အပိုင်း(23)

7.7K 475 21
                                    


"မင်း ဒီတစ်ပတ်လုံး မင်းကြီးဘာလုပ်လုပ် သည်းခံဖို့လိုတယ် "

ဖေမုရုံ ကအတိတ်က ကိစ္စတွေဆီကို ဆက်မတွေးတော့ဘဲ ဖန်အာ့ကို အကူအညီ တောင်းခဲ့သည်။

"ကျွန်တော်က သည်းခံနိုင်ပါတယ်"

ဖန်အာက တိုးညှင်းစွာ ပင် ဖြေကြားခဲ့သည်။

"ကြင်ယာတော်ဖေ ။ ဖန်အာက မင်းကြီးအပေါ် ဘယ်လောက်တောင်မှ သည်းခံလဲ ဆိုတာ မင်းလည်းသိတာပဲ ဒီအပတ်လည်း သူသည်းခံနိုင်မှာပေါ့"

အန်းဟွာက ဝင်ပြောခဲ့သည်။ အကယ်၍ ဖန်အာ့နေရာမှာ အန်းဟွာဆိုရင် သည်းခံမည်မဟုတ် ဘုရင် မကလို့ ဘာကြီးဘဲဖြစ်နေနေပေါ့ ။

"ဟုတ်ပါပြီ။ "

"ဒါနဲ့ ကျွန်တော်က ဒါပဲလုပ်ဖို့လိုတာလား"

ဖန်အာက မေးမြန်းခဲ့သည်။

"ဟုတ်တယ်။ မင်းက ဒါပဲလုပ်ရမယ်။ ကျန်တာက ရှင်းရှင်း လုပ်ပြီးပြီ"

"ကျွန်တော် နားမလည်တာက မိဖုရားခေါင် ရှင်းရှင်းကဘယ်လို သိတာလဲ"

အန်းဟွာကဆို၏။ ဒီအောက်လမ်းက ဖေမုရုံတို့ တိုင်းပြည်မှာသာ ထင်ရှားသည်လေ မိဖုရားခေါင်က ဘယ်ကဘယ်လို သိတာလဲဟု တွေးမိသည်။

" ရှင်းရှင်းက ငါတို့တိုင်းပြည်ကို မိန်းကလေး သံတမန်အဖြစ် လာဖူးတယ်လေ ။ နောက်မှသာ ဘုရင်က သူ့ကိုတော်ကောက်ခဲ့တာ အရင်က ရှင်းရှင်းက တိုင်းပြည်တော်တော်များများသွားတယ် ။အစက ငါက သံသယ ဝင်ရုံဝင်တာ ရှင်းရှင်းက ပြောမှ ငါထင်တာ ဟုတ်တယ်လို့ သိသွားတာ"

ပြောပြီးသည်နှင့် ဖေမုရုံမှာ ရေနွေးတစ်ငုံကို သောက်လိုက်တော့သည်။

" မိဖုရားခေါင် ရှင်းရှင်းက တကယ်တော်တာပဲ"

ဖန်အာ ချီးကျူးလိုက်သည်။

" ဒါနဲ့ မင်းတို့သခင်မ ဖန်ဖေးဖေးက တကယ်ကိုပဲ ရက်စက်တာပဲနော်"

ဖေမုရုံက ဆို၏။ ဖန်ဖေးဖေး က သူ့သွေးသားမှ သူ့သွေးသား ဖြစ်နေသော မိန်းမတစ်ယောက်လေ ။ ဘယ်လိုလုပ် အသာတကြည်
ခွင့်ပြုနိုင်မည်နည်း။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now