အပိုင်း(34)

7K 444 12
                                    

"ဘာကတိလဲ"

"ငါသူ့အပေါ် သစ္စာစောင့်သိပါမယ် ဆိုတဲ့ကတိ"

"ဘယ်တတ်နိုင်ပါ့မလဲ မင်းကြီးကလည်း ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ ကျွန်မသိတာပေါ့ "

"မဟုတ်ဘူး ကိုယ်တော်ကိုယ့်ဘာကိုယ်လုပ်ခဲ့တဲ့ အရာတွေပါ ကိုယ်​တော်ဒီကြားထဲ ဘာတွေလုပ်မိမှန်းကိုမသိဘူး"

လီဖန်းက နောင်တရသူကဲ့သို့ နေနေတော့ ရှင်းရှင်းမပြုံးမိဘဲမနေနိုင်တော့ လီဖန်းကို လှောင်ခြင်းတော့မဟုတ်ပါ အကြောင်းကတော့ မောင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူအားလှောင်ခြင်းသာပင် လက်စားချေချင်သည်နှင့် မဆိုင်သည့်လူတွေကိုထည့် နေသော ကြောင့်ပင်။

"ဒါထက် မင်းကြီးကျွန်မကိုခွင့်ပြုပါဦး ဘယ်မိဖုရားက အခြားမိဖုရားအကြောင်းပြောနေတာကို နားထောင်ပါ့မလဲ ဟုတ်တယ်မှတ်လား"

"ကောင်းပါပြီ ဒါပေမယ့်မင်းကအခြား မိဖုရားတွေနဲ့မှမတူတာ"

"ဟုတ်ပါတယ် ကျွန်မက အစားထိုးခံမိဖုရားပါ ချန်ဝမ်နေရာအစားထိုးခံရတဲ့မိဖုရားလေ ချန်ဝမ်ဆိုမှ မင်းကြီး ချန်ဝမ်တို့မောင်နှမနဲ့မင်းသားကို နန်းတွင်းကို ပြန်မခေါ်ဘူးလား"

"မရတော့ဘူး သူတို့ကအခုသစ္စာဖောက်တစ်ယောက် လို့ဖြစ်နေပြီ ပြန်ခေါ်ရင် ကိုယ်တော့်ကိုအားချုံ "

"မင်းကြီး မင်းကြီးအမှားတွေကို ပြန်ပြင်ချင်လား"

ရှင်းရှင်းစကားကြောင့် အိုက်ဖန်း ကြောင်သွားသည် အိုက်ဖန်းအတွက်တော့ သူအမှားတွေက ပြင်မရတော့ဘူး ဟုသာ မှတ်ယူနေသည်။

"ရပါ့မလား မိဖုရားခေါင်"

"ရပါတယ် မင်းကြီးဖန်အာကိုဂရုစိုက်ပေးပါ အဲဒါကဖေမုရုံ လိုချင်နေတဲ့အရာပဲ "

"ဒါပေမယ့် ဖေမုရုံကိုပဲအရင်ကလို"

"မရတော့ဘူး မင်းကြီး ဖေမုရုံက မင်းကြီးကို အရမ်းမုန်းနေတယ် ဘယ်လိုမှ အရင်ကလိုအခြေအနေ
ပြန်မရနိုင်တော့ဘူး ဒါကြောင့်ဖန်အာကိုပဲ ဂရုစိုက်ပေးပါ အားချုံကိုတော့ လွယ်လွယ်မယုံပါနဲ့ တောင်းဆိုပါတယ် မင်းကြီး"

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Donde viven las historias. Descúbrelo ahora