အပိုင်း ( 56 )

3.4K 223 4
                                    

>Unicode<

လီဖန်းလည်း ဖေမုရုံဆီက ထွက်လာပြီးတာနဲ့ ဖန်အာ့ဆီလာခဲ့သည်။ ဖန်အာကတော့ ပင်ပန်းနေသည်ထင် အိပ်ပျော်နေလေပြီ။

"မင်းအိပ်ပျော်နေတာလေးက အတော် ချစ်ဖို့ကောင်းတာပဲ"

လီဖန်းက အိပ်ပျော်နေသော ဖန်အာ့ ငွေရောင်ဆံပင်လေးများကိုဖွဖွလေး ငုံ့နမ်းရင်းဆိုလိုက်သည်။ အခန့်မသင့်ရင် ဖန်အာနိုးသွားမှာမို့ သူဖွဖွလေးသာ နမ်းလိုက်သည်။

"မင်းကြီး"

လီဖန်းကတော့ ဖွဖွလေးနမ်းပေမယ့်နိုးလာသော ဖန်အာပါလေ။ ဒါကိုမြင်တော့လီဖန်းပြုံးမိသည်။ လုံးဝက်ိုနုနယ်တဲ့ဖန်အာပေပဲ။

"ပြောတော့ကိုယ့်ကိုလွမ်းတယ်ဆို အခုကြကိုယ့်က်ို မစောင့်ဘဲအိပ်သွားပါလား "

လီဖန်း ဖန်အာ့ဆံပင်လေးကိုထပ်မံငုံ့နမ်းကာ ဆိုလိုက်သည်။ ဖန်အာကတော့ လီဖန်းကို ကြည့်ရင်းပြုံးလိုက်သည်။

"မင်းကြီးကိုစောင့်ရင်းအိပ်ပျော်သွားတာပါ။ "

ဖန်အာတိုးညှင်းစွာ ဆိုလိုက်သည်။

"ဒါဆိုကိုယ်တို့မနက်က ကိစ္စလေးဆက်ရအောင်"

လီဖန်းပြောရင်း ဖန်အာ့နှုတ်ခမ်းဖျားလေးဆီသို့ ဦးတည်ကာ အနမ်းတွေကိုပုံဖော်လိုက်သည်။ ဖန်အာ့ နှုတ်ခမ်းလေးတွေက ထိလိုက်တာနဲ့ပြန်ခွာမရအောင် ဆွဲဆောင်လွန်းသည်။

"အွန်း ခဏ"

အနမ်းတွေအတော်ကြာသွားသည်ထင် ဖန်အာ အသက်ရှုကြပ်လာ၍ လီဖန်းကိုဖယ်လိုက်ပြီ အသက်ဝဝ ရှုတော့သည်။

" ဖန်အာ မင်းကဆွဲဆောင်လွန်းတယ်"

လီဖန်း ပြောရင်းဖန်အာ့အပေါ်မှ နေရာယူကာ ဖန်အာ့လက်ဖဝါးလေးကို သူ့လက်ထဲတွင် ဆုတ်ကိုင်လိုက်သည်။

"အစောကြီးရှိသေးတယ် အပြင်ကလူတွေ ကြားသွားမယ်"

ဖန်အာ လီဖန်းကို ရှောင်လိုက်သည်။ သူ့အနေနဲ့ဒီအချိန်ထိ လီဖန်းကိုလက်ခံရမည်ကို ရှက်သေးသည်။

"ကိုယ့်ကိုရှက်နေတာလား"

လီဖန်းက ဖန်အာ့စိတ်ကိုနားလည်သလို မေးလိုက်တော့ ဖန်အာဘာမှမတွေးတော့ဘဲ ခေါင်းငြိမ့်မိတော့ လီဖန်းမရယ်ဘဲမနေနိုင်တော့။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Donde viven las historias. Descúbrelo ahora