”ချန်မော့ မင်းဒီကိစ္စကိုပြန်မပြောဘူး ကတိပေးလား”အိုက်ထျန်း ချန်မော့ကို အိမ်တော်အပေါက်ဝသို့ မဝင်ခင် သေသေချာချာမှာနေလေသည်။
”ဟုတ်ကဲ့ သခင်လေး ။ ကျွန်တော် နားလည်ပါတယ်။
ကျွန်တော် ဒီကိစ္စဘယ်တော့မှ မဟပါဘူး”ချန်မော့ လည်းအစကတည်းက ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့ ဆုံးဖြတ်ခဲ့ပြီးသားလေ။
မနေ့ညက.........
”အားချုံ မင်းသိလား ။ မင်းကို ငါဘယ်လောက်ထိ ချစ်လဲဆိုတာ”
အမူးလွန်ပြီး ချန်မော့ကို လာဖက်သည့် အိုက်ထျန်းကို ချန်မော့ရုန်းလိုက်သည်။”သခင်လေး ကျွန်တော်ချန်မော့လေ”
ချန်မော့ အိုက်ထျန်းကို ရှင်းပြလေသည်။ သို့ပေသော်လည်း အိုက်ထျန်းကနားမထောင်ပေ။
”ကိုယ့်အချစ်တွေကို မငြင်းပါနဲ့ အားချုံရယ်”
ပိုဆိုးလာသည်ဟုပင် ပြောရမည်။ အိုက်ထျန်း ချန်မော့ကိုယ်လေးကို ပစ်လှဲချလိုက်သည်။
”လွှတ်ပါ။ ကျွန်တော်က အားချုံမဟုတ်ဘူးလို့”
ချန်မော့ သူ့တွင်ရှိသော အားဖြင့်အတတ်နိုင်ဆုံး ရုန်းသော်လည်း အင်အားချင်း မမျှသည့်အတွက် အိုက်ထျန်း ပြုလုပ်ခြယ်လှယ်သမျှ ခံနေရသည်။
အခု........
”ကျီ”
အိမ်တော် တံခါးကို ဖွင့်လိုက်သည်နှင့် အရင်ဆုံး မြင်သည်က ညီတော်လေးဟွာပိုင်မို့ ဘာမှမဖြစ်ပေမယ့် ဘေးကတစ်ယောက်ကကြောင့် မျက်နှာပျတ် သွားလေသည်။ ထိုလူက ဖန်လီလေ။
”သြော် အစ်ကိုတော်ပါလား”
ဟွာပိုင်လည်း တံခါးဖွင့်သံကြားသည်မို့ လှည့်ကြည့်လိုက်တော့ အစ်ကိုတော်နှင့် ချန်မော့ ဖြစ်နေသည်ကိုတွေ့ရသည်။ သို့ပေသော်လည်း ချန်မော့မျက်နှာကမကောင်းပါ။ ဒါကြောင့်မို့ အစ်ကိုတော်ကို နှုတ်ဆက်ပြီး အနားသွား မေးလိုက်သည်။
”ချန်မော့ မင်းနေမကောင်းဘူးလား မျက်နှာက ဖြူဖတ်ဖြူရော်နဲ့”
YOU ARE READING
အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]
Historical FictionBoth Uni +Zaw Cover~Zeno kam(သားထူး) အမုန်းဆုံးဟုသတ်မှတ်ခဲ့ဖူးသော ကိုယ့်ရဲ့အချစ်ဆုံးလူ မင်းဟာကိုယ့်ရဲ့မရှိမဖြစ်နေရောင်ခြည်လေးပါ မင်းအပေါ် ကိုယ်ရက်စက်ခဲ့တာတွေအတွက် ပြန်ပေးစက်ဖို့ အဆင်သင့်ပါ ချစ်သူ။ 2.7.2019-30.11.2020 Uni Cover~Zeno kam(သားထူး) အမုန်...