အပိုင်း(51)

4.3K 265 3
                                    

"အဆင်သင့်ပြင်ပြီးပြီမှတ်လား"

အားချုံ အစ်ကိုတော်နဲ့ အမတော်တို့ကိုတွေ့သည်နှင့် မေးလိုက်သည်။ မိဖုရား လီလီတို့၏တိုင်းပြည်မှာ သွား​နေမည်ဟုပြောခဲ့သောကြောင့်ပါ ဒီတိုင်းပြည်တွင်တော့ နယ်နှင်ဒဏ်ပေးလိုက်မည်တဲ့လေ။

"မနက်ဖြန် မနက်ကြသွားရုံပဲ အစ်ကိုတော် အကုန်ပြင်ပေးပြီးပြီ"

"နှုတ်ဆက်ရမယ့်လူတွေနှုတ်ဆက်ပြီးပြီလား"

အားချုံက အစ်ကိုတော်ကိုမေးလိုက်ခြင်းပါလေ။ သို့ပေမယ့် ဖန်လီကတော့ခေါင်းခါခဲ့သည်။

"အစ်ကိုတော် နှုတ်ဆက်ဖိုမလိုပါဘူး သက်သက်မဲ့သူကို ဒုက္ခပေးသလိုဖြစ်လိမ့်မယ်"

"အစ်ကိုတော်ကသာ မနှုတ်ဆက်ချင်တာ သူကရောက်နေပြီ အမတော် ကျွန်တော်တို့ခဏထွက်သွား ပေးရအောင်"

အားချုံ ရှင်းရှင်းကို မျက်နှာရိပ်ပြလိုက်သည်။ ရှင်းရှင်းသည်လည်းနားလည်သွားပြီး

"အစ်ကိုတော် ကျွန်မတို့အပြင်ထွက်ပေးမယ် အေးဆေးပြောကြပါနော်"

ရှင်းရှင်းလည်းပြောပြီး အားချုံလက်ကိုဆွဲကာ အပြင်သို့ထွက်သွားတော်သည်။ ခဏနေတော့ ဟွာပိုင်ရောက်လာခဲ့သည်။ ပုံစံကိုကြည့်ရသည်ကတော့ ဝမ်းနည်းနေသည်ပုံပါလေ။

"ခင်ဗျား ကျွန်တော်ကိုမနှုတ်ဆက်တော့ဘူးလား"

"ကိုယ်တောင်းပန်ပါတယ် မင်းဝမ်းနည်းမှာစိုးလို့လာ မနှုတ်ဆက်တာ"

ဖန်လီပြောပြီး ဟိုဘက်လှည့်သွားသည်။ ဟွာပိုင်က ထိုအရာကိုမြင်တော့ ဖန်လီကို အနောက်မှ သိုင်းဖက်လိုက်သည်။

"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ခင်ဗျား မရှိဘဲမနေနိုင်ဘူး ပြီးတော့ ကျွန်တော်ဒီကိုလာတာက ခင်ဗျားရဲ့နောက်ကိုလိုက်ဖ်ို့ဆိုတာသိရဲ့လား"

ဟွာပိုင်ဆိုတော့ ဖန်လီ မဝမ်းနည်းဘဲ မနေနိုင်တော့ အနောက်မှသိုင်းဖက်ထားသော ဟွာပိုင်ကိုယ်လေးကို ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

"ငါးနှစ် ကိုယ့်ကိုငါးနှစ် စောင့်ပေးနိုင်မလား"

ဖန်လီကဆိုလိုက်သည်။ ငါးနှစ်ဆိုတဲ့အချိန်က ဟွာပိုက်အတွက် သူ့ကိုမေ့ချင်မေ့သွားမည်လေ။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Donde viven las historias. Descúbrelo ahora