစ္စကိုသူတို့မလုပ်ခဲ့ပါ။

”ဒါဆို ဟိုနေ့ကအောက်လမ်းဆရာမက ဘာလဲ”

”မင်းသိလား အားချုံကမနေ့က ငါ့ကိုဘာလုပ်ခိုင်းလဲ ဆိုတာ ”

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Donde viven las historias. Descúbrelo ahora