အပိုင်း (57)

3.2K 219 0
                                    

Zawgyi

”သြော်ရောက်လာပြီပဲ”

       ဖေမုရုံဥယျာဉ်ထဲတွင် မေ့မေ့နှင်အတူ ထိုင်နေရင်းလီဖန်းနှင့် ဖန်အာတို့ကိုစောင့်နေသည်။ သိပ်တော့မကြာပါ ညီလာခံပြီး အမွှေးတိုင်တစ်တိုင် ကြာချိန်ပါ။

"ကဲ ဆိုပါဦး ဘာပြောဖို့လဲ”

       လီဖန်းက ရေနွေးဌဲ့ရင်း ဖေမုရုံတို့ကိုဆို၏။ ထူးထူးခြားခြား လေးယောက်ဆုံပြီး ပြောသည်မို့ လီဖန်းဘာအကြောင်းပြောမလဲ အခုထိမစဉ်းစားမိ။

"အရင်ဆုံး ကျွန်တော်ဒီကိစ္စမပြောခင် ပြောစရာရှိပါတယ် ဒီအကြောင်းက မင်းကြီးတို့ဆီက ခွင့်ပြုချက်တောင်းမလို့ပါ”

”ဆက်ပြော ခွင့်ပြုနိုင်ရင်ခွင့်ပြုမယ်”

         လီဖန်းကဆိုလိုက်သည်။ သူတစ်ထစ်ချ ခွင့်ပြုမယ်လို့တော့မပြောပါလေ။

"အကယ်၍ ကျွန်တော်မျိုးက မင်းကြီးရဲ့ယောက်ဖတော်ကနေ နောက်ထပ်ယောက်ဖတော် ထပ်ဖြစ်မယ်ဆိုရင်ရော”

        ဖေမုရုံကဆိုလိုက်သည်။ သို့ပေသော်လည်း အစက လီဖန်းလည်း ဖေမုရုံ  ဆိုလိုသည့်အဓိပ္ပါယ်ကို နားမလည်ပါလေ။ ဘေးက ညီမဖြစ်သူ ရှက်ကိုးရှက်ကန်းဖြစ်နေမှသာ သူနားလည်တော့သည်။

"ဒီကိစ္စဆိုရင်တော့ခွင့်ပြုတယ် လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ကိုယ်တော့်ညီမကို မင်းကိုလိုက်ခွင့်ပြုခဲ့တာပဲ ဂုဏ်ယူပါတယ် ”

"ကျေးဇူးပါ အစ်ကိုတော် ညီမတော်တို့ကို လက်ခံပေးလို့”
    
      မေ့မေ့ကပြောလိုက်သည်။ သူမအနေနဲ့ ဒီလိုအဖြစ်မျိုးဖြစ်ဖို့ဘယ်လောက်ထိစောင့်နေမိလည်း မသိ။ နောက်ဆုံးတော့ ဒီလိုနေု့မျိုးရောက်လာခဲ့ပြီ သူမတွေးရင်း ပြုံးမိသည်။

------------------------------------
”အဖေ သက်သာရဲ့လား”

          လန်လန် အိပ်ယာထဲလဲနေသော သူမအဖေကို ကြည့်ရင်းမေးလိုက်သည်။ သူမအဖေကျန်းမာရေးက မကောင်းလာသည့်အပြင် ပိုတောင်ဆိုးလာသေးသည်။

"သမီး အဖေ သမီးကိုစောင့်ရှောက်နိုင်မှာ မဟုတ်တော့ဘူး အဖေ့ကိုခွင့်လွှတ်ပါ”

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Où les histoires vivent. Découvrez maintenant