အပိုင်း(38)

7K 448 10
                                    

" ကိုယ်တော့်ကိုတွေ့ချင်တယ်ဆို ကြင်ယာတော်ဖေ"

လီဖန်းတစ်ယောက် ညီလာခံပြီးသည်နှင့် ဖေမုရုံကတွေ့ချင်နေသည့်အကြောင်း ရှင်းရှင်းကပြောခဲ့၍ ဖေမုရုံဆီသို့ရောက်လာခြင်းပင်။

"ဘာမှမဟုတ်ပါဘူး ကျွန်တော်မျိုး တောင်းဆိုချင်တာနှစ်ခုရှိလို့ပါ "

ဖေမုရုံ က ဆို၏ လက်မခံဘူးဆိုတာသိပေမယ့် ဖေမုရုံတစ်ယောက်အရဲစွန့်တောင်းဆိုမိသည်။ သို့ပေသော်လည်း လီဖန်းစကားကြောင့် ဖေမုရုံ အံ့ သြမိသည်။

"ဘာများလဲ ကြင်ယာတော်ဖေ ကိုယ်တော် လိုက်လျောပေးမယ် "

လီဖန်း ခုံပေါ်မှာထိုင်လိုက်ကာ ဖေမုရုံ၏ တောင်းဆိုချက်ကိုနားထောက်ခဲ့သည်။

"ကျွန်တော့်အမ အတွက်တောင်းဆိုစရာလေးပါ"

လီဖန်း ဖေမုရုံဆီမှစကားကြားပြီး မေးချင်သည်မှာ မင်းအတွက်ရော တောင်းဆိုစရာ မရှိဘူးလားဟုတောင် မေးချင်မိသည်။

"ကျွန်တော့်အမကို မင်းကြီးအရင် နေရာမှာပြန်ထားပေးပါ မိဖုရားခေါင်နေရာ မဟုတ်ရင်တောင် မိဖုရားတစ်ပါးအနေ နဲ့တော့သတ်မှတ်ပေးပါ"

မှန်သည် ထိုအရာက​ဖေမုရုံအဖြစ်ချင်ဆုံးပါ အမတော်ကို အရင်နေရာမှာ ပြန်ထားပြီး ဖန်အာကို အားချုံနေရာတွင်ထားဖို့သာ။

" ကိုယ်တော်လက်ခံပါ့မယ် ဒါပေမယ့် ကိုယ်တော်မေးတာတော့ ဖြေပေးပါ"

လီဖန်း လက်ခံမည်ဆိုသည့်အကြောင်းကြားတော့ ဖေမုရုံ ပြုံးမိသွားသည် နှစ်ရှည်ကြာစွာ မတွေ့ရသည်ဖြစ်သော အပြုံးတစ်ခုပါပင်။

"ကောင်းပါပြီ မင်းကြီးဘာမေးမလို့လဲ "

"မင်းအတွက်ရော ဘာမှမတောင်းဆိုတော့ဘူးလား မင်းရောကိုယ်တော်နဲ့အရင်လိုပြန် နေချင်လား"

ဖေမုရုံ ထိုစကားကိုကြားတော့ မျက်နှာပျက်သွားသည် ။အကြောင်းကတော့ ထိုမေးခွန်းကို ဖေမုရုံမဖြေချင်ပေ။ထိုအတွက်ကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

" မင်းကြီး ဒီနေ့နည်းနည်းပူသလိုပဲနော်"

"ဖေမုရုံ ကိုယ်တော့်မေးခွန်းကိုဖြေပေးပါ"

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Où les histoires vivent. Découvrez maintenant