အပိုင်း(46)

4.7K 304 5
                                    

"ကြည့်ရတာမင်းကြီးက အားချုံဘက်ကပါပြန်ပြီ "

ဖေမုရုံ မဲ့ပြုံးပြုံးလိုက်ကာဆို၏။ မင်းကြီးက အရင်တုန်းကအတိုင်းပဲ အားချုံကို ယုံကြည်နေတုန်းပင်မဟုတ်လား။

"ဖန်လီ အန်းဟာဆီမှာဝန်ခံပြီးပြီ မှန်တယ်အားချုံ ကိုယ်တော့်ကို အောက်လမ်းနဲ့ပြုစားမယ်ဆိုတာ ဒါပေမယ့် သူချန်ဝမ်ကိုသတ်တာမှာမဟုတ်ဘူး"

လီဖန်းခုံပေါ် ထိုင်လိုက်ကာ ရေနွေးကြမ်းကို ဌဲ့လိုက်ပြီး ဆိုလေ၏။ အားချုံကိုမယုံသင့်ပေမယ့် သူမသတ်ဘူးဆိုသည်ကိုယုံသည့် သူ့ကိုယ်သူလည်းနားမလည်ဖြစ်နေမိသည်တော့ အမှန်ပါလေ။

"မင်းကြီး ကြည့်ရတာ အစီအရင်မပြယ်သေးဘူးလား "

"မဟုတ်ဘူး ဖေမုရုံ ဒါပေမယ့်ကိုယ်​တော် တကယ်သိတာတော့အမှန်ပါ တကယ်တော့ ချန်ဝမ်သေဆုံးမှုကသွေးထွက်လွန်လို့ မဟုတ်ဘူး ချန်ဝမ်ကအဆိပ်မိလို့"

လီဖန်း ချန်ဝမ် သေဆုံးခြင်းအကြောင်းကိုပါပြောပြလိုက်ပေသည်။ တကယ်လည်း အစီအရင်စီရင်တုန်းက ချန်ဝမ်သွေးကို ယူမသုံးထားခဲ့ပါလေ။

"အဆိပ်မိတာက ဘာလို့အဲ့လောက်ထိဖြစ်မှာလဲ"

မုရုံလက်သီး ကျစ်ကျစ်ပါအောင် ဆုတ်ရင်းဆိုလိုက်သည်။ အမတော်အတွက် ဝမ်းနည်းပေမယ့် စိတ်တင်းထားလေသည်။ အနည်းဆုံးတော့ အမတော်အတွက် ဒီအတိုင်းနေလို့မရပါ။

"မိဖုရားချန်ဝမ်အလောင်းကိုစစ်ဆေးလိုက်တော့ သူ့ကိုယ်ထဲမှာ အဆိပ်ရှိတဲ့အကောင်ကိုတွေ့ခဲ့တယ် ပြီးတော့အဲ့အကောင်က ဒီမြို့တော်မှာမရှိဘူး အသေးစိတ်ကိုကိုယ်တော်စုံစမ်းပေးမယ် ဒါပေမယ့် ကိုယ်တော့်ကိုယုံပေးမယ်မှတ်လား"

လီဖန်းဆိုလိုက်လေသည်။ မယုံကြည်နိုင်မှန်းသိပေမယ့် စကားအဖြစ်တော့ပြောလိုက်သည်။ မုရုံအတွက် လီဖန်းကယုံကြည်ဖွယ်ရာလူတစ်ယောက်မှမဟုတ်ပေတော့တာ။

"ကောင်းပြီ ကျွန်တော်နောက်ဆုံးအနေနဲ့ယုံကြည်ပေးမယ် ဒါပေမယ့် ဒီတစ်ခါကျွန်တော်ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ပါနဲ့"

"ကောင်းပြီ အဲဒါတော့ကိုယ်တော်ကတိပေးတယ် အခုကိုယ်တော်သွားတော့မယ် "

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now