အပိုင်း(40)

6.1K 397 2
                                    

"မင်းကြီး မင်းကြီးကကျွန်တော့်ဆီလာတယ်"

အားချုံတစ်ယောက် အဆောင်တံခါးဝမှ လီဖန်းကိုမြင်သည်နှင့် အတိုင်းမသိ ပျော်မိသည်အမှန်ပါ အစက ခေါ်မလို့လုပ်ပေမယ့် သူ့ဘာသူ ရောက်လာပေသည်လေ။

"ဒါကိုယ်တော့်ရဲ့အဆောင်ပဲ ကိုယ်တော် မလာရဘူးလား"

"ထားပါလေ မင်းကြီးကျွန်တော်တို့ အိပ်ရအောင်"

"နေဦး အားချုံမင်းအကြံ ဒါအကုန်ပဲလား"

လီဖန်း အားချုံလက်ကို တင်းကျပ်စွာစုတ် ကိုင်ပြီး မေးတော့အားချုံ ပြုံးလိုက်မိသည်။ ဘာမှမသိသလို ပုံစံမျိုးဖြင့်ပေါ့။

"မင်းကြီးက ဘာကိုဆိုလိုတာလဲ "

" ဒါကဘာလဲ"

လီဖန်း လက်ထဲတွင်ရှိနေသော အနီရောင်ပုလင်းအသေးလေးကို ပြလိုက်တော့ အားချုံ တုန်လှုပ်သွားခဲ့သည်။

"မင်းကြီး ကဘယ်လိုလုပ်"

"လာမလိမ်နဲ့တော့ အားချုံ အခုဘယ်သူပါလာလဲ ကြည့်လိုက် ဝင်ခဲ့တော့"

လီဖန်း အမိန့်ပေးလိုက်သည်နှင့် ရဲမတ်နှစ်ယောက်က အသက်50အရွယ်မိန်းမကြီး တစ်ယောက်အား ဖမ်းခေါ်လာသည်။

"သူက"

အားချုံ အထိတ်တလန့်ဖြစ်သွားမိသည်။ အထိတ်တလန့်မဖြစ်စရာအကြောင်းမရှိ ထိုလူက ဘယ်သူလဲဆိုတာ အားချုံတစ်ယောက် အသိဆုံးပင်။

"သူဘယ်သူလဲဆိုတာ မင်းသိပါတယ် ရဲမတ်တို့ အားချုံကို ဖမ်းလိုက်"

"ကျွန်တော် တကယ်မသိတာပါ မင်းကြီး ကျွန်တော် ဘာအမှားလုပ်မိလို့လဲ မင်းကြီး"

"မြန်မြန် ခေါ်သွား"

လီဖန်းက ပြောပြီးသည်နှင့် ရဲမတ်နှစ်ယောက်က အားချုံကို ဖမ်းခေါ်သွားသည်။ အားချုံကတော့ မသိဘူးဟုသာ အဆုံးထိ ပြောနေသည်။

လီဖန်း ထိုကိစ္စကိုသိသည်ကတော့ အန်းဟာတို့ပြောခဲ့သောကြောင့်ပင်။

"ဆိုတော့မောင်မင်းပြောတာက အားချုံ လက်ချက်ပေါ့"

လီဖန်းတစ်ယောက် အန်းဟာကိုမေး၏။ အရင်တုန်းက လီဖန်း အားချုံမှ အားချုံဖြစ်တာလည်း ဆေးခပ်ထားသည် ကြောင့်သာဖြစ်ပြီး အခုလည်းထိုကဲ့သို့ လုပ်မည်ဟုဆို၏။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now