အပိုင်း(32)

7.6K 483 18
                                    

"မင်းကြီး ကြွချီလာပါပြီ"

တံခါးဝမှလူတစ်ယောက်က ဆိုသံကြောင့် ဖန်အာ တစ်ချက်တုန်သွားသည်။ ဟုတ်သည်လေ။ မိဖုရားခေါင် ရှင်းရှင်းပြောသည့် နှစ်ရက်က ပြည့်သွားလေပြီ ။ ဖန်အာ ဘာမှမတတ်နိုင်တော့ပေ။ နန်းတွင်းထဲသို့ဝင်ကတည်းက ကိုယ်လုပ်တော် တစ်ယောက်အနေနှင့်ဝင်ခဲ့ပြီး မင်းကြီး အလိုကိုလိုက်လျောရသည်မှတစ်ပါး။ ဖန်အာဟာအသက်မရှိသည့်လူတစ်ယောက်သာသာ ဖြစ်ခဲ့ရသည်။

"ဝုန်း"

ခပ်ကြမ်းကြမ်း တံခါးဖွင့်သံကို ဖန်အာတစ်ယောက် ကြားလိုက်ရလေသည်။ သေချာသည် တကယ်ကို မင်းကြီး ရောက်လာခြင်းသာ။

"မတွေ့တာကြာပြီနော် ဖန်အာ"

လီဖန်း အသံကြားတော့ ဖန်အာမော်မကြည့်ရဲ
သည့်အတွက် ခေါင်းသာငုံ့ထားမိသည်။

"မှန်လှပါ"

"ကိုယ်တော်ကိုကြောက်နေတာလား"

လီဖန်းတစ်ယောက် ဖန်အာကိုတစ်ချက်ပြုံးပြီး
ှထိုအပြုံးက လီဖန်းအတွက် အလွန်ရှားပါးသည်။

”မဟုတ်ပါဘူး ဒီအတိုင်း”

   ဖန်အာကတော့ ထိုအပြုံးကို မမြင်တွေ့ ခဲ့ပေ။

”မင်းကြီး ဝင်ခွင့်ပြုပါ”

   အပေါက်ဝမှ မင်းချင်းတစ်ယောက်က ခွင့်တောင်းလေသည်။ထို မင်းချင်းကတော့ အလျင်လို​နေဟန်ပင်။

”ဝင်စေ”

လီဖန်းကဝင်ခွင့်ပေးသည်နှင့် ထိုမင်းချင်းက အလျင်အမြန် ဝင်ရောက်ပြီး ဒူးထောက်လိုက်သည်။

”လျှောက်တင်ပါရစေ မင်းကြီး ။ ဖန်သခင်မ နန်းတော်ထဲကို အတင်းဝင်ခွင့် တောင်းနေပါတယ်”

           ထိုမင်းချင်း၏ စကားကြောင့် ဖန်အာ မျက်နှာပျက်သွားသည်။ဒါကို မင်းကြီး သတိထားမိလား ဆိုတာတော့ သေသေချာချာ မသိပေ။

”ဝင်ခွင့်ပေးပြီး ဒီကိုခေါ်လိုက် ။”

            လီဖန်း ကဆိုလေ၏။ မင်းချင်းလည်း လီဖန်းပြောတာကို အတွန့်မတက်ဘဲ ချက်ချင်း သွားလေသည်။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]حيث تعيش القصص. اكتشف الآن